Main menu

Background

ဈေးကွက်အထာနှင့် နိုင်ငံ့ဝန်ထမ်းလစာ

Mon, 02/27/2012 - 07:54 -- Anonymous (not verified)

နိုင်ငံ့ဝန်ထမ်းနှင့် ဈေးကွက်    သီအိုရီများ၊  သဘောတရားများ အကိုးအကားမရှိဘဲ နိုင်ငံ့ဝန်ထမ်းနှင့် ဈေးကွက်တို့အကြားဆက်စပ်မှုတစ်ခုကို စိတ်ကူးကြည့်လျှင် ပြောင်းပြန်အဆက် အစပ်ရှိသည်ဟု ပြောရလောက်သည်။ နိုင်ငံ့ဝန်ထမ်းအရေအတွက်ပမာဏများ ပြား၍ ပြည်သူပိုင်ကဏ္ဍ ကြီးထွားလာ လျှင် ဈေးကွက်လှုပ်ရှားမှု လျော့ပါးသွား ပြီး၊ဈေးကွက်အရေးပါမှု ကျဆင်းသွား တတ်သည်။ အကယ်၍ နိုင်ငံ့ဝန်ထမ်း အရေအတွက်လျော့နည်းကာ ပြည်သူ ပိုင်ကဏ္ဍသေးငယ်သွားလျှင် ပုဂ္ဂလိက အခန်းကဏ္ဍကြီးမားသော ဈေးကွက် လှုပ်ရှားမှု အင်အားကောင်းလာသည်။ နိုင်ငံ့ဝန်ထမ်းအရေအတွက် နည်းလေ လေ၊ဈေးကွက်ပမာဏ ကြီးထွားနိုင်လေ လေဖြစ်ပြီး၊နိုင်ငံ့ဝန်ထမ်းအရေအတွက် များလေလေ ဈေးကွက်ပမာဏ ကျဉ်း မြောင်းသွားလေလေဖြစ်မည်။ဈေးကွက် ကို လျစ်လျူရှုပြီး ပြည်သူပိုင်ကဏ္ဍကို အလေးပေးနေချိန်၌ နိုင်ငံ့ဝန်ထမ်းများ သည် ထောက်ပံ့ကြေးများ အပါအဝင် အခြားပံ့ပိုးမှုမျိုးစုံကို  နိုင်ငံတော်ထံမှရ ရှိသည်။ ဈေးကွက်ကို  အလေးပေး ချိန်တွင်မူ နိုင်ငံတော်ထံမှ ပံ့ပိုးမှု ပမာဏ  လျော့ပါးသည့် အခြေအနေဖြစ်လာ သည်။ စေ့စေ့တွေးကြည့်ပါက နိုင်ငံ့ဝန် ထမ်းများ အနေဖြင့် ဈေးကွက်ကို သဘောတွေ့သည့် အနေအထားမရှိ နိုင်။ဈေးကွက်စီးပွားရေးစနစ်၏ အခြား သော လက္ခဏာများ၊ကောင်းကျိုးများ ကြောင့် ဈေးကွက်ကို နှစ်သက်ကြမည် ဖြစ်သော်လည်း ၎င်းတို့ရရှိနေသည့် ပုံမှန်လစာဝင်ငွေနှင့် ဆက်စပ်စဉ်းစား တိုင်းဈေးကွက်ကို ကြောက်စရာဟု မြင် ကြလိမ့်မည်။အကန့်အသတ်ကြားမှာရပ်တည်နိုင် စွမ်းသူ    လွတ်လပ်စွာ ရောင်းဝယ်ဖောက် ကားနေသော ဈေးကွက်စနစ်ထဲတွင် ဈေးကွက်များ၏ အပြုအမူနှင့်  သင့် လျော်စွာ အလိုက်သင့် လှုပ်ရှားနေကြ  သည့် ပုဂ္ဂလိကလုပ်ငန်းများမှ ဝန်ထမ်း များအနေဖြင့် နေ့စဉ်ဘဝရပ်တည်မှုအ တွက် ကြီးမားသော အခက်အခဲများစွာ မရှိနိုင်သော်လည်း ပုံမှန်နှုန်းထားလစာ စား အစိုးရဝန်ထမ်းများ၏ ရပ်တည်နိုင် စွမ်းမှာမူ မလွယ်ကူလှချေ။ လေးငါးနှစ် တွင် တစ်ကြိမ်ပင်လစာ တိုးမြှင့်ရရှိနိုင် ရန်အခွင့်အလမ်းနည်းပါးသည့် နိုင်ငံ့ဝန် ထမ်းတို့ကို  ပုံသေဝင်ငွေ  ရရှိသူများဟု ခေါ်သည်။       ပုံသေဝင်ငွေတို့သည် အပြောင်းအလဲမြန်၊ အတက်မြန်သော ဈေးကွက်ဈေးနှုန်းများကို မည်သို့မှ ကာလရှည် လိုက်မီနိုင်စွမ်းမရှိနိုင်ပေ။ ဈေးနှုန်းမျိုးစုံတို့၏ မြင့်မားမှုကြားထဲ၌ ပုံသေဝင်ငွေကို ဆုပ်ကိုင်လျက် နေ့စဉ် ဘဝတွင် အလွန်ခြိုးခြံချွေတာစွာ ရပ် တည်ခဲ့ကြရသည်။ ဝင်ငွေမှာ ပုံသေဖြစ် သဖြင့် အထူးတလည်  မှတ်သားတွက် ချက်စရာမလိုသော်လည်း   ဈေးနှုန်း အနိမ့်အမြင့်ပေါင်းစုံ၊ ထွက်ငွေမျိုးစုံကို စနစ်တကျစာရင်းရေးမှတ် ချိန်ဆသုံးစွဲ ရသည်။နောက်ဆုံးတွင် ဝင်ငွေထွက်ငွေ မမျှတော့ဘဲ ထွက်ငွေသည် လတစ်လ ၏ပထမရက်သတ္တတစ်ပတ် အတွင်းမှာ ပင် ဝင်ငွေနှင့်ညီမျှသွားရာ ကျန်သည့် သုံးပတ်အတွက် ဖန်တီးရှာဖွေမှုများ ပြု လုပ်ကြတော့သည်။     ဝင်ငွေပမာဏ မပြောင်းလဲသော်လည်း  ဝယ်နိုင်စွမ်း အားကျဆင်း၊တန်ဖိုးအလွန်နည်းသွား သည့် ပုံသေဝင်ငွေဖြင့်သာ ကာလကြာ မြင့်စွာ ဘဝရပ်တည်နိုင်ရေး အားထုတ် ခဲ့ကြသည်။ထို့ကြောင့် နိုင်ငံ့ဝန်ထမ်းများ သည် အကန့်အသတ်ဘောင်တစ်ခုအ တွင်း ကြံ့ကြံ့ခံနေထိုင်စားသောက်ခဲ့နိုင် စွမ်းရှိသော တကယ့်အာဂလူ ၊သတ္တိခဲ များဖြစ်၏။လစာကိုချိတ်ဆက်ခြင်း    အစိုးရဌာနများမှ ဝန်ထမ်းဖြစ်စေ၊ ပုဂ္ဂလိကလုပ်ငန်းများမှ ဝန်ထမ်းဖြစ်စေ ၎င်းတို့၏လစာ ပမာဏသည်၎င်းတို့၏ ရာထူးအဆင့်အတန်းနှင့်  ချိတ်ဆက် ထားသည်ဟု  ဆိုနိုင်သည်။ရာထူး အဆင့်ကြီးလျှင် လစာငွေ ပမာဏများ ပြီး၊ရာထူးအဆင့်ငယ်လျှင် နိမ့်လျှင် လစာငွေပမာဏနည်းသည်။သို့သော် အစိုးရပိုင်းကဏ္ဍနှင့် ပုဂ္ဂလိကကဏ္ဍတို့ မှ ဝန်ထမ်းလစာနှုန်းထားများ မတူကြ ပေ။ကုမ္ပဏီတစ်ခုမှ ရာထူးငယ်ဝန်ထမ်း တစ်ဦး၏လစာသည် ၎င်းနှင့်အဆင့်တူ အစိုးရဝန်ထမ်းတစ်ဦး၏ လစာငွေထက် များသည်။အဘယ်ကြောင့်ဆိုသော် ပုဂ္ဂလိကဝန်ထမ်းလစာသည် ဈေးကွက် ပေါက်ဈေးများနှင့် အတိုင်းအတာတစ်ခု အထိချိတ်ဆက်မှု ရှိနေသောကြောင့် ဖြစ်သည်။    လစာတိုးရမည့် ကိစ္စရပ်များစီစဉ် သည့်အခါတွင်လည်း တစ်နိုင်ငံလုံးအ တိုင်းအတာအားဖြင့်ကျယ်ပြန့်လှသည်။ အစိုးရဝန်ထမ်းဌာနများနှင့် သေးငယ် သော  အစိတ်အပိုင်းများဖြစ်သည့် ပုဂ္ဂလိက ကဏ္ဍမှ လုပ်ငန်းများအကြား ထည့်သွင်းစဉ်းစားရမည့်  အချက်များ တွင် များစွာကွဲပြားကွာခြားသည်။နိုင်ငံ အစိုးရတို့အနေဖြင့် အစိုးရ၏ ဝင်ငွေ ထွက်ငွေ၊ကုန်ထုတ်လုပ်မှု၊စီးပွားရေးတိုး တက်မှုနှုန်း၊ တစ်ဦးကျဝင်ငွေ စသဖြင့် မေခရိုအဆင့်  စီးပွားရေးအခြေအနေ များကို  ထည့်သွင်းစဉ်းစားကြရသည်။ပုဂ္ဂလိကလုပ်ငန်းငယ်များတွင်မူ များ များစားစား မရှိနိုင်။ ဝန်ထမ်း၏ လုပ် ဆောင်မှုစွမ်းရည်၊ လုပ်ငန်း၏ အမြတ် အစွန်းရရှိမှုပမာဏ စသဖြင့် မိုက်ခရို အဆင့်လုပ်ငန်းနှင့် တိုက်ရိုက်ပတ်သက် သည့် အချက်များကိုသာ ကိုးကားရုံနှင့် လုံလောက်သည်။ မေခရိုအဆင့် ကျယ် ပြန့်သော အစိုးရယန္တရားကြီးမှ ဝန်ထမ်း တို့၏ 'လစာတိုး' အခွင့်အလမ်း ရရှိရေး မှာ အချိန်ကာလ ကြာမြင့်သော်လည်း ပုဂ္ဂလိက ဝန်ထမ်းတို့မှာ မြန်ဆန်တတ် သည်။ ပုဂ္ဂလိက လုပ်ငန်းများမှာ ၎င်းတို့ ၏သဘော သဘာဝအတိုင်း လျင်မြန် မှု၊သွက်လက်မှုတို့ဖြင့် လှုပ်ရှားတတ် သဖြင့် ၎င်းတို့၏ဝန်ထမ်းများကို ဈေးနှုန်း အမြင့်တွင် ရှင်သန်ရပ်တည်နိုင်ရေးအ တွက် ဖေးမခေါ်ဆောင်သွားနိုင်သည်။    ယနေ့အချိန်ကာလတွင် နိုင်ငံ့ဝန် ထမ်းတို့သည် ဈေးကွက်ပေါက်ဈေးကို အမီလိုက်ရန် စွမ်းအားလျော့ပါးလွန်းနေ သည်။နေ့စဉ်ဘ၀ ရပ်တည်မှုအတွက် ဈေးကွက်ကိုသာ မှီခိုနေကြရသဖြင့် ဈေးကွက်ပေါက်ဈေးတို့နှင့် ထိပ်တိုက် ရင်ဆိုင်ခဲ့ကြရသည်မှာလည်း ကြာမြင့် ခဲ့လေပြီ။ ၎င်းတို့အားလုံးဈေးကွက်တွင် ဖြစ်ပေါ်နေသော ဈေးနှုန်းကို ရင်ဆိုင်၍ ရပ်တည်နိုင်စွမ်းရှိရန်လိုသည်။ ၎င်းတို့ ဘဝရပ်တည်ရေး၊မိသားစုစားဝတ်နေရေး ပြေလည်မှုရှိမှသာ စွမ်းအားရှိရှိဖြင့် နိုင်ငံ တော်၏  တာဝန်ဝတ္တရားများကို ကျေ ပွန်စွာ ထမ်းဆောင်နိုင်မည်ဖြစ်သည်။ နိုင်ငံတော်သမ္မတကြီး၏  ဆန္ဒဖြစ်သော "ကောင်းမွန်သော စီမံအုပ်ချုပ်မှု၊ သန့် ရှင်းသောအစိုးရ"   ဖြစ်ပေါ်လာရေး အတွက်လည်း  တစ်ဖက်တစ်လမ်းမှ အထောက်အကူရလာနိုင်မည်။လတ်တ လောအခြေအနေတွင် နိုင်ငံ့ဝန်ထမ်းတို့ ၏လစာကို  ဈေးကွက်ပေါက်ဈေးတို့နှင့် ချိတ်ဆက်စဉ်းစား၍ ဖြည့်ဆည်းပေးရန် လိုကြောင်း အခြေအနေ အရပ်ရပ်က ပြဆိုနေပေသည်။စောနိုင်(အသုံးချဘောဂဗေဒ)