Main menu

Background

ကုန်သွယ်မှုစွမ်းပကားဖြင့် နိုင်ငံစီးပွားရေး ဖွံံ့ဖြိုးမှုအားဆီသို့

Mon, 01/16/2012 - 09:24 -- Anonymous (not verified)

ကုန်သွယ်မှုတိုးမြှင့်ရေးပြည်ပနိုင်ငံများနှင့်   ကုန်သွယ်မှု သည် နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက် မှုအတွက် အရေးပါ၍ အပေါင်းလက္ခ ဏာဆန်သည့် တွန်းအားတစ်ရပ်ဖြစ် ကြောင်းကို စီးပွားရေးပညာရှင်များက လက်ခံယုံကြည်ထားကြပါသည်။ ကုန် သွယ်မှုကို နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုး တက်ရန်အတွက် ထိန်းကျောင်းမောင်း နှင်ပေးသည့်အင်ဂျင်တစ်ခုအဖြစ်သတ် မှတ်တင်စားကြပါသည်။ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စီးပွားရေးတိုးတက် မှုနှင့်ကုန်သွယ်မှုသည် တိုက်ရိုက်ဆက် စပ်နေသည့်အတွက်  အဆိုပါနိုင်ငံများ ၏ စီးပွားရေး  ဖွံ့ဖြိုးတိုးတက်မှုအား ကောင်းလာစေရန်မှာ ကုန်သွယ်မှုဖွံ့ဖြိုး တိုးတက်မှုအပေါ် များစွာမူတည်လျက် ရှိပါသည်။စီးပွားရေးတိုးတက်မှု အားကောင်း နေသည့် အာရှနိုင်ငံများ၏ ဖြတ်သန်းခဲ့ သော အတွေ့အကြုံအရ ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ခြင်းမရှိဘဲ နိုင်ငံ၏စီးပွား ရေး ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက် ရန်မှာအခွင့်အလမ်းအလွန်နည်းကြောင်း တွေ့ရှိရပါသည်။ သို့ဖြစ်ရာ ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးသည် နိုင်ငံ၏ စီးပွား ရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေး ကြီးဆုံးသောလိုအပ်ချက်ပင်ဖြစ်ပါသည်။    စီးပွားရေးပညာရှင်များ၏  လေ့ လာဆန်းစစ်တွေ့ရှိချက်များမှ ပြည်ပ ကုန်သွယ်မှုသည် နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအပေါ် မည်သို့အကျိုး သက်ရောက်လျက်ရှိကြောင်း  ထုတ် ဖော်တင်ပြချက်များမှာ လွန်စွာစိတ်ဝင် စားဖွယ်ကောင်းပါသည်။  ကုန်သွယ်မှု တိုးမြှင့်စေခြင်းဖြင့် နိုင်ငံ၏စီးပွားရေးကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာ တွင် ပို့ကုန် အသားပေးချဉ်းကပ်မှုပုံစံ  (ပို့ကုန်တိုးမြှင့်တင်ပို့ရေး) ကို ဖွံ့ဖြိုးဆဲ နိုင်ငံများမှလက်တွေ့အောင်မြင်စွာကျင့် သုံးလျက်ရှိပါသည်။  သာဓကအနေဖြင့်  ကြည့်လျှင်  ဗီယက်နမ်နိုင်ငံနှင့်  ထိုင်း နိုင်ငံတို့၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းတွင် အဓိကအားထားပြု ထားသည့် ကုန်သွယ်မှုမှာ ယေဘုယျ အားဖြင့်  ပို့ကုန်တိုးမြှင့်တင်ပို့ရေး ပုံစံ ဖြစ်ကြောင်းတွေ့ရှိရပါသည်။ နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင် ရွက်ရာ၌ သွင်းကုန်၏ အရေးပါသော အခန်းကဏ္ဍနှင့်ကုန်သွယ်မှုအခွင့်အလမ်း ဖြင့်ရရှိလာသည့် အသိပညာနှင့် နည်း ပညာများ၏အခန်းကဏ္ဍများသည်လည်း ပို့ကုန်   အသားပေးချဉ်းကပ်မှုပုံစံကဲ့သို့ အခြေအနေနှင့်အချိန်အခါကိုလိုက်၍ အရေးပါအရာရောက်ကြောင်းကို စီး ပွားရေးပညာရှင်များက ထောက်ပြထား ပါသည်။ပို့ကုန်အသားပေး စီးပွားရေးဖွံ့ဖြိုးမှုကုန်သွယ်မှုတွင် ပို့ကုန်နှင့် သွင်း ကုန်ဟူ၍ အခြေခံအကျဆုံး အပိုင်းနှစ် ပိုင်းတွင် ဖွံ့ဖြိုးဆဲနိုင်ငံအများစုအနေ ဖြင့် ပို့ကုန်အပိုင်းတွင် အသားစီးရရှိရန် အလေးထား  ဆောင်ရွက်ကြပါသည်။ ယင်းသို့ အလေးထားဆောင်ရွက်ရာ၌ အကျိုးအမြတ် ဖြစ်ထွန်းမှုများသည် ပို့ ကုန်များတိုးမြှင့်တင်ပို့နိုင်ရေးကို တွန်း အားပေးလုပ်ဆောင်သည့်  နည်းဗျူဟာ (Outward-Looking Strategy) ကို ချမှတ်ကျင့်သုံးနိုင်ရန်အရေးကြီးကြောင်း စီးပွားရေးပညာရှင်များက အကြံပြုထား  ပါသည်။ အဆိုပါ  နည်းဗျူဟာတွင် အရေးကြီးဆုံးသတိပြုသင့်သည့်အချက် မှာ အရင်းအမြစ်အခြေခံ ကုန်စည်ဖြစ် သောကုန်ကြမ်း (Primary Proucts)  များကိုသာ အဓိကတင်ပို့နိုင်ခြင်းမရှိခြင်း မျိုးမဟုတ်ဘဲ ထုတ်လုပ်မှုနှင့် ဝန်ဆောင် မှုလုပ်ငန်းတို့ကိုအခြေခံသော  အရည် အသွေးပြည့်ဝသည့် တန်ဖိုးမြှင့်ကုန်စည် များ  (Valude Added Products & Quality Products)     ကို တိုးမြှင့်တင် ပို့နိုင်ရမည်ဖြစ်ပါသည်။ သို့မှသာ နိုင်ငံ ၏ ပို့ကုန်အားသားချက်အကျိုးကျေးဇူး ကို အပြည့်အ၀ ရရှိနိုင်မည်ဖြစ်သည့် အပြင် ဈေးကွက်၏  တောင်းဆိုချက် အတိုင်း လိုက်ပါယှဉ်ပြိုင်ထုတ်လုပ်နိုင် စွမ်းရှိမည်ဖြစ်ပါသည်။ ယင်းသို့ ဈေး ကွက်၏ တောင်းဆိုချက်အရ လိုက် လျောညီထွေရှိစွာ  ပြုပြင်ပြောင်းလဲ ထုတ်လုပ်နိုင်ပါက  ဈေးကွက်အတွင်း နှိုင်းယှဉ် အားသားချက် အကျိုးကျေး ဇူးများကိုလည်းခံစားနိုင်မည်ဖြစ်ပါသည်။ယေဘုယျအားဖြင့် ပို့ကုန်တိုးမြှင့် တင်ပို့ခြင်းသည် နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုး တိုးတက်စေရေးအတွက်  အရေးပါ သောတွန်းအားတစ်ရပ်အဖြစ် လက်ခံ ထားသော်လည်း နိုင်ငံအတွင်းရှိ ရင်း မြစ်သယံဇာတတို့ကို တန်ဖိုးမြှင့်ထုတ် ကုန်အဖြစ်သို့ ခေတ်မီစက်မှုနည်းပညာ များဖြင့် အဆင့်မြင့်ထုတ်လုပ်တင်ပို့နိုင် စွမ်းမရှိပါက အကျိုးအမြတ် ဖြစ်ထွန်း မှုများသည် ပို့ကုန်များတိုးမြှင့်တင်ပို့နိုင် ရေးကို အလေးထားသည့် နည်းဗျူဟာ (Outward-Looking Strategy) ကို ကျင့်သုံးရာမရောက်သည့်အပြင် ထွက် ပေါ်လာသည့်ရလဒ်မှာအားပျော့နေမည် ဖြစ်ပါသည်။ ယင်းသို့သောအခြေအနေ တွင် ပို့ကုန်တိုးမြှင့်တင်ပို့ခြင်းဖြင့် နိုင်ငံ ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ရည် မှန်းချက်ကို  အပြည့်အ၀ အကောင် အထည်ဖော်ဆောင်သွားရန်မှာ ရေရှည် တွင်အာမခံချက်မပေးနိုင်ဟု စီးပွားရေး ပညာရှင်များက သုံးသပ်ထားပါသည်။စီးပွားရေးဖွံ့ဖြိုးမှုအတွက် သွင်းကုန်၏ အခန်းကဏ္ဍ    ကုန်သွယ်မှုပြုလုပ်ရာတွင် ကမ္ဘာ့ နိုင်ငံများအနေဖြင့်  မိမိနိုင်ငံအတွင်း၌ မရှိသည့် ကုန်ကြမ်းများ၊ မထုတ်လုပ် နိုင်သောစက်မှုထုတ်ကုန်ပစ္စည်းများနှင့် မရှိသေးသည့် နည်းပညာများကို ဦးစား ပေးတင်သွင်းကြသည်ကို လေ့လာတွေ့ ရှိရပါသည်။ ထိုသို့ တင်သွင်းရာတွင် ဖွံ့ဖြိုးဆဲနိုင်ငံများသည် ကုန်သွယ်မှု အချိုးညီမှု  (Trade Balance)  ဖြစ်ပေါ် တိုးတက်ရေးကိုအထူးဂရုပြုကြပါသည်။ နိုင်ငံခြားဝင်ငွေ ပိုမိုတိုးတက်ရရှိစေရေး အတွက်  ကုန်သွယ်မှုအသာစီးရရှိရေး (Trade Surplus)  အတွက် ကြိုးစား လေ့ရှိပါသည်။ အဆိုပါနိုင်ငံများတွင် သွင်းကုန်အစားထိုး နည်းဗျူဟာများ ချမှတ်ကာ စက်မှုလုပ်ငန်းအသစ်များ ထူထောင်လျက် သွင်းကုန်အစားထိုး ထုတ်ကုန်များ ထုတ်လုပ်ခြင်းဖြင့် နိုင်ငံ ခြားငွေသုံးစွဲမှုကို လျှော့ချနိုင်အောင်  ဆောင်ရွက်ကြပါသည်။ ယင်းသို့ဆောင် ရွက်ရာတွင် အစိုးရအထောက်အပံ့များ ဖြင့် မက်လုံးပေးဆွဲဆောင်ခြင်း၊  သွင်း ကုန်အစားထိုးထုတ်ကုန်များနှင့် အလား တူသွင်းကုန်များ  တင်သွင်းလာပါက တင်သွင်းခွင့်  ပမာဏကန့်သတ်ခြင်း၊ အခွန်အကောက်နည်းဖြင့်ကာကွယ်ခြင်း များအသုံးပြုကာ ပြည်တွင်းထုတ်ကုန် များကို ပြည်ပသွင်းကုန်များနှင့်  ယှဉ် ပြိုင်နိုင်စွမ်းရှိအောင် ပြုလုပ်ကြပါသည်။ သို့ရာတွင် အဆိုပါလုပ်ဆောင်ချက်များ အတိုင်းထက်အလွန် ဖြစ်သွားလျှင် အခြားတစ်ဖက်၌ နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအပေါ် အနုတ်သဘော ဆောင်သည့် သက်ရောက်မှုများ ရှိလာ နိုင်ပါသည်။ သာဓကအားဖြင့် ဈေးနှုန်း နှင့်ပတ်သက်၍ Price Distortion    ဆိုး ကျိုးများဖြစ်ပေါ်တတ်ပြီး  ယင်းအကျိုး ဆက်ကြောင့် ကုန်သွယ်မှုမတည်မငြိမ် ဖြစ်ကာ နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက် မှုအပေါ် နှောင့်နှေးမှုဖြစ်နိုင်ကြောင်း စီးပွားရေးပညာရှင်များက  သတိပေး ထားပါသည်။ထို့အပြင် ပြည်တွင်းထုတ်လုပ်မှု လုပ်ငန်းများကိုအကာအကွယ်ပေးနိုင်ရန် ဟူသောမူလရည်ရွယ်ချက်လမ်းကြောင်း မှန်ပေါ်သို့  သက်ရောက်ခြင်းမရှိဘဲ ပြည်ပတန်ဖိုးမြှင့်ပို့ကုန်ထုတ်လုပ်မှုများ အတွက် အမှန်တကယ် လိုအပ်သော သွင်းအားစုများချို့တဲ့မှုကြောင့် နိုင်ငံ၏ ပြည်ပထုတ်ကုန်များ၏ အရည်အသွေး