Main menu

Background

ကုန်သွယ်မှုမြှင့်တင်ရေးအတွက် ကုန်စည်ပြပွဲများဆိုင်ရာ မူဝါဒ/ လုပ်ထုံးလုပ်နည်းများကို ခေတ်နှင့်လျော်ညီစွာ ပြင်ဆင်ရန် ညှိနှိုင်းအစည်းအဝေး ကျင်းပ

Mon, 02/13/2012 - 09:32 -- Anonymous (not verified)

                  လက်ရှိ   နိုင်ငံတော်အစိုးရသစ် လက်ထက်တွင် နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုး တိုးတက်ရန်အတွက်  ကုန်သွယ်မှုမြှင့် တင်ရေးကဏ္ဍကို  အထူးအလေးထား ဆောင်ရွက်လျက်ရှိရာ ကုန်စည်ပြပွဲများ ကျင်းပခြင်းသည်  ကုန်သွယ်မှုမြှင့်တင် ရေးအတွက် အဓိကကျသော  အခန်း ကဏ္ဍတစ်ခုမှ ပါဝင်လျက်ရှိပါသည်။ အစိုးရသစ်လက်ထက်တွင် နိုင်ငံတကာ မှ မြန်မာနိုင်ငံနှင့် ကုန်သွယ်မှု၊  ရင်းနှီး မြှုပ်နှံမှု ကိစ္စရပ်များ  ပူးပေါင်းဆောင် ရွက်ရန် အထူးပင်  စိတ်ဝင်စားလျက် ရှိပါသည်။ အလားတူ  မြန်မာနိုင်ငံသို့ စီးပွားရေးပူးပေါင်း ဆောင်ရွက်ရန် လာ ရောက်တွေ့ဆုံသည့်   ကိုယ်စားလှယ် အဖွဲ့များ  များပြားလာသလို မြန်မာ နိုင်ငံတွင် တစ်နိုင်ငံချင်းအလိုက်သော် လည်းကောင်း၊ နိုင်ငံစုံမှသော်လည်း ကောင်း ကုန်စည်ပြပွဲများ  လာရောက် ကျင်းပရန်ကမ်းလှမ်းမှုများလည်း တိုး တက်လာလျက်ရှိပါသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ကြီးကြပ်စီစဉ်မှုဖြင့် ၂၀၁၀  ပြည့်နှစ်တွင် ပြည်ပကုန်စည်ပြပွဲ ၃၃ ပွဲနှင့် ပြည်တွင်း ကုန်စည်ပြပွဲ သုံးပွဲ၊ ၂၀၁၁ ခုနှစ်တွင် ပြည်ပကုန်စည်ပြပွဲ ၂၀ နှင့် ပြည်တွင်း ကုန်စည်ပြပွဲ ငါးပွဲကို ပါဝင်ပြသကျင်း ပခဲ့ရာ   ပြည်တွင်းကုန်စည်ပြပွဲအရေ အတွက်မှာ တိုးတက်လာပါသည်။တိုးတက်လာသောခေတ်စနစ်နှင့် အညီ   နောင်အနာဂတ်တွင်လည်း မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာကုန် စည်ပြပွဲများတွင် ပါဝင်ပြသခြင်း၊ ပြည်ပ မှ ကုန်စည်ပြပွဲများကို လက်ခံကျင်းပ ခြင်းများ ပိုမိုများပြားလာမည်ဖြစ်သဖြင့် ကုန်စည်ပြပွဲဆိုင်ရာမူဝါဒနှင့် လုပ်ထုံး လုပ်နည်းများကို စနစ်တကျ ချမှတ် အကောင်အထည်ဖော်ရန်  လိုအပ်လာ ပါသည်။ ကုန်စည်ပြပွဲဆိုင်ရာ မူဝါဒနှင့် ပတ်သက်၍  ယခင်က လုပ်ထုံးလုပ် နည်းများ ထုတ်ပြန်ခဲ့ပြီး  စနစ်တကျ ဆောင်ရွက်ခဲ့သော်လည်း အဆိုပါလုပ် ထုံးလုပ်နည်းများကို ယနေ့ခေတ်အခြေ အနေနှင့် လျော်ညီစွာ ပြင်ဆင်နိုင်ရန် လိုအပ်လာပါသည်။ထို့ကြောင့် ၂၀၁၂ ခုနှစ် ဖေဖော် ဝါရီ ၆ ရက်တွင် စီးပွားရေးနှင့်ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊  ပြည် ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ တွင်  ရန်ကုန်-နေပြည်တော် ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့်  ပြည်တွင်း/ ပြည်ပ ကုန်စည်ပြပွဲများ  ကျင်းပခြင်းဆိုင်ရာ မူဝါဒ၊  လုပ်ထုံးလုပ်နည်းများ ညှိနှိုင်း  အစည်းအဝေးကို  ကျင်းပပြုလုပ်ခဲ့ရာ စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ပွင့်ဆန်းခေါင်းဆောင်၍ ကုန်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန၊  