Main menu

Background

၂၀၁၂ပဲဈေးကွက်အလားအလာအပေါ်သူတို့ရဲ့အမြင်များနဲ့သတိပြုရမယ့်အချက်များ

Sun, 12/18/2011 - 09:06 -- Anonymous (not verified)

ယခင်တစ်နှစ်လုံးတင်ပို့မှုထက် ပမာဏပိုပေမဲ့ ဝင်ငွေလျော့    လက်ရှိကာလဟာ ပဲဟောင်းများ ရောင်းပြီးကုန်သလောက်ဖြစ်လို့ ပဲအချို့အသစ် ဈေးကွက်ထဲ ဝင်လာစ ပြုနေပြီဖြစ်တဲ့ ကာလဖြစ်ပါတယ်။ အထူးသဖြင့်တော့ ၂၀၁၂ ပဲဈေးကွက်ထဲကို ပဲစင်းငုံတွေ လှိုင်လှိုင်ဝင်လာတော့မှာဖြစ်သလို ပဲတီစိမ်း အချို့လည်း ဝင်လာနေတဲ့ကာလလည်းဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနှစ် ရာသီဥတုအနေအထားအရ ပဲစင်းငုံက ပုံမှန် ဖြိုင်ဖြိုင်ဝင်မယ့်ကာလထက်တော့ နည်းနည်းနောက်ကျ နေတယ်လို့ သိရပါတယ်။ ဒီအချိန်မှာ ပဲမျိုးစုံတင်ပို့မှုကို လေ့လာကြည့်ရင် ဒီနှစ်လက်ရှိ အချိန်ထိ တင်ပို့မှုဟာ မနှစ်က ဒီအချိန်ထက် ပမာဏမှာ သုံးပုံတစ်ပုံ ပိုမိုတင်ပို့နိုင်ပြီး  ဖြစ်သလို မနှစ်က တစ်နှစ်လုံး တင်ပို့မှုထက်လည်း တန်  ၄ သောင်းလောက်ပိုနေပါပြီ။ ဒါပေမဲ့ ရရှိတဲ့ဝင်ငွေ အနေနဲ့တော့ တင်ပို့နိုင်တဲ့ ပမာဏနဲ့ယှဉ်ရင် မနှစ်ကထက် လျော့နည်းတဲ့ အနေအထားတွေ့ရပါတယ်။ ဒါကတော့ ဒီနှစ်ပဲမျိုးစုံဈေးက အတက်ဘက်ကိုမသွားဘဲ အဆင်းဘက်ကိုပဲ ထောက်လျှောက်ဆင်းလာခဲ့တာကြောင့် ဖြစ်ပါတယ်။ ပဲမျိုးစုံတင်ပို့နိုင်တဲ့ ပမာဏနဲ့ တန်ဖိုးများကို လေ့လာဖော်ပြလိုက်ပါတယ်။        တန်ဖိုး ကျပ်သန်းပေါင်း    ပဲအမျိုးအစား            ၂၀၁၀-၂၀၁၁                    ၂၀၁၁-၂၀၁၂                                   ဘဏ္ဍာနှစ်     တန်ဖိုး    (၉.၁၂.၂၀၁၁ ထိ)       တန်ဖိုး                                    တန်ချိန်                       တန်ချိန်    မတ်ပဲ                      ၄၆၄၃၀၀       ၄၅၈     ၄၇၁၀၀၀                ၃၉၄    ပဲတီစိမ်း                    ၂၆၈၂၀၀     ၂၉၉     ၂၁၈၆၀၀               ၂၀၉    ပဲစင်းငုံ                     ၁၄၆၃၀၀     ၁၂၁     ၁၇၅၁၀၀                ၁၀၈    ပဲလွန်းဖြူ                  ၂၈၃၀၀        ၂၄       ၁၇၃၀၀                  ၁၆    ကုလားပဲဖြူလုံးကြီး      ၈၅၀၀          ၆        ၆၄၉၀၀                  ၂၅    မြေထောက်ပဲ            ၁၀၃၀၀         ၆         ၉၇၀၀                      ၆    စုစုပေါင်း                 ၉၅၇၀၀၀      ၉၃၉      ၉၉၀၀၀၀               ၈၁၅ပဲစင်းငုံဈေးကွက် တစ်ကျော့ပြန်ဦးမော့လာ    မြန်မာနိုင်ငံရဲ့ ပဲဖောက်သည် အိန္ဒိယရဲ့ ပဲထွက်ရှိမှု ကာလကလည်း မြန်မာနဲ့ အနီးစပ်ဆုံး တူတာမို့ ပဲစင်းငုံတွေ ဈေးကွက်ထဲဝင်လာစပြုနေပြီဖြစ်ပြီး မတ်ပဲနဲ့ ပဲတီစိမ်းကတော့ ဈေးကွက်ထဲ ဝင်ရောက်မှု လျော့ကျနေပြီလို့ သိရပါတယ်။ ဒါကြောင့်လည်း အရင်နှစ်တွေလိုပဲ မတ်ပဲ၊ ပဲတီစိမ်း ဈေးကွက်ထဲ ဖြိုင်ဖြိုင်ဝင်ရောက်တဲ့ ပြီးခဲ့တဲ့၂ လလောက်မှာ အိန္ဒိယက ပဲဝယ်ယူမှု နှေးခဲ့တဲ့အတွက် မြန်မာနိုင်ငံက ပဲမျိုးစုံတင်ပို့မှုလည်း လျော့ကျခဲ့ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့လအတွင်း ပဲအားလုံးထဲမှာ ပဲစင်းငုံ တင်ပို့မှုက တစ်ကျော့ပြန်ခေါင်းထောင်လာတာ တွေ့ရပါတယ်။ အရင်လပိုင်းများမှာ ပဲစင်းငုံတင်ပို့မှု ပမာဏသိသိ သာသာ နည်းခဲ့ရာက အိန္ဒိယမှာ ပဲအသစ်ဖြိုင်ဖြိုင်မဝင်မီ ပဲဟောင်းလက်ကျန် ကုန်လုနီးတဲ့ စပ်ကူးမတ်ကူး ကာလအတွက် အဝယ်ပြန်လိုက်လာလို့ဘဲ ဖြစ်ပါတယ်။ ပြည်တွင်းမှာလည်း ပဲဟောင်းလက်ကျန် တချို့ ရှိနေသေးသလို ပဲစင်းငုံနဲ့ ပဲတီစိမ်းသစ်တွေလည်း ဝင်လာနေပြီဆိုတော့ ၂၀၁၂ ရဲ့ ပဲဈေးကွက် အလား အလာနဲ့ပတ်သက်လို့ ပဲလောကသား တချို့ရဲ့ အတွေးအမြင်တွေကို ကောမတ်စ်က မျှဝေလိုပါတယ်။မြန်မာ့ပဲစင်းငုံက အိန္ဒိယဈေးကွက်အပေါ် သက်ရောက်        Asia Myint ကုမ္ပဏီက ဦးရဲမြင့်ကတော့ " ပဲစင်းငုံအနေနဲ့ အိန္ဒိယမှာ လက်ကျန်နည်းနေပြီ။ အိန္ဒိယ ပဲစင်းငုံအထွက်လျော့နိုင်သလို အရည်အသွေးလည်း မကောင်းနိုင်ဘူးလို့ သိရပါတယ်။ အာဖရိက ပဲစင်းငုံကို ဝယ်ပေမဲ့ အရည်အသွေး မကောင်းလို့ မြန်မာပဲစင်းငုံတွေကို လတ်တလော နေ့တိုင်းအဝယ်ရှိ နေပါတယ်။ ပြည်တွင်းရှမ်းအစ အဟောင်းတွေကုန်လို့ အနီစကို လှည့်ဝယ်လာပြီ၊ ပြည်တွင်းမှာ ပုံမှန်ဆိုရင် ပြည်၊ အောင်လံ၊ပခုက္ကူ၊ မုံရွာစက ဝင်လာပြီး။ အခုဒီမှာလည်း အဝင်နည်းနည်းနောက်ကျတယ်။ ဇန်နဝါရီ လလောက်မှ လှိုင်လှိုင်ထွက်မယ်လို့ ခန့်မှန်းရ ပါတယ်။ ရှမ်းစက နည်းနည်းစောဝင်နိုင်တယ်။ မနှစ်က ရှမ်းစကို အဝယ်နည်းပေမဲ့ ဒီနှစ်တော့ ရှမ်းစက သူ့ဈေးနဲ့သူအရောင်းအထွက်ဆုံးဖြစ်ခဲ့ပါတယ်။ အိန္ဒိယက ပဲစင်းငုံတစ်နှစ်ကို  တန် ၃ သန်းလောက် ထွက်ရှိစားသုံးတာဖြစ်လို့ မြန်မာနိုင်ငံက ထုတ်လုပ်တဲ့ပမာဏ ဒီထက်ပိုရင်လည်း အိန္ဒိယဈေးကွက်ကို ထိခိုက်တာ မဖြစ်နိုင်ပါဘူး။ သူတို့ဘက်ကသာ ကစားလို့ ဒီဘက်မှာ လာထိခိုက်တာမျိုးပါ" လို့ ဆိုပါတယ်။ ဈေးကွက်ပေါက်ဈေး သင့်တင့်ရင် ရောင်းသင့်တဲ့အချိန် ရောင်းတာအကောင်းဆုံးပါ    ဆက်လက်ပြီး " ယခုနောက်ပိုင်း မတ်ပဲဈေးကျသွားတဲ့အကြောင်းရင်းက အိန္ဒိယမှာ အရည်အသွေး ညံ့တဲ့ ပဲတွေရောရောင်းချမှုနဲ့ ပတ်သက်လို့ အိန္ဒိယကုမ္ပဏီတစ်ခုအရှုံးပေါ်ရာက ဖြစ်လာတဲ့ ဂယက်ပါ။ မတ်ပဲဈေးအနေနဲ့ အများကြီးပြန်တက်ဖို့ သိပ်မလွယ်ဘူးလို့ ခန့်မှန်းရပါတယ်။ အလားတူ ပဲတီစိမ်း အနေနဲ့ ဒီနှစ် တရုတ်ပြည်မှာ အထွက် အားကောင်းတော့ ဈေးအကြီးအကျယ် မတက်နိုင်ဘူးလို့ ထင်ရပါတယ်။ ကုလားပဲဖြူလုံးကြီးကတော့ ဒီနှစ် သြစတြေးလျကပျက်လို့  ဘင်္ဂလားဒေ့ရှ်က အဝယ်ရှိတဲ့အတွက် ဒီနှစ်တင်ပို့အားကောင်းတာပါ။ အမှန်တော့ ဈေးကွက်မှာဖြစ်ပေါ်တဲ့ ဈေးနှုန်းဟာ ကိုယ့်အတိုင်းအတာနဲ့ရောင်းသင့်တဲ့ ဈေးဆိုရင်  ရောင်းတာအကောင်းဆုံးပါပဲ"လို့ ဆိုပါတယ်။ဝယ်သူဈေးကွက်ပဲ ဖြစ်နေဆဲ    နိုင်ငံတကာ ဈေးကွက်ရှိတဲ့ ပဲဖြစ်လို့ ပြည်တွင်းက ကုလားပဲတွေ မျိုးပြောင်းလဲစိုက်သင့်ပါပြီ။ အလုံးကြီးတဲ့ ကုလားပဲ V12 ကိုစိုက်ရင် တစ်တန် ကန်ဒေါ်လာ ၁၀၀-၂၀၀ ပိုရတဲ့အတွက် တောင်သူ များကို မျိုးအလုံအလောက် ထုတ်ပေးနိုင်ရင်ပိုကောင်းမှာပါ။ပဲဈေးကွက်ကိုကြည့်ရင် ကျွန်တော်ကို နိုင်ငံ က တင်ပို့မှုအများဆုံးဖြစ်ပေမဲ့ ဝယ်သူရဲ့ဈေးကွက်ဖြစ်နေဆဲမို့ အိန္ဒိယရဲ့ဝယ်တဲ့ဈေးပေါ်မူတည်ပြီး ရောင်းဝယ်နေကြရပါတယ်။ Commodity Future Market ရှိသင့်ပါတယ်။ ဒါမှ Seller Market   ဖြစ်ပြီး ပြည်တွင်းမှာဈေးနှုန်းတည်ငြိမ်မှန်ကန်မှာဖြစ်ပါတယ်လို့ အကြံပြုပြောကြားပါတယ်။ပဲအသင်းခိုင်မာဖို့ တောင်သူကြီးများ၊ ပညာရှင်များ ပါဝင်ဖွဲ့စည်းသင့်    Yeo Brothers ကုမ္ပဏီမှ ဦးသောင်းဟန်ကလည်း " ဒီနှစ် မြန်မာနိုင်ငံမှာ ပဲစင်းငုံက ပခုက္ကူ၊ မုံရွာဘက်ကကောင်းတယ်လို့သိရပါတယ်။ ကျောက်ပန်းတောင်းနယ်ဘက်ကတော့လျော့နိုင်တယ်။ ဒါပေမဲ့ ပျမ်းမျှဆိုရင် မနှစ်ကလောက် ထွက်နိုင်မယ်လို့ ခန့်မှန်းကြပါတယ်။ အာဖရိကမှာလည်း ဒီနှစ်အထွက်နည်း နိုင်တယ်လို့ ဆိုကြပါတယ်။ အိန္ဒိယမှာတော့ ပဲစင်းငုံစိုက်ဧရိယာက ပုံမှန်နှစ်တွေလိုပဲရှိပေမဲ့ မနှစ်ကပိုသလို တော့ ဒီနှစ် စိုက်ဧရိယာမပိုဘူးဆိုပြီး ဈေးကွက်သတင်းတွေအရ သိရပါတယ်။ လတ်တလောမှာလည်း တချို့ဒေသတွေမှာ ပဲစင်းငုံအထွက်လျော့တယ်ဆိုပြီး ပြောနေကြတယ်။ အမှန်တော့ အိန္ဒိယက တစ်နှစ်ကို ပဲစင်းငုံကြီးဘဲ တန်ချိန် ၃ သန်းလောက်စားတာ။ ကျွန်တော်တို့မြန်မာနိုင်ငံက တစ်နှစ်ကို တန် ၃ သိန်းလောက်ဘဲထွက်တာဆိုတော့ အိန္ဒိယကသာ ပုံမှန်ထက် လျော့ပြီး ထွက်တယ်ဆိုရင် မြန်မာ့ပဲစင်းငုံက သူတို့အတွက် မပြောပလောက်ပါဘူး။ ဒါကြောင့် အိန္ဒိယမှာ ပဲစင်းငုံအထွက်တိုးမျိုးတွေ ပြောင်းလဲစိုက်ပျိုး သလို ကျွန်တော်တို့နိုင်ငံမှာလည်း စိုက်ပျိုးရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး မျိုးပြောင်းလဲစိုက်ပျိုးသင့်ပါတယ်။ ကုန်သည်ဆိုတာ ရောင်းဖို့ ဝယ်ဖို့ပဲသိတာပါ။ စိုက်ဖို့မကျွမ်းကျင်ပါဘူး။ အမှန်တော့ ပဲအသင်းကိုလည်း ကုန်သည်ကြီးတွေနဲ့ပဲ ဖွဲ့စည်းတာထက် တောင်သူကြီးတွေ၊ ပညာရှင်တွေပါ ထည့်သွင်းဖွဲ့စည်းဆောင်ရွက် မယ်ဆိုရင် ဘက်စုံက ကျွမ်းကျင်သူတွေပါဝင်လို့ အသင်းအင်အားတောင့်တင်း ခိုင်မာလာမယ်လို့" အကြံပြု ဆွေးနွေးပါတယ်။ အခြေခံဈေးဖြစ်နေလို့ ဒီထက်ဈေး ထပ်မကျနိုင်ပိုင်ဖယ်မလီကုမ္ပဏီရဲ့ အုပ်ချုပ်မှုဒါရိုက်တာ ဦးစိုးပိုင်က ဆွေးနွေးရာမှာ " ၂၀၁၂ ဒီဇင်ဘာမှာ လှိုင်လှိုင်ထွက်မယ့် အိန္ဒိယပဲစင်းငုံက တစ်နိုင်ငံလုံး အနေနဲ့ ၃၀ ရာခိုင်နှုန်းလောက် လျှော့မယ်ဆိုပြီး ခန့်မှန်းနေကြတယ်။  မြန်မာနိုင်ငံကတော့ တချို့ ဒေသတွေမှာ မိုးကြီးပေမဲ့ သိပ်ထိခိုက်မှုမရှိလို့ ပုံမှန် ထွက်နိုင်ပါတယ်။ ဈေးနှုန်းအနေနဲ့ မနှစ်က အိန္ဒိယ မှာ ဒီလိုအချိန် ရူပီးဈေးက တစ်ဒေါ်လာ ၄၄ ရူပီး ဖြစ်တော့ ပဲစင်းငုံဈေးတက်ခဲ့တယ်။ အခုလက်ရှိ အချိန်မှာ သူတို့အနေနဲ့  ပဲလိုအပ်နေပေမဲ့ ရူပီး တန်ဖိုးက တစ်ဒေါ်လာ ရူပီး ၅၁-၅၂ ထိဖြစ်နေလို့ ပဲဈေးနိမ့်တာဖြစ်ပါတယ်။ ဒါပေမဲ့ ပဲစင်းငုံဈေးက အခြေခံကျတဲ့ဈေးဖြစ်နေလို့  အသစ်အရောင်း အဝယ်ဖြစ်ရင်လည်း ဈေးဒီထက်ကျနိုင်မှာ မဟုတ် ဘူးလို့ ယူဆပါတယ်"လို့ ဆိုပါတယ်။တောင်သူများ မနှစ်က အတွေ့အကြုံအရ  ပဲအရည်အသွေးထိန်းဖို့ ပြင်ဆင်လာကြဆက်လက်ပြီး "မတ်ပဲအနေနဲ့ ပြီးခဲ့တဲ့ရာသီ မှာ မြန်မာနိုင်ငံမှာရော အိန္ဒိယမှာပါမိုးမိလို့ အရည် အသွေးပျက်ပဲတွေပါတဲ့အတွက် ဈေးနိမ့်ခဲ့ပါတယ်။ ကျွန်တော်တို့ တောင်သူတွေအနေနဲ့ ၁၉၉၀-၉၁ ခုနှစ်နောက်ပိုင်း မတ်ပဲရိတ်သိမ်းချိန် မိုးတာရှည် မှုမျိုးကို မနှစ်က အတွေ့အကြုံရလာလို့ ရာသီဒဏ် ခံနိုင်မယ့် မျိုးတွေစိုက်လာသလို ခြွေလှေ့စက်တွေ ဝယ်ယူပြီး  ပြင်ဆင်မှုတွေ ရှိလာကြပါတယ်။ ဒါ ကြောင့် ဒီလာမယ့်မတ်ပဲရာသီ မိုးမိရင်တောင် မနှစ်ကလောက် အရည်အသွေးနိမ့်နိုင်မယ်မထင် ပါဘူး"လို့ ဆိုပါတယ်။ပဲအထွက်နောက်ကျပေမဲ့ အထွက်ကောင်းနိုင်ဒီဇင်ဘာလဆန်းပိုင်းမှာတော့  ပခုက္ကူနဲ့ မုံရွာဈေးကွက်ဘက်ကို ပဲစင်းငုံအိတ်အနည်းငယ်စီ ဝင်ရောက်မှုရှိပေမဲ့ များများမဝင်သေးလို့ ပဲစင်း ငုံလက်ကျန်  အဟောင်းတွေကိုသာ အရောင်း အဝယ်ဖြစ်တာများတယ်လို့ သိရပါတယ်။ ပဲစင်းငုံ ထွက်ရှိမှုနဲ့ပတ်သက်လို့ မုံရွာဒေသခံတစ်ဦးနဲ့ ဆွေး နွေးခဲ့ရာမှာ " လတ်တလောမှာ သက်နုပဲစင်းငုံ တွေလောက်ဘဲ ကြိုးကြားကြိုးကြား အဝင်ရှိပါသေး တယ်။ လောလောဆယ်တော့ ဒေသခံကုန်သည် တွေပဲ ဝယ်နေကြသေးတယ်။ ဒီဇင်ဘာ ၁၅ ရက် က ပဲစင်းငုံတစ်တင်းကို ကျပ် ၁၄၅၀၀ ဈေးနဲ့ အရောင်းအဝယ်ဖြစ်တာ တွေ့ရတယ်။ စစ်ကိုင်း တိုင်းဒေသကြီးမှာ အများဆုံးစိုက်တာက သက်ရင့် မျိုးတွေဖြစ်လို့ ဇန်နဝါရီလကုန်ပိုင်း၊ ဖေဖော်ဝါရီ လဆန်းလောက်မှ လှိုင်လှိုင်ဝင်နိုင်မယ်။ ဒီနှစ် ပဲ စိုက်ချိန် မေ၊ ဇွန်လတွေမှာ မိုးခေါင်လို့ ကနဦး မိုးကောင်းကောင်းမသောက်ရပေမဲ့  အောက်တို ဘာမှာ မိုးကောင်းခဲ့လို့ အပင်အားကောင်းခဲ့တော့ ပဲထွက်ချိန် နောက်ကျပေမဲ့ အထွက်နှုန်းကတော့ ကောင်းနိုင်တယ်လို့" ဆိုပါတယ်။စိုက်ဧကနည်းတဲ့ ပဲတောင်သူ  လက်ရှိဈေးထက် ပိုရရင် တွက်ခြေကိုက်မယ်ဆက်လက်ပြီး "လက်ရှိ  ပဲစင်းငုံတစ်တင်း ၁၄၅၀၀ ကျပ်နှုန်းနဲ့ ပုံမှန်အထွက်နှုန်း တစ်ဧက ၁၀ တင်းနှုန်းနဲ့ဆိုရင် တစ်ဧကကို ကျပ် ၁၄၅၀၀၀ ရမယ်။ တစ်ဧကကို စိုက်စရိတ် ကျပ် ၇၅၀၀၀ လောက်ကျပြီး လက်ရှိဈေးနဲ့ အကျိုးအမြတ်ထက် ဝက်ကျန်တယ်ဆိုပေမဲ့ ပဲစင်းငုံကို ရင်းနှီးမြှုပ်နှံရ တဲ့ကာလ ၉ -၁၀ လောက်ရှိတာဆိုတော့ စိုက်ဧက များတဲ့သူတွေအတွက် လုပ်သာကိုင်သာ ရှိပေမဲ့ စိုက်ဧကနည်းနည်းနဲ့ ပဲစင်းငုံကိုပဲ အမှီပြုနေရတဲ့ တောင်သူတွေအတွက်တော့ လက်ရှိဈေးနဲ့ တွက် ခြေကိုက်မှု  မရှိပါဘူး။  ဖြိုင်ဖြိုင်ထွက်တဲ့အချိန် ဒီဈေးထက်ပိုရရင်တော့  တောင်သူတွေအတွက် ဝမ်းသာရမှာပေါ့ဗျာ"လို့ ဆိုပါတယ်။တောင်သူများ ဈေးကွက်ရောင်းအားကောင်းတဲ့ မျိုးများကို ရွေးချယ်စိုက်ပျိုးမှုများလာ" ပဲစင်းငုံကို မျိုးကောင်းတာတွေ စိုက်သင့် ပါတယ်။ ဒါပေမဲ့ အချို့မြေတွေက နဂိုကကို မြေ ညံ့တွေဖြစ်လို့ မျိုးကောင်းတိုင်းလဲ မရနိုင်ပါဘူး။ ရွှေကမြေပေါ်မူတည်သလို ပဲကလည်း မြေအပေါ် အများကြီး မူတည်ပါတယ်။ ဒီနှစ် ကျွန်တော်တို့ နယ်မှာ  ကုလားပဲဖြူလုံးကြီး ဈေးကောင်းရ အရောင်းသွက်လို့ တောင်သူတွေကလည်း ဈေး ကွက်ရောင်းအားကောင်းတဲ့ 929 နဲ့ V2 ကို ရွေး ချယ်စိုက်ပျိုးလာတာများပါတယ်။ ဒါပေမဲ့ တချို့ ကြတော့လည်း မြေအနေအထားအရကို စိုက်လို့ မရလို့ ဒေသမျိုးကိုပဲ စိုက်ရတာတွေ ရှိပါတယ်။ စိုက်ဧက  ပိုစိုက်လာတာတွေရှိလို့ လာမယ့်နှစ် ကုလားပဲအထွက် ပိုနိုင်တယ်။ ထိုက်သင့်တဲ့ဈေးနဲ့ ဒီနှစ်လို အရောင်းအဝယ်သွက်ရင်တော့ ပိုကောင်း ပါတယ်"လို့လည်း ဆွေးနွေးပါတယ်။အထွက်ကောင်း ကုလားပဲဖြူလုံးကြီးမျိုးများ  စမ်းသပ်စိုက်ပျိုးဖို့ ဖြန့်ဝေဘယ်သီးနှံမဆို  အရည်အသွေးကောင်း အထွက်ပိုဖို့ဆိုရင် ရေမြေအနေအထားနဲ့ ရာသီ ဥတုအရေးပါတဲ့အပြင် ရေမြေနဲ့ကိုက်ညီတဲ့ မျိုးစေ့ ဖြစ်ဖို့ဟာလည်း တကယ်ကို အရေးပါပါတယ်။ မျိုးနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း နိုင်ငံတော် သမ္မတကြီးနဲ့အတူ စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၊   ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ပဲနှမ်းကုန်သည်များအသင်း ဥက္ကဋ္ဌနဲ့ တာဝန်ရှိသူတို့ အိန္ဒိယကိုသွားရောက်တဲ့ ခရီးစဉ်မှာ အရည်အသွေးကောင်းပြီး အထွက်နှုန်းကောင်းတဲ့ ကုလားပဲဖြူလုံးကြီး V12 မျိုးစေ့ ၆၀ ကီလိုဂရမ်ပါ ၅ အိတ်ကို ယူဆောင်လာခဲ့တယ်လို့ သိရပါတယ်။ အဲဒီမျိုးစေ့ကို  မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းဌာနနဲ့ ပူးပေါင်းပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းတို့ကို ဖြန့် ဝေထားကြောင်းလည်း သိရပါတယ်။ အဲဒီဒေသ တွေမှာ စိုက်ပျိုးတဲ့ မြေအမျိုးအစား၊ ကာလနဲ့ သုံးစွဲ တဲ့သွင်းအားစု စတဲ့ အချက်အလက်များကို ပြန် လည်ကောက်ယူပြီး မျိုးနဲ့ သင့်မယ့်ဒေသတွေကို လာမယ့်နှစ်မှာ ဖြန့်ဝေနိုင်အောင် ဆောင်ရွက်သွား မယ်လို့လည်း ပဲအသင်းက သိရပါတယ်။စပါးလိုပဲ ပဲမျိုးစုံကိုလည်း အထွက်ကောင်းမျိုးစေ့များ  ထုတ်လုပ်တဲ့ နည်းပညာပေးသင့်ဒါ့အပြင် အိန္ဒိယမှာ စမ်းသပ်အောင်မြင် နေတဲ့ ပဲစင်းငုံစပ်မျိုးစေ့တွေကိုလည်း လာမယ့် ပဲစင်းငုံစိုက်ရာသီမှာ ဖြန့်ဝေနိုင်ဖို့ ပဲကုန်သည်များ က စီစဉ်သွားမယ်လို့လည်း ကုန်သည်တချို့က ဆိုပါတယ်။ လက်ရှိမှာ စိုက်ပျိုးရေးဌာနအနေနဲ့ ပြည်ပက တင်သွင်းလာတဲ့ အထွက်နှုန်းကောင်း စပါးမျိုးစေ့တွေ  ထုတ်လုပ်ဖြန့်ဝေလျက်ရှိသလို