Main menu

Background

နှစ်အကုန် ဆပ်ပြာပူဖောင်းများ

Sun, 01/01/2012 - 08:57 -- Anonymous (not verified)

    လွန်ခဲ့သော သုံးနှစ်ခန့်က အမေရိ ကန်နိုင်ငံ၏ ငွေရေးကြေးရေး၊ စီးပွား ရေး အကျပ်အတည်းတွင် ခေါင်ခိုက် အောင်မြင့်တက်ခဲ့သော အိမ်ခြံမြေဈေး နှုန်းများ ရုတ်ချည်းထိုးကျဆင်းခဲ့ဖူးသည် ကို သတိရသည်။ တစ်ရိပ်ရိပ်မြင့်တက်ခဲ့ သည့် အိမ်ခြံမြေဈေးနှုန်းအခြေအနေကို လေမှုတ်သွင်းထားသော ပူဖောင်းကဲ့သို့ သဘောထားပြီး ဈေးနှုန်းများရုတ်တ ရက်ကျဆင်းကာ ဈေးကွက်ပျက်ခဲ့သည့် အခြေအနေကို   ပူဖောင်းပေါက်ကွဲ သွားသည်ဟုဆိုသည်။ တရုတ်နိုင်ငံတွင် လည်း အိမ်ခြံမြေဈေးနှုန်းများအလွန် အမင်းမြင့်တက်နေသည်ကို ပူဖောင်း ကြီးထွားနေသည်ဟု တင်စားပြောဆို သည့် သတင်းများကြားရ၏။ ယခု လည်း ကြားနေရဆဲပင်။ ပူဖောင်းဟု တင်စားခေါ်ဝေါ်ရာတွင် ဈေးနှုန်းများ မြင့်မားသည့်အခြေအနေဖြစ်ပေါ်တိုင်း  ခေါ်ဝေါ်သည်  မဟုတ်။  ဈေးကွက် သဘောအရ ဝယ်လိုအား၊ ရောင်းလို အားအတိုးအလျော့များကြောင့် သင့် လျော်စွာဖြင့် ဈေးနှုန်းများမြင့်တက်နေ ခြင်းကိုမူ မခေါ်နိုင်ပေ။ သဘာဝကျစွာ ပြောင်းလဲနေသော ဈေးနှုန်းအဆင့်များ ကို ကျော်လွန်ပြီး မြင်မကောင်း၊ ကြား မကောင်းလောက်အောင် မိုးထိအောင် ခုန်ပေါက်မြင့်တက်နေခြင်းကိုသာ ရည် ညွှန်းပြောဆိုခြင်းဖြစ်သည်။ ဤသို့အား ဖြင့် ကမ္ဘာ့စီးပွားရေးလောက၌ ပူဖောင်း တို့ခေတ်စားလာသည်မှာ အချိန်ကြာ မြင့်နေပြီဖြစ်သည်။    ရော်ဘာ  ပူဖောင်းတို့သည် လေ မှုတ်သွင်းသောအခါ ကြီးထွားနိုင်စွမ်းရှိ သလောက် ကြီးထွားတတ်ကြပြီး ကြီး ထွားနိုင်စွမ်းအလွန်တွင် ပေါက်ကွဲသွား တတ်သည်။ ယခုလည်း ဤသဘောမျိုး ဆန်စွာဖြစ်သည်။ ဈေးနှုန်းများသည် ဝယ်လိုအား  လိုက်နိုင်သည့် အခြေ အနေအဆင့်အထိ  ထောင်တက်နိုင် သော်လည်း ဝယ်လိုအားတုံ့ပြန်မှုလုံး၀ မရှိတော့သည့်အချိန်တွင် ရုတ်ချည်းထိုး ကျဆင်းသွားတတ်သည်။ ဈေးကွက်  ကမောက်ကမ ဖြစ်သွားလောက်အောင် ပြိုလဲကျဆင်းခဲ့ပါလျှင် ရှိရင်းဈေးကွက် ပါပျက်စီးသွားတတ်မှုကြောင့် "ပူဖောင်း ပေါက်ကွဲသွားသည်"ဟု ဆိုရမည်။မြန်မာ့စီးပွားရေးအဆောက်အဦထဲမှ ပူဖောင်းများ    လွန်ခဲ့သော ဆယ်စုနှစ် ၂ စုကာလ မြန်မာ့စီးပွားရေးလောက၌ ပူဖောင်းတို့ ပေါ်ပေါက်ခဲ့ဖူးသည်။ အမှန်တွင် ထို အချိန်က   ထိုအခြေအနေများကို ပူဖောင်းဟု  တင်စားပြောဆိုခြင်းမရှိခဲ့ သည့်တိုင် ယခုအချိန်တွင် ပြန်လည် လေ့လာကြည့်သောအခါ ပူဖောင်းများ သဖွယ်ဖြစ်နေသည်ကို တွေ့ရသည်။ ဒေါ်လာဈေး၊ ရွှေဈေး၊ ကားဈေး၊ ဟန်း ဖုန်းဈေး  စသဖြင့်  ဈေးနှုန်း   ပူဖောင်း လေးများသဖွယ်    ဖြစ်ပေါ်ခဲ့ဖူး၏။ မြန်မာ့စီးပွားရေး အဆောက်အဦထဲ၌   နိုင်ငံရေးဖြစ်စဉ်အပြောင်းအလဲကာလ၏ မူဝါဒများအားနည်းမှု၊ လွဲချော်မှု၊ သတင်းအချက်အလက်များထင်သာမြင် သာ မရှိမှုနှင့် ပုဂ္ဂလိကကဏ္ဍ၏ စီးပွား ရေးကဏ္ဍအတွင်း တင်းကျပ်စွာလှုပ်ရှား နေရမှုစသည့်  အားနည်းချက်များ ကြောင့်  ထိုကုန်စည်၊ ပစ္စည်းတို့၏ ဈေး နှုန်းများ  တစ်ရိပ်ရိပ်တက်နေခဲ့ခြင်းဖြစ် သည်။ ငွေကြေးဈေးကွက်၊ အရင်းအနှီး ဈေးကွက်ကဲ့သို့ အရင်းအနှီးရွှေ့ပြောင်း နိုင်စွမ်းအားကောင်းသော ယန္တရားတို့ မထွန်းကားသေးခြင်း၊ တည်ရှိလည်ပတ် နေသော ဘဏ်လုပ်ငန်းတို့ ကျယ်ပြန့်မှု မရှိခြင်းနှင့် မတည်ငြိမ်ခြင်းတို့ကြောင့် ငွေပိုငွေလျှံ  စီးပွားရေးသမားတို့က အကျိုးအမြတ်မသေချာသည့် ထုတ် လုပ်မှုလုပ်ငန်းများထက်  အနာဂတ် အကျိုးအမြတ်  အပိုင်တွက်နိုင်သည့် အက်ဆက်များသို့  ရွှေ့ပြောင်းခဲ့ခြင်း သည်လည်း အကြောင်းတစ်ရပ်ဟု သုံး သပ်နိုင်သည်။    ကာလအတိုင်းအတာတစ်ခုအထိ ဈေးနှုန်းများမြင့်တက်ခဲ့ပြီး နောက်ပိုင်း 'ဒေါ်လာ'သည် လည်းကောင်း၊ 'ရွှေ' သည်လည်းကောင်း   လှုပ်ရှားစရာ ကောင်းသည့် အခြေအနေမျိုးမဟုတ် တော့ဘဲ 'အီ' ဆင်းသွားသည်။ ထူးထူး ခြားခြားဖြစ်ပေါ်ခဲ့သည့် ဟန်းဖုန်းဈေး ကွက်သည်လည်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏  အစီအစဉ်  အမျိုးမျိုးဖြင့် ဆောင်ရွက်နေမှုကြောင့်  ဈေးကွက် အတွင်း ဟန်းဖုန်းအရေအတွက် များ ပြားလာပြီး ဈေးကွက်မှာ ပိန်ရှုံ့လာခဲ့ သည်။ မော်တော်ကားဈေးကွက်သည် လည်းထို့အတူပင်။ စက်မှုဇုန်ထုတ်ကား များ၊ လိုင်စင်မဲ့ကားများနှင့်ပတ်သက် သည့် အစီအစဉ်များကြောင့် အခြေ အနေအပြောင်းအလဲများဖြစ်လာနေရာ မှ လောလောလတ်လတ် ဖြစ်ပေါ်နေ သော ကားဟောင်းကားသစ် လဲလှယ် ရေးအစီအစဉ်ကြောင့်  ယခင်လှုပ်ရှား နေကြကားဈေးကွက်ပုံစံမှာ အပြောင်း အလဲဖြစ်သွားခဲ့ရသည်။ ယနေ့ကာလ တွင်မူအိမ်ခြံမြေဈေးကွက်တို့သည် အပူ လောင်ဆုံး၊ အလှုပ်ရှားဆုံးဖြစ်ကာ အိမ် ခြံမြေဈေးနှုန်း  ပူဖောင်းတို့ ပလူပျံနေ တော့သည်။ လွန်ခဲ့သော ကာလများက ဖြစ်ပေါ်ခဲ့သော အခြေအနေများထက် ပိုမိုပြင်းထန်သည့် ၂၀၁၁ ခုနှစ်နောက် ဆုံး ၃ လအတွင်း မြန်မာ့စီးပွားရေး အခြေအနေထဲရှိ အိမ်ခြံမြေဈေးနှုန်း အခြေအနေများသည် မြန်မာနိုင်ငံ၏ နှစ်အကုန်ပူဖောင်းသစ်များပင်ဖြစ် သည်။ အလျင်အမြန်၊  အပြင်းအထန် ကြီးထွားနေသည်မှာလည်း စိတ်ဝင်စား ဖွယ်ကောင်း၏။ပူဖောင်းသစ်ကို စိုက်ကြည့်ခြင်း    ပူဖောင်းတို့ကို စိတ်ဝင်စားနေစဉ် ပူဖောင်းတို့ဖြစ်ပေါ်လာရခြင်းအကြောင်း တရားတို့ကိုတွေ့လိုက်ရသည်။ ဈေးနှုန်း များသာမန်အခြေအနေထက် မြင့်တက် နေခြင်းသည် အတိုင်းအတာ တစ်ခု အထိအကျိုးရှိနိုင်သော်လည်း ပူဖောင်း ဟုခေါ်ရလောက်အောင် အလွန်အမင်း မြင့်တက်နေလျှင် အန္တရာယ်ဖြစ်လာနိုင် စရာရှိသည်။ လေလျော့၍ ပိန်ရှုံ့သွား လျှင် တော်ပေသေး၏။     ပေါက်ကွဲသွားခဲ့လျှင်မူ ပျက်စီးခြင်း သို့ ဦးတည်သွားနိုင်၏။  ထို့ကြောင့် ပူဖောင်းဟု ဆိုလိုက်သည်နှင့် ရုတ်တ ရက် ပေါက်ကွဲသွားနိုင်သည့် အရာဟု သဘောပေါက်ပြီး ကြောက်စရာ၊ လန့်စ ရာအန္တရာယ်တစ်ခုဟု ရှုမြင်ကြတော့ သည်။     ယခုနှစ် ၂၀၁၁ ၏ အကုန်ကာလ ၌ မြန်မာနိုင်ငံ၌ အိမ်ခြံမြေပူဖောင်းတို့ အဘယ်ကြောင့် ဖြစ်ပေါ်လာသနည်း။ အမှန်ဝယ်လိုအား အလွန်အမင်းရှိလာ ၍လော။ စီးပွားရေး အဆောက်အဦ အတွင်း  နိုင်ငံခြားငွေပမာဏ  အထူး သဖြင့် (ဒေါ်လာငွေ) အလွန်အမင်းများ ပြားလာ၍လော။ မြန်မာကျပ်ငွေတန်ဖိုး အလွန်အမင်းကျဆင်းနေသောကြောင့် လော။ (သို့မဟုတ်)  အတိုးနှုန်းများ လျော့ကျနေချိန်ဖြစ်၍လည်းကောင်း၊ ထုတ်လုပ်မှုလုပ်ငန်းများအခွင့်မသာသော ကြောင့်လည်းကောင်း   ငွေပိုငွေလျှံ အများစု အိမ်ခြံဈေးကွက်ထဲသို့ တစ် ရှိန်ထိုး စီးဆင်းနေသောကြောင့်လော စသဖြင့် စဉ်းစားစရာများ၏။ စဉ်းစား