Main menu

Background

နိုင်ငံတော်အရန်ဆန် ဝယ်ယူတဲ့ခရီး ဘယ်အထိ ပေါက်ပြီလဲ

Fri, 03/23/2012 - 07:07 -- Anonymous (not verified)

နိုင်ငံတိုင်းမှာ စားနပ်ရိက္ခာဖူလုံဖို့ အလေးထားလာ            တိုးတက်လာနေတဲ့ ကမ္ဘာ့လူဦးရေ၊ ပြောင်းလဲနေတဲ့ ရာသီဥတု၊ လျော့ကျ နေတဲ့ သဘာဝရေ၊ မြေအရင်းအမြစ် များကြောင့် တစ်နေ့တခြားဆိုသလို ကမ္ဘာ့စားနပ်ရိက္ခာပြတ်လပ်နိုင်မှုရဲ့ ခြိမ်းခြောက်မှုကို ယနေ့ ကမ္ဘာ့နိုင်ငံတိုင်း က ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်ဖို့ ပြင်ဆင်နေ ကြရပါတယ်။ ဒီလိုပြင်ဆင်နေကြရာမှာ စားနပ်ရိက္ခာ တင်သွင်း နိုင်ငံတွေကလည်း မိမိတို့ ပြည်တွင်းဖူလုံဖို့ အတွက်  ရှိတဲ့အရင်းအမြစ်ကို အခြေခံပြီး ထုတ် လုပ်မှုတိုးမြှင့်အောင် ဆောင်ရွက်ရင်းနဲ့ပဲ ပြည်ပက စားနပ်ရိက္ခာ တင်သွင်းနေရ ဆဲ ဖြစ်သလိုစားနပ်ရိက္ခာ တင်ပို့နိုင်ငံတွေ အနေနဲ့လည်း ပြည်ပတင်ပို့ခြင်းမှ ဝင်ငွေ တိုးပွားအောင် ကြိုးစားရင်းနဲ့ပဲ ပြည် တွင်း စားနပ်ရိက္ခာဖူလုံဖို့၊ ထုတ်လုပ်တဲ့ တောင်သူတွေ အကျိုးအမြတ်ရဖို့ကို အလေးထားလာနေကြတာတွေ့ရပါတယ်။ထုတ်လုပ်မှုတိုးတက်အောင် တောင်သူတွေ အကျိုးအမြတ်ရရှိရေး ထိုင်းနိုင်ငံက စပါးအပေါင်ခံ    ဒီအထဲမှာမှ ကမ္ဘာ့လူဦးရေရဲ့ သုံးပုံ နှစ်ပုံခန့် အဓိကစားသုံးတဲ့ ဆန်စပါး ကဏ္ဍမှာ ကမ္ဘာ့ထိပ်တန်း ဆန်တင်ပို့ နိုင်ငံတွေရဲ့ အနေအထားကို တင်ပြ ချင်ပါတယ်။ ကမ္ဘာ့နံပါတ်တစ် ဆန် တင်ပို့သူ ထိုင်းနိုင်ငံဟာ တစ်နှစ်ကို ဆန်တန်ချိန် ၁၀ သန်း ဝန်းကျင် တင် ပို့ခြင်းဖြင့် ကမ္ဘာ့ ဆန်ကုန်သွယ်မှု တန်ချိန် သန်း ၃၀ ရဲ့ အဓိကနေရာမှာ ပါဝင်နေပါတယ်။ ဒီလိုထိပ်တန်းနေရာ ရဖို့ ထိုင်းနိုင်ငံ ဟာ ပြည်တွင်း ထုတ်လုပ် မှု တိုးမြှင့် အောင် ဆောင်ရွက်တဲ့နေရာ မှာ လက်မှုလယ်ယာကနေ စက်မှုလယ် ယာ စနစ်ကို ကူးပြောင်းဖို့ ကြိုးစားခဲ့ သလို တောင်သူတွေ အကျိုးအမြတ် မနစ်နာစေရအောင်လည်း အစိုးရ ကြားဖြတ်ဆောင်ရွက်မှုကို ၂၁ ရာစု အစောပိုင်းကတည်းက ဆောင်ရွက် လာခဲ့ပါတယ်။ ၂၀၁၁ ခုနှစ် စက်တင် ဘာလမှာ ဝန်ကြီးချုပ် ရင်လတ်ရှင်နာဝါ ရတ်ခေါင်းဆောင်တဲ့ ပြူထိုင်းပါတီ လက်ထက်မှာလည်း ဈေးကွက်ပေါက် ဈေးထက် တစ်ဆခန့် ပိုတဲ့ဈေးနဲ့သတ် မှတ်ပြီး  မိုးစပါးဝယ်ယူမှုကို အောက်တို ဘာလ ၇ ရက်ကနေ ဖေဖော်ဝါရီလ ကုန်အထိ ဝယ်ယူခဲ့သလို လက်ရှိ ရိတ် သိမ်းနေပြီဖြစ်တဲ့ နွေစပါးကိုလည်း မတ်လက စတင် ဝယ်ယူနေပြီဖြစ်ပါ တယ်။ထိုင်းအပေါင်ခံအစီအစဉ်ကြောင့် ဆန်တင်ပို့မှု ကျဆင်းပေမဲ့ တောင်သူများ ဝင်ငွေပိုရလို့ ကျေနပ်    ဒီလို ဝယ်ယူ အပေါင်ခံတဲ့အခါမှာ အစိုးရက တောင်သူတွေရဲ့ ဝင်ငွေမြင့် မားအောင်နဲ့ လူနေမှုဘ၀ အဆင့် အတန်း မြင့်မားအောင် ရည်ရွယ်ပြီး နိုင်ငံတော်ငွေ ကုန်ကျခံပြီးဈေးကွက် ပေါက်ဈေးထက် တစ်ဆလောက်ပိုတဲ့ ဈေးနဲ့ ဝယ်ယူစေခဲ့ပါတယ်။ ပြီးခဲ့တဲ့ မိုးစပါး ရာသီမှာ စပါးတန် ၁၀ သန်း အတွက် ဘတ်ငွေ ၄၀၀ ဘီလီယံ (ကန် ဒေါ်လာ ၁၃ ဒသမ ၀၂ ဘီလီယံ)သုံးစွဲ ဖို့ ရည်မှန်းခဲ့ပေမဲ့ စပါး တန်ချိန် ၆သန်း ကျော်အတွက်ဘတ်ငွေ ၁၄၀ဘီလီယံ (ကန်ဒေါ်လာ ၄ဒသမ ၅၆ ဘီလီယံ ) ကုန်ကျခဲ့ပြီး လက်ရှိနွေစပါးကိုလည်း မတ်လမှ ဇွန်လကုန်အထိ စပါးပမာဏ ကန့်သတ် မထားဘဲ ဘတ်ငွေ ၁၂၀ ဘီလီယံ(ကန်ဒေါ်လာ ၃ ဒသမ ၃၁ ဘီလီယံ)  သုံးစွဲဖို့ လျာထားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ မိုးစပါးဝယ်ယူမှု မှာ ဈေးနှုန်းမြင့်နဲ့ အပေါင်ခံခဲ့လို့ တောင်သူတွေ အကျိုးအမြတ်ရှိခဲ့ပေမဲ့ လည်း မနှစ်က အောက်တိုဘာမှာ အဆိုးဝါးဆုံးရေလွှမ်းမိုးခဲ့လို့ တင်ပို့တဲ့ ဆိပ်ကမ်းတွေမှာ ဆန်တင်ပို့မှု အခက် အခဲဖြစ်ခဲ့ သလို ဈေးနှုန်း ကြီးမြင့်တဲ့ အတွက်လည်းဆန်တင်ပို့မှုတွေ ကျဆင်း ခဲ့ရတယ်ဆိုပြီး အစိုးရရဲ့ အပေါင်ခံအစီ အစဉ်ကို  ပြစ်တင်ေ၀ ဖန်မှုတွေလည်း ကြားသိရပါတယ်။ ဒါပေမဲ့ အစိုးရက တော့ ကမ္ဘာ့ဈေးကွက်မှာ ထိုင်းဆန်ဈေး မြင့်ပြီး ယှဉ်ပြိုင်နိုင်မှုနည်းလို့ ကမ္ဘာ့ ထိပ်တန်းဆန် တင်ပို့နေရာကို လက် လွတ်ရဖို့ဖြစ်လာရင်တောင်  တောင်သူ တွေရဲ့ လူမှုဘဝမြင့်မားလာရင် ကျေနပ် နေမှာပါလို့ ဆိုနေပါတယ်။ဗီယက်နမ်က ဆောင်းစပါး တန်တစ်သန်း ဝယ်ယူဖို့ ချေးငွေ ထုတ်ချေး    ကမ္ဘာ့ဆန်  တင်ပို့မှုမှာ ဒုတိယ နေရာက ရှိနေတဲ့ ဗီယက်နမ် နိုင်ငံက လည်း ထိုင်းကိုကျော်ပြီး နံပါတ် ၁ နေ ရာရဖို့ ကြိုးစားလျက် ရှိသလို တစ်ဖက် မှာလည်း ခုလိုအချိန် စပါးရိတ်သိမ်း ကာလ ဈေးတွေ ထိုးကျလာရင် တောင် သူတွေ အကျိုးအမြတ်အနည်း ဆုံး ၃၀ ရာခိုင်နှုန်း ရရှိဖို့ ယာယီအရန်ဆန်ဝယ် ယူမှုတွေနဲ့ ဆောင်ရွက်နေပါတယ်။ လက်ရှိ ဆောင်းစပါးရိတ်သိမ်းချိန်မှာ လည်း ဗီယက်နမ် စားနပ်ရိက္ခာ အသင်း က အသင်းဝင်ဆန်တင်ပို့ ကုမ္ပဏီတွေ ကို တောင်သူတွေဆီက မတ်လ ၁၅ ရက်မှ ဧပြီလ ၃၀ ရက်အထိ စပါးတန် ချိန် တစ်သန်း ဝယ်ယူစေခဲ့ပြီး ဝယ်ယူ တဲ့ အဖွဲ့ဝင်တွေအတွက် နိုင်ငံတော် ဘဏ်မှ မတ်လ ၁၅ ရက်မှ ဇွန်လ ၁၅ ရက်အထိ ၃ လအတွက် အတိုးမဲ့ ၁၀၀ ရာခိုင်နှုန်း ချေးငွေထုတ်ပေးမှာ ဖြစ်ပါ တယ်။မြန်မာ့ဆန်စပါးကဏ္ဍရေရှည်ဖွံ့ဖြိုးရေး အရန်ဆန်ဝယ်ယူမှု စတင်    ကမ္ဘာ့ဆန်ဈေးကွက်မှာ လွန်