စိုက်ပျိုးရေးနည်းစနစ်တွေပါ လက်တွေ့ပြသ ကူညီ နေတာ သတင်းတွေထဲမှာ အမြဲတွေ့နေရပါတယ်။ ဒီလိုဘဲ မြန်မာ့ထိပ်တန်း  ပို့ကုန်တစ်မျိုးဖြစ်တဲ့ ပဲမျိုးစုံကိုလည်း အထွက်နှုန်းကောင်း စပ်မျိုးများ ကျယ်ကျယ်ပြန့်ပြန့် ထုတ်လုပ်ဖြန့်ေ၀ နည်းပညာ ပေးရင်ဖြင့်  တောင်သူတွေအတွက် အကျိုးအမြတ် ပိုမို ရရှိလာနိုင်တယ်လို့ ကုန်သည်ကြီးတစ်ဦးက ဆိုပါတယ်။ ပုံမှန်ဈေးကွက်ဖော်ဆောင်ဖို့ ကုန်သည်များရဲ့တာဝန်အဖြစ် ခံယူသင့်တောင်သူတွေ အထွက်နှုန်းကောင်းနဲ့ ထုတ် လုပ်ပေးတဲ့ ကုန်ကြမ်းတွေကို ထိုက်သင့်တဲ့ဈေးနှုန်း နဲ့ ပုံမှန်ဈေးကွက်ရရှိဖို့ဟာ လုပ်ငန်းရှင်တွေ၊ ပြည်ပ တင်ပို့သူတွေရဲ့ တာဝန်အဖြစ် ခံယူဆောင်ရွက် သွားရမှာပဲဖြစ်ပါတယ်။ အခုဆိုရင် နိုင်ငံတော်ပိုင်း က ပြည်ပတင်ပို့သူလုပ်ငန်းရှင်တွေ လုပ်သာ ကိုင်သာရှိစေဖို့  ကုန်သွယ်မှု တိုးမြှင့်စေဖို့အတွက် အခွန်လျှော့ပေါ့ပေးတာတွေ၊ ငွေကြေးလဲလှယ် မှုနှုန်း တည်ငြိမ်မှန်ကန်အောင် ဆောင်ရွက်ပေး နေတဲ့အပြင် တွေ့ကြုံနေရသေးတဲ့ အခက်အခဲ တွေ လျော့ကျဖို့လည်း အတတ်နိုင်ဆုံး ကူညီဖြေ ရှင်းပေးနေတာ  အားလုံးသိမြင်နေရပါတယ်။ ဒီလိုကာလမှာ ကုန်သည်များ ပြည်ပတင်ပို့သူများ အနေနဲ့  မိမိအကျိုးစီးပွားတစ်ခုကိုပဲကြည့်ပြီး ဈေး ဆွဲတင်၊ ဆွဲချတာမျိုးတွေလုပ်၊ ဝယ်လိုအားရှိတဲ့ အချိန် ထုတ်မရောင်းမိရင်တော့ ပြီးခဲ့တဲ့နှစ်တွေက ကြုံတွေ့ခဲ့ရသလို ကျဈေးနဲ့မိပြီး နစ်နာပြီးရင်း နစ် နာမှုတွေရှိလာမှာ ဖြစ်ပါတယ်။ ကုန်သည်များရဲ့ အတွေးအမြင်နှင့် ခံယူချက်များ  ပြင်ဆင်ဖို့ အချိန်သင့်ဒါ့အပြင် မိမိတို့ ကုန်ပစ္စည်းအရည်အသွေး ကို ထိန်းသိမ်းခြင်းဖြင့် ရေရှည်ဈေးကွက်ဖြစ်ဖို့ လည်း သက်ဆိုင်ရာအသင်းများ၊ ကုန်စည်ဒိုင်များမှ ကြပ်ကြပ်မတ်မတ် ကြီးကြပ်သင့်သလို ကုန်သည် တစ်ဦးချင်းကိုယ်တိုင်ကလည်း ထိန်းသိမ်းရမှာပါ။ ပြီးခဲ့တဲ့ မတ်ပဲရာသီ မိုးမိလို့ အရည်အသွေးပျက်ပဲ တွေ ရောနှောရောင်းချတာမျိုးဟာ မဖြစ်သင့်တဲ့ လုပ်ရပ်ပါပဲ။ ဒါနဲ့ပတ်သက်လို့ပြည်တွင်းမှာ အရည် အသွေးပြဿနာ  မဖြစ်ပေမဲ့ အိန္ဒိယမှာတော့ အရည်အသွေးနိမ့်ပဲတွေ ရောနှောရောင်းချတာနဲ့ ပတ်သက်လို့ ကုမ္ပဏီတစ်ခု ဒေဝါလီခံလိုက်ရတဲ့ အထိဖြစ်ခဲ့တယ်လို့ သတင်းစကား ကြားသိရပါ တယ်။ အမှန်တော့ မိမိတို့ ပစ္စည်းကို အကောင်းနဲ့ အညံ့ ရောနှောရောင်းချတာထက် အရည်အသွေး အလိုက် ဈေးခွဲခြားပြီး တိတိပပ ရောင်းဝယ်သင့် ပါတယ်။ ဒါမှသာ နိုင်ငံတကာနဲ့ ယှဉ်ပြိုင်ဆောင် ရွက်ရာမှာ နှစ်ဦးနှစ်ဖက် ရေရှည်လက်တွဲဆောင် ရွက်နိုင်မှာပဲ ဖြစ်ပါတယ်။ တကယ်တော့ ကုန် သည်ကြီးများရဲ့ အတွေးအမြင်နဲ့ ခံယူချက်တွေ လည်း ပြင်ဆင်ဖို့ အချိန်သင့်ပါပြီ။ဈေးကွက်အပေါ် သက်ရောက်နိုင်တဲ့ အချက်များဒီနှစ်ပဲထွက်ရှိမှု ပြည်တွင်း  ပြည်ပ သတင်း တွေနဲ့ လက်ကျန်အခြေအနေတွေအရ ပဲစင်းငုံက အလားအလာကောင်းမယ့်  သဘောရှိတယ်လို့ ကုန်သည်တော်တော်များများက  ခန့်မှန်းနေကြပါ တယ်။ ကုန်သည်များရဲ့အဆိုအရ သီးနှံဈေးကွက် စက်ဝိုင်းအရ မနှစ်က ဈေးကွက်မကောင်းတဲ့ ပဲစင်း ငုံ ဒီနှစ်ကောင်းမယ့်အလှည့်လို့ ဆိုပါတယ်။ မတ်ပဲ အနေနဲ့ မိမိဘက်ကအရည်အသွေးထိန်းပြီး ရောင်း ချနိုင်မယ်ဆိုရင်  အဓိက  ဖောက်သည်အိန္ဒိယ အတွက် ပုံမှန်ဈေးကွက်ပဲလို့လည်း ဆိုကြတယ်။ ပဲတီစိမ်းကလည်း တရုတ်မှာ အထွက်ပိုလို့ မနှစ် ကလောက် ဈေးမမြောက်နိုင်ပေမဲ့ ဆိုးဝါးတဲ့အနေ အထား မရှိနိုင်ဘူးလို့ သုံးသပ်ကြတာ သိရပါ တယ်။ ဒါပေမဲ့ ဈေးကွက်အလားအလာအပေါ် သက်ရောက်လာနိုင်တဲ့ နောက်ဆက်တွဲ သတိပြု ရမယ့် အချက်တွေအနေနဲ့ ပြည်တွင်း၊ ပြည်ပ ရောင်းသူဝယ်သူနိုင်ငံတွေ့ရဲ့ ငွေတန်ဖိုးအပြောင်း အလဲ၊ နိုင်ငံရေးမူဝါဒတွေနဲ့ ရာသီဥတုအခြေ အနေတို့ပဲ ဖြစ်ပါတယ်။ ရှောင်သင့်သည်များလည်း ရှောင်ရှားစေလိုကုန်သည်အများရှောင်ရမှာကတော့ ၂၀၀၈ ခုနှစ်မှာဖြစ်ခဲ့တဲ့ ပဲအရှုပ်အရှင်း၊ မကြာသေးခင်က ဖြစ်ခဲ့တဲ့ ပဲကုန်သည်တစ်ဦး လိမ်လည်ထွက်ပြေး တိမ်းရှောင်မှု  ပြဿနာတွေလိုမျိုး အနာဂတ်မှာ မဖြစ်ပေါ်ဖို့ပဲ ဖြစ်ပါတယ်။ မိမိကိုယ်တိုင် ယုံကြည် မှုတစ်ခုကို  အလွဲသုံးစားမလုပ်ဖို့လည်းလိုသလို အထောက်အထားခိုင်မာမှု မရှိတဲ့ ရောင်းဝယ်မှု မျိုးကိုလည်း ရှောင်ရှားရမှာဖြစ်ပါတယ်။ လုပ်ငန်း ရှင်တွေ ဆုံးရှုံးနစ်နာမှုမဖြစ်ရအောင် သက်ဆိုင်ရာ အသင်း၊ ကုန်စည်ဒိုင်တွေနဲ့ တာဝန်ရှိဌာနတွေက ဘယ်လိုပဲ ကြပ်မတ်ဆောင်ရွက်သတိပေးမှုတွေ လုပ်နေပေမဲ့ လောဘရှေ့ထားပြီး ယုံစားမှုကြောင့် ဖြစ်လာတဲ့ပြဿနာတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကုန်သည်လုပ်ငန်းရှင်များအနေနဲ့ မိမိတို့ရဲ့အကျိုး၊ နိုင်ငံတော်ရဲ့ ရေရှည်အကျိုးကိုကြည့်ပြီး သင့် တော်တဲ့အချိန်မှာ ထိုက်သင့်တဲ့ဈေးနဲ့ ရောင်းဝယ် ရင်းဖြင့် ၂၀၁၂ ပဲဈေးကွက် အခင်းအကျင်းကို ကြိုဆိုနိုင်ကြပါစေလို့  ဆန္ဒပြု ရေးသားလိုက်ပါ တယ်။