ချက်များအားလုံးလည်း ဖြစ်နိုင်ခြေရှိ၏။ ဈေးအမြင့်တွင် ရောင်းထွက်နေသော အိမ်ခြံမြေများရှိသဖြင့် သင့်တင့်သော ဝယ်လိုအားရှိနေသည်ဟု  ဆိုရမည်။ စီးပွားရေးအဆောက်အဦအတွင်းနိုင်ငံ ခြားငွေပမာဏမှာလည်း ယခင်ကာလ များထက် များနိုင်၏။ မြန်မာကျပ်ငွေ၏ ပြည်တွင်းတန်ဖိုး (ဝယ်နိုင်စွမ်းအား) မှာ လည်း ကျဆင်းနေသည်။ ငွေပိုငွေလျှံ များ အိမ်ခြံမြေဈေးကွက်ထဲ အလွန် အမင်းဝင်ရောက်နေခြင်းမှာလည်း သေ ချာသည်။ တိုးပွားနေသော လူဦးရေနှင့် တည်ရှိနေသည့်    အိမ်ခြံမြေအရေ အတွက်ဧရိယာတို့ နှိုင်းယှဉ်ပါကလည်း ကာလကြာလာသည့်အမျှ အိမ်ခြံမြေ ဈေးနှုန်း  မြင့်တက်လာသည်မှာလည်း သဘာဝကျသော  အခြေအနေတစ်ရပ် သာဖြစ်သည်။ ထို့ကြောင့် အိမ်ခြံမြေ ဈေးနှုန်းများ ပုံမှန်အားဖြင့် မြင့်တက်နေ ခြင်း၊ သဘာဝကျကျဈေးနှုန်းကြီးမြင့် လာခြင်းကို စိတ်ဝင်တစား စာဖွဲ့စရာ မလို၊ စိုးရိမ်စရာလည်းမရှိပေ။ သို့သော် အခြေအနေပိုမိုပြင်းထန်လာစေရန် မီး လောင်ရာလေပင့်သကဲ့သို့ ဖြစ်လာခဲ့ သည်မှာ နိုင်ငံတော်အစိုးရ၏ စီးပွား ရေးငွေရေးကြေးရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ပြောင်းလဲမှု၊ အကောင်အထည် ဖော်မှုအစီအစဉ်သတင်းများကို အခြေ ခံလျက်ထပ်ဆင့်ထင်ကြေးများ၊ ကော လာဟလများ  အသုံးပြုလျက် ဝယ် ရောင်း စီးပွားရေးသမားတချို့၏ ရည် ရွယ်ချက်ရှိရှိ  ဈေးကွက်အတွင်း ဝင် ရောက်လှုပ်ရှားမှုတို့ကြောင့်ဟု သုံးသပ် နိုင်သည်။ ဈေးကွက်ကို ဆုပ်ကိုင်လျက် သတင်းများ၊ အတင်းများပေါ်တွင် စိတ် ကူးယဉ် ထင်ကြေးဈေးနှုန်းများ ဖန်တီး ဖြစ်ပေါ်နေသည်။  အချိန်ကာလကြာ သည်အမျှ မတန်တဆမြင့်မားနေသော ဈေးနှုန်းများသည် သင့်တော်သည့် ဈေး နှုန်းအဆင့်သို့ပြန်လည်ကျဆင်းလာပေ လိမ့်မည်။ စိတ်ကူးယဉ်  ဈေးနှုန်းတို့ အချိန်အတိုင်းအတာ ကာလတိုတစ်ခု တွင်  ပျောက်သွားပေလိမ့်မည်။   ထို့ ကြောင့်   ထိုဈေးနှုန်းပူဖောင်းတို့သည် သားရေပူဖောင်းများမဟုတ်၊ မျက်စိဖြင့် ပကတိမြင်တွေ့နေရသော်လည်း အချိန် တိုအတွင်း  အလျင်အမြန်ကြီးထွား၍ အချိန်တိုအတွင်းမှာပင်   ပေါက်ကွဲ ပျောက်ဆုံးသွားနိုင်သော   ဆပ်ပြာပူ ဖောင်းများသာဖြစ်ပေသည်။