မြင်းခြံခရိုင်အတွင်း ပဲစင်းငုံစိုက်ဧက ၂ သိန်း ၇ သောင်းစိုက်ပျိုးမှုရှိကြောင်း သိရပါတယ်။ ယခုနှစ်မှာ မိုးကောင်းပြီး ပွင့်အားကောင်းတာကြောင့်ယခင်နှစ်ကထက်အထွက်နှုန်း ၂ ဆပိုလာနိုင်ကြောင်း စိုက်ပျိုးသူ တောင်သူများထံမှသိရပါတယ်။ သင်ပြွန်းကျေးရွာမှ တောင်သူဦးသိန်းထွန်းက "ဒီနှစ်က အညာမိုးကောင်းလို့ တစ်ဧကကို မနှစ်ကအထွက်နှုန်း ၄ တင်းထွက်ခဲ့တဲ့အတွက် ဒီနှစ်မှာ ၆ တင်းထွက်မယ် ခန့်မှန်းတယ်။ ခုထွက်စကဈေးနည်းနေလို့ တောင်သူအတွက် မကိုက်ဘူး။ မျိုးဈေးက တစ်ပြည်ကျပ် ၁၁၀၀ ပေးဝယ်ထားရတာ။ ရောင်းဈေးတစ်ပိဿာ ၆၂၀ ကျပ်ပဲ ရတော့ ဈေးမကိုက်လို့ မရောင်း သေးဘူး" လို့ပြောပါတယ်။ လတ်တလောမှာ ပဲစင်းငုံအဟောင်းလက်ကျန်များရှိနေပြီး Export ဈေးကွက် အားနည်းနေခြင်း၊ FOB ဈေးကျနေကာ ဈေးနှုန်းကျဆင်းလာခဲ့သော်လည်း တစ်ပိဿာ ကျပ် ၆၀၀ အောက် မကျဆင်းနိုင်ကြောင်းခန့်မှန်းကြပါတယ်။ ကုန်သည် ကိုကျော်မျိုးဝင်းမြင့်က "ဇန်နဝါရီ၊ ဖေဖော်ဝါရီဆို ပဲစင်းငုံလှိုင်လှိုင်ပေါ်ပြီ။ လောလောဆယ် ရန်ကုန်ကို အိတ် ၁၀၀ နဲ့ ၂၀၀ ကြား နေ့စဉ်ပို့နေတယ်။ ပဲအဟောင်းလက်ကျန်ရှိနေလို့ ဈေးအရနည်းနေတယ်။ ပဲစင်းငုံအမြင့်ဈေး ကျပ် ၁၃၅၀ လောက်ကနေ ဈေးပြန်ဆင်းလာတာ။ အိန္ဒိယ FOB ဈေး အဝယ်မရှိလို့ ဖေဖော်ဝါရီ၊ မတ်လမှာ တစ်တန်ကို ၤဥြ ဈေး ၉၀၀၀န်းကျင်ကနေ ၃၅၀၊ ၅၅၀ ပဲရှိတော့ အိန္ဒိယမှာဈေးကျလို့ ပြည်တွင်း ဈေးကွက်မှာဈေးကျနေတာ။ ရှေ့လတွေ လှိုင်လှိုင်ပေါ်ချိန်ဆို ဈေးကွက်လိုအပ်ချက်အရ အိန္ဒိယက မဝယ်လို့မရဘူး။ လှောင်ရမယ့်အချိန်မို့ ဝယ်ရမှာဖြစ်တဲ့ အတွက် ရှေ့လမှာတစ်ပိဿာကျပ် ၇၀၀ ကျော်မယ်ခန့်မှန်းတယ်" လို့ပြောပါတယ်။မြင်းခြံဈေးကွက်မှာ ပဲစင်းငုံအဟောင်းတစ်ပိဿာ ကျပ် ၆၈၀-၇၀၀ ကြားရှိပြီး၊ အသစ်ဈေးမှာ ကျပ် ၆၂၀ ရှိကြောင်း၊ ယခုဈေးဖြင့်တောင်သူနဲ့ကုန်သည်အတွက် အကျိုးအမြတ် မရှိလို့ ရောင်းချမှုနည်းနေကြောင်းသိရပါတယ်။ အာကာဇင်ပွဲရုံပိုင်ရှင် ဦးစိန်ဝင်းက "ပဲစင်းငုံအဝယ်ရှိပါတယ်။ ဈေးမရလို့ ကားစရိတ်ကြီးတဲ့အတွက် မကိုက်တာကြောင့် မြင်းခြံမှာပစ္စည်းသောင်တင်နေတာ။ ဈေးကျနေတဲ့အပြင် ကားခကလည်းမြင့်နေတော့ ဈေးမကိုက်ဘူး။ ရထားခကလည်းမြင့်လို့ မပို့ဖြစ်တော့တာ။ တစ်နှစ်ကိုအခါတိုင်း တင်းပေါင်း ၄ သိန်းလောက်တင်ပို့မှု ရှိခဲ့တာ။ ရန်ကုန်ကို အရင်လကဆို အိတ်ပေါင်း ၁၀၀၀၀ ပို့ရတယ်။ ဒီလမှာ အိတ် ၂၀၀၀ လောက်ပဲ ပို့ဖြစ်တယ်"လို့ ပြောပါတယ်။ ဇူးဇူး
Background