အခွန်ရငွေကိုဂရုစိုက်ကြ၏ အစိုးရ တစ်ရပ်တွင် ရငွေနှင့် အသုံးစရိတ်များရှိသည်။ ရငွေဖြင့်နိုင်ငံ အတွက်လိုအပ်သောအသုံးအစွဲများပြု လုပ်ရသည်။ ဗဟိုမှချုပ်ကိုင်၍စီမံကိန်း ချဆောင်ရွက်ရသည့် စီးပွားရေးစနစ်မျိုး တွင် နိုင်ငံသူနိုင်ငံသား ပြည်သူ အားလုံး ၏ အရေးကိစ္စမှန်သမျှ ဖြည့်ဆည်း ပေးရန် အစိုးရ၏ တာဝန်ဖြစ်ရာ အသုံးအစွဲ ငွေကြေးပမာဏပိုမိုများပြား သည်။ အစိုးရ တစ်ရပ်အနေဖြင့် ရငွေ ကိုသင့်လျော်သောနည်းလမ်းမျိုးစုံဖြင့် ရှာဖွေကြရသည်။ ဈေးကွက်စီးပွားရေး စနစ်တွင်မူ အစိုးရသည်စီးပွားရေးအ ဆောက်အအုံအတွင်းရှိ အရာရာကို မ ထိန်းချုပ်၊ ဝင်ရောက်ပတ်သက်ခြင်းမရှိ တော့ပေ။ သို့သော်လည်းဈေးကွက်မှ မဖြည့်ဆည်းနိုင်သည့် အရေးအရာများ သည် အစိုးရ၏တာဝန်သာဖြစ်သည်။ နိုင်ငံတော်ကာကွယ်ရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် အေးချမ်းသာယာရေးနှင့် သက်ဆိုင်သည့်လုပ်ငန်းများ၊ ကျယ်ပြန့် လှသောလူမှုရေးလုပ်ငန်းများ၊ မရှိမဖြစ် သောအများနှင့်ဆိုင်သည့်ဝန်ဆောင်မှု လုပ်ငန်းများ၊ တိုင်းပြည်စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေးအတွက် ပံ့ပိုးဆောင်ရွက် ပေးရမည့်လုပ်ငန်းများစသဖြင့် နယ်ပယ် စုံတွင်အစိုးရတစ်ရပ်တာဝန်ရှိ၊ တာဝန် ယူရမည့် အခြေအနေက ကျယ်ဝန်း သည်။ ထို့ကြောင့် အသုံးစရိတ်များ အတွက် ရငွေကို အာရုံစိုက်ရသည်မှာ သဘာဝဖြစ်သည်။ အစိုးရ၏ ရငွေတွင် သာမန် ရငွေနှင့် ငွေလုံးငွေရင်းရငွေဟူ၍ခွဲခြား ထားသည်ကိုတွေ့ရသည်။ ထိုရငွေအ မျိုးအစား (၂) မျိုးတွင်ပုံမှန်သဘောမ ရှိသော၊ (သို့မဟုတ်) အတိုးနှင့်တကွပြန် လည်ပေးဆပ်ရသော ငွေလုံးငွေရင်းရ ငွေထက်ဥပဒေအညီပုံမှန်ရပြီး အများ ပြည်သူအားလုံးနှင့် သက်ဆိုင်သည့် သာမန်ရငွေမှာပို၍အရေးပါသည်။ စိတ် ဝင်တစား ဆွေးနွေးစရာလည်း များ၏ သာမန်ရငွေသည်သေချာသော ရငွေ ဖြစ်ပြီးအခွန်အပါအဝင်၊ ထည့်ဝင်ကြေး များ၊ အခွန်တော်နှင့် အခငွေများ၊ ထောက်ပံ့ကြေးများ၊ အလှူငွေများနှင့် အခြားသော ရငွေများစွာ ပါရှိသည်။ အခွန်ရငွေနှင့် ပတ်သက်၍အစိုးရတိုင်း က ဂရုတစိုက်ရှိကြသည်။အခွန်အကြောင်းများကိုလည်း လေ့လာ သင့်၏ အခွန်ကို ပြည်သူများက အစိုးရ သို့ ဥပဒေနှင့် အညီ မပေးမနေရပေး ဆောင်ရသောငွေကြေးဟုအဓိပ္ပါယ် ဖွင့်လေ့ရှိကြသည်။ နိုင်ငံအစိုးရတို့အနေ ဖြင့် တစ်နိုင်ငံလုံးရှိ အများပြည်သူတို့ နှင့်သက်ဆိုင်သမျှ၊ လိုအပ်သမျှဆောင် ရွက်ပေးမည်ဟူသော ရည်ရွယ်ချက်များ ဖြင့်ဥပဒေနှင့်အညီကောက်ခံသဖြင့် နိုင်ငံသူ နိုင်ငံသားများသည် လည်း ဥပဒေနှင့်အညီပေးဆောင်ရန်လိုသည်။ အခွန်တွင် အမျိုးအစားအားဖြင့် (၂) မျိုးရှိပြီး တိုက်ရိုက်ခွန်နှင့် သွယ်ဝိုက်ခွန် ဟူ၍ဖြစ်သည်။ တိုက်ရိုက်ခွန် မှာ လူပုဂ္ဂိုလ် (သို့မဟုတ်) လုပ်ငန်းများ ပေါ် တွင် စည်းကြပ်သည့် အခွန် ဖြစ်ပြီး ဝင်ငွေခွန်၊ လက်ဆောင်ခွန်၊ အမွေခွန်၊ အရင်းတန်ဖိုးခွန်၊ ပစ္စည်းခွန်စသဖြင့် အမည် အမျိုးမျိုးဖြင့် ရှိသည်ကို တွေ့ရ သည်။ဝင်ငွေခွန်သည်အဓိကတိုက်ရိုက် ခွန်အမျိုးအစားဖြစ်ပြီး ၎င်းတွင်အမြတ် ခွန်၊ ကော်ပိုရေးရှင်းခွန်၊ အတိုးနှင့်ငှားခ တို့ အပေါ်စည်းကြပ်သော အခွန်များ လည်း အကျုံးဝင်သည်။ တိုက်ရိုက်ခွန် ကြောင့် ဖြစ်ပေါ်လာသော အခွန်ဝန် ထုပ်ဝန်ပိုးများကို အခြားပုဂ္ဂိုလ်များ၊ လုပ် ငန်းများသို့ လွှဲပြောင်း၍မရနိုင်ပေ။ သွယ်ဝိုက်ခွန်မှာ ကုန်စည် နှင့် ဝန်ဆောင်မှုများ ပေါ်တွင် စည်းကြပ် သည့်အခွန်ဖြစ်ပြီး ၎င်း ဝန်ထုပ်ဝန်ပိုးကို အခြားသူများထံသို့ ပြောင်းရွှေ့နိုင် သည့်သဘာဝရှိသည်။ အများဆုံးတွေ့ ရသောသွယ်ဝိုက်ခွန်များမှာ ရောင်းခွန်၊ ကုန်စည်လက်ပြောင်းခွန်နှင့် ထပ်ဆင့် တိုးတန်ဖိုးခွန်တို့ဖြစ်ပြီး ကုန်သွယ်မှုများ ပေါ်တွင်ကောက်ခံသောအခွန်အမျိုး အစားများလည်း ပါဝင်သည်။ သွယ် ဝိုက်ခွန်သည် ကုန်စည်နှင့်ဝန်ဆောင် မှုများအပေါ်တွင် စည်းကြပ်ကောက်ခံ သဖြင့် စားသုံးသူတို့အပေါ်ပြောင်းရွှေ့ နိုင်သဖြင့် အများပြည်သူတို့၏နေ့စဉ် ဘဝကိုတိုက်ရိုက်သက်ရောက်မှုရှိ တတ် သည်။ အားနည်းချက်များနှင့် အား သားချက်များကိုတိုက်ရိုက်ခွန်နှင့် သွယ် ဝိုက်ခွန် ၂ မျိုးလုံးတွင်တွေ့ရသည်။ တိုက်ရိုက်ခွန်၏ အားသာချက်မှာအခွန် ထမ်းဆောင်မည့်လူပုဂ္ဂိုလ် (သို့) လုပ် ငန်းများကိုအတိအကျသိရှိသောကြောင့် အခွန်ရှောင်တိမ်းမှုကိုကာကွယ်နိုင်ခြင်း နှင့် နိုင်ငံတော်အစိုးရ၏ဝင်ငွေမညီမျှ မှုကျဆင်းရေးရည်မှန်းချက်ကို အတိုင်း အတာတစ်ခုအထိအကောင်အထည် ဖော်နိုင်ခြင်းတို့ဖြစ်သည်။ အားနည်း ချက်မှာမူ သတင်းအချက်အလက်အတိ အကျသိရှိရန် မလွယ်ကူသောကြောင့် အခွန်ကောက်ခံရမည့်ပမာဏကို တိတိ ကျကျမစည်းကြပ်နိုင်ခြင်းဖြစ်သည်။ ထို့ အတူ သွယ်ဝိုက်ခွန်တွင်လည်း အားသာ ချက်များနှင့် အားနည်းချက်များ ရှိ သည်။ သွယ်ဝိုက်ခွန်ကြောင့် ကုန်စည် များဝယ်ယူရောင်းချမှုတွင် ချက်ချင်း သက်ရောက်မှုရှိသဖြင့် ဈေးကွက်ကို ထိန်းကျောင်းရန် လိုအပ်သည့်အခါ ထိရောက်သောကိရိယာအဖြစ်အသုံး ပြုနိုင်ခြင်းသည်အားသာချက်ဖြစ်သည်။ အားနည်းချက်မှာ အခွန်ဝန်ထုပ်ဝန်ပိုး ကြောင့် ဈေးနှုန်းများ မြင့်မားမှုဒဏ်ကို ဝင်ငွေနိမ့် စားသုံးသူများ ခံရခြင်းဖြစ် သည်။အခွန်စနစ်ကိုလည်းဂရုစိုက်သင့်၏ ပြည်သူ့ ဘဏ္ဍာရေး ဘာသာရပ် တွင် အခွန်သည် ကျယ်ဝန်းသော ဘာသာရပ်ခွဲ တစ်ခုဖြစ်သည်။ ပညာရှင် တို့၏ရှုထောင့်အသီးသီးမှလေ့လာထား သောအယူအဆများ၊ သီအိုရီများကိုစာ တမ်းများနှင့် စာစောင်များစွာတွင် လေ့ လာဖတ်ရှုနိုင်သည်။ မည်သို့ပင် အယူ အဆများ၊ သီအိုရီများ များပြားလာစေ ကာမူ အခွန်သည် အစိုးရတစ်ရပ်၏ ရငွေရရှိရေးကောက်ခံရသည့် ငွေကြေး တစ်ရပ်အတွက် အမည်တပ်ထားခြင်း ဖြစ်သည်။ အခွန်စနစ်သည် အစိုးရ ရငွေ အတွက် အသုံးပြုသည့် စည်းကမ်း နည်းလမ်းဝါဒ သဘောတရားပင် ဖြစ် သည်။ "စနစ်"ကာင်းမွန်မှုသည် အခြေ ခံထားသည့် အချက်အလက်များ ပေါ် မူတည်သည်။ အခွန်ရငွေ ပြည့်ပြည့်၀၀၊ မှန်မှန်ကန်ကန်၊ စဉ်ဆက်မပြတ် ရရှိ ရေးအတွက်အခွန်စနစ်ကောင်းမွန်မှုသည် အရေးကြီး၏။ အခွန်ကောက်ခံရာတွင် ကောက်ခံ သည့်အစိုးရနှင့် အခွန်ပေးဆောင်ရ သည့် ပြည်သူ နှစ်ဖက်သမမျှတ သဟ ဇာတ ဖြစ်စေရန်ပညာရှင်များ ထောက် ပြထားသော အခြေခံမူများစွာရှိသည်။* အခွန်သည် တရားမျှတမှုရှိရ မည်။* အခွန်နှင့် ပတ်သက်၍ တိကျ သေချာရမည်။* အခွန်ကောက်ခံမှုတွင် အဆင် ပြေရမည်။* အခွန်ကောက်ခံမှုတွင် စရိတ် စကသက်သာရမည်။ အထက်ပါ အခြေအနေများ သည် ကောင်းမွန်သော အခွန်စနစ် တစ်ရပ် အတွက် လိုက်နာသင့်သော အခြေခံ မူများဟု ယေဘုယျဆိုနိုင်သည်။ အခွန် စနစ်အတွင်းရှိ အခွန် အမျိုးအစားများ၊ အခွန်စည်းကြပ်မှုပုံ သဏ္ဏာန်များကိုလည်း ကျွမ်းကျင်သူ ပညာရှင်များအကူအညီဖြင့် ရွေးချယ် ကျင့်သုံးရန်လိုသည်။ အခွန်စည်းကြပ်မှု ပုံသဏ္ဍန်တွင်ရှိသည့် နှုန်းတိုးခွန်၊ အချိုး တူခွန်၊ နှုန်းလျှော့ခွန်ဟူ၍ရှိရာ သင့် လျှော်မည့်အခွန်စည်းကြပ်မှု ပုံသဏ္ဏာန် ကို စီးပွားရေးအဆောက်အအုံအတွင်း