ထိုင်းနိုင်ငံသည် ယခင်နှစ် ဒုတိယနှစ်ဝက်မှာ ရေကြီးခဲ့မှုကြောင့် စီးပွားရေးလုပ်ငန်းများထိခိုက်ခဲ့ရာ ၂၀၁၂ ခုနှစ်မှာ ပြန်လည်တည်ဆောက်အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ယခုနှစ်မှာ စွမ်းအင်ထုတ်လုပ်တဲ့ သီးနှံများ၊ ရေနံကုန်ကြမ်းနဲ့ရွှေဈေးနှုန်းများ မြင့်တက်လာခြင်းနဲ့အတူ လယ်ယာထွက်ကုန်ပစ္စည်း ဈေးနှုန်းများ ဆက်လက်မြင့် တက်နိုင်မယ်မှန်းရပြီး၊ ဆန်နဲ့ရော်ဘာဈေးနှုန်းများကတော့ ကျရိပ်ရှိနေမှာ ဖြစ်ပါတယ်။ စွမ်းအင်လောင်စာ ထုတ်လုပ်တဲ့ သီးနှံများ ဝယ်လိုအားတက်လာတဲ့အတွက် သကြားဈေးနှုန်းမှာ အခြားကုန်စည်များထက် ဈေးမြင့်တက်မှု ပိုခိုင်မာနိုင်မှာ ဖြစ်ပါတယ်။ ကမ္ဘာကြီးပူနွေးလာမှုက ကြံစိုက်ပျိုးတဲ့နိုင်ငံများရဲ့ ထုတ်လုပ်မှုကို ထိခိုက်နိုင်တဲ့အတွက် သကြားဈေးထပ်မံမြင့် တက်မှုကို အထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်နှောင်းပိုင်းမှာ ရေနံကုန်ကြမ်းတစ်စည်ကို ဒေါ်လာ ၁၀၀ အောက်လျော့နည်းခဲ့သော်လည်း စီးပွားရေး အင်အား ကြီးလာတဲ့နိုင်ငံများက သုံးစွဲမှုပိုမြင့်မားလာလို့ ဒီနှစ်မှာ တဖြည်းဖြည်းမြင့်တက်လာမည်မှန်းရပြီး ၁၀၅-၁၁၀ ဒေါ်လာကို ရောက်ရှိနိုင်ပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်က ပိုးမွှားကျရောက်မှုကိုခံစားခဲ့ရသော ပလောပီနံ စိုက်ခင်းများမှာ ထုတ်လုပ်မှု ပြန်လည်ကောင်းလာကာ ပလောပီနံတင်ပို့မှုမှာ တန်ဖိုးရော တန်ချိန်ပမာဏပါ တိုးလာနိုင်ပါတယ်။ကမ္ဘာ့ဈေးကွက်တွင် ပီလောပီနံဟာ စွမ်းအင်လောင်စာထုတ်လုပ်တဲ့ သီးနှံဖြစ်လာလို့ ဝယ်လိုအားမြင့်တက်လာမှာဖြစ်ပြီး တရုတ်ကို အဓိကတင်ပို့မှာဖြစ်ပါတယ်။ ကြွေးမြီအကျပ်အတည်း ပြဿနာများကြောင့် ငွေကြေးပြောင်းလဲမှုများ ဖြစ်ပေါ်လာမှုက ရင်းနှီးမြှုပ်နှံသူများအား ရွှေကို အရင်းအနှီးအဖြစ် ပြောင်းလဲလုပ်ကိုင် လာကြဆဲဖြစ်ပါတယ်။၂၀၁၁ ခုနှစ်မှာ ရွှေဈေးနှုန်းမှာ ခဏတာသာ ကျဆင်းခဲ့ပြီး နိုင်ငံရေးကိစ္စရပ်များ၊ ဥရောပ ကြွေးမြီပြဿနာများနဲ့ အမေရိကန် ဒေါ်လာကျဆင်းပြီး ရွှေဝယ်လိုအားမြင့်တက်လာ၍ ဒုတိယနှစ်ဝက်မှာ ကာလကြာမြင့်တက်ခဲ့ပါတယ်။ ဒီနှစ် ပထမ လဝက်မှာ တစ်အောင်စ ၁၅၀၀-၁၆၀၀ ဒေါ်လာနဲ့ရှိနိုင်ပြီး ဒုတိယလဝက်မှာ ၂၀၀၀-၂၅၀၀ ဒေါ်လာသို့ ရောက်ရှိနိုင် ကြောင်း ခန့်မှန်းလျက် ရှိပါတယ်။ ယခင်နှစ်က ထိုင်းအစိုးရက ဆန်အပေါင်ခံစနစ် စတင်ဆောင်ရွက်ခဲ့ပြီးနောက် ပြိုင်ဖက်တင်ပို့နိုင်ငံများထက် ဆန်ဈေးက ပိုမြင့်နေတဲ့အတွက် ယခုနှစ် ဆန်ဈေးထိုင်းနေမှုများနဲ့ ရင်ဆိုင်နေရမှာဖြစ်ပါတယ်။ အိန္ဒိယလည်း ဆန် တင်ပို့မှုပိတ်ပင်ထားရာကနေ ပြန်လည်ခွင့်ပြုထားပြီး အခြားအာဆီယံနိုင်ငံများက ဆန်ထုတ်လုပ်မှု တိုးမြင့်လုပ် ဆောင်လာတဲ့ အတွက်လည်း ယှဉ်ပြိုင်မှုများနဲ့ ပို၍ထိတွေ့လာရမှာဖြစ်ပါတယ်။ ရော်ဘာလုပ်ငန်းမှာ ယခင်နှစ်ကနဲ့မတူ အမြင့်ဈေးရမည်မဟုတ်ပေ။ ယခင်နှစ်က တစ်ကီလို ဘတ် ၁၈၀ (တစ်တန် ၅၇၀၀ ဒေါ်လာ) မှ ဘတ် ၉၀ ( ၂၈၀၀ ဒေါ်လာ) ထိ ကျဆင်းခဲ့ပါတယ်။ ကမ္ဘာ့ရော်ဘာရောင်းဝယ်မှုရဲ့ ၃၅ ရာခိုင်နှုန်းရှိပြီး၊ အများဆုံးဝယ်ယူတင်သွင်းနေတဲ့ တရုတ်နိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုက နှေးကွေးလျက် ရှိပါတယ်။ ယခင်နှစ်က ထိုင်း နိုင်ငံမှာ ရေဘေးကျရောက်မှုကြောင့် မော်တော်ကားထုတ်လုပ်မှုကို ထိခိုက်ခဲ့၍ ၂၀၁၂ ခုနှစ် ပထမနှစ်ဝက်ထိ ရော်ဘာဝယ်လိုအားကျဆင်းနေမယ်လို့မှန်းရပါတယ်။ ဒုတိယနှစ်ဝက်မှသာ မော်တော်ကားထုတ်လုပ်သူများ လုပ်ငန်း အပြည့်အဝထုတ်လုပ်တင်ပို့နိုင်မှာဖြစ်ပြီး ရော်ဘာဝယ်လိုအား တိုးလာမယ်လို့မှန်းထားကြောင်း thejakartapost မှာ ထိုင်းနိုင်ငံရဲ့ ၂၀၁၂ ခုနှစ် စီးပွားရေးမျှော်မှန်းချက်များမှ ထုတ်နှုတ်ဖော်ပြလိုက်ပါတယ်။ yywSource: thejakartapost
Background