မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာရှိတဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့ဟာ အိန္ဒိယနိုင်ငံနဲ့ တစ်ပိုင်တစ်နိုင် ကုန်သွယ်မှုများ ရှိပေမယ့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှုမရှိတဲ့အတွက် အခွင့်အလမ်း အလွန်နည်းပါးခဲ့ပါတယ်။ ဒါပေမယ့် မြန်မာ - အိန္ဒိယနယ်စပ်မှာ ကုလားတန်မြစ်ကြောင်းရှိပြီး နယ်စပ်ကုန် သွယ်ရေး စခန်းအသစ် တစ်ခု ထပ်မံဖွင့်လှစ်ရန်ရှိတဲ့အတွက် စစ်တွေမြို့က စီးပွားရေးအရ အရေးပါတဲ့မြို့တစ်မြို့ဖြစ်လာမှာ ဖြစ်ပါတယ်။ ကုလားတန်မြစ်ကြောင်း သယ်ယူပို့ဆောင်ရေး ဘက်စုံစီမံကိန်းအောက်မှ ဆိပ်ကမ်းဖွံ့ဖြိုးတိုးတက်မှုနဲ့ ပြည်တွင်း ရေကြောင်းပို့ဆောင်ရေးကဏ္ဍ အကောင်အထည် ဖော်မှုများ ရှိနေပြီး ကားလမ်းဖောက်လုပ်မှု စီမံကိန်းများကိုပါ တစ်ပါတည်း ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ စစ်တွေ ဆိပ်ကမ်းကိုလည်း ဆက်လက်အကောင်အထည်ဖော် ဆောင် ရွက် နေပြီဖြစ်လို့ ရခိုင်ပြည်နယ်အနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ကုန်သွယ်မှုသာမက အိန္ဒိယနဲ့ တိုက်ရိုက် ကုန်သွယ်မှုများ ရှိလာတော့မှာဖြစ်ပါတယ်။ ဈေးကွက်စီးပွားရေးစနစ်ကို ကျင့် သုံးဆောင်ရွက်နေပြီ ဖြစ်တာကြောင့် တစ်နိုင်ငံထဲက နိုင်ငံခြား ဈေးကွက်ကို တင်ပို့တင်သွင်းခြင်းမျိုး မဟုတ်ဘဲ နိုင်ငံပေါင်းစုံမှ ဈေးကွက်ရှာပြီး အပြိုင်အဆိုင် ထိုးဖောက်ရန် လိုအပ်ပါ တယ်။ မိမိကုန်ပစ္စည်းကို တစ်ဘက်နိုင်ငံဈေးကွက်မှ စိတ် ဝင်စားအောင် ဆွဲဆောင်ပြီး အမှာ (order) ရှိလာပါက အမြန်ဆုံး တင်ပို့နိုင်မှသာ ဈေးကွက်ရရှိပြီး ရေရှည်မိမိပို့ကုန် ပစ္စည်းများ ပြည်ပဈေးကွက်မှာ ရေရှည်ရပ်တည်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဈေးကွက်စီးပွားရေးစနစ်ရဲ့ အဓိက မောင်းနှင်အား ပုဂ္ဂလိကစီးပွားရေးကဏ္ဍများက မိမိတို့ရဲ့ ပုဂ္ဂလိက အကျိုးစီးပွားသာမက ရခိုင်ပြည်နယ် စီးပွားရေးနဲ့ နိုင်ငံတော် စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် နယ်စပ်ကုန် သွယ်ရေးအခန်းကဏ္ဍမှ ဆက်လက်ကြိုးပမ်း ဆောင်ရွက် သွားဖို့လည်း ရခိုင်ပြည်နယ်စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီးက ဒီဇင်ဘာ ၂၇ ရက်နေ့က စစ်တွေမြို့မှာ ကျင်းပပြုလုပ်တဲ့ ကုန်သွယ်မှုမြှင့်တင်ရေးအစည်းအဝေးမှာ တိုက်တွန်းထား တယ်လို့ သတင်းရရှိပါတယ်။Source: နကသကောက်ရိုးနွယ်
Background