Main menu

Background

ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်ရေး အထောက်အကူပြု ပျော်ဘွယ်လေးကျေးရွာရဲ့ စက္ကူပန်းလုပ်ငန်း

Tue, 12/13/2011 - 05:00 -- Anonymous (not verified)

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့ နယ်၊ ဒလ-တွံတေးကားလမ်းရှိ ပျော် ဘွယ်လေးကျေးရွာမှာ အိမ်တွင်း လက် မှုလုပ်ငန်းအဖြစ် ကျေးရွာရဲ့ ဆင်းရဲနွမ်း ပါးမှုလျှော့ချရေးအတွက်  အထောက် အကူဖြစ်စေသော  စက္ကူပန်းခက်၊ ပန်းခိုင်လုပ်ငန်းများကို မိမိတို့ရဲ့ နေအိမ် များမှာ မိသားစုများ ဝိုင်းဝန်းလုပ်ကိုင် ကြပြီး၊ နွေရာသီ ကျောင်းပိတ်ရက် များတွင် ကျောင်းသူ၊ ကျောင်းသားများ ပါ နောက်နှစ်ကျောင်းစရိတ်၊ ကျောင်း မုန့်ဖိုးများရရှိအောင် လုပ်ကိုင်လျက် ရှိကြပါတယ်။ ကုန်ကြမ်းပစ္စည်းများကို  ရန်ကုန် ဗိုလ်ချုပ်ဈေး၊ သိမ်ကြီးဈေးများရှိ စက္ကူ ပန်းခိုင်၊ ပန်းခက်များရောင်းချတဲ့ ဆိုင် များမှဝယ်ယူကြပြီး ခရေ၊ ပိတောက်၊ နှင်းဆီ၊  သစ်ခွ၊  သဇင်၊ မှုန်ရွှေရည်၊ ကံ့ကော် စသည်ဖြင့် ပန်းခက်ပန်းခိုင် များပြုလုပ်ကြပြီး စက္ကူပန်းခက်၊ ပန်းခိုင် ကုန်ချောများကို ကုန်ကြမ်းပစ္စည်းဆိုင် များသို့ ပြန်လည်ရောင်းရကြောင်း သိရ ပါတယ်။ ကုန်ကြမ်းရင်းနှီးငွေမှာ တစ်လ ကျပ် ၅၀၀၀၀ မှ ၁၀၀၀၀၀ လောက် ရင်းရပြီး ကုန်ချော ပိတောက်၊ နှင်းဆီ ပန်းအခက် ၁၀၀ စည်းတစ်စည်း ၃၅၀ ကျပ်၊ ကံ့ကော်၊ သစ်ခွ၊ မှုန်ရွှေရည်ပန်း အခက် ၁၀၀စည်းတစ်စည်း ကျပ် ၄၀၀၊ ခရေပန်းအခက် ၁၀၀ စည်း တစ်စည်း ကျပ် ၃၀၀ အသီးသီးပြန်ရောင်းချရပြီး၊ တစ်စည်း ကျပ် ၇၀ မှ ၁၀၀ ထိ အကျိုး အမြတ်ရရှိကြောင်းနဲ့ ပန်းခက်ပန်းခိုင် ပြုလုပ်သူတစ်ဦးကို  တစ်နေ့ ကျပ် ၁၅၀၀ မှ ကျပ် ၂၀၀၀ ခန့် အနည်းဆုံး ရရှိတဲ့အပြင်  မိမိလုပ်နိုင်သလောက် ဝင်ငွေပိုမိုရရှိနိုင်ကြောင်း သိရပါတယ်။ ယင်းစက္ကူပန်းခိုင် ပန်းခက်များကို ဘွဲ့ယူတဲ့အခမ်းအနား၊  မင်္ဂလာဆောင် အခမ်းအနား၊  အလှူတော်မင်္ဂလာ အခမ်းအနား၊  မွေးနေ့အခမ်းအနား များနဲ့ သြင်္ကန်ကာလများမှာ အများဆုံး အသုံးပြုကြတယ်လို့ သိရပါတယ်။ PTAC-1 - တွံတေး