Main menu

Background

ဈေးကွက်အခြေအနေကို ချိန်ဆပေးမည့် ကိရိယာ (သို့မဟုတ်) ကြားခံ အရန်ထားအစီအစဉ်

Mon, 01/16/2012 - 09:20 -- Anonymous (not verified)

ဈေးကွက်ကို ကျားကန်ပေးမည်လောနိုင်ငံတော်အစိုးရသစ် တာဝန်ယူချိန်ကာလ တစ်နှစ်ပါးရှိလာ ချိန်တွင် စီးပွားရေးကဏ္ဍများနှင့်ပတ်သက်၍ အပြောင်းအလဲများ ဖြစ်ထွန်းနေသည်ကို တွေ့ရှိရသည်။ လက်ခံကျင့်သုံးနေသော ဈေး ကွက်စီးပွားရေးစနစ်အောက်တွင် ကုန်သွယ်ရေးကဏ္ဍ၌ သွင်းကုန် ပို့ကုန်ပိုင်းဖြေလျော့မှုများ ပြုလုပ်ပေးခြင်း၊ ဈေးကွက်များ အလှုပ်အခါ ပြင်းထန်မှု မဖြစ်စေရေးအတွက်လည်း နည်းလမ်းများရှာဖွေကျင့်သုံး ခြင်းတို့ဖြင့် အားထုတ်ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်နေ စဉ်မှာပင် ပြည်တွင်းဈေးကွက် အခြေအနေများ၊ နိုင်ငံတကာဈေး ကွက် အပြောင်းအလဲများကို လေ့လာသုံးသပ်မှုများ အမြဲပြုလုပ် လျက် ပြည်တွင်းဈေးကွက်များ တည်ငြိမ်မှုရရှိစေရေးအတွက် အထူး ဂရုပြု စီစဉ်လျက်ရှိသည်။ဈေးကွက်များစွာအနက် စိုက်ပျိုးရေးထွက်ကုန် ဈေးကွက်များ သည် ထိခိုက်အလွယ်ဆုံး ဈေးကွက်များဖြစ်ပြီး ၎င်းဈေးကွက်များ၏ လှုပ်ရှားမှုများသည်လည်း နိုင်ငံရေးတည်ငြိမ်မှုအတွက်ပါ လွန်စွာ အရေးကြီးသည်။ နိုင်ငံတကာတွင် ဖြစ်ပေါ်နေသော သဘာဝတရား အပြောင်းအလဲများ၊  လူဖန်တီးသော အပြောင်းအလဲများကြောင့် လည်းကောင်း၊ ပြည်တွင်း လူမှုစီးပွားအခြေအနေများ၊ သဘာ၀ အန္တရာယ်များကြောင့်လည်းကောင်း စိုက်ပျိုးရေးထွက်ကုန် ရိက္ခာ ဈေးကွက်များသည် လျင်မြန်သောအပြောင်းအလဲများဖြစ်ပေါ်နေပြီး လူတစ်ဦး တစ်ယောက်ချင်းပေါ်တွင်သာမက ဆိုင်ရာလူ့အဖွဲ့အစည်း တစ်ရပ်လုံးကိုပါ  သက်ရောက်မှုများ ဖြစ်ပေါ်နေသည်။ ယခုအခါ မြန်မာ့စီးပွားရေးအဆောက်အဦအတွင်း ဈေးကွက်မတည်ငြိမ်မှုဖြစ် ပေါ်ပါက ထိန်းကျောင်းနိုင်ရေးအတွက် ယန္တရားတစ်ခုထွက်ပေါ်လာ သည်။ မြန်မာ့စီးပွားရေးအတွက် သမိုင်းချီ၍နာမည်ကောင်းရရှိခဲ့ သော ပို့ကုန်အမယ်၊ မြန်မာနိုင်ငံသားတို့၏ နေ့စဉ်ဘဝလိုအပ်ချက် စားနပ်ရိက္ခာ "ဆန်စပါး"နှင့်ပတ်သက်၍ဖြစ်သည်။ ဆန်စပါးဈေးကွက် တည်ငြိမ်မှုရရှိရေးအတွက် "အရန်ဆန်စပါးဝယ်ယူရေး" အစီအစဉ် ဖြစ်သည်။ ဆန်စပါးဈေးကွက်ပြိုလဲကျခဲ့ပါလျှင် ကျားကန်ထောက်ကူ ပေးနိုင်ရေး ကြိုတင်ပြင်ဆင်မှုဟုရှုမြင်၏။အစီအစဉ်သစ် ဆိုသည်မှာအစီအစဉ်သစ်ဖြစ်သည့် "အရန်ဆန်ဝယ်ယူရေး  အစီအစဉ်" ကို စိုက်ပျိုးရေးဆိုင်ရာစီးပွားရေးပညာရပ် စာအုပ်များထဲတွင် ကြားခံ အရန်ထားအစီအစဉ် (Buffer Stock)  ဝေါဟာရဖြင့် ဖတ်ရှုလေ့ လာမိကြလိမ့်မည်။ ဈေးကွက်ထဲရှိ ဝယ်လိုအားနှင့် ရောင်းလိုအား အင်အားစုများမတည်ငြိမ်သည့် အခြေအနေများကြောင့် ဈေးကွက် ဈေးနှုန်းများယိုင်လာခြင်း၊ ပြိုလဲခြင်းအန္တရာယ်များ လျော့နည်းစေရန် ဆောင်ရွက်သည့်  အစီအမံဖြစ်သည်။ အထူးသဖြင့် ရာသီဥတု၊ သဘာဝဘေးအန္တရာယ် စသည့် လူတို့မထိန်းချုပ်နိုင်သည့် အခြေ အနေများကြောင့် ရောင်းလိုအားမတည်ငြိမ်တတ်သည့် စိုက်ပျိုးရေး ထွက်ကုန် ဈေးကွက်များအတွက် အဓိကထား အသုံးပြုကြသည်။ ရာသီဥတုမမှန်ခြင်း၊ မိုးခေါင်ခြင်းတို့ကြောင့် သီးနှံစိုက်ပျိုး ထွက်ရှိမှု သည် မူလထွက်ရှိမှုပမာဏထက် လျော့နည်းခဲ့ပါက ရောင်းလိုအား ကျဆင်းလာကာ ဈေးနှုန်းများမြင့်မားလာနိုင်၏။ ထို့အတူ မိုးလေမှန် ကန်မှု၊ သွင်းအားစုပြည့်စုံမှု စသဖြင့်ဘက်ပေါင်းစုံသဟဇာတဖြစ်ခဲ့ ၍ အထွက်ကောင်းခဲ့ပါမူ ထွက်ရှိမှုအားကောင်းကာ ရောင်းလိုအား ပမာဏတိုးလာပြီး ဈေးနှုန်းများ ကျဆင်းလာလိမ့်မည်။ ထိုသို့ ဈေးနှုန်း များ အတက်အကျများလွန်းခြင်း၊ လျင်မြန်စွာပြောင်းလဲခြင်းတို့သည် ဈေးကွက်၏ တည်ငြိမ်စွာလည်ပတ်နေမှုကို ထိခိုက်မှုဖြစ်စေပြီး ရောင်း သူ (စိုက်ပျိုးထုတ်လုပ်သူ) နှင့် ဝယ်သူ (စားသုံးသူပြည်သူ) နှစ်ဖက် စလုံးအတွက် ဆိုးကျိုးများကာလရှည်ဖြစ်ပေါ်စေသည်။ သက်ဆိုင်ရာ အစိုးရ (သို့မဟုတ်) အဖွဲ့အစည်းတို့မှ ဈေးနှုန်း အလွန်အမင်းမကျ ဆင်းရေး၊ တောင်သူလယ်သမားတို့အတွက် နောက်နှစ်စိုက်ပျိုးရာသီ ချိန်တွင် စရိတ်စကအခက်အခဲမရှိစေရေး၊ အမြတ်အစွန်း မက်လုံး လျော့ကျမသွားရေးအတွက် ဈေးကွက်အတွင်း ပိုလျှံထွက်ကုန်များကို ဝယ်ယူသိုလှောင်  စီမံထားကြရသည်။ အကြောင်းမျိုးမျိုးကြောင့် ဈေးကွက်အတွင်း ထိုသီးနှံထွက်ကုန်ပြတ်လပ်မှုရှိပါကလည်း သို လှောင်ထားသော သီးနှံများကို ဈေးကွက်အတွင်း  ထုတ်ရောင်းချ ပေးခြင်းဖြင့် ဈေးနှုန်းမြင့်မားမှု အလွန်အကျွံ မဖြစ်စေရေးအတွက်ပါ ထောက်ကူပြုကြရသည်။ ဤသို့ဖြင့် ကြားခံ အရန်ထားအစီအစဉ် ဖြစ်သည့် နိုင်ငံတော်အစိုးရ၏ အရန်ဆန်စပါးဝယ်ယူရေးအစီအမံ သည် ဈေးကွက်အတွင်း ရောင်းလိုအား ပိုလျှံမှုကိုထိန်းသိမ်းပေးခြင်း နှင့် ရောင်းလိုအား လိုအပ်ချက်ကို ဖြည့်ဆည်းပေးခြင်းတို့အတွက် ဆောင်ရွက်ပေးနိုင်စွမ်း ရှိလာလိမ့်မည်။တစ်ချက်ခုတ် နှစ်ချက်ထိ၊ စဉ်းစားမိသည့် ကျန်သောအရာယခုမြန်မာနိုင်ငံတွင် အရန်ဆန်စပါးဝယ်ယူရေး အစီအစဉ် တစ်ရပ် အကောင်အထည်ဖော်နေလေပြီ။ လွတ်လပ်သောဈေးကွက် စီးပွားရေးစနစ်ဖြစ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ဈေး ကွက်အားနည်းမှုများ  ဖြစ်ပေါ်လာသောအခါ ဝင်ရောက် ထိန်း