Main menu

Background

ဘယ်သူ့အိုင်ပက်လဲ

Mon, 02/27/2012 - 06:07 -- Anonymous (not verified)

အမေရိကန်နိုင်ငံ၏  ဧရာမ  နည်းပညာ ကုမ္ပဏီကြီးဖြစ်သည့် အက်ပဲလ်အဖို့  အိုင်ပက် လ  ဟူသော စကားလုံးများအတွက် တရုတ် ကုမ္ပဏီတစ်ခုနှင့်  ကုန်အမှတ်တံဆိပ် အငြင်းပွား မှုကို ရင်ဆိုင်ရလျက်ရှိသည်။ တရုတ်ကုမ္ပဏီ Proview Technology  က တရုတ်နိုင်ငံတွင် (iPad)  ကုန်အမှတ်တံဆိပ်ကို မိမိတို့ပိုင်ဆိုင်သည်ဟု ဆိုသည်။ အက်ပဲလ်ကုမ္ပဏီ၏ အလွန်လူကြိုက် များနေသည့် (iPad)  ကျောက်သင်ပုန်းကွန်ပျူတာ များ (Tablet computer) ကို တရုတ်နိုင်ငံသို့ တင်သွင်းခြင်း သို့မဟုတ် တရုတ်နိုင်ငံမှတင်ပို့ခြင်း တို့အား  တားမြစ်ပေးရန် တရုတ်အကောက်ခွန် အာဏာပိုင်များထံ Proview Technology ကုမ္ပဏီက လျှောက်ထားမည်ဟုဆိုသည်။တကယ်တော့အက်ပဲလ်ကုမ္ပဏီ၏ အိုင်ပက် ကွန်ပျူတာများကို တရုတ်နိုင်ငံတွင် ထုတ်လုပ် ခြင်းဖြစ်၍ တားမြစ်မိန့်ထုတ်ပြန်ရန် အတည်ပြု လိုက်မည်ဆိုပါက တရုတ်နိုင်ငံမှ ကမ္ဘာတစ်ဝန်းလုံး သို့ တင်ပို့နေမှုများအားလုံး ရပ်ဆိုင်းသွားမည်ဖြစ် သည်။ ထိုသို့ တကယ်တမ်း ရပ်ဆိုင်းသွားဖို့တော့ မဖြစ်နိုင်လောက်ပေ။ တရုတ်နိုင်ငံသည် ကမ္ဘာတွင် အိမ်သုံးအီလက်ရောနစ်ပစ္စည်း  အများဆုံးတင်ပို့ သည့်နိုင်ငံဖြစ်နေပြီး ထိုသို့ တင်ပို့ရောင်းချနိုင် ရန်အတွက် အက်ပဲလ်တို့လို အနောက်နိုင်ငံကုမ္ပဏီ ကြီးများအပေါ် အမှီပြုနေရခြင်းကြောင့်ဖြစ်သည်။ သို့သော်လည်း Proview ကုမ္ပဏီကတော့ မည်သို့ ပင်ဆိုစေ ပိတ်ပင်တားမြစ်ဖို့ ဆက်လုပ်သွားမှာပဲဟု ဆိုနေသည်။ အက်ပဲလ်ကုမ္ပဏီ၏ iPhone  နှင့် (iPad)  တို့ကို တရုတ်နိုင်ငံတောင်ပိုင်းတွင် ပြန့်ကျဲ တည်ရှိနေကြသည့်  Foxconn Technology Group   ကုမ္ပဏီပိုင် အလုပ်ရုံများတွင် တပ်ဆင် ထုတ်လုပ်ခြင်းဖြစ်သည်။တရုတ်အာဏာပိုင်များက မြို့ကြီးတစ်မြို့ရှိ လက်လီဆိုင်များတွင် ရောင်းချနေသည့် (iPad)   ကွန်ပျူတာများကို သိမ်းဆည်းခဲ့ကြောင်း သတင်း ပေါ်ထွက်လာပြီး နောက်တစ်နေ့တွင် နှစ်ကာလ ကြာမြင့်စွာဖြစ်ပွားနေသည့် ဉာဏပစ္စည်းမူပိုင်ခွင့် အငြင်းပွားမှုများထဲသို့ Proview  ကုမ္ပဏီက နောက်ဆုံးဝင်ရောက်လာခြင်းဖြစ်သည်။ နောက် ထပ် မြို့ပေါင်း ၃၀ တွင်လည်း (iPad)  များကို အလားတူသိမ်းဆည်းဖယ်ရှားပေးရန် Proview ကုမ္ပဏီက တောင်းဆိုထားသည်။တကယ်တော့ မူပိုင်ခွင့် ချိုးဖောက်သည့် ပစ္စည်းများကို သိမ်းဆည်းရန် တရုတ်နိုင်ငံဥပဒေ များတွင် ထည့်သွင်းပြဋ္ဌာန်းထားရခြင်းမှာ နိုင်ငံခြား ရုပ်ရှင်နှင့် သီချင်းဂီတများ၊ ဒီဇိုင်းနာတို့ တီထွင် ထုတ်လုပ်ထားသည့် အဝတ်အထည်များကို တရား မဝင် ကူးယူထုတ်လုပ်နေခြင်းအပေါ် အရေးယူ ဆောင်ရွက်ပေးရန် တရုတ်အစိုးရသို့ ဖိအားပေး တောင်းဆိုမှုများအပေါ် တုံ့ပြန်ခြင်းဖြစ်သည်။ ပေကျင်းမြို့တော်ရှိ ဘဏ္ဍာရေးနှင့် ဘောဂဗေဒ ဗဟိုတက္ကသိုလ်တွင် ဉာဏပစ္စည်းမူပိုင်ခွင့်ဥပဒေကို သင်ကြားပို့ချပေးနေသည့်  အမေရိကန်ဥပဒေ အကျိုးဆောင် စတန်းအေဘရမ်ကို ကိုးကား၍ အေပီသတင်းဌာနက ဖော်ပြခဲ့ခြင်းဖြစ်သည်။အက်ပဲလ်ကုမ္ပဏီကတော့   (iPad)  ကုန် အမှတ်တံဆိပ်ကို သူတို့ပိုင်ဆိုင်သည်ဟု ငြင်းဆို သည်။ လွန်ခဲ့သောနှစ်အတန်ကြာကပင် နိုင်ငံ ၁၀ နိုင်ငံတွင်အသုံးပြုရန် (iPad)   ကုန်အမှတ်တံဆိပ်၏  တစ်ကမ္ဘာလုံးအသုံးပြုခွင့်ကို Proview ကုမ္ပဏီထံ မှ ဝယ်ယူထားခြင်းဖြစ်သည်ဟု ဆိုသည်။ သို့သော် လည်း တရုတ်နိုင်ငံတွင်ရှိသည့် အက်ပဲလ်ကုမ္ပဏီ နှင့် သဘောတူညီထားသည်ဆိုခြင်းကို Proview ကုမ္ပဏီက လက်မခံချေ။ မိမိတို့၏ မိခင်ကုမ္ပဏီက(iPad)  အမည်ကို ထိုင်ဝမ်နှင့် တရုတ်နိုင်ငံတို့တွင် အသုံးပြုရန် ၂၀၀၀ နှင့် ၂၀၀၁ ခုနှစ်တို့ကပင် အသီးသီးမှတ်ပုံတင်ခဲ့ခြင်းဖြစ်သည်။ ၂၀၀၆ ခုနှစ် တွင် အက်ပဲလ်ကုမ္ပဏီက  (iPad)  အမည်ကို  Proview ကုမ္ပဏီ၏  အခြားလက်အောက်ခံ ကုမ္ပဏီဖြစ်သည့် ထိုင်ဝမ်အခြေစိုက် Proview Electronics ထံမှ ဝယ်ယူခဲ့ခြင်းဖြစ်သည်။ ထိုသို့ ဝယ်ယူခဲ့ရာတွင် ထိုအမည်ကို ထိုင်ဝမ်တွင် အသုံး ပြုရန်သာပါရှိပြီး တရုတ်နိုင်ငံ မပါဝင်ကြောင်း၊ တရုတ်နိုင်ငံတွင် သုံးစွဲခွင့်ကို စင်းကျန့်ပြည်နယ် တွင်အခြေစိုက်ထားသည့် ပထမကုမ္ပဏီခွဲဖြစ်သော Proview Technology  က ပိုင်ဆိုင်သည်ဟု ဆိုသည်။အက်ပဲလ်ကုမ္ပဏီအပေါ် မိမိ၏ကုန်အမှတ် တံဆိပ်ကို တရားမဝင်သုံးစွဲသည်ဟု  စွပ်စွဲကာ Proview Technology ကုမ္ပဏီက ယမန်နှစ်က တရားစွဲခဲ့သည်။ အက်ပဲလ်ကုမ္ပဏီက တရားပြန်စွဲ ခဲ့သော်လည်း ရှုံးနိမ့်ခဲ့သဖြင့် နောက်ထပ် အယူခံ ဝင်ထားသည်။ ထိုအတောအတွင်းမှာ အက်ပဲလ်၏ (iPad)  ကွန်ပျူတာများကို တရုတ်နိုင်ငံအတွင်း ရောင်းချနေခြင်းကို တားမြစ်ပေးရန် Proview ကုမ္ပဏီက တရားရုံးသို့ တားဝရမ်း ထုတ်ပေးရန် လျှောက်ထားခဲ့သည်။ ယခုတော့  အဆိုပါ (iPad)  ကွန်ပျူတာများကို တရုတ်နိုင်ငံသို့ တင်သွင်းခြင်း၊ တရုတ်နိုင်ငံမှတင်ပို့ခြင်းအားလုံးကို ပိတ်ပင်တား မြစ်ပေးစေချင်သည်ဟု Proview ကုမ္ပဏီက ပြော သည်။ ဒေသတွင်း သတင်းများအရ Proview ကုမ္ပဏီသည် အက်ပဲလ်ကုမ္ပဏီထံမှ လျော်ကြေး ငွေ ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံ တောင်းဆို ထားသည်ဟု ဆိုပါသည်။Ref; Time.com