Main menu

Background

ဘရာဇီးသကြားထွက်ရှိမှုလျော့ကျဖွယ်ရှိခြင်းနဲ့ တရုတ်ဝယ်လိုအားတို့ကြောင့် သကြားဈေး ၇ ရက်အတွင်း ကျဆင်းနေရာမှ ပြန်တက်လာ

Mon, 02/06/2012 - 10:04 -- Anonymous (not verified)

    ကမ္ဘာ့ထိပ်တန်း သကြားထုတ်လုပ်တဲ့ ဘရာဇီးရဲ့ ထွက်ရှိမှု အလားအလာအပေါ် စိုးရိမ်ခြင်းနဲ့ တရုတ်နိုင်ငံမှ တင်သွင်းသူ များကလက်ငင်းဈေးကွက်မှာ ဝယ်လိုအားခိုင်မာနေခြင်းတို့ကြောင့် ၇ ရက်ကြာလျော့ကျနေတဲ့ သကြားကြိုပွိုင့်ဈေးဟာ ဇန်နဝါရီလ ၃၀ ရက်မှာ ပြန်တက်လာခဲ့ပါတယ်။ ICE ကြိုပွိုင့်ဈေးကွက်မှာ မတ်လပို့ရမယ့် သကြားဈေးဟာ သုည ဒသမ ၄၁ ရာခိုင်နှုန်းမြင့်တက်ပြီး၊ တစ်ပေါင်ကန်ဒေါ်လာ သုည ဒသမ ၂၄၃၂(တစ်တန် ကန်ဒေါ်လာ ၅၃၆)ဈေးဖြစ်ခဲ့ပါတယ်။     ယခင်ရက်များက သကြားကြိုပွိုင့်ဈေးဟာ ဂရိကြွေးမြီပြဿနာများအပေါ် စိုးရိမ်နေခြင်းနဲ့ အမေရိကန် ဒေါ်လာ ပိုမိုခိုင်မာ လာခြင်းတို့ကြောင့် ကုန်စည်ဈေးတွေကျဆင်းလာတာနဲ့အတူ အကျဘက်ဆင်းလာခဲ့ပါတယ်။ သကြားကုန်သည်များက ဘရာဇီး ကြံထွက်ရှိမှုအပေါ် စိုးရိမ်မှုတွေ ကြီးထွားနေတဲ့တိုင် ဘရာဇီးနိုင်ငံရဲ့ အကြီးဆုံး သကြားကုန်သည် Sucden  Brazil  မှ ဘရာဇီးနိုင်ငံ အလယ်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာ ကြံထုတ်လုပ်မှု အနည်းငယ်ပြန်ကောင်းလာဖွယ်ရှိတယ်လို့ အစောပိုင်းက ခန့်မှန်း ထားပါတယ်။    စိုက်ပျိုးထုတ်လုပ်သူများမှ ထုတ်လုပ်မှုမြင့်တက်ဖို့ အခက်အခဲရှိနေတာကြောင့် ၂၀၁၂-၁၃ ဈေးကွက်ရာသီ ကြံထွက်ရှိမှုဟာ အစောပိုင်းခန့်မှန်းထားတာထက် အနည်းငယ်လျော့ပြီး၊ စုစုပေါင်းတန် ၅၂၀ သန်းခန့်ရှိမယ်လို့ ဆိုပါတယ်။ ကြံသက်တမ်းအိုလာ တာကြောင့် ကြံထွက်ရှိမှုကလည်း ကျဆင်းလာခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ တစ်ချိန်ထဲမှာပဲ ဘရာဇီးအခြေစိုက် မိုးလေဝသပညာ ရှင် Somar  Meteorolo မှ ၂၀၁၂-၁၃ ဘရာဇီးကြံရိတ်သိမ်းမှုဟာ ရာသီဥတု မသာယာတဲ့အတွက် ပုံမှန်ဧပြီလအစပိုင်းမှာ ရိတ်သိမ်းမှုအစား မေလအစပိုင်းတိုင်အောင် နောက်ကျနိုင်တယ်လို့ ဆိုပါတယ်။    ဘရာဇီးဟာ ကမ္ဘာမှာသကြားအများဆုံး ထုတ်လုပ်သူဖြစ်သလို အများဆုံးတင်ပို့သူဖြစ်ပြီး၊ ကမ္ဘာ့ ထုတ်လုပ်မှု ရဲ့ ၂၀ ရာခိုင်နှုန်းနီးပါးနဲ့ ကမ္ဘာ့တင်ပို့မှုရဲ့ ၃၉ ရာခိုင်နှုန်းနီးပါး နေရာယူထားကြောင်း အမေရိကန် စိုက်ပျိုးရေးဌာနမှ ခန့်မှန်းပြော ကြားပါတယ်။ တရုတ်နှစ်သစ်ကူး ပိတ်ရက်ရှည်ပြီးတဲ့နောက် ကမ္ဘာ့ထိပ်တန်းသကြား အများဆုံးစားသုံးတဲ့ တရုတ်နိုင်ငံရဲ့ ကုန်သည်များဟာဈေးကွက် ပြန်ဝင်လာတဲ့အတွက် ဈေးနှုန်းထပ်မံ မြင့်တက်ခဲ့တာဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ နှစ်စဉ်သကြား တန်ချိန် ၁၃ ဒသမ ၅ သန်းခန့် ကမ္ဘာ့ထုတ်လုပ်မှုရဲ့ ၉ ရာခိုင်နှုန်းနီးပါး စားသုံးပါတယ်။ ၂၀၁၁ ခုနှစ်မှာ တန်ချိန် ၂ ဒသမ ၉၂ သန်း တင်သွင်းခဲ့လို့ ယခင်နှစ်ထက် ၆၅ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်တင်သွင်းခဲ့ကြောင်း သိရပါတယ်။ယမင်းခင်Source: bloomberg.net