ကျောင်းရမည့် ယန္တရားတစ်ရပ် မရှိမဖြစ်လိုအပ်လာသည်။ ထိုအခြေ အနေတွင် အရန်ဆန်စပါးဝယ်ယူရေးယန္တရားသည် အရေးကြီးသော လက်နက်ကိရိယာဖြစ်လာသည်။ သို့သော် အပြောလွယ်သလောက် အကောင်အထည်ဖော်သည့်အခါ အောင်မြင်မှုရရှိရန် ခက်ခဲသည့် ကြားခံအရန်ထားအစီအစဉ်အတွက် ပွဲမဝင်ခင် ကြိုတင်ပြင်ဆင်စရာ များဘက်စုံထောင့်စုံ စဉ်းစားထားရန်လိုသည်။ ဝယ်ယူရန် လိုအပ် သည့်ငွေကြေး၊ သိုလှောင်ထားရှိမှု၊ ထိန်းသိမ်းမှုစရိတ်၊ သိုလှောင် ထိန်းသိမ်းထားစဉ်ေ ဈးကွက်အခြေအနေကိုစောင့်ကြည့်၍ အရောင်း အဝယ်စီမံပေးနိုင်မှုအတွက် လူအင်အား၊ ငွေအင်အား၊ စီမံခန့်ခွဲမှု စွမ်းရည် စသဖြင့် စဉ်းစားချက်များ များပြား၏။ ထို့ပြင် အချိန်ကာလ အတိုင်းအတာတစ်ခုအထိ သိုလှောင်ထားပြီးနောက်  ဈေးကွက် အတွင်း ရောင်းလိုအားပမာဏ ဆက်လက်ပိုလျှံနေ၍ ဈေးကွက် အတွင်းသို့ ပြန်လည်ထုတ်ရောင်းရန် မလွယ်ကူသောအခါ အခြား နည်းလမ်းများရှာဖွေရန် လိုလာပြန်သည်။ ကုန်ချောအဖြစ် ပြုပြင် ဖန်တီးနိုင်မည့် အခြေအနေများ၊ ဈေးကွက်များပါ ကြိုတင်လျာထား ရန်ဖြစ်သည်။ ထို့ကြောင့် ကုန်ချောထုတ်လုပ်နိုင်မည့် လုပ်ငန်းများ နှင့် ချိတ်ဆက်ထားနိုင်ရေး မရှိသေးပါက ရင်းနှီးမြှုပ်နှံ၍ ကြိုတင် ထူထောင်ထားရန်လည်း လိုအပ်သည်။စီးပွားကူးသန်းဝန်ကြီးဌာနမှ ဦးစီး၍ လက်ရှိစီမံအကောင် အထည်ဖော်နေသည့် အရန်ဆန်ဝယ်ယူရေး အစီအစဉ်တွင် စနစ် တကျ စီစဉ်ဆောင်ရွက်မှုများကို တွေ့ရှိရသည်။ ကော်မတီဖွဲ့စည်း၍ စီမံချက်များချမှတ်လုပ်ဆောင်သည့် ဤအစီအစဉ်အတွက် လိုအပ် သော ငွေကြေးအရင်းအနှီး၊ အခြေခံအဆောက်အဦ၊ အသုံးပြုသည့် လူ့စွမ်းအားအရင်းအမြစ်များပံ့ပိုးမှုတွင် အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍမှ လုပ်ငန်းရှင်များ ပူးပေါင်းစီစဉ်ဆောင်ရွက်သည်ကိုပါ သိရှိရသော ကြောင့် ဆန်စပါးဈေးကွက် တည်ငြိမ်အောင် စီမံဆောင်ရွက်ရင်း အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍဖက်စပ်လုပ်ကိုင်မှု (Public Private Partnership) ကိုပါ အကောင်အထည်ဖော်သည့် အနေအထားတစ်ရပ် သို့ ရောက်ရှိသွားခဲ့သည်ဟု ဆိုနိုင်သည်။ တစ်ချက်တည်းခုတ်သော် လည်း နှစ်ချက်ပြတ်သွားသည့်အခြေအနေပင်ဖြစ်သည်။ လိုအပ်ချက် များကို ဆက်လက်စဉ်းစားရှာဖွေဖြည့်ဆည်းရင်း အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍ နှစ်ဖက်ရေရှည်အကျိုးစီးပွားအတွက် သဟဇာတမျှတစွာဖြင့် ဆောင်ရွက်နိုင်ခဲ့ပါလျင် ဆန်စပါးဈေးကွက် တည်ငြိမ်ရေးအတွက် ထိရောက်သော ထိန်းကျောင်းရေး ယန္တရားတစ်ခုအဖြစ် ဤအစီ အစဉ်သည်အနာ ဂတ်တွင်ပိုမိုအသုံးတည့်လာမည်ဖြစ်ပါသတည်း။