Main menu

Background

၂၀၁၁ခုနှစ် ဆန်ဈေးကွက် ဦးတည်ရာ မပြောင်းသေးတဲ့ ၂၀၁၂ နှစ်ဦးဆန်ဈေးကွက်နဲ့ မြန်မာ့ဆန်စပါးဈေးကွက် အလားအလာ

Sun, 01/08/2012 - 08:38 -- Anonymous (not verified)

၂၀၁၁ ခုနှစ် နှစ်လယ်ပိုင်းမှာ ဈေးမြင့်တက် ကွာခြား    ၂၀၁၁ ခုနှစ်ကုန်ဆုံးလို့ ၂၀၁၂ ခုနှစ်ဆိုတဲ့ နှစ်သစ်ကို ကူး ပြောင်းလို့လာခဲ့ပါပြီ။ ၂၀၁၁ ခုနှစ်အတွင်း နိုင်ငံတကာမှာရော ပြည် တွင်းမှာပါ အပြောင်းအလဲအမျိုးမျိုး အဖြစ်အပျက်အမျိုးမျိုး ဖြစ်ခဲ့ပါ တယ်။ အကြောင်းအရာ အမျိုးမျိုး အပြောင်းအလဲများစွာ ဖြစ်ပျက်ခဲ့ တဲ့ထဲမှာမှ ဆန်ဈေးကွက်အပြောင်းအလဲကတော့ ၂၀၁၁ ခုနှစ်မှာ အများမျှော်လင့်ထားသလို အဆုံးမသတ်နိုင်ခဲ့တာတွေ့ရပါတယ်။ ၂၀၁၁ ခုနှစ်နှစ်စပိုင်းမှာကမ္ဘာ့ဆန်ဈေး ငြိမ်နေခဲ့ရာက ဧပြီလလောက် ကနေစပြီး တက်ရိပ်ပြခဲ့ကာ စက်တင်ဘာလမှာ ထိုင်း ၁၀၀ မှတ်ဆန် ဖြူဈေးတစ်တန်ကန်ဒေါ်လာ ၆၂၅ထိ အမြင့်ဆုံးရောက်ရှိခဲ့ပြီး ဗီယက်နမ် ၅ မှတ်ဆန်ဈေးကလည်း ကန်ဒေါ်လာ ၅၇၀ ၊ ထိုင်း ၂၅ မှတ် ဆန်တစ်တန် ကန်ဒေါ်လာ ၅၆၅ ၊ ဗီယက်နမ် ၂၅ မှတ်က ကန်ဒေါ်လာ ၅၁၀ ထိ မြင့်တက်ခဲ့လို့ ၆-၇ လအတွင်းမှာ ဆန်တစ် တန် ကန်ဒေါ်လာ ၈၀-၉၀ ဝန်းကျင်အထိ မြင့်တက်ကွာခြား လာခဲ့ပါတယ်။၂၀၁၁တတိယသုံးလပတ်အတွင်း အများထင်သလို ဖြစ်မလာတဲ့ ဆန်ဈေးကွက်    ဒီလိုဆန်ဈေး မြင့်တက်ရခြင်းအကြောင်းရင်းကတော့ ဇူလိုင်လ အတွင်း ကမ္ဘာ့ထိပ်တန်း ဆန်တင်ပို့တဲ့ ထိုင်းနိုင်ငံမှာ ရွေးကောက်ပွဲ ဝင်တဲ့ မစ္စရင်လတ်ပါတီက  အနိုင်ရဖို့  ပြည်သူအများစုဖြစ်တဲ့ တောင်သူလယ်သမားတွေရဲ့ ဝင်ငွေ မြှင့်တင်မယ်ဆိုတဲ့ ရည်ရွယ် ချက်နဲ့တောင်သူတွေဆီက စပါးကို ဈေးကွက်ပေါက်ဈေးထက် အဆ များစွာ ပိုတဲ့ဈေးပေးပြီး ဝယ်ယူခဲ့တာကြောင့် ဖြစ်ပါတယ်။ အောက် တိုဘာလ ၇ ရက်မှာ စတင်ဝယ်ယူမယ့် ထိုင်းအပေါင်ခံအစီအစဉ် ကြောင့် နိုင်ငံတကာဆန်ဈေးကွက် လေ့လာဆန်းစစ်သူတော်တော် များများက နိုင်ငံတကာဆန်ဈေး တစ်တန် ကန်ဒေါ်လာ ၈၀၀ လောက်အထိ မြင့်တက်လိမ့်မယ်လို့ ကြိုတင်မှန်းဆခဲ့ကြပါတယ်။ ဒါပေမဲ့ ထိုင်းစပါးဝယ်ယူမှု မစတင်မီ စက်တင်ဘာလမှာ ဆန်ဈေး ကွက် ပြင်ပကို ၃ နှစ်လောက် ရောက်နေခဲ့တဲ့ အိန္ဒိယက အချိန်ကိုက် ဆိုသလိုပဲ နိုင်ငံတကာဆန်ဈေးကွက်ကို ဝင်လို့လာတဲ့အခါမှာတော့ နိုင်ငံတကာဆန်ဈေးက အများထင်သလို အတက်ဘက် မရောက်ရှိခဲ့ တော့ပါဘူး။လျှော့ဈေးနဲ့ ဈေးကွက်နေရာယူမှုတွေ ပြုလုပ်လာ    အနိမ့်ဆုံးဈေးနဲ့ လက်ကျန်ဆန်ဟောင်းတွေ ထုတ်ရောင်းလာ တဲ့ အိန္ဒိယကြောင့် ဈေးကွက်မဆုံးရှုံးလိုတဲ့ ပါကစ္စတန်ကလည်း အပြိုင်ဈေးလျှော့ပြီး ဈေးကွက်နေရာရယူလာပါတယ်။ လယ်သမား တွေဆီက စပါးအပေါင်ခံဖို့အစီအစဉ် စတင်တဲ့ကာလမှာပဲ ထိုင်း နိုင်ငံမှာ နှစ် ၅၀ အတွင်း အဆိုးဝါးဆုံးရေကြီးနစ်မြုပ်မှုတွေ ဖြစ်လို့ လယ်ယာ၊ ဆန်စက်နဲ့ဆန်တင်ပို့မှုအခြေခံအဆောက်အဦတွေ နစ်မြုပ် ခဲ့ပြီး ဆန်တင်ပို့နှေးကွေးလာသလို ထိပ်ဆုံးမှာရောက်နေတဲ့ သူ့ရဲ့ ဈေးကြောင့်လည်း ဝယ်လက်ပျောက်ခဲ့ရပါတယ်။ ဈေးကွက် စောင့် ကြည့်နေတဲ့ ဗီယက်နမ်ကလည်း ထိုင်းဆန်ဈေးလောက်မမြင့်ပေမဲ့ အိန္ဒိယနဲ့ ပါကစ္စတန်ဆန်ဈေးအထက် ကန်ဒေါ်လာ ၁၀၀ လောက်ပို နေတဲ့ သူ့ဈေးကို မလျှော့သေးဘဲ တင်းခံနေတဲ့ အနေအထားကြောင့် ၂၀၁၁ နှောင်းပိုင်းမှာ ဆန်တင်ပို့မှု ကျဆင်းခဲ့ရပါတယ်။ရေခဲတောင်ပမာ နိုင်ငံတကာဆန်ဈေး တဖြည်းဖြည်းနဲ့ ပြိုဆင်း    ဒါပေမဲ့ ၂၀၁၁ ခုနှစ်ရဲ့ ဆန်တင်ပို့ရည်မှန်းချက် ပြည့်မီဖို့နဲ့ ဆန် ဝယ်လက်တွေ ဗီယက်နမ်ဆန်ကို သတိပြန်လည်လာစေဖို့ဆိုပြီး ဗီယက်နမ်ဆန်ရောင်းလက်များက နိုဝင်ဘာလမှာ ဈေးလျှော့ကမ်း လှမ်းမှုတွေ လုပ်လာပြီးတဲ့နောက် သိပ်မကြာခင်မှာ ထိုင်းဆန် တင်ပို့ သူတွေကလည်းဆန်စက်တွေကလျှော့ဈေးနဲ့ ရောင်းချလာခဲ့တဲ့အပြင် ဆန်ပြန်လည်တင်ပို့နိုင်ဖို့ တစ်ရက်ထက်တစ်ရက် ဈေးလျှော့လာခဲ့တာ တွေ့ရပါတယ်။ ဒါကြောင့်လည်း နိုင်ငံတကာဆန်ဈေးဟာ တဖြည်း ဖြည်း ပြိုဆင်းလာတဲ့ ရေခဲတောင်လို နိုဝင်ဘာလလယ်ကနေ အခု ချိန်ထိ အဆင်းဘက်ကို တအိအိသွားနေဆဲပဲ ဖြစ်ပါတယ်။နိုဝင်ဘာလလယ်ကစပြီး ဆန်ဈေးကျဆင်းမှု ကြီးမား     နိုဝင်ဘာလလယ်ကနေ ဒီတစ်ပတ်အထိ ထိုင်း ၅ မှတ်ဆန် ဈေး ဟာ တစ်တန် ကန်ဒေါ်လာ ၆၅ ခန့်လျော့ပြီး ကန်ဒေါ်လာ ၅၄၅ ကို ၁၁ ရာခိုင်နှုန်းကျဆင်းခဲ့သလို ဗီယက်နမ် ၅ မှတ်ဆန်ဈေး ကလည်း ကန်ဒေါ်လာ ၁၁၀ လျော့ပြီး တစ်တန် ကန်ဒေါ်လာ ၄၅၀ ကို ၂၀ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။ တောင်အမေရိက  ဆန် ဈေးကတော့ အပြောင်းအလဲ အနည်းငယ်သာဖြစ်ခဲ့ပြီး ဥရုဂွေးနဲ့ အာဂျင်တီးနား ၅ မှတ်ဆန်ဈေးဟာ ကန်ဒေါ်လာ ၅၇၀ ဝန်းကျင်မှာ ငြိမ်နေပါတယ်။ အမေရိကန် ၄ မှတ်ဆန်ဈေးကလည်း ၃ ရာခိုင်နှုန်း ကျဆင်းပြီး ကန်ဒေါ်လာ ၅၃၀ ဝန်းကျင် မှာ ရှိနေပါတယ်။ အစော ကြီးကထဲက အနိမ့်မှာရောက်နေတဲ့ အိန္ဒိယနဲ့ ပါကစ္စတန် ၅ မှတ်ဆန် ဈေးတွေကတော့ ငြိမ်နေပါတယ်။ ဆန်ဈေးကွက်မှာ အရည် အသွေး ပြဿနာအချို့ရှိပေမဲ့ ဈေးနှုန်း ကွာခြားမှုတွေကြောင့် အိန္ဒိယနဲ့ ပါကစ္စတန်ဆန်က ဆက်လက်နေရာယူနေဆဲ ဖြစ်ပါတယ်။ဆန်တင်ပို့နိုင်ငံတွေရဲ့ အနေအထား    အဓိကဆန်တင်ပို့နိုင်ငံတွေရဲ့ လက်ရှိအနေအထားကို ကြည့်ရင် ထိုင်းနိုင်ငံမှာ ဆန်အမြောက်အမြား ရှိနေပါတယ်။ ထိုင်းအစိုးရ လက် ထဲမှာ ဆန်ဟောင်းလက်ကျန်တန် ၂ သန်းခန့် ရှိနေပြီး ပုဂ္ဂလိက သိုလှောင်သူတွေဆီမှာလည်း  တန် ၂ သန်းဝန်းကျင်ရှိနေတဲ့အပြင် အစိုးရ အပေါင်ခံအစီအစဉ်အရ ဝယ်ယူထားတဲ့ နောက်ထပ် စပါး တန် ၄ သန်းကျော်လည်းရှိနေပါတယ်။၂၀၁၁နှစ်လယ်ကစပြီး လက်ရှိ အချိန်ထိ ဆန်တင်ပို့မှု နှေးကွေးနေဆဲဖြစ်ပေမဲ့ ထိုင်းနိုင်ငံအနေနဲ့ အစိုးရအချင်းချင်း ကုန်သွယ်မှုနဲ့ ဆန်တစ်တန်ကန်ဒေါ်လာ ၇၀၀-၈၀၀ ထိရရှိမယ်လို့ မျှော်မှန်းနေပါတယ်။    ဗီယက်နမ်ကတော့  လက်ကျန်ဆန်ဟောင်းကလည်း ပါးနေပြီ၊ ဆန်အသစ်ကလည်း ဖေဖော်ဝါရီနှောင်းပိုင်း မတ်လမတိုင်မီ ထွက် အုံးမှာမဟုတ်လို့ ရောင်းချမှုအလွန်ကို  နည်းနေပါတယ်။ လက်ရှိ အနေအထားအရ ဆန်တင်ပို့သူတွေအနေနဲ့ အလုံအလောက် မရောင်းချနိုင်တဲ့ အခြေအနေဖြစ်လို့ ရောင်းချမှု နှေးကွေးနေခြင်းက သူတို့အတွက်အခြေအနေကောင်းတစ်ရပ်ပါပဲ။ မနှစ်ကအတွေ့အကြုံ အရ ဆန်တင်ပို့စာချုပ်တွေ ချုပ်ဆိုပြီး ပြည်တွင်းဈေးတွေ မြောက် တက်လာလို့ စာချုပ်အချို့ကို ဖျက်သိမ်းမှုတွေ ရှိခဲ့သလို အချို့မှာ လည်း အရှုံးခံပြီး ရောင်းချခဲ့ရတာတွေ ရှိခဲ့ပါတယ်။    အိန္ဒိယနဲ့ ပါကစ္စတန်ကတော့ ဆန်တင်ပို့မှု ဆက်လက်လုပ် ဆောင်နေပြီး ဆန်တင်ပို့သူတွေက ပမာဏများများ တင်ပို့လိုနေကြ ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ ထောက်ပံ့ပို့ဆောင်မှု အခက်အခဲနဲ့ ဆန် အရည်အသွေးတွေအရ ဘာစမာတီမဟုတ်တဲ့ ဆန်တန်ချိန် ၂ သန်း တင်ပို့ပြီးတဲ့နောက် ဆန်တင်ပို့မှု အနည်းငယ် အရှိန်လျော့ဖွယ်ရှိနေပါ တယ်။ဆန် တင်သွင်းနိုင်ငံတို့ရဲ့ ပြင်ဆင်မှု    တစ်ဖက်က ဆန်တင်သွင်းနိုင်ငံတွေကို ကြည့်ရင် အင်ဒိုနီးရှား နိုင်ငံအနေနဲ့ ဒီနှစ် တင်သွင်းမှုကို တိုးမြှင့်မှာ မဟုတ်ဘူးလို့ ဆိုနေပါ တယ်။ သူ့ရဲ့လိုအပ်တဲ့ ဆန်တန်ချိန် ၄ သန်းကို တတ်နိုင်သမျှ ပြည် တွင်းဈေးကွက်က ဝယ်ယူသွားမယ်လို့ နိုင်ငံပိုင်ဝယ်ယူရေးအေဂျင်စီ ဘူးလော့ဂ်က ပြောနေပါတယ်။ အင်ဒိုနီးရှားနိုင်ငံအနေနဲ့ ပြည်တွင်း ထုတ်လုပ်မှု တိုးမြှင့်ဖို့ ဦးတည်ဆောင်ရွက်နေပြီဖြစ်ပါတယ်။ ဖိလစ်ပိုင် နိုင်ငံကလည်း တန်ချိန် ၅ သိန်းသာ တင်သွင်းတော့မယ်လို့ ဆိုနေပါ တယ်။ ဒါပေမဲ့ အချို့သော လေ့လာဆန်းစစ်သူတွေကတော့ ဆန် တန်ချိန် ၈ သိန်းနား ရောက်အောင် တင်သွင်းရဖွယ်ရှိတယ်လို့ ဆိုပါ တယ်။ မလေးရှားနိုင်ငံအနေနဲ့ လက်ရှိပြည်တွင်းစားသုံးဖူလုံမှု ၆၀ ရာခိုင်နှုန်းရှိရာကနေ ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ဖို့ နောက်ထပ် ဆန်တန်ချိန် ၆ သိန်း ထုတ်လုပ်မှု တိုးမြှင့်ဖို့ ကြိုးစားမယ်လို့ ဆိုနေ ပါတယ်။ ဒါဆိုရင် နောက်ထပ် ဆန်တင်သွင်းနေတဲ့ ပမာဏ တန် ၆ သိန်းခန့်လည်း လျော့လာမှာ ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်အနေနဲ့ လက်ရှိမှာ ဆန်တွေ အလျှံပယ်ဖြစ်နေလို့ လတ်တလော တင်သွင်းဖို့ မလိုအပ်တဲ့ အခြေအနေပါ။၂၀၁၁ နှောင်းပိုင်း ဆန်ဈေးဦးတည်မှုက ၂၀၁၂ အစပိုင်းအထိ မပြောင်းလဲသေး    ဒီလိုအနေအထားတွေနဲ့အတူ ၂၀၁၁ နှောင်းပိုင်းက နိုင်ငံ တကာ ဆန်ဈေးဦးတည်ရာက ၂၀၁၂ အစပိုင်းထိအောင် မပြောင်း မလဲ ရှိနေပါတယ်။ ပြည်တွင်းဈေးကွက်ကို ပြန်ကြည့်ရရင် ၂၀၁၁ တစ်နှစ်လုံးလို ဆန်ဈေး၊ စပါးဈေး တန်းနေခဲ့လို့ လှောင်လက် တော် တော်များများ တွက်ခြေမကိုက် ဖြစ်ရသလို စပါးသစ်ပေါ်ချိန် အဝယ် မရှိ ဈေးအေးလို့တောင်သူတွေ မျှော်မှန်းဈေးမရကြပါဘူး။ အရင်နှစ် တွေလိုဆိုရင် ဒီအချိန်ဟာ ဆန်၊ စပါး နယ်ကုန်သည်၊ ပွဲစားတွေ အလုပ် ဖြစ်နေကြပေမဲ့ ဒီနှစ်မှာတော့ အဝယ်ပါးသလို ဈေးကလည်း အေးနေဆဲ ဖြစ်နေပါတယ်။ နိုင်ငံတကာဆန်ဈေးကွက် ဂယက် ကြောင့် ပြည်တွင်းဆန်စပါးဈေးကွက်အပေါ် သက်ရောက်နိုင်မှုနဲ့ ၂၀၁၂ အတွက် အလားအလာတွေနဲ့ ပတ်သက်လို့ ဆန်စပါး လုပ်ငန်း မှာ လုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်တွေနဲ့ ကောမတ်စ်က တွေ့ဆုံမေးမြန်း ခဲ့ပါတယ်။လက်ရှိဆန်ဈေးကွက်ကျဆင်းမှုက ကာလတိုပါလို့ အချို့ကဆို    မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသင်း အတွင်းရေးမှူး ဖြစ်တဲ့ ခေတ္တရာဟင်္သာကုမ္ပဏီ ဒါရိုက်တာ ဦးရဲမင်းအောင်က ပြောကြားရာ မှာ လတ်တလော ကမ္ဘာ့ဆန်ဈေးကွက်က အပြောင်းအလဲမြန်ဆန် နေတယ်လို့ ဆိုပါတယ်။"အိန္ဒိယနဲ့ ပါကစ္စတန်က quantity shock  နဲ့ ဈေးကွက်ဝင်လာနေပြီး တစ်ဖက်မှာ ထိုင်းနဲ့ ဗီယက်နမ်က ဈေးချ ပြီး price shock  နဲ့ ဝင်လာနေတဲ့အနေအထားမှာ ချီကာဂို အမေရိ ကန် ဈေးကွက်မှာလည်း အနာဂတ်ကြိုပွိုင့်ဈေးတွေ ကျဆင်းနေပါ တယ်။ ခြုံပြီးပြောရရင် ဆန်ဈေးကွက်က လတ်တလော မှာ အကျဘက်မှာ ရှိနေပါတယ်။ ဒါပေမဲ့ စီးပွားရေးပညာရှင်တွေနဲ့ ဆန်စပါးဈေးကွက် ကျွမ်းကျင်သူတွေ ခန့်မှန်းတာကတော့ ဒီဈေးကျ ဆင်းမှုဟာ ရေတို (short  term) ပါပဲလို့ ဆိုပါတယ်။ ကာလလတ် (median) နဲ့  ရေရှည် (long  term) မှာတော့ ပုံမှန်အနေအထားနဲ့ အမြင့်ဘက်မှာ ရှိနေမယ်လို့ မှန်းကြပါတယ်။ လတ်တလော ဆန်ဈေး ကွက်ကျဆင်းရတဲ့ တခြားအကြောင်းရင်းတစ်ခုအနေနဲ့ အီးယူ ကြွေးမြီ ပြဿနာကြောင့် ကမ္ဘာ့စီးပွားရေးတိုးတက်မှု နှေးကွေးနေပြီး ဝယ်လိုအား ပါးတာကြောင့်လည်း ဖြစ်ပါတယ်" လို့ ဆိုပါတယ်။လုပ်ငန်းရှင်များ အခြားစီးပွားရေးလှုပ်ရှားမှုတွေကြောင့်လည်း ဆန် ဝယ်လိုအားပျောက်    လက်ရှိပြည်တွင်းဆန်ထွက်ရှိအနေနဲ့ ပဲခူးတိုင်းဒေသကြီးအရှေ့ တချို့ဒေသတွေမှာ ရေနစ်မြုပ်ပြီး အထွက်နှုန်းအနည်းအကျဉ်း လျော့ တယ်ဆိုပေမဲ့ရာသီဥတုနဲ့ ပိုးမွှားကျရောက်မှုမရှိလို့ တစ်နိုင်ငံလုံးအနေ နဲ့ အထွက်နှုန်း အထိုက်အလျောက် ကောင်းတယ်လို့ သုံးသပ်ရပါ တယ်။ ဆန်ဈေးကွက် အေးနေတာတော့ နိုင်ငံတကာဆန်ဈေးကျပြီး ဝယ်လိုအားနည်းနေတဲ့ ပြည်ပအခြေအနေတွေ ရှိသလို ပြည်တွင်းမှာ လည်းလုပ်ငန်းရှင်များရဲ့ ကားဈေးကွက်လှုပ်ရှားမှုတွေနဲ့ အခြားစီးပွား ရေးလှုပ်ရှားမှုတွေရှိလို့ ဆန်ဝယ်လိုအား ပျောက်နေတာ ဖြစ်ပါတယ်။ ပုံမှန်အနေအထားအရဆိုရင်လည်း နိုဝင်ဘာ၊ ဒီဇင်ဘာလ တွေ မှာ ဆန်တင်ပို့မှု နှေးတတ်ပါတယ်။ ပြည်တွင်းဆန်စပါးဈေးကွက် အေးနေတာကြောင့် တောင်သူတွေ ထိခိုက်မှုမရှိရအောင် ကျွန်တော် တို့လို အထူးပြုကုမ္ပဏီတချို့က အကျိုးတူတောင်သူတွေဆီက စပါး တွေ ဈေးကွက်ပေါက်ဈေးထက် ပိုတဲ့ဈေးနဲ့ ဝယ်ယူမှုတွေ လုပ်နေပါ တယ်။ ကျွန်တော်တို့ခေတ္တရာဟင်္သာဆန်စပါးအထူးပြုကုမ္ပဏီအနေ နဲ့လည်း အကျိုးတူဆောင်ရွက် နေတဲ့ ပဲခူးတိုင်းဒေသကြီး ပြည် တောင်သူတွေဆီက အင်းမရဲဘော်စပါးတင်း ၁၀၀ ကျပ်လေးသိန်း နှုန်းနဲ့ တောင်သူ ရောင်းသလောက် ဝယ်ယူသွားမှာဖြစ်ပါတယ်။ အဓိကရည်ရွယ်တာတော့ တောင်သူတွေ ထိခိုက်နစ်နာမှု မရှိစေရေး ဆောင်ရွက်ပေးတာ ဖြစ်ပါတယ်လို့ ဆိုပါတယ်။ဈေးကွက် ပြန်မတ်လာအောင် အသင်းနဲ့အထူးပြုကုမ္ပဏီများ လည်း ဆောင်ရွက်    ဆက်လက်ပြီး "ယခုလို တောင်သူတွေ ရောင်းလိုတဲ့အချိန် အဝယ်မရှိဖြစ်နေတာကို အထောက်အပံ့ပြုတဲ့ အနေနဲ့လည်း မြန်မာ နိုင်ငံဆန်စပါးလုပ်ငန်းအသင်းက ဈေးကွက်ရောင်းလိုအားနဲ့ ဆန် ဈေးနှုန်း တည်ငြိမ်စေရေးအတွက် အရန်ဆန်သိုလှောင်ထားရှိမှု အစီ အစဉ်ဆောင်ရွက်နေပါတယ်။ အရန်ဆန်ထားရှိမယ့် ပမာဏကတော့ ဧည့်မထ ၂၅ မှတ်ဆန် တန် ၁၀၀၀ နဲ့ ဧည့်မထ ၅ မှတ်ဆန် တန် ၁၀၀၀ တို့ထားရှိမှာဖြစ်ပါတယ်။ လက်ရှိနိုင်ငံတကာ ဆန်ဈေးကွက် အနေအထားအရ အရည်အသွေးနိမ့် ဆန်တင်ပို့မှုကိုဘဲ အားထား မနေဘဲ တန်းမြင့် ၅ မှတ်ဆန်နဲ့ တန်းလတ် ၁၅ မှတ်ဆန် ဈေးကွက် ရရှိဖို့ လည်း အနောက်ဥရောပ၊ အရှေ့ဥရောပ၊ အရှေ့အလယ်ပိုင်းနဲ့ အင်ဒိုနီးရှား ဘူးလော့အေဂျင်စီတို့နဲ့ ချိတ်ဆက်ဆောင်ရွက်နေပါ တယ်။ ဒီနှစ်အနေအထားအရ အခက်အခဲရှိနိုင်ပေမဲ့ ကျွန်တော်တို့ နိုင်ငံကပုံမှန်တင်ပို့တဲ့ ပမာဏတန် ၇ သိန်း-၁ သန်းဝန်းကျင်ကို တော့ တင်ပို့နိုင်မယ်လို့ သုံးသပ်ရပါတယ်။ နောက် ထိုင်းနဲ့ ဗီယက်နမ် တို့လို အကြီးစား ဆန်တင်ပို့သူဘက်ကလည်း ဈေးကွက်ပြင်ဆင်မှု တွေ လုပ်နေတာဖြစ်လို့ ဇန်နဝါရီနှောင်းပိုင်း- ဖေဖော်ဝါရီလလောက် မှာတော့ ဈေးကွက်ပြန်ကောင်းလာနိုင်ပါတယ်။ အလားတူပြည်တွင်း ဈေးကွက်မှာလည်း အသင်းနဲ့ အထူးပြုကုမ္ပဏီတွေ လက်ရှိဆောင် ရွက်တဲ့ အနေအထားအရ ပုံမှန်အတိုင်း ဈေးကွက်ပြန်မတ်လာမယ် လို့ မျှော်မှန်းရပါတယ်" လို့ ဆွေးနွေးသုံးသပ်ပါတယ်။ကမ္ဘာ့ဆန်ဈေးကွက်က ရာသီဥတုအပေါ်လည်း မူတည်    ဆန်စပါးလုပ်ငန်းအသင်းတွဲဘက်အတွင်းရေးမှူးဖြစ်သူ ဧရာ ဝဏ် ကုမ္ပဏီမှ အုပ်ချုပ်မှုဒါရိုက်တာဦးမျိုးသူရအေးက "ကမ္ဘာ့ဆန် ဈေးကွက် အလားအလာက ဆန်ထုတ်လုပ်တဲ့နိုင်ငံတွေရဲ့ လာမယ့် ဇန်နဝါရီ- ဖေဖော်ဝါရီမှာထွက်မယ့် ဒုတိယသီးထပ်စပါးထွက်ရှိမှုနဲ့ ရာသီဥတုအခြေအနေပေါ်မှာ မူတည်နေတယ်လို့ သုံးသပ်ပါတယ်။ပြီးခဲ့တဲ့တစ်ပတ်ထဲမှာ အိန္ဒိယမှာ မုန်တိုင်းတစ်ခုဝင်ရောက်တဲ့အတွက် သူ့ရဲ့သီးနှံထွက်ရှိမှုအခြေအနေကို  ခန့်မှန်းလို့မရသေးပါဘူး။ ရာသီ ဥတု ကောင်းမွန်ပြီး သီးထပ်စပါးတွေလည်း အထွက်ကောင်းမယ် ဆိုရင်တော့ ကမ္ဘာ့ဆန်ဈေးက ဒီလိုပဲရှိနေမလားဆိုတာ စောင့်ကြည့် ရမှာပါ။ ယခုတလော ထိုင်းနဲ့ ဗီယက်နမ်တို့က သူတို့ဆန်ဈေးပြန် မတ်ဖို့တော့ ကြိုးစားလာနေပါတယ်။ ဒါပေမဲ့ အိန္ဒိယနဲ့ ပါကစ္စတန်ရဲ့ အခြေအနေပေါ်လည်း မူတည်နေတယ်။ တကယ်လို့ လက်ရှိနိုင်ငံ တကာ ဈေးနှုန်းအတိုင်းသာ သွားမယ်ဆိုရင် ပို့ကုန်ဝင်ငွေ တစ်ဒေါ် လာဈေး ကျပ် ၉၀၀ လောက်ပြန်ဖြစ်လာရင်တော့ ဆန်ဈေးကွက်မှာ မြန်မာနိုင်ငံက ဈေးနှုန်းယှဉ်ပြိုင်ရောင်းချနိုင်မှာပါ။ လတ်တလော မှာတော့ ပြည်ပတင်ဖို့ အဝယ်နည်းနေတော့ ပြည်တွင်းဆန်ဈေးကွက် ကလည်း အေးစက်နေရတာပါ။ ပြည်ပတင်ပို့နိုင်လို့ ဝယ်လိုအား တက်လာရင်တော့ ပြည်တွင်းဆန်ဈေးကွက် ပုံမှန်ပြန်ရောက်နိုင်မယ် လို့ မှန်းပါတယ်" လို့ ဆွေးနွေးသုံးသပ်ပါတယ်။နိုင်ငံတကာနဲ့ ယှဉ်ပြိုင်နိုင်ဖို့ ဆိပ်ကမ်းအခြေခံအဆောက်အဦ များလည်း လိုအပ်    ရွှေဝါရောင်ကုမ္ပဏီမှ ဒါရိုက်တာ ဦးလူမော်မြင့်မောင်ကလည်း " နိုင်ငံတကာဆန်ဈေးကွက်မှာ အိန္ဒိယဈေး ယှဉ်ပြိုင်ရောင်းချနိုင် တာက ရူပီးတန်ဖိုး ကျဆင်းတာကြောင့်လည်း တစ်ကြောင်းပါ။ ကျွန် တော်တို့က