Main menu

Background

ဖေဖော်ဝါရီလအတွင်း ထိုင်း၊ ဗီယက်နမ်ဆန်တင်ပို့မှု လျော့ကျပေမယ့် မြန်မာ့ဆန်တင်ပို့မှု ယခင်နှစ်ထက်ပို

Tue, 03/13/2012 - 06:26 -- Anonymous (not verified)

ထိုင်းဆန်တင်ပို့မှု ၄၂ ရာခိုင်နှုန်းကျဆင်းနိုင်ငံတကာဆန်ဈေးကွက်မှာ ရောင်းချမှု များခြင်းနဲ့ ဈေးနိမ့်ကျနေခြင်းတို့ကြောင့် ယခုနှစ် အတွင်း ထိုင်းဆန်တင်ပို့မှုဟာ မနှစ်ကနဲ့ယှဉ်ရင် သိသိသာသာ ကျဆင်းနေပါတယ်။  ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်အထိ ဆန်တင်ပို့မှုဟာ တန် ချိန် ၄၆၅၀၈၁ သာရှိပြီး ယခင်နှစ် ဖေဖော်ဝါရီ လမှာ တန်ချိန် ၈၂၈၆၂၉ တင်ပို့မှုနဲ့ယှဉ်ရင် ၄၁ ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရပါ တယ်။ ဒါပေမယ့် အိန္ဒိယမှ သင်္ဘောတင်ပို့မှု မလုံ လောက်တဲ့အတွက် နိုက်ဂျီးရီးယားမှ ထိုင်းဆန် အဝယ်ရှိလာလို့ ဖေဖော်ဝါရီလကုန်မှာ တန်ချိန် ၅၈၆၄၀၀ ထိ တင်ပို့နိုင်မယ်လို့ မျှော်လင့်ထားပါ တယ်။ ထိုင်းနိုင်ငံရဲ့  ပထမနှစ်လအတွင်း စုစု ပေါင်းတင်ပို့မှုဟာ ယခင်နှစ် ကာလတူနဲ့ယှဉ်ရင် ထက်ဝက်ကျဆင်းပါတယ်။ ယခုနှစ် ဇန်နဝါရီလမှ ဖေဖော်ဝါရီ ၂၃ ရက်အထိ ဆန်တန်ချိန် စုစုပေါင်း ၈၂၅၆၂၉ တင်ပို့ထားလို့ ယခင်နှစ်ထက် ၅၀ ဒသမ ၄ ရာခိုင်နှုန်းကျဆင်းကြောင်း သိရပါတယ်။ဗီယက်နမ်ဆန်တင်ပို့မှု ၄၃ ရာခိုင်နှုန်း ကျဆင်းဗီယက်နမ်နိုင်ငံရဲ့ ဆန်တင်ပို့မှုမှာ ဖေဖော် ဝါရီလအတွင်း ဆန်တန်ချိန် ၃၄၇၉၁၆ တင်ပို့ ထားလို့ ဇန်နဝါရီလ တင်ပို့မှုထက် ၂၅ ရာခိုင်နှုန်း ပိုမိုပေမယ့် ယခင်နှစ် ဖေဖော်ဝါရီလ တင်ပို့ခဲ့တဲ့ ပမာဏထက် တန်ချိန် ၂၆၆၇၅၆ (၄၃ ရာခိုင် နှုန်း)ကျဆင်းခဲ့တယ်လို့သိရပါတယ်။ FOB ပျမ်းမျှ ဆန်တင်ပို့ဈေးဟာ ဇန်နဝါရီလမှာ တစ်တန် ကန် ဒေါ်လာ ၅၅၀ ရှိရာမှ ဖေဖော်ဝါရီလမှာ ကန် ဒေါ်လာ ၄၈၈ ကို ကန်ဒေါ်လာ ၆၂ ကျဆင်း ခဲ့ပါတယ်။ ယခင်နှစ် ဖေဖော်ဝါရီလ FOB ပျမ်းမျှ ဈေး ကန်ဒေါ်လာ ၄၇၉ ထက်တော့ အနည်းငယ် ပိုမိုခဲ့ပါတယ်။ ယခုနှစ်လက်ရှိအချိန်ထိ ဗီယက်နမ် ဟာ ဆန်တန်ချိန် ၆၂၇၁၈၂ တင်ပို့ပြီးလို့ ယခင် နှစ်ကာလတူတင်ပို့ခဲ့တဲ့ တန်ချိန် ၁ သန်းနဲ့ယှဉ်ရင် ၄၀ ရာခိုင်နှုန်းခန့်လျော့ကျကြောင်း သိရပါတယ်။မြန်မာဆန်တင်ပို့မှုမှာ ယခင်နှစ်ထက် ၈ ရာခိုင်နှုန်းပိုမိုမြန်မာနိုင်ငံမှ ဆန်တင်ပို့မှုဟာ ပင်လယ်ရေ ကြောင်းမှ တင်ပို့မှုလျော့ကျပေမယ့် နယ်စပ်ကုန် သွယ်မှုမှတစ်ဆင့် တရုတ်ကို တင်ပို့မှုအားကောင်း တာကြောင့် ၂၀၁၂ ဖေဖော်ဝါရီလ စုစုပေါင်း ပြည်ပဆန်တင်ပို့မှုဟာ တန်ချိန် ၈၄၀၀၀ ကျော်ရှိ လို့ ယခင်နှစ်ကာလတူတင်ပို့ခဲ့တဲ့ တန်ချိန် ၇၇၀၀၀ ကျော်ထက် ၈ ရာခိုင်နှုန်းခန့် ပိုမိုကြောင်း သိရပါ တယ်။ ၂၀၁၂ ခုနှစ် ဇန်နဝါရီလတင်ပို့မှုမှာ တန်ချိန် ၃၂၀၀၀ ကျော်သာရှိလို့  ယခင်နှစ် ဇန်နဝါရီလ တင်ပို့ခဲ့တဲ့ တန်ချိန် ၈၅၀၀၀ ကျော်နဲ့ယှဉ်ရင် ၆၂ ရာခိုင်နှုန်းခန့် လျော့ကျခဲ့ကြောင်း  သိရပါတယ်။ ယခုနှစ် ပထမနှစ်လအတွင်း ပင်လယ်ရေကြောင်း နဲ့ နယ်စပ်ပေါင်း၊ စုစုပေါင်း တန်ချိန် ၁၁၀၀၀၀ ကျော်တင်ပို့ထားနိုင်ပြီး  ပင်လယ်ရေကြောင်းက ဧည့်မထ ၂၅ မှတ် ပျမ်းမျှ ဆန်တင်ပို့မှုမှာ တစ်တန် ကန်ဒေါ်လာ ၃၂၅-၃၄၀ ဖြစ်ပြီး၊ နယ်စပ်ကုန်သွယ် မှုမှာ မူဆယ် FOB ဧည့်မထ ၂၅ မှတ်ဆန်ဈေးမှာ ကန်ဒေါ်လာ ၃၉၅-၄၀၅ နဲ့ ရောင်းဝယ်ကြောင်း သိရပါတယ်။ယခုနှစ် ဖေဖော်ဝါရီလအတွင်း မြန်မာနိုင်ငံ ဆန်တင်ပို့မှုက ယခင်နှစ်ကာလတူနဲ့ယှဉ်ရင် တိုး ပေမယ့် ကမ္ဘာ့ထိပ်တန်းတင်ပို့တဲ့ ထိုင်း၊ ဗီယက် နမ်တို့ကတင်ပို့တဲ့ ဆန်တန် ၃-၄ သိန်းနဲ့ယှဉ်ရင် တော့ များစွာလျော့နည်းနေသေးတာ တွေ့ရပါ တယ်။ ယခု သီတင်းပတ်အတွင်းမှာပဲ အိန္ဒိယ ဆိပ်ကမ်းတင်ပို့မှုအားနည်းလို့ ဝယ်လက်အချို့က ထိုင်းနဲ့ ဗီယက်နမ်ဆန်ကို ပြောင်းလဲဝယ်ယူမှုတွေ ရှိလာလို့ ယခုလအတွင်း ယင်းနိုင်ငံတွေက ဆန် တင်ပို့မှု တိုးတက်လာဖွယ်ရှိနေပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံအနေနဲ့လည်း ဈေးနှုန်းတစ်မျိုးသာ ယှဉ် ပြိုင်နိုင်ယုံမက   အရည်အသွေးနဲ့   ဆိပ်ကမ်း အဆောက်အအုံ၊ သင်္ဘောတင်ပို့မှုအပိုင်းမှာလည်း မြှင့်တင်ရေး အလေးထားရှိရမှာဖြစ်ကြောင်းပါ။Source: oryza.com