Main menu

Background

အထွက်ကောင်း ဆန်အောက်တန်းကောင်းသည့်အပြင် စားသုံးမှုအရသာပါ ကောင်းမွန်သည့် ပုလဲသွယ် စပ်မျိုးစပါး

Wed, 11/30/2011 - 08:21 -- Anonymous (not verified)

                      တရုတ်ပြည်ကနေ တရားဝင်ဝယ်ယူတင် သွင်းခဲ့တဲ့ စပ်မျိုးစပါးကို အရည်အသွေးနဲ့ အဆင်း သဏ္ဌာန်အရ " ပုလဲသွယ်စပ်မျိုးစပါး" ဆိုပြီး မြန်မာအမည်ပေးခဲ့တယ်လို့ သိရပါတယ်။ ဒီစပါး မျိုးဟာ ရာသီမှန်အချိန်ကိုက်သာ စိုက်ပျိုးမယ် ဆိုရင် နေရာဒေသမရွေး စိုက်ပျိုးဖြစ်ထွန်းပြီး တစ်ဧကတင်း ၂၀၀ လောက်အထိတောင် ထွက် တယ်လို့သိရပါတယ်။ ဒီစပ်မျိုးစပါးနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့ မိုးစပါးရာသီမှာ ကိုယ်တိုင်စိုက်ပျိုးကာ ထွက်ရှိတဲ့စပါးကို ကိုယ်တိုင်စက်နဲ့ ကြိတ်ခွဲပြီး၊ ဈေးကွက်ထဲဖြန့်ချိနေတဲ့ မြန်မာနိုင်ငံဆန်စပါး လုပ်ငန်းအသင်း ဒုတိယဥက္ကဌ ဦးအောင်သန်းဦး အခြေအနေနဲ့ ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်မှု အတွေ့အကြုံတို့ကို စိုက်ပျိုးထုတ်လုပ်သူတွေကို မျှဝေဖို့အတွက် ကောမတ်စ်ကို ယခုလိုပြောကြားခဲ့ပါတယ်။ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနဲ့ လယ်ယာကဏ္ဍဖွံ့ ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲကျင်းပ                       ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၈ ရက်မှာ လယ်ယာစိုက်ပျိုးရေးနဲ့ စိုက်ပျိုးရေးဝန်ကြီးဌာနမှာကျင်းပတဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ ဆင်းရဲနွမ်းပါးမှု လျှော့ ချရေးနဲ့ဆိုင်တဲ့ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲကို ကျင်းပခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲမှာ ကျွန်တော့်အနေနဲ့ မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်း အသင်း၊ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များ အသင်းနဲ့ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် ဆိပ် ကမ်းမြို့နယ်၊ စက်မှုလယ်ယာ စံပြစိုက်ပျိုးရေး အထူးဇုန်-၂ ဥက္ကဋ္ဌအနေနဲ့ပါ တက်ရောက်ခဲ့ပါတယ်။ အစည်းအဝေးမှာ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနလက်အောက်ရှိ တာဝန် ရှိသူများ၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှ ဆန် စပါးပညာရှင်များ၊ ဆန်စပါးအထူးပြုကုမ္ပဏီကြီး များမှ ဒါရိုက်တာများ၊ စက်မှုလယ်ယာစံပြ စိုက် ပျိုးရေးအထူးဇုန်-၂ လုပ်ငန်းရှင်များ တက်ရောက် ခဲ့ကြပါတယ်။ တင်း ၂၀၀ ထွက်တဲ့ ပုလဲသွယ်စပ်မျိုး                        ဆွေးနွေးပွဲမှာ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနအနေနဲ့ ပုလဲသွယ်စပ်မျိုးစပါး ထုတ်လုပ်မှုနဲ့ပတ်သက်လို့ အကျယ်တဝင့်ရှင်းလင်း ကြပါတယ်။ ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က ရေဆင်းစိုက်ပျိုးရေးသုတေသန ဧက ၁၀၀ စပ်မျိုးစပါးထုတ်လုပ်မှုနဲ့ မန္တလေးတိုင်းဒေသကြီး၊ ဝမ်း တွင်းမြို့နယ် ရွှေတောင်စိုက်ပျိုးရေးခြံ ဧက ၁၀၀ စပ်မျိုးစပါးထုတ်လုပ်မှုတို့ရဲ့ အောင်မြင်မှုတွေကို ဆွေးနွေးခဲ့ပါတယ်။ ယခုလိုစပ်မျိုးစပါးများ ပြည်တွင်းမှာ အောင်အောင်မြင်မြင် ထုတ်လုပ်နိုင်တဲ့ အတွက် တောင်သူတွေအနေနဲ့ တစ်ဧက တင်း ၂၀၀ ကျော်ထွက်ရှိတဲ့ ပုလဲသွယ်စပ်မျိုးစပါးကို စိုက်ပျိုးလာနိုင်မှာဖြစ်လို့ မကြာခင် တောင်သူတွေ ဝင်ငွေနှစ်ဆတိုးတက်လာမှာဖြစ်တာကို ကျွန်တော့် အနေနဲ့ အားတက်ဖွယ်သိရှိရပါတယ်။                          စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်ကလည်း ယခုနှစ် ကုန်သွယ်မှုပမာဏ တိုးတက်ရခြင်းဟာ စိုက်ပျိုးရေးထုတ်ကုန်များ ပိုမိုတိုးတက်တင်ပို့လာ နိုင်တဲ့အတွက်ဖြစ်ပြီး၊ ယခင်နှစ်ကာလတူနဲ့ နှိုင်းယှဉ်ရင် ကန်ဒေါ်လာ ၂ ဘီလီယံကျော်ဖိုး ပိုမိုတင် ပို့ထားနိုင်ကြောင်း ဆွေးနွေးပါတယ်။ ဒါ့အပြင် နေပြည်တော်ကောင်စီဝင်မှလည်း နေပြည်တော် ပတ်ဝန်းကျင်ဒေသတစ်ဝိုက်မှာ ယခုနှစ် လယ်ယာ စိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနရဲ့ ကောင်းမွန်တဲ့ လယ်ယာစိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့် GAP စနစ် သိပ္ပံနည်းကျ စိုက်ပျိုးရေးနည်း ၁၄ ချက်ကို အပြည့်အ၀ သုံးစွဲတဲ့အတွက် ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှု တိုးတက်တဲ့အခြေအနေနဲ့ လာမယ့်နှစ်နွေစပါးကို