အိန္ဒိယနဲ့ ဈေးတူရောင်းရင်တောင် အထူးသဖြင့် အာဖ ရိက ဝယ်လက်တွေက အိန္ဒိယဆန်ကို ဝယ်ယူကြတယ်။ ဘာကြောင့် လည်းဆိုရင် မြန်မာဆိပ်ကမ်းမှာ ဆန်တန် ၁၀၀၀၀တင်တာနဲ့ အိန္ဒိယ ဆိပ်ကမ်းမှာ တင်တာက အချိန်တိုတယ် ကုန်ကျစရိတ်သက်သာ တယ်။ အိန္ဒိယလည်း ဆိပ်ကမ်းတိုင်းမှာ အခြေခံအဆောက်အဦတွေ အကောင်းကြီးမဟုတ်ပါဘူး ဒါပေမဲ့ ကျွန်တော်တို့နိုင်ငံ ဆိပ်ကမ်း တွေထက် သာတဲ့အတွက် ဝယ်လက်တွေ ကုန်ကျစရိတ်သက်သာပြီး မြန်ဆန်တဲ့ရောင်းလက်တွေကို ပြောင်းလဲ ဝယ်ယူကြတာပါဘဲ။ တကယ်တော့ နိုင်ငံတကာနဲ့ ယှဉ်ပြိုင်ရောင်းချရာမှာ ပြည်ပတင်ပို့မြန် ဆန်ဖို့ဆိုရင် ဆိပ်ကမ်းအခြေခံအဆောက်အဦတွေ တိုးချဲ့ပြုပြင်သင့် ပါတယ်။ နောက်ပြီး မြန်မာငွေတန်ဖိုးမာနေတာကလည်း ပို့ကုန်တင် ပို့မှုမှာ ထိခိုက်ပါတယ်။ လက်ရှိအနေအထားအရ အိန္ဒ်ယက ဆန် တစ်တန် ကန်ဒေါ်လာ ၃၅၀-၃၆၀ နဲ့ ရောင်းချနေလို့ ဒီဈေးကို ယှဉ်ရောင်းနိုင်ဖို့ဆိုရင် ပို့ကုန်ဝင်ငွေ တစ်ဒေါ်လာ တန်ဖိုး ကျပ် ၉၀၀ လောက်ဖြစ်မှ သွက်သွက်လက်လက် တင်ပို့နိုင်မှာပါ။ ပြည်ပကို တင်ပို့နိုင်မှ ပြည်တွင်းဆန်ဈေးကွက်လည်း လည်ပတ်မှု မြန်ဆန် လာကာ ထိုက်သင့်တဲ့ ဈေးဖြစ်လာနိုင်မယ်လို့ သုံးသပ်ရပါတယ် "လို့ ဆွေးနွေးပါတယ်။နိုင်ငံရေးသီးနှံဖြစ်လို့ နိုင်ငံတိုင်းက အလေးထားဆောင်ရွက်    ကမ္ဘာ့လူဦးရေ သုံးပုံနှစ်ပုံရဲ့ အဓိကစားသုံးတဲ့ ဆန်ဟာ နိုင်ငံ တိုင်းအတွက် အဓိကအရေးပါတဲ့ နိုင်ငံရေးသီးနှံ ဖြစ်ပါတယ်။ စားနပ် ရိက္ခာပြတ်လပ်မှုကြောင့်၊ ဆန်ဈေးကြီးမြင့်လို့ နိုင်ငံရေးမတည်မငြိမ်မှု တွေဖြစ်ပေါ်တတ်သလို ဆန်စပါးအဓိက ထုတ်လုပ်တဲ့ တောင် သူတွေ တွက်ခြေမကိုက်တဲ့ ဈေးကို ကျဆင်းပြန်ရင်လည်း ထုတ်လုပ်မှု ကျဆင်းပြီး တောင်သူများ ဆင်းရဲမှု ပိုမိုလာနိုင်ပါတယ်။ ဒါကြောင့် လည်း ဆန်စပါးစိုက်ပျိုးထုတ်လုပ်တဲ့ နိုင်ငံတိုင်းက ဒီအစွန်းနှစ်ပါးက လွတ်ကင်းအောင်ထုတ်လုပ်မှု တိုးတက်ဖို့ဆောင်ရွက်သလို ထိုက်သင့် တည်ငြိမ်တဲ့ ဈေးဖြစ်ဖို့လည်း ကြိုးပမ်းနေကြတာဖြစ်ပါတယ်။စပါးတိုးတက်စိုက်ပျိုးလာနိုင်စေဖို့ နိုင်ငံတိုင်းက ထောက်ပံ့မှု တွေ စီစဉ်    ကမ္ဘာ့ထိပ်တန်း  ဆန်တင်ပို့နေတဲ့ ထိုင်းဆိုရင် တောင်သူတွေ ဝင်ငွေမြင့်မားစေဖို့နဲ့ စပါးတိုးတက်ထုတ်လုပ်ဖို့ ဈေးကွက်ပေါက်ဈေး ထက် ပိုတဲ့ဈေးနဲ့  စပါးအပေါင်ခံ ဝယ်ယူတယ်။ နောက် ကမ္ဘာမှာ ဆန်စပါး ဒုတိယအများဆုံးထုတ်လုပ်တဲ့အိန္ဒိယနိုင်ငံကလည်း တောင် သူ တွေ စပါးပိုစိုက်ဖို့အတွက် အနိမ့်ဆုံးထောက်ပံ့ဈေးနှုန်းတွေကို