Main menu

Background

ပေါ်သာပေါ်သည် မျှော်နေမိသည့် မတ်ပဲဈေး

Sun, 03/04/2012 - 09:36 -- Anonymous (not verified)

    ပဲခူးတိုင်းဒေသကြီး (အရှေ့) အတွင်း မိုးစပါးစိုက်ပြီးတဲ့အခါ ဆောင်းသီးနှံ၊ ပဲမျိုးစုံနှင့် နွေစပါးကိုသီးထပ်အဖြစ် စိုက်ပျိုးကြပါတယ်။တောင်သူများအဓိက အား ထားပြီး အများဆုံးစိုက်ပျိုးတဲ့ သီးနှံကတော့ မတ်ပဲဖြစ်ပြီး ပဲခူးခရိုင်မှာ စိုက်ဧက ၃ ဒသမ ၁ သိန်း၊ တောင်ငူခရိုင်မှာ စိုက်ဧက ၂ ဒသမ ၂ သိန်း၊ စုစုပေါင်း ၅ ဒသမ ၃ သိန်းခန့် စိုက်ပျိုးပါတယ်။ ဖေဖော်ဝါရီလ နောက်ဆုံးပတ်ကစပြီး ပဲခူး ခရိုင်အတွင်းရှိ မြို့နယ်များမှာ မတ်ပဲစပေါ်ခဲ့ရာ ယခုအခါ ပဲခူူးခရိုင်ရော တောင်ငူ ခရိုင်ရှိ မြို့နယ်အားလုံး မတ်ပဲပေါ်လာပြီဖြစ်၍ မတ်လအတွင်း ပဲလောကမှာ မတ်ပဲရောင်းဝယ်ဖောက်ကားတင်ပို့မှုမှာ တိုးတက်လာတော့မှာဖြစ်ပါတယ်။ ဒါပေမဲ့ မနှစ်က မတ်ပဲစပေါ်တဲ့ ဖေဖော်ဝါရီလနဲ့ မတ်ပဲလှိုင်လှိုင်ပေါ်တဲ့ မတ်လမှာ မတ်ပဲဈေးက တစ်တင်း ၂၂၀၀၀ ကျပ်ဈေးရှိပြီး ပျမ်းမျှထွက်နှုန်းက တစ်ဧက ၁၀ တင်းလောက်ရှိတော့ တစ်ဧက ၂ ဒသမ ၂ သိန်းကျော် ဝင်ငွေရကြတဲ့အတွက် တောင်သူများရဲ့ လူနေမှုစရိတ်ကို တော်တော်လေး အထောက်အကူရပါတယ်။ ဒီနှစ်လက်ရှိပဲဈေးက တစ်တင်း ၁၃၀၀၀ ကျပ်ကျော်သာရှိနေတာမို့ မနှစ်ကနဲ့ ထွက်နှုန်းတူရင်တောင် ဝင်ငွေလျှော့နည်းသွားပြီး စိုက်ပျိုးစရိတ် ကာမိရုံသာသာ ရှိနေလို့ တောင်သူတွေရဲ့ ဝင်ငွေအတော်လေးလျှော့နည်းသွားမှာဖြစ်ပါတယ်။ မတ်ပဲ ပေါ်ချိန်ဆိုရင် မြို့နယ်တိုင်းမှာ စားသောက်ကုန်အပါအဝင် လူသုံးကုန်ပစ္စည်း မျိုးစုံ အရောင်းအဝယ်ကောင်းကြစမြဲဖြစ်ပေမဲ့ မတ်ပဲဈေးမကောင်းရင် အရောင်း အဝယ်ကျဆင်းမှာကို ဆက်စပ်နေကြတဲ့ ဈေးဆိုင်ကြီးများ၊ ကုန်သည်ကြီးများ ကလည်း စိုးရိမ်ပူပန်နေကြပါတယ်။ မတ်ပဲစိုက်တောင်သူများကတော့ မတ်ပဲ ဈေးကွက်မှာ ဈေးတက်ဖို့မျှော်လင့် နေရင်းနဲ့ မိမိတို့ဘက်က မိမိတို့လုပ်ရမဲ့ အလုပ်ဖြစ်တဲ့ မတ်ပဲရိတ်သိမ်းခြွေလှ့ရေးလုပ်ငန်းများကို အားသွန်ခွန်စိုက် ဆောင် ရွက် နေကြကြောင်း သိရပါတယ်။                                                                     TT