ကို ထိခိုက်စေကာ ရရှိထားသောပို့ကုန် ဈေးကွက်ပျက်ယွင်းမှုကို ဦးတည်သွား နိုင်ပြီး တန်ပြန်သက်ရောက်မှုအနေဖြင့် နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်နှုန်းကျ ဆင်းလာနိုင်ကြောင်းကိုလည်း စီးပွား ရေးပညာရှင်များက ထပ်မံသုံးသပ်ထား ပါသည်။အထက်ဖော်ပြပါ အချက်များကို အခြေခံ၍ နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုး တက်မှုအတွက်သွင်းကုန်၏အခန်းကဏ္ဍ မှာလည်း   လျစ်လျူရှုထား၍မရဘဲ အရေးပါ အရာရောက်ကြောင်းကို စီး ပွားရေးပညာရှင်များက ကောက်ချက် ဆွဲထားပါသည်။ လိုအပ်ပါက ပြည်တွင်း ထုတ်ကုန်များထက်ဈေးပေါ၍ အရည် အသွေးကောင်းမွန်သည့်  ပြည်ပသွင်း ကုန်များ ဝယ်ယူတင်သွင်းခြင်းဖြင့် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်း အား ပိုမိုမြန်ဆန်အောင် ဆောင်ရွက် သွားနိုင်ကြောင်း  စီးပွားရေးပညာရှင် များက အကြံပြုထားပါသည်။ သာဓက အားဖြင့် အိန္ဒိယနိုင်ငံ၏ လက်ရှိကုန် သွယ်မှုပုံစံကိုကြည့်နိုင်ပါသည်။ အိန္ဒိယ နိုင်ငံ၏ လက်ရှိကုန်သွယ်မှုပမာဏကို  ကြည့်မည်ဆိုပါက ပို့ကုန်တန်ဖိုးထက် သွင်းကုန်တန်ဖိုးမှာ ပိုမိုများပြားနေပြီး ကုန်သွယ်မှုလိုငွေပြလျက် ရှိပါသည်။ ၎င်းင်းတို့၏ ကုန်သွယ်မှုလျာထားချက် အရ  လာမည့် ၂၀၁၄ ခုနှစ်အထိ သွင်း ကုန်တန်ဖိုးမှာ ပိုမိုတိုးတက်များပြားနေ ဦးမည်ဖြစ်ပြီး ၂၀၁၄ ခုနှစ်နောက်ပိုင်း မှသာ ပို့ကုန်အသာစီးရရှိနိုင်မည်ဟု ခန့် မှန်းထားပါသည်။အိန္ဒိယနိုင်ငံအနေဖြင့် လတ်တလောလိုအပ်သည့် သွင်းကုန် များကို  ဦးစားပေးတင်သွင်းခြင်းဖြင့်  အနာဂတ်တွင် နိုင်ငံ၏စီးပွားရေးကို ရေ ရှည်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက် မည့်အစီအစဉ်ဟု  အကြမ်းအားဖြင့် သုံးသပ်ကြည့်နိုင်ပါသည်။ကုန်သွယ်မှုမှ ဆောင်ကြဉ်းလာသည့်  အသိပညာနှင့် နည်းပညာများအကျိုးအမြတ်   ဖြစ်ထွန်းမှုများ သည့်  အလားအလာရှိသောပို့ုကုန်များ တိုးမြှင့်တင်ပို့ခြင်းနှင့်အတူ နိုင်ငံအတွက် အမှန်တကယ်လိုအပ်နေသောသွင်းကုန် (ထုတ်လုပ်မှုလုပ်ငန်းများတွင် သွင်း အားစုဖြစ်လာမည့် သွင်းကုန်)  များ သည် ပြည်တွင်းထုတ်လုပ်နိုင်စွမ်းကို ပိုမို ပြည့်ဝ  ကောင်းမွန်လာစေသည်။ အ ဘယ်ကြောင့်ဆိုသော် ပြည်ပကုန်သွယ် မှုမှဆောင်ကြဉ်းလာသည့်  အသိပညာ နှင့် နည်းပညာများကို ပြည်တွင်းထုတ် လုပ်မှုလုပ်ငန်းများတွင် ပြန်လည်အသုံး ပြုနိုင်မည့်  အခွင့်အလမ်းများ  ရရှိ လာကာ ပြည်တွင်းထုတ်လုပ်နိုင်မှုစွမ်း ရည်ကို မြှင့်တင်နိုင်မည်ဖြစ်သည်။ ကုန်  သွယ်မှုနှင့်အတူ   ပြည်ပနိုင်ငံများ၏ နည်းပညာ အသစ်အဆန်းများကို