Main menu

Background

မြင်ကွင်းကျယ် ရောင်စုံ ကား

Mon, 01/23/2012 - 06:39 -- Anonymous (not verified)

ကျယ်ပြန့်သွားခြင်းယခုနိုင်ငံတော်အစိုးရ၏ စီးပွားရေးပြုပြင်ပြောင်းလဲမှုများ အောက်တွင် သက်ဆိုင်ရာဝန်ကြီးဌာနတို့က ရည်ရွယ်ချက်များစွာ ဖြင့် ကားဟောင်းကားသစ်  လဲလှယ်ရေး အစီအစဉ်တစ်ရပ်ကို အကောင်အထည်ဖော်သည်။ ဝန်ကြီးဌာနတစ်ခုတည်း၊ ဦးစီးဌာန တစ်ခုတည်းဖြင့် ဆောင်ရွက်၍မရ။ ဆက်စပ်မှုရှိသော ဌာနများစွာ ဖြင့် ချိတ်ဆက်စနစ်တကျ အစီအစဉ်ကျနစွာ ဆောင်ရွက်ရသည်။ ထို့ကြောင့် သက်ဆိုင်ရာ လုပ်ငန်းဌာနများအတွက် စီစဉ်ဆောင် ရွက်စရာ  တာဝန်များ များပြားလာသည်။ ကားနှင့်ပတ်သက်သမျှ အများပြည်သူတို့ စိတ်လှုပ်ရှားကြရသည်။ ကားဟောင်းရောင်းသူ ဝယ်သူ၊ ကားပါမစ် ရောင်းသူဝယ်သူတို့ များပြားလာ၏။ မော်ဒယ် မြင့်မြင့် ဒီဇိုင်းလှလှကားတို့ကို စိတ်ကူးယဉ်သူ၊ ဝယ်ချင်သူများ လာ၏။ ကားအရောင်းစင်တာ လုပ်ကိုင်လိုသူ၊ နိုင်ငံခြားမှ ကား ကုမ္ပဏီတို့နှင့် ဆက်သွယ်လုပ်ကိုင်လိုသူတို့လည်း အလွန်ပေါ များလာသည်။ ကားနှင့်ပတ်သက်သည့်လိုအပ်သမျှ ပစ္စည်းလောင် စာဆီမှစ၍ အပိုပစ္စည်းမျိုးစုံအဆုံး များပြားလိုအပ်လာတော့မည်။ နောက်ဆုံး ကားနှင့်ပတ်သက်သည့်  ကားအရောင်းအဝယ်၊ ကား ပါမစ် အရောင်းအဝယ်ကိစ္စများတွင် မသမာမှုတို့ ယခင်က ထက် ပိုမိုပေါ်ပေါက်လာလိမ့်မည်။ တာဝန်ရှိသူတို့ကလည်း ကားပြဿ နာမျိုးစုံ ပိုမိုရင်ဆိုင်ဖြေရှင်းလာစရာရှိမည်။ အမှန်ပင် မြန်မာနိုင်ငံ မော်တော်ကားလောကသည် ၄-၅ လ ကာလတိုအတွင်း၌  အတော်လေးပင် ကျယ်ပြန့်သွားခဲ့သည်။ရည်ရွယ်ရာယခု အကောင်အထည်ဖော်နေသည့် အစီအစဉ်ကို သက် ဆိုင်ရာ ပြည်ထောင်စုအစိုးရအဖွဲ့  ဝန်ကြီးဌာနများ ပူးပေါင်း စီစဉ်ဆောင်ရွက်ခြင်းဖြစ်သည်။ အစီအစဉ်တွင် ရည်ရွယ်ချက်များ ထားရှိသည်ကိုတွေ့ရသည်။ အိုမင်းဟောင်းနွမ်းနေသော မော် တော်ယာဉ်များ စက်သုံးဆီပိုမိုသုံးစွဲမှုကြောင့် ပြည်သူ့ဘဏ္ဍာငွေ များ လေလွင့်မှုရှိနေသည်ကို လျှော့ချရန်၊ ကြံ့ခိုင်မှုအားနည်းနေ ေသောကြောင့် မတော်တဆဖြစ်မှုများ၊ ယာဉ်ကြောပိတ်ဆို့မှုများ လျှော့ချရန်၊ ထိုယာဉ်များမှ ထုတ်လွှတ်သော မီးခိုးများကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတို့ကို လျှော့ချပေးရန်တို့ ဖြစ်သ ဖြင့် စီးပွားရေး၊ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးအတွက်အဓိက ရည်ရွယ် ထားသည်ကို သတိပြုမိသည်။ မည်သို့ပင် ရည်ရွယ်ချက်များရှိသည် ဖြစ်စေကာမူ တစ်နိုင်ငံလုံး လူစိတ်ဝင်စားမှု ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေပြီး သက်ဆိုင်ရာဌာနများ မှာလည်း အချင်းချင်း အပြန်အလှန် ဆက်စပ်ဆောင်ရွက်လျက် အရေးတကြီးတာဝန်အဖြစ် ဆောင်ရွက်နေရသည့် အခြေအနေတွင် ရှိသည်။ ထိုအစီအစဉ်ကြောင့် ပြည်တွင်းရှိ အိုမင်းဟောင်းနွမ်းနေ သော ကားဟောင်းများနေရာတွင် မော်ဒယ်မြင့်ကားများ အစားထိုး နေရာယူလာပြီး  တစ်ရှိန်ထိုး  များပြားလာသော ခေတ်မီ အခြေခံ အဆောက်အအုံသစ်များနှင့် ပနံတင့်ဖွယ်ဖြစ်လာတော့မည်။ သို့သော် ခေတ်မမီသေးသော  တိုးပွားလာမည့် ကားအရေအတွက်နှင့် မလိုက် ဖက်သော လမ်းဖွဲ့စည်းမှု၊  အကျယ်အဝန်းတို့ကို  ယခင်အတိုင်း အပြောင်းအလဲမရှိထားခဲ့လျှင် ယာဉ်ကြောပိတ်ဆို့မှု ပြဿနာတစ် ရပ်တု့ိကို ဘေးထွက်ဆိုးကျိုးအဖြစ် ခံစားရပေလိမ့်မည်။ လက်ရှိကား ဟောင်းကားသစ်လဲလှယ်မှု အစီအစဉ်၏ နောက်တွင် အခြားသော ကားတင်သွင်းမှု အစီအစဉ်များ၊ ကားအရောင်းစင်တာများ ပိုမိုဖြစ် ထွန်းလာမှုများ ရှိလာတော့မည်ဖြစ်ရာ ကားအစီးရေ ပိုမိုများပြားလာ တော့မည်မှာ အသေအချာပင်။လဲလှယ်ရမည့်ကားများကို  လေ့လာကြည့်ရာတွင် မှတ်ပုံတင် သက်တမ်း အနှစ် ၄၀ ကျော်ကားများ၊ အနှစ် ၃၀ကျော်မှ နှစ် ၄၀၊ နှစ် ၂၀ ကျော်မှ နှစ် ၃၀ သက်တမ်းကြားရှိ ကားများဖြစ်သည်ကို တွေ့ရသည်။ တင်သွင်းခွင့်ရရှိသော ကားများနှင့် ပတ်သက်၍ ၁၉၉၆ ခုနှစ်မှစ၍ ၂၀၁၂ ခုနှစ်အထိ နှစ်အလိုက်  အသီးသီး သတ်မှတ်တင် သွင်းခွင့်ပြုမည်ဟု သိရသည်။ ရည်ရွယ်မျှော်လင့်ထားသည့် အခြေ အနေများစွာရှိသည့်အနက် မော်တော်ကားများမှထွက်သည့် မီးခိုး ပမာဏ လျှော့ချသွားမည်မှာ အသေအချာဖြစ်၍ သဘာဝပတ်ဝန်း