ဖြစ်ပေါ်နေသောအခြေအနေများနှင့် လိုက်လျောညီထွေစွာအသုံးပြုတတ်ရန် လည်းလိုသည်။'အရှောင်'င့်'အဆောင်' စွမ်းအား တို့ကိုလည်း မျက်ခြည်မပြတ်ကြည့် သင့်၏ 'အရှောင်'ဆိုသည်မှာ အခွန် ရှောင် ခြင်းဆိုလိုပြီး 'အဆောင်'ဆိုသည် မှာအခွန်ထမ်းဆောင်ခြင်းဖြစ်သည်။ ယခုမြန်မာနိုင်ငံကျင့်သုံးနေသောဈေး ကွက်စီးပွားရေးစနစ်တွင် အခွန်စနစ် သည်အရေးကြီး၏။ အခွန်ရငွေပမာဏ မှာလည်းအရေးပါ၏။ အခွန်ရငွေနှင့် ပတ်သက်၍အကဲခတ်ရာတွင်မြန်မာ နိုင်ငံသည်အခြားနိုင်ငံများနှင့် နှိုင်းယှဉ် ပါကအလွန်အမင်းနိမ့်ပါးလျက်ရှိသည်။ 'စနစ်'ကြောင့်လည်းဖြစ်နိုင်၏။ အခွန်ငွေ ကောက်ခံသူနှင့် အခွန်ငွေထမ်းသူ 'လူ များ}ကြောင့်လည်း ဖြစ်နိုင်ခြေရှိ၏။ စနစ်ကောင်းမွန်သည့်တိုင ်လူမကောင်း ၍ မအောင်မြင်ခဲ့ရသည့် အတွေ့အကြုံ များလည်း ဖတ်မှတ်ခဲ့ဖူးသည်။ အခွန် ရှောင်သူများ၊ အခွန်ရှောင်နိုင်သည့် အနေအထားများ၊ အခွန်ထမ်းနိုင်သည့် သူများ၊ အခြေအနေများကို လေ့လာ သင့်သည်။ အခွန်စနစ်၏ အားနည်းမှု အခွန်ဌာန ဝန်ထမ်းများ၏ ဝင်ငွေ လစာနိမ့်ခြင်း၊ စားဝတ်နေမှု ဖူလုံမှု မရှိခြင်း စသည့်အခြေအနေများကို ကျွမ်းကျင်စွာအသုံးချ၍ အခွန် ရှောင် ကွင်းခြင်း၊ ပေးသင့်သည့် ပမာဏထက် များစွာ လျှော့ချ၍ ပေးဆောင်ခြင်းများ လည်းရှိသည်။ အခွန်ရှောင်နိုင်စွမ်းကို သာမက၊ အခွန်ဆောင်နိုင်စွမ်းအခြေ အနေတို့ကိုပါ လေ့လာမှုများပြုလုပ်၍ မျက်ခြည်မပြတ်စောင့်ကြည့်သင့်သည်။အခွန်သာလျှင်ဖြစ်ပါစေ အခွန်သည် ပြည်သူပြည်သား များအားလုံးနှင့် သက်ဆိုင်သည့် အရေး အရာကိစ္စများ အတွက် လိုအပ် သောအစိုးရအသုံးစရိတ်ရရှိရာပင်မ ဇာစ်မြစ်ဖြစ်ရာနိုင်ငံသူနိုင်ငံသားအား လုံးပေးရန်တာဝန်ရှိသည်။ သင့်လျော် သော အခွန်အမျိုးအစား၊ လျော်ညီမည့် စည်းကြပ်မှု ပုံသဏ္ဏာန်၊ ညီညွှတ်မျှတ သောအခြေခံမူများဖြင့်ဆောင်ရွက်နိုင် မှသာ 'အခွန်' ဟု ဆိုနိုင်မည်ဖြစ်သည်။ နိုင်ငံတော်အစိုးရသည်လည်း ရသင့်ရ ထိုက်သည့် ငွေပမာဏ မရ၊ အခွန် ထမ်းနေရသည့် ပြည်သူများမှာလည်း အခွန်ဝန်ပိ၊ သောကနှင့်ရှိနေပါက 'အခွန်' ဟူသောအရာကို 'အခွန်'ဟု မဆိုနိုင်တော့၊ အစိုးရနှင့်ပြည်သူ့ အသုံး စရိတ်များအတွက် အရေးပါသော သာမန်ရငွေ ဇာစ်မြစ်၊ ပြည်သူ့ဘဏ္ဍာ ရေးဘာသာရပ်ကြီးထဲရှိ အများစိတ်ဝင် စားသည့် 'အခွန်'ဆိုသည့် အရာမဟုတ် တော့ပေ။
Background