တိုက် ရိုက်လွှဲပြောင်းရရှိနိုင်သကဲ့သို့  လုပ်ငန်း အတွေ့အကြုံများနှင့် သတင်းအချက် အလက်များကို အပြန်အလှန်ဖလှယ် ခြင်းများမှတစ်ဆင့် အသိပညာနှင့် နည်း ပညာများကို သွယ်ဝိုက်ရရှိနိုင်ပါသည်။ ယင်းသို့သော နည်းလမ်းများဖြင့် ရရှိ လာသည့် အသိပညာနှင့် နည်းပညာ များကိုအခြေခံ၍ အတွေးသစ်၊ အမြင် သစ်နှင့် စိတ်ကူး  အသစ်အဆန်းများ ပေါ်ထွက်လာနိုင်ပါသည်။  ထိုမှတစ် ဆင့်တက်၍ တီထွင်ဆန်းသစ်ထုတ်လုပ် မှုများကို   ပြုလုပ်လာနိုင်မည်ဖြစ်ပါ  သည်။ပြည်တွင်းထုတ်လုပ်နိုင်စွမ်းကို  ပို မိုပြည့်၀ ကောင်းမွန်လာသည်နှင့်အမျှ ပြည်တွင်းစားသုံးသူများ၏ ယုံကြည်မှု ပိုမိုရရှိလာမည်ဖြစ်ပြီး ပြည်တွင်းထုတ် လုပ်မှုဈေးကွက်ကျယ်ပြန့်လာမည် ဖြစ် ပါသည်။ တစ်ဆက်တည်းမှာပင် ပြည် တွင်းစီးပွားရေးအင်အားကြီးထွားလာမှု နှင့်အတူ  ပိုမိုအားကောင်းသည့်ရင်းနှီး မြှုပ်နှံမှု၊ အရည်အသွေး ပြည့်ဝသည့် လုပ်သားအင်အားနှင့်  ပိုမိုအဆင့်မြင့် သောနည်းပညာများကိုပါ  အသုံးချလာ နိုင်မည်ဖြစ်ပါသည်။ အကျိုးဆက်အား ဖြင့် အရည်အသွေးမြင့် ထုတ်ကုန်များ သည် ပြည်တွင်းဈေးကွက်၌ သာမက ပြည်ပဈေးကွက်အထိပါ ယှဉ်ပြိုင်နိုင် စွမ်းရှိလာမည်ဖြစ်ပါသည်။   ထိုအခါ အရည်အသွေးပြည့်ဝသည့် ပြည်ပပို့ ကုန်များမှ နိုင်ငံခြားဝင်ငွေများ ပိုမိုတိုး ပွားလာကာ နိုင်ငံ၏ရေရှည်စီးပွားရေး ဖွံ့ ဖြိုးတိုးတက်မှုကို အရှိန်အဟုန်မပြတ် ဆွဲတင်သွားနိုင်မည်ဖြစ်ပါသည်။  ထို့ ကြောင့်ပင်  ပြည်ပကုန်သွယ်မှု  ဖွံ့ဖြိုး တိုးတက်လာခြင်းနှင့် ပြည်တွင်းထုတ် လုပ်မှုစွမ်းအား ဖွံ့ဖြိုးတိုးတက်လာခြင်း တို့သည် တစ်ခုနှင့်တစ်ခု  ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီ  အပြန်အလှန်အမှီသဟဲပြု လျက်ဖြင့် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုး တက်မှုနှုန်းကို  အရှိန်အဟုန်ဖြင့် တွန်း တင်သွားနိုင်သည်ဟု  စီးပွားရေးပညာ ရှင်များက လက်ခံထားပါသည်။စီးပွားရေးပညာရှင်များ၏ အထက် ဖော်ပြပါ ဖော်ထုတ်တွေ့ရှိချက်များအရ နိုင်ငံ၏  စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းတွင် အဓိကအခန်းကဏ္ဍ မှ ပါဝင်လျက်ရှိသည့်  ကုန်သွယ်မှုတိုး မြှင့်ရေးအစီအမံများကို အခြေအနေနှင့် အချိန်အခါကိုလိုက်၍  လိုအပ်ချိန်တွင် လိုအပ်သလို ပြောင်းလဲကျင့်သုံးသွားရ ပါမည်။ သို့ဆိုလျှင်  ကုန်သွယ်မှုစွမ်းပ ကားဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အတွက် ထိရောက်သည့်စွမ်းအားများ ပေးစွမ်းသွားနိုင်မည်ဖြစ်ပါသည်။ကိုးကား- International Trade as an Engine of Economic Growth