Main menu

Background

မြန်မာ့ရွှေဈေးဘယ်အရေးလဲ

Mon, 03/05/2012 - 08:39 -- Anonymous (not verified)

ယခုရက်ပိုင်းတွင် ရွှေဈေးနှုန်းများ အဆမ တန်မြင့်တက်နေမှုကြောင့်   ရွှေလုပ်ငန်းရှင်များ ရင်မ နေကြရသည့် ကာလတစ်ခုသို့ ရောက်ရှိခဲ့ သည်။ထိုကဲ့သို့ ရွှေဈေးများလတ်တလောကာလ တွင် မြင့်တက်လာရခြင်းမှာ ကမ္ဘာ့ရွှေဈေးကွက် တွင် ဈေးနှုန်းများ အဆမတန် မြင့်တက်လာမှု ကြောင့်  တက်ရခြင်းဖြစ်သည်ဟု ရွှေလုပ်ငန်းရှင် တစ်ဦးက သုံးသပ်ပြခဲ့သည်။မြန်မာ့စီးပွားရေးလောကတွင် ပို့ကုန်သွင်း ကုန်လုပ်ငန်းရှင်များ အထူးသဖြင့် ပဲကုန်သည်များ သည် ပဲဈေးများ ဆက်တိုက်ကျဆင်းနေမှုကြောင့် ၂၀၁၁ ခုနှစ်အတွင်းက အိမ်ခြံမြေဈေးကွက်တွင် ဝင်ရောက်ကစားခဲ့ခြင်းဖြင့် ၎င်းတို့၏အရှုံးကို ထေ မိစေရန် ကြိုးစားခဲ့ကြသည်။"မနှစ်က တစ်နှစ်လုံး ပဲဈေးတွေက ဆက် တိုက်ဆိုသလိုကျနေတော့ ကျွန်တော့်လုပ်ငန်းမှာ လည်း ဆက်တိုက်ကို အရှုံးပေါ်နေတာ။ အဲဒါနဲ့ အိမ်ခြံမြေမှာ ဝင်ကစားလိုက်တာ အရှုံးကို ထေမိ တဲ့အပြင် အမြတ်အစွန်းလေးပါရလိုက်တာ၊ ကံ ကောင်းသွားတယ်လို့ ဆိုရမယ်" ဟု ပဲကုန်သည် တစ်ဦးက သူ၏ရင်းနှီးမြှုပ်နှံမှုအပေါ်တွင် အမြတ် အစွန်းရရှိအောင် လုပ်ဆောင်ခဲ့မှုနှင့်ပတ်သက်၍ ပြောပြခဲ့သည်။ထိုသို့ ကုန်သည်များ၏ ဈေးကစားမှုကြောင့် အိမ်ခြံမြေဈေးကွက်များ ကမောက်ကမဖြစ်ခဲ့ရပြီး နောက် ကာလအတန်ကြာ ငြိမ်သက်နေဆဲအချိန် တွင် မြန်မာ့ရွှေဈေးသည် ထင်မှတ်မထားသည့် ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လာခဲ့သည်။၂၀၁၁ ခုနှစ်၏ နောက်ဆုံးကာလဖြစ်သည့် ဒီဇင်ဘာလအတွင်းတွင်   မြန်မာ့ရွှေဈေးသည် အနည်းငယ်ကျရိပ်ဘက်သို့ ဦးတည်လာခဲ့သည်ကို တွေ့ရှိရသည်။ ထိုအချိန်က အိမ်ခြံမြေဈေးကွက် သည် အမြင့်ဆုံးဒီဂရီတက်သည့်အချိန်ကာလ တစ် ရပ်အဖြစ် ရပ်တည်လျက်ရှိရာ ရွှေဈေးကွက် ကျ နေချိန်တွင် စီးပွားရေးလုပ်ငန်းရှင်တချို့သည် အိမ် ခြံမြေဈေးကွက်တွင် ဝင်ရောက်ရင်းနှီးမြှုပ်နှံ ဈေး ကစားခြင်းဖြင့် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုပမာဏကို တိုးချဲ့ခဲ့ကြသည်။အိမ်ခြံမြေဈေးကွက်တွင်  အကျိုးအမြတ် များ အတိုင်းအတာတစ်ခုအထိ  ရရှိခဲ့ကြသည့် စီးပွားရေးလုပ်ငန်းရှင် တချို့၏ ဈေးကစားနေမှု ကြောင့် ယခုမြန်မာ့ရွှေဈေး မြင့်တက်နေရသည် ဟု တချို့သောသူများက သုံးသပ်လျက်ရှိကြသည်။ သို့သော်  ယင်းသုံးသပ်ချက်မှာ မှန်ကန်မှုမရှိ ကြောင်းကို ကမ္ဘာ့ရွှေဈေးကွက်က သက်သေပြခဲ့ သည်။ကမ္ဘာ့ရွှေဈေးကွက်သည် ယခု ၂၀၁၂ ခုနှစ် အစပိုင်းမှစတင်ကာ တရိပ်ရိပ်တက်လာခဲ့သည်။ ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၂၅ ရက်တွင် ကမ္ဘာ့ရွှေ ဈေးသည် တစ်အောင်စလျှင် ၁၆၆၆ ဒေါ်လာ သာရှိခဲ့ရာမှ ဇန်နဝါရီ ၂၆ ရက်တွင် ၁၇၁၁ ဒေါ်လာသို့ ခုန်တက်သွားခဲ့သည်။  ထိုအချိန်တွင် မြန်မာ့ရွှေဈေးသည် တစ်ကျပ်သားလျှင် ၇၁၈၅၀၀ ကျပ်မှ ၇၂၆၀၀၀ကျပ်သို့ တက်သွားခဲ့သည်။"ပြောရမယ်ဆိုရင် ပြီးခဲ့တဲ့ဇန်နဝါရီလကုန် ပိုင်းလောက်ကတည်းက ရွှေဈေးတက်တော့မယ် ဆိုတာ သိထားပြီးသားပါ။ ဒါပေမယ့် အခုလောက် အထိ  တက်လာလိမ့်မယ်လို့တော့ မထင်ပါဘူး။ အဲဒီအချိန်ကတည်းက နေ့တိုင်းလိုလို တက်နေခဲ့ တာ ကမ္ဘာ့ရွှေဈေးကိုကြည့်လိုက်လို့ တက်နေပြီ ဆိုရင်  မြန်မာ့ရွှေဈေးကိုလည်း ဈေးဖွင့်တာနဲ့ အတက်ပြလိုက်တာ။ အဓိကကတော့ မြန်မာ့ရွှေ ဈေးတက်တာ ကမ္ဘာ့ရွှေဈေးတက်လို့ပါ။ ကုန်သည် တွေ  ဝင်ပြီးဈေးကစားတယ်ဆိုရင်တော့  အခု လောက်အထိ တက်လို့မရပါဘူး"ဟု ရွှေလုပ်ငန်း ရှင်တစ်ဦးက သုံးသပ်ပြခဲ့သည်။ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ဒုတိယပတ်မှ နှစ်ကုန်သည်အထိ ကမ္ဘာ့ရွှေဈေး သည်တစ်အောင် စလျှင် ၁၅၇၅ ဒေါ်လာ ပတ်ဝန်းကျင်ခန့်သာ ရှိခဲ့ သော်လည်း ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ဒုတိယပတ် မှစတင်ကာ တက်ရိပ်သမ်းလာခဲ့သည်။ဇန်နဝါရီလမှစတင်တက်လာခဲ့သည့် ကမ္ဘာ့ ရွှွေဈေးသည် ဖေဖော်ဝါရီလ  တစ်လလုံးနီးပါး အတက်ကြမ်းခဲ့သည်ကို တွေ့ရှိရသည်။ ဖေဖော် ဝါရီ ၁ ရက်တွင် တစ်အောင်စလျှင် ၁၇၃၈ ဒေါ် လာသာရှိခဲ့သည့် ကမ္ဘာ့ရွှေဈေးသည် ဖေဖော် ဝါရီ ၂၉ ရက်တွင် ၁၇၈၉ ဒေါ်လာအထိ မြင့်တက်ခဲ့ သည်။ ထို့ပြင် ဖေဖော်ဝါရီ ၂၈ ရက်က တစ် အောင်စလျှင် ၁၇၆၉ ဒေါ်လာသာရှိခဲ့သော်လည်း ၂၉ရက်နေ့တွင် ၁၇၈၉ ဒေါ်လာအထိ တက်လာ ခဲ့ခြင်းကြောင့် တစ်ရက်အတွင်း ၂၀ ဒေါ်လာတက် ခဲ့ခြင်းမှာ ကမ္ဘာ့ရွှေဈေးကွက်တွင် ဝယ်လိုအားများ အဆမတန်  များပြားလာမှုကြောင့်ဖြစ်ရကြောင်း သုံးသပ်ပြခဲ့သည်။အမေရိကန်ဒေါ်လာဈေးနှုန်းများ ခိုင်မာမှု အားနည်းလာသည်နှင့်အမျှ ကမ္ဘာ့ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီကြီးများသည်  ဒေါ်လာထက် ရွှေကို ရင်းနှီး မြှုပ်နှံမှုပိုမို အားကောင်းကာ ဝယ်ယူနေမှုကြောင့်  ယခုကဲ့သို့ ကမ္ဘာ့ရွှေဈေးများ အဆမတန် မြင့်တက် နေရခြင်းဖြစ်သည်ဟု ရွှေလုပ်ငန်းရှင်တစ်ဦးက သုံး သပ်ပြခဲ့သည်။ထို့ပြင် အီရန်အရေးကိစ္စ၊ အီဂျစ်နိုင်ငံရေး ကိစ္စ၊ ဂရိကြွေးမြီအကျပ်အတည်းကိစ္စ၊ ဆီးရီးယား အရေးကိစ္စ စသည့် ကမ္ဘာ့နိုင်ငံတချို့၏ နိုင်ငံရေး မတည်ငြိမ်မှုများသည်လည်း ကမ္ဘာ့ရွှေဈေးကွက်ကို ထိခိုက်နိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ် ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးဝင်းမြင့်က သုံးသပ်ပြခဲ့သည်။"ကမ္ဘာ့ရွှေဈေးတက်ရင် မြန်မာ့ရွှေဈေးလည်း လိုက်တက်မှာပဲ။ အဓိက ကတော့ အမေရိကန် ဒေါ်လာဈေးကွက်က ငြိမ်နေပေမယ့် ကမ္ဘာ့နိုင်ငံ တချို့ရဲ့ နိုင်ငံရေး မတည်မငြိမ်ဖြစ်မှုတွေကြောင့် ကမ္ဘာ့စီးပွားရေးလုပ်ငန်းရှင်ကြီးတွေဟာ ခိုင်မာမှုမရှိ တဲ့ အမေရိကန်ဒေါ်လာအစား ခိုင်မာမှုရှိတဲ့ရွှေကို အလေးထားလာကြတယ်။  ရွှေဘက်ကိုလှည့်ပြီး ဈေးကစားလာကြတယ်။ အဲဒီလို ဈေးကစားလာ တွေကြောင့် ကမ္ဘာ့ရွှေမှာ ဝယ်လိုအားတွေ များလာ တယ်။ ဒါကြောင့် ကမ္ဘာ့ရွှေဈေးတက်လာရတာပါ။ မြန်မာနိုင်ငံမှာလည်း ဒေါ်လာဈေးကွက်က ငြိမ် ချက်သားကောင်းနေပေမယ့် အခုလို ကမ္ဘာ့ရွှေဈေး တက်ရင် မြန်မာ့ရွှေဈေးကလိုက်တက်မှာပဲ။ ဒါပေ မယ့် တစ်ချိန်မှာတော့ ပြန်ကျမှာပါ။ ဒါမျိုးဟာ အကြာကြီးဖြစ်မနေပါဘူး"ဟု သုံးသပ်ပြခဲ့သည်။ယခုဆောင်းပါးရေးနေချိန်တွင် ကမ္ဘာ့ရွှေ ဈေးသည် ရုတ်ချည်းဆိုသလို ပြုတ်ကျလာခဲ့သည်။ ဖေဖော်ဝါရီ ၂၉ရက်က တစ်အောင်စလျှင် ၁၇၈၉ ဒေါ်လာရှိခဲ့ရာမှ မတ် ၁ရက်တွင် ၁၇၂၃ ဒေါ်လာ သို့ ပြန်လည်ကျဆင်းလာခဲ့သည်။ မတ် ၂ရက် တွင်လည်း ကမ္ဘာ့ရွှေဈေးသည် ၁၇၁၇ ဒေါ်လာသို့ ကျဆင်းလာခဲ့သည်။ကမ္ဘာ့ရွှေဈေးကျဆင်းလာမှုနှင့်အတူ မြန်မာ့ ရွှေဈေးသည်လည်း ကျဆင်းလာခဲ့သည်။ ဖေဖော် ဝါရီ ၂၉ ရက်က အခေါက်ရွှေ တစ်ကျပ်သားလျှင် ၇၆၀၀၀၀ ကျပ်ရှိခဲ့ရာမှ မတ် ၁ရက်တွင် ၇၄၉၀၀၀ ကျပ်သို့ ကျဆင်းလာခဲ့သည်။ ထို့ပြင် ဆက်တိုက် ကျဆင်းလာခဲ့ရာ မတ် ၂ ရက်တွင် မြန်မာ့ရွှေဈေး သည် ၇၄၂၀၀၀ ကျပ်သို့ ကျဆင်းလာခဲ့သည်ကို တွေ့ရသည်။"ရွှေဈေး  ပြန်ကျလာပြီဆိုတော့ ဝယ်လို အားထက် ရောင်းလိုအားက ပိုများလာတယ်။ ရွှေ ကို ဝယ်ရောင်းလုပ်နေတဲ့သူတွေက ဈေးအတက် ကို စောင့်နေကြတယ်။ ပြီးတော့  ဈေးနည်းနည်း လေးကျတာနဲ့ ပြန်ရောင်းကြတော့တာ။ ဝယ် မယ့်သူတွေကလည်း ဈေးထပ်ကျဦးမလားဆိုပြီး စောင့်နေကြတော့ အဝယ်ထက်  အရောင်းက ပိုများလာတယ်"ဟု အောင်သမာဓိရွှေဆိုင်မှ တာ ဝန်ရှိသူတစ်ဦးက ပြောသည်။အတက်အကျ မြန်လှသည့် မြန်မာ့ရွှေဈေး ကွက်သည် နှစ်လအတွင်း ကျပ်ရှစ်သောင်းနီးပါးမျှ တက်လာခဲ့သော်လည်း ယင်းပမာဏအတိုင်း ပြန် ကျရန်အလားအလာမှာ အနည်းငယ်သာ ရှိလိမ့် မည်ဟု ထင်မြင်မိပါကြောင်း။