နှစ်စဉ်ဆိုသလို တိုးမြှင့်ပေးတာတွေ့ ရပါတယ်။ ကမ္ဘာ့ဆန်တင်ပို့မှု ဒုတိယအများဆုံးဖြစ်နေတဲ့ ဗီယက်နမ်နိုင်ငံကလည်း တောင်သူ ရောင်းဈေး မထိခိုက်ရအောင်နဲ့ ဆန်တင်ပို့သူတွေ လျှော့ဈေးနဲ့ ထုတ်မရောင်းနိုင်အောင် ပြည်ပဆန်တင်ပို့မှု အနိမ့်ဆုံးဈေးကို သတ် မှတ်လာခဲ့ပါတယ်။မြန်မာနိုင်ငံကလည်း တောင်သူတွေကို အထောက်အပံ့ဖြစ်စေဖို့ အရန်ဆန်ဝယ်ယူ    လက်ရှိမြန်မာနိုင်ငံအနေနဲ့လည်း နိုင်ငံတကာဈေးကွက်သက် ရောက်မှုကြောင့် ပြည်တွင်းဆန်၊ စပါးဈေးအေးနေပြီး တောင်သူတွေ တွက်ခြေမကိုက်လို့ စိတ်မပျက်ရအောင် အခုဆိုရင် နိုင်ငံတော်အရန် ဆန်ဝယ်ယူဖို့ စီစဉ်နေပြီဖြစ်ပါတယ်။ မကြာတော့တဲ့ရက်အတွင်း ဒေသအလိုက် စပါးအမျိုးအစားအလိုက် ဈေးနှုန်းသတ်မှတ်ပြီး တောင်သူတွေ ထုတ်လုပ်မှုစရိတ်ထက်ပိုတဲ့ ဈေးနဲ့ ဝယ်ယူတော့မှာ ဖြစ်လို့ အတိုင်းအတာတစ်ခုအထိတော့ ပြည်တွင်းဆန်ဈေးကွက် ပြန်လည် သက်ဝင်လာနိုင်မယ်လို့  မျှော်မှန်းရပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသင်းကဦးဆောင်ပြီးလည်း ပြည်ပ ဈေးကွက်ရရှိရေး ဆောင်ရွက်နေပြီဖြစ်လို့ ၂၀၁၂ ရဲ့ ပြည်တွင်း ဆန် ဈေးကွက်က ပြန်ပြီးမတ်လာမယ့် အလားအလာရှိနေပါတယ်။၂၀၁၂ ဆန်ဈေးကွက် အလှည့်အပြောင်းမှာ မြန်မာဆန်ဈေး ကွက် ရပ်တည်နိုင်ဖို့    ဒါပေမဲ့လည်း နိုင်ငံတကာဈေးကွက် သက်ရောက်မှုက ရှိနေ ဦးမှာ ဖြစ်လို့  ယှဉ်ပြိုင်တင်ပို့နိုင်ဖို့ဆိုရင် လိုအပ်နေသေးတဲ့ အခြေခံ အဆောက်အဦတွေ တိုးမြှင့်ပြီး ယှဉ်ဘောင်တန်းနိုင်အောင် ပြင်ဆင် စရာရှိတာတွေ ပြင်ဆင်ရမှာဖြစ်ပါတယ်။ နိုင်ငံတော်အပိုင်းက စီးပွား ရေးဖွ့ဖြိုးတိုးတက်ဖို့အတွက်အဓိကမောင်းနှင်နေတဲ့ ကုန်သွယ်မှု လုပ်ငန်းများ အဆင်ပြေချောမွေ့ဖို့ အစွမ်းကုန်ဖြည့်ဆည်း ဆောင် ရွက်ပေးနေတာဖြစ်လို့ ဒီလိုအပ်ချက်တွေဟာလည်း တဖြည်းဖြည်းနဲ့ လျော့နည်းသွားလိမ်မယ်လို့ ယူဆရပါတယ်။ ကမ္ဘာ့စီးပွားရေးအခြေ အနေ၊ ငွေကြေးမူဝါဒများ၊ နိုင်ငံတကာ ငွေလဲနှုန်းများ၊ ဆန်တင်ပို့ နိုင်ငံ၊ တင်သွင်းနိုင်ငံများရဲ မူဝါဒများနဲ့ အတူ ရာသီဥတုအပြောင်း အလဲအပေါ် အခြေခံပြီး ဖြစ်ပေါ်လာမယ့် ၂၀၁၂ ဆန်ဈေးကွက် အလှည့်အပြောင်းမှာ မြန်မာ့ဆန်စပါးဈေးကွက် မားမားမတ်မတ် ရပ်တည်နိုင်ဖို့ကိုတော့ နိုင်ငံတော်သာမက အသင်းနဲ့ လုပ်ငန်းရှင် ဆန်တင်ပို့သူများ၊ ဆန်စက်လုပ်ငန်းရှင်များနဲ့ ကုန်သည်ပွဲစားများက ပါ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမှာ ဖြစ်ကြောင်းပါ။လမင်း၊sources; riceonlien, oryza.com