GAP စနစ်နဲ့ ဧက ၁၂၀၀၀ အထိ အသုံးပြုစိုက်ပျိုးသွားမယ့် အစီအစဉ်တို့ကိုဆွေးနွေးပါတယ်။ ဒါ့အပြင် စိုက်ပျိုးရေးသုတေ သန၊ စိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခချုပ်ကြီးများ၊ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေး မှူးတို့မှ မြန်မာနိုင်ငံအတွင်း စပ်မျိုးစပါး ထုတ်လုပ် အောင်မြင်မှုများကို အကျယ်တဝင့် ဆွေးနွေးကြတဲ့ အတွက် ကျွန်တော့်အနေနဲ့ အလွန်ပဲ ဆန်စပါး ကဏ္ဍအတွက်အားတက်ဖွယ်ရာ မှတ်သားသိရှိရပါ တယ်။ စက်မှုလယ်ယာ စံပြစိုက်ပျိုးရေး အထူးဇုန်မှာ ဧက ၁၇၀ စမ်းသပ်စိုက်ပျိုး                      ကျွန်တော်တို့ ဆန်စပါးအထူးပြုကုမ္ပဏီကြီး များအနေနဲ့ရော အထူးဇုန်စိုက်ပျိုးရေး လုပ်ငန်း ရှင်တွေအနေနဲ့ပါ နိုင်ငံတော်မှ ယခုလိုဦးဆောင်ပြီး စပ်မျိုးစပါးထုတ်လုပ်နေတဲ့နေရာမှ ဘယ်လိုကဏ္ဍ ကနေ ပါဝင်ရမလဲဆိုတာကိုလည်း စဉ်းစားနေမိပါတယ်။ အစည်းအဝေးပြီးတဲ့ နောက်တစ်ရက်မှာ တော့ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရဲ့ အစီအစဉ်နဲ့ စိုက် ပျိုးရေးသုတေသန ရေဆင်းက စပ်မျိုးစပါးဧက ၁၀၀ ထုတ်လုပ်တဲ့ စိုက်ကွင်းနဲ့ဝမ်းတွင်းမြို့နယ်၊ ရွှေတောင်ခြံ ဧက ၁၀၀ စပ်မျိုးစပါး ထုတ်လုပ် တဲ့နေရာကို လေ့လာရာမှာလည်း အောင်မြင်ဖြစ် ထွန်းနေတဲ့ စပ်မျိုးစပါးစိုက်ခင်းတွေကိုလည်း လေ့ လာခွင့်ရရှိခဲ့ပါတယ်။ ကျွန်တော်ရဲ့ လက်တွေ့ ဆောင်ရွက်မှုအခြေအနေကိုပြောရရင် ၂၀၁၁-၁၂ ဘဏ္ဍာနှစ်အတွင်း ပုလဲသွယ်စပ်မျိုးစပါးကို စက်မှုလယ်ယာ စံပြစိုက်ပျိုးရေးအထူးဇုန်ကြီးမှာ ဧက ၁၇၀ စမ်းသပ်စိုက်ပျိုးခဲ့ရာမှာ တစ်ဧကကို ပျမ်းမျှ ၁၄၁ တင်း ထွက်ရှိခဲ့ပါတယ်။ ဒီနှစ်စိုက်ပျိုးရာသီမှာ စပ်မျိုးစပါးစိုက်ပျိုးမှုနဲ့ပတ်သက်လို့ အကျွမ်း တဝင် မရှိသေးပေမဲ့ ၁၄၁ တင်းထွက်တာမို့ အတွေ့အကြုံရလာရင် တင်း ၂၀၀ ကျော်ထွက်ရှိ နိုင်တဲ့ စပါးမျိုးဖြစ်နိုင်ပါတယ်။ ရိုးရိုးစပါးဈေးထက် ပိုရ                         ဒီနှစ်စိုက်ပျိုးထုတ်လုပ်ရာမှာ တစ်ဧကကုန် ကျစရိတ် ၄၁၀၀၀၀ ကျပ်ခန့်ရှိပြီး စပါး ၁၄၁ တင်း ထွက်ရှိတဲ့အတွက် စပါးတစ်တင်းကုန်ကျစရိတ်က ၂၉၀၇ ဒသမ ၈၀ ကျပ်ရှိပါတယ်။ အခုထွက်ပေါ် နေတဲ့ ပြည်တွင်းရိုးရိုးစပါးတစ်တင်း ၃၁၀၀ ကျပ် ဈေးရှိချိန်မှာ ပုလဲသွယ်စပါးတစ်တင်း ၄၂၀၀ ကျပ် ရလို့ စပါးတစ်တင်း ၁၂၉၂ ဒသမ ၂၀ ကျပ် အကျိုးအမြတ် ရရှိပါတယ်။ တစ်ဧက အကျိုး အမြတ်တွက်ရင် ၁၈၂၂၀၀ ကျပ်ရှိလို့ ကျွန်တော် စိုက်ပျိုးတဲ့ လယ် ၁၇၀ ဧကအတွက် အကျိုးအမြတ်ငွေကျပ် ၃၀၉ သိန်းကျော် ရရှိမှာဖြစ်ပါတယ်။                       အောက်တန်းကောင်းပြီး ဆန်ဈေးလည်းပို                         ဒီပုလဲသွယ်စပ်စပါးကိုပဲ ကျွန်တော် သန်လျင်အမှတ် ၂၄၂ တန် ၁၀၀ ကျဆန်စက်မှာ ကြိတ်ခွဲထုတ်လုပ်ရာမှာ ပြည်တွင်းထုတ် အခြားစပါးကို စူပါ ၅ မှတ်အဆင့်ကြိတ်ခွဲရင် စပါးတင်း ၁၀၀ ကို ဆန် ၂၉ တင်းလောက်သာ ထွက်ရှိပေမဲ့ ကျွန်တော်တို့စိုက်ပျိုးတဲ့ ပုလဲသွယ်စပ်စပါးကို ကြိတ်ခွဲရာမှာ ၅ မှတ် ၃၆ တင်းအထိ အောက်တန်း ရရှိပါတယ်။ ဒီလိုအောက်တန်း ကောင်းရုံ မကသေးပါဘူး။ ဝါးတန်းကုန်စည်ဒိုင်မှာ အခြား ဧည့်မထဆန်တစ်အိတ်ရောင်းဈေး ၁၃၀၀၀ ကျပ် ရရှိပေမဲ့ ပုလဲသွယ်ဆန်တစ်အိတ် ၁၆၅၀၀ ကျပ် ရရှိတဲ့အတွက် ဆန်ဈေးလည်းပိုရပါတယ်။  အရည်အသွေးအရရော ရုပ်သွင်အရပါကောင်းမွန်                       ဒါ့အပြင် အရည်အသွေးအနေနဲ့လည်း စား သုံးရာမှာကောင်းမွန်ပြီး ပေါ်ဆန်းဆန်အဆင့်ထိ မမီပေမဲ့ ငကျွဲထမင်းအဆင့်ထက် ပိုကောင်းပါ တယ်။ ဒီဆန်ရဲ့ အားသာချက်က ချက်ပြုတ်ရာမှာ ရင်ကွဲမှုမရှိခြင်း၊ ကြိတ်ခွဲရာမှာလည်း ဆန်နီလုံး၀ ပါဝင်မှု မရှိတဲ့အတွက် အထွက်နှုန်း ကောင်းပါ တယ်။ စပါးစေ့ရဲ့ အလျားညီညာမှုရှိတဲ့အတွက် ဆန်ရဲ့ရုပ်သွင် (apperance) လည်းကြည်လင်လို့ ရောင်းတန်းဝင် ဆန်မျိုးပဲဖြစ်ပါတယ်။ စပါးရောင်း ရင် အခြားစပါးဈေးထက် ဈေးပိုရသလို၊ ဆန် ရောင်းရင်လည်း ဈေးပိုရတဲ့အတွက် အခြားစပါး တွေကိုစိုက်ပျိုးတာထက် ပိုပြီးတွက်ခြေကိုက်ပါတယ်။ ဒါတွေက ကျွန်တော်ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်ရောင်းချတဲ့ အတွေ့အကြုံအရ သိရှိရတဲ့ အကျိုးအမြတ်ရရှိမှုပဲ ဖြစ်ပါတယ်။ပြည်တွင်းမှ ထုတ်လုပ်နိုင်တဲ့ စပ်မျိုးကို စမ်းသပ်စိုက်ပျိုးသင့်                     ဒီနှစ်ကျွန်တော့ ကိုယ်တွေ့အရ ဒီစပ်မျိုး စပါးဟာ အထွက်နှုန်း သိသိသာသာပိုတယ်။ ဆန် ကြိတ်ခွဲရာမှာ အောက်တန်းကလည်း ပိုကောင်းတဲ့အပြင်ဆန်အဖြစ်ရောင်းချရာမှာလည်း ဧည့်မထ ဆန်ဈေးထက် ပိုရတဲ့အတွက် တောင်သူအတွက်ရော၊ ကုန်သည်တွေအတွက်ပါ အကျိုးရှိတာသိလာရပါတယ်။ ဒါကြောင့် တောင်သူလယ်သမား တွေအနေနဲ့လည်း မိမိနိုင်ငံတွင်းမှာ စိုက်ပျိုးထုတ် လုပ်နိုင်တဲ့ ပုလဲသွယ်စပ်မျိုးစပါးအပေါ် ယုံကြည် ချက်နဲ့ တစ်ပိုင်တစ်နိုင် တစ်ဧက၊ နှစ်ဧက စမ်း သပ်စိုက်ပျိုးဖို့ တိုက်တွန်းလိုပါတယ်။  အကျိုးအမြတ်သိသိသာသာပို                     ယခင်စပ်မျိုးစပါးစိုက်ပျိုးဖို့ ကျွန်တော်တို့ ကိုယ်တိုင် ယုံကြည်ချက်မရှိပါဘူး။ ဘာဖြစ်လို့လဲ ဆိုရင် ပြည်ပကိုအားထားရမှာမို့ပါ။ ပြည်ပကမျိုးဝယ်ယူတင်သွင်းမှသာ စိုက်ပျိုးရတဲ့အခြေအနေ မို့ပါ။ လက်ရှိ အခြေအနေမှာတော့ နိုင်ငံတော် ကိုယ်တိုင်က စပ်မျိုးစပါးထုတ်လုပ်ဖြန့်ချိမှု အောင်မြင်နေသလို ယခုလိုကိုယ်တိုင်စမ်းသပ်စိုက်ပျိုးရာ မှာလည်း အကျိုးအမြတ်ပိုရတဲ့အတွက် ဒီစပ်မျိုး စပါးစိုက်ရတာ အားတက်မိပါတယ်။ ဒီနှစ်နွေစပါး ရာသီမှာလည်း ထပ်ပြီးစိုက်ပျိုးဖို့ စီစဉ်ထားပါတယ်။ ယခင်က လယ် ၁၀ ဧကမှာ စပါးတင်း ၄၀၀-၅၀၀ ထွက်ရှိရာမှ ယခုစပ်မျိုးစိုက်ပျိုးမယ် ဆိုရင် နှစ်ဧကလောက်စိုက်ရုံနဲ့ တင်း ၄၀၀ ခန့် ထွက်ရှိနိုင်တဲ့အတွက် အကျိုးအမြတ်အနေနဲ့ သိသိ သာသာ တက်လာမှာဖြစ်ပါတယ်။                      နောက်ပြီး ပုလဲသွယ်ဆန်ရဲ့ ကောင်းမွန်တဲ့ ရုပ်သွင်နဲ့အရသာတို့ကြောင့် ဈေးကွက်လည်း ခိုင်မာမယ်လို့ ယုံကြည်ပါတယ်။ ပြည်တွင်းဈေးကွက်အပြင် ပြည်ပဈေးကွက်ကိုလည်း တန်ဖိုး မြင့်ဆန်အဖြစ် ထိုးဖောက်ဝင်ရောက်နိုင်တဲ့ အရည်အသွေးရှိမယ်ဆိုတာ ကျွန်တော့်အနေနဲ့ အာမခံ လိုပါတယ်။ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက ဧက ၂၀၀ မှာ မျိုးစေ့ထုတ်လုပ် ဖြန့်ဝေလျက်ရှိတာမို့ တောင်သူများ၊ အထူးပြု ကုမ္ပဏီများအနေနဲ့ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းနဲ့ ဆက်သွယ်ဆောင်ရွက်နိုင်ပါတယ်။ ကိုယ်တိုင်မျိုး ထုတ်လုပ်လိုသူတွေကိုလည်းနည်းပညာအထောက် အပံ့တွေပေးနေတာဖြစ်လို့ တောင်သူတွေ ဝင်ငွေ နှစ်ဆတိုးနိုင်တဲ့ ပုလဲသွယ်စပ်မျိုးစပါးကို စိုက်ပျိုး ကြဖို့ ကျွန်တော့်အနေနဲ့ အကြံပြုတိုက်တွန်းလိုပါ တယ်။"