ညွှန်ကြားရေး မှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ပြည်နယ်/တိုင်းဒေသ ကြီးများမှ စီမံကိန်းနှင့်စီးပွား ရေးဝန် ကြီးများနှင့် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်မှ တာဝန် ရှိသူများ တက်ရောက်ခဲ့ကြပါသည်။အစည်းအဝေးတွင် ကုန်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိသူများမှ ခေတ်အဆက်ဆက်   ကျင်းပခဲ့သည့် ဈေးရောင်းပွဲတော်နှင့် ကုန်စည်ပြပွဲများ၊ လက်ရှိ မြန်မာနိုင်ငံမှ ကျင်းပလျက်ရှိ သော ပြည်တွင်း^ပြည်ပ ကုန်စည်ပြပွဲ များအကြောင်း၊ ကုန်စည်ပြပွဲဆိုင်ရာ သတ်မှတ်ပြဋ္ဌာန်းရမည့်  လုပ်ငန်းစဉ် များနှင့် လုပ်ဆောင်ချက်များ၊ ပြပွဲဆိုင် ရာခွင့်ပြုချက်များ  ထုတ်ပေးခြင်းတွင် စီးပွား/ကူးသန်းဝန်ကြီးဌာနမှ ပြပွဲကြီး ကြပ်မှုဗဟိုကော်မတီ  ဖွဲ့စည်းဆောင် ရွက်သွားနိုင်ရေး၊  နိုင်ငံတကာအဆင့် ကုန်စည်ပြပွဲများကို လက်ခံကျင်းပနိုင် မည့်  International Exhibition Centre  တစ်ခုကို  အစိုးရသို့မဟုတ် ပုဂ္ဂလိက ကဏ္ဍမှ တည်ဆောက်နိုင်ရေး၊ ပြည်ပနိုင်ငံများနှင့် ဆက်စပ်သော ပြပွဲ ကျင်းပခွင့်ကို ပြည်နယ်/တိုင်းဒေသ ကြီးမှတစ်ဆင့် စီးပွား/ကူးသန်းသို့ တင် ပြခွင့်ပြုချက်တောင်းခံရေး၊  မြန်မာနိုင်ငံ အတွင်းကျင်းပသော  ပြည်တွင်းကုန် စည်ပြပွဲများတွင် ဝန်ဆောင်မှုများကို တာဝန်ခံပြုလုပ်ပေးမည့် ကုမ္ပဏီ (Focal Service Provider)  ကို အသိ အမှတ်ပြုမှတ်ပုံတင်လက်မှတ်  ထုတ် ပေးနိုင်ရေးအတွက်   လိုအပ်သော အရည်အချင်းများ  သတ်မှတ်ဆောင် ရွက်နိုင်ရေး၊ လုံခြုံရေးနှင့်  အုပ်ချုပ်မှု ကိစ္စများအတွက်    သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီး အစိုးရအဖွဲ့ များမှ ဦးစွာအတည်ပြုပြီးမှ ပွဲကျင်းပ သူက စီးပွား/ကူးသန်းဝန်ကြီးဌာနသို့ ခွင့်ပြုချက်ရယူရန်တင်ပြရေး၊ ကုန်စည် ပြပွဲဆိုင်ရာ လမ်းညွှန်စာအုပ် (Trade Fair Guide Book)  ထုတ်ဝေနိုင်ရေး၊ နှစ်အလိုက်ပြသမည့် ကုန်စည်ပြပွဲ အစီ အစဉ် (Trade Fair Calendar) များ ရေးဆွဲထားရှိရေးတို့ကို ရှင်းလင်းဆွေး နွေးခဲ့ကြပါသည်။တက်ရောက်လာကြသော  ပြည် နယ်နှင့် တိုင်းဒေသကြီးများမှ စီမံကိန်း နှင့် စီးပွားရေးဝန်ကြီးများမှ သက်ဆိုင် ရာပြည်နယ်၊တိုင်းဒေသကြီးများအလိုက် ကုန်စည်ပြပွဲ၊  ဈေးရောင်းပွဲတော်များ ကျင်းပခွင့်ပြုနေပုံ အဆင့်ဆင့်ကို အပြန် အလှန်တင်ပြ ရှင်းလင်းဆွေးနွေးခဲ့ကြပါ သည်။အဆိုပါအစည်းအဝေးတွင်စီးပွား/ ကူးသန်းဝန်ကြီးဌာနနှင့် ပြည်နယ်/တိုင်း ဒေသကြီးအစိုးရအဖွဲ့များမှ ဆက်လက် အကောင်အထည်ဖော်ရမည့် လုပ်ငန်း စဉ်များကို  ဆွေးနွေးဆုံးဖြတ်ခဲ့သဖြင့် မကြာမီကာလတွင် ခေတ်စနစ်နှင့်ကိုက် ညီသော ကုန်စည်ပြပွဲဆိုင်ရာ မူဝါဒနှင့် လုပ်ထုံးလုပ်နည်းအသစ်များ ချမှတ် နိုင်မည့်အပြင်  နိုင်ငံတကာအဆင့်မီ ကုန်စည်ပြပွဲဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်တော့မည်ဟု  မျှော် လင့်မိပါသည်။                  KKK(IT)