ကျင်ပျက်စီးမှုကို အထိုက်အလျောက် လျှော့ချနိုင်ပေလိမ့်မည်။သက်ရောက်မှုကားဟောင်းကားသစ်လဲလှယ်ရေး အစီအစဉ်ကြောင့် ဖြစ် ပေါ်လာသည့်သက်ရောက်မှုကို စဉ်းစားရင်း ၂၀၀၈ ခုနှစ်အမေရိကန် စီးပွားရေးအကျပ်အတည်းနောက်ပိုင်း ဆက်တိုက်ဖြစ်ပေါ်ခဲ့သော  ကမ္ဘာ့ စီးပွား ရေး ဆုတ်ယုတ်မှု ကာလ ကိုပြန်လည်အမှတ်ရမိသည်။ အမေ ရိကန်စီးပွားရေး  ကျဆင်းမှု၏  ဆိုးကျိုးအဖြစ် ၂၀၀၉ ခုနှစ်တွင် အမေရိကန် ကား ကုမ္ပဏီ   သုံးခုဖြစ်သည့် GM,Crysler နှင့် Ford တို့ အရောင်းကျဆင်းမှု အကြီးအကျယ် ဖြစ်ပေါ်ခဲ့သည်။  ထိုအခြေအနေတွင် အမေရိကန်အစိုးရသည်  ကားဟောင်းများ စက်စွမ်းရည်ကျဆင်းပြီး လူမှုပတ်ဝန်းကျင်၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ခြင်း၊ သုံးစွဲသူများ စိတ်ကျေနပ်မှု လျော့ပါးခြင်း စသည့် အကြောင်းတရားများဖော်ထုတ်ကာ ကား ဟောင်း ကားသစ်လဲလှယ်ရေး အစီအစဉ်တစ်ရပ်ဆောင်ရွက်ရန် အားထုတ်ခဲ့သည်။ တကယ့်ရည်ရွယ်ချက်မှာမူ "မော်တော်ကား ဝယ်လိုအားကို တွန်းတင်၍ မော်တော်ကားထုတ်လုပ်ရေးကို ကျားကန်ထောက်ကူပေးရန်" ၊ ထိုမှတစ်ဆင့် တစ်နိုင်ငံလုံး၏ စီး ပွားရေးနာလန်ထူနိုင်ရေးအတွက် တွန်းအားပေး အစီအစဉ်တစ် ရပ်အဖြစ် ဦးတည်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၏ ကားဟောင်းကားသစ် လဲလှယ်ရေးအစီအစဉ် ကိုလည်း ဤသို့ရှုမြင်နိုင်သည်။ ထိုအစီအစဉ်ကြောင့် မြန်မာ့ကား လောကသည် ယခင်အခြေအနေများထက် များစွာကျယ်ပြန့်သွား နိုင်သည်။ မူလရည်ရွယ်ထားခဲ့ပြီးသော ရည်ရွယ်ချက်များအပြင် အနာဂတ်၏ ပီပြင်လာသော ဈေးကွက်စနစ်အတွင်း မော်တော် ကားဈေးကွက် ကျယ်ပြန့်စွာ ဖြစ်ထွန်းလာနိုင်သည်။ သို့သော် လောလောလတ်လတ် ဘဏ္ဍာရေးဆိုင်ရာ မူဝါဒများပြင်ဆင်ရေး အားထုတ်နေချိန်၊ မြန်မာနိုင်ငံ ပို့ကုန်ကဏ္ဍ၏  အဓိကငွေမာ ဖြစ်သော ဒေါ်လာငွေတန်ဖိုး အလွန်အမင်း ကျဆင်းနေချိန်တွင် မျှော်လင့်ထားသည့် အခြားသောသက်ရောက်မှုထက်၊ ဒေါ်လာငွေ တန်ဖိုးလှုပ်ခါကာ တဖြည်းဖြည်း တရွေ့ရွေ့ မြင့်တက်လာခဲ့သည် ကိုမူ ဘေးထွက်သက်ရောက်မှုအဖြစ် မြင်တွေ့ရပေလိမ့်မည်။