Main menu

Background

ရူပီးတန်ဖိုးကျနေသော်လည်း အင်ဒိုနီးရှား၌ ဝယ်လိုအားကျဆင်းနေ

Mon, 12/05/2011 - 08:37 -- Anonymous (not verified)

              ရူပီးတန်ဖိုးတွေကျဆင်းနေပေမယ့် အင်ဒိုနီးရှားထုတ်ကုန်ပစ္စည်းတွေ ဝယ်လိုအား နှောင့်နှေးနေတာက ပို့ကုန်သမားတွေ အတွက် နောက်ဆုံးကြုံတွေ့ရတဲ့ ပြဿနာဖြစ်နေကြောင်းသိရပါတယ်။ ဥရောပသမဂ္ဂ၊ အိန္ဒိယနဲ့ တရုတ်နိုင်ငံရဲ့ အမှာတွေ ကျဆင်းနေကြောင်း အင်ဒိုနီးရှား ဆီအုန်းအသင်း (Gapki)ရဲ့အထွေထွေအတွင်းရေးမှူးက ပြောကြားခဲ့ပါတယ်။ စားအုန်းဆီကြမ်း သင်္ဘောတင်မှုက စက်တင်ဘာမှာ တန်ချိန် ၁ ဒသမ ၆ သန်းအ ထိကျဆင်းခဲ့ပြီး သြဂုတ်မှာ တန်ချိန် ၁ ဒသမ ၈ သန်းရှိခဲ့ကြောင်း ၎င်းကပြောကြားခဲ့ပါတယ်။ သြဂုတ်ကနေ စက်တင်ဘာအထိကာလမှာ အိန္ဒိယကို တင်ပို့မှု ၁၄ ရာခိုင်နှုန်းကျဆင်းပြီး ၅၄၆၀၀၀ တန်ရှိပြီး ဥရောပသမဂ္ဂကို တင်ပို့မှု ၁၉ ရာခိုင်နှုန်းကျဆင်းကာ ၄၈၁၀၀၀ တန်ရှိကာ တရုတ်ကို တင်ပို့မှုကတော့ ၄ ရာခိုင်နှုန်းကျဆင်းကာ ၂၉၃၀၀၀ တန်ရှိကြောင်းသိရပါတယ်။ ရူပီးဈေးကျတာကြောင့် ပို့ကုန်သမားအတွက် အမြတ်ပိုနိုင်ပေမယ့် ကုန်ပစ္စည်းတွေ ယှဉ်ပြိုင်မှုအားကောင်းလာတာကြောင့် ၎င်းတို့အနေနဲ့ ရူပီးဈေးငြိမ်မှ စီးပွားရေးအတွက် ပိုမို ကောင်းမွန်နိုင် ကြောင်း ကုန်သည်များက ပြောပါတယ်။ လွန်ခဲ့တဲ့ ရက်သတ္တပတ်က ၁၇ လအတွင်း ရူပီးဈေးအနိမ့်ဆုံးကို ရောက်ခဲ့ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံသူ တွေကလည်း ဥရောပကြွေးမြီအကျပ်အတည်းကြောင့် စိုးရိမ်ပြီး ဒေါ်လာတွေကို ကိုင်ထားတဲ့အတွက် ထိုင်းဘတ်ငွေရော အိန္ဒိယရူပီးပါ ဈေးကျခဲ့တယ်လို့သိရပါတယ်။ မကြာသေးမီက ရူပီးဈေးကျတဲ့အတွက် ရော်ဘာထုတ်လုပ်မှုကျနေပေမယ့်လည်း အသက်ရှု အနည်းငယ်ချောင်လည်ခဲ့ကြောင်း တောင်ဆူမားတြား ဒေသက ရော်ဘာပို့ကုန်သမားတစ်ဦးကပြောပါတယ်။ မိမိတို့ဒေသမှ မိုးသည်းထန်တဲ့ ရာသီဖြစ်နေတာကြောင့် ရော်ဘာအထွက်ကျနေခြင်းဖြစ်ကြောင်း ၎င်းကပြောကြားပါတယ်။ ရော်ဘာဈေးနှုန်းက ဖေဖေါ်ဝါရီမှာ ၁ ကီလိုကို ၆ ဒသမ ၄ ဒေါ်လာရှိခဲ့ပေမယ့် ယခုအချိန်မှာ ၃ ဒေါ်လာ အထက်မှာ ပဲရှိကြောင်း၊ ဒီလိုရော်ဘာဈေးကျတာက ဥရောပနိုင်ငံများရဲ့ အကြပ်အတည်းကြောင့် ဖြစ်ပြီး ဥရောပနိုင်ငံတွေက ကမ္ဘာ့ရော်ဘာ ဝယ်လိုအားရဲ့ ၁၁ ရာခိုင်နှုန်းကိုသုံးစွဲတာဖြစ်ကြောင်း ဥရောပ တာယာနဲ့ ရော်ဘာထုတ်လုပ်သူများ အသင်းရဲ့ စာရင်းများအရ သိရပါတယ်။ လာမယ့်နှစ်မှာတော့ပြည်တွင်းဝယ်လိုအားက ရောင်းချနှုန်းကို အထောက်အပံ့ ပေးနိုင်ကြောင်း ကုန်သည်များက မျှော်လင့်နေပါတယ်။ အဖွဲ့ဝင် ၁၁ နိုင်ငံ ပါဝင်တဲ့ ရော်ဘာထုတ်လုပ် သောနိုင်ငံများအသင်း (ANRPC)  ရဲ့ ဝယ်လိုအားက ကမ္ဘာ့သုံးစွဲမှုရဲ့ ၅၇ ရာခိုင်နှုန်းကို သုံးစွဲပြီး လာမယ့်နှစ်မှာ ၂ ဒသမ ၉ ရာခိုင်နှုန်းတိုးတက်ပြီး တန်ချိန် ၆ ဒသမ ၃ သန်း သုံးစွဲဖွယ် ရှိကြောင်း (ANRPC) ရဲ့ အထွေထွေအတွင်းရေးမှူးကပြောကြားပါတယ်။ Source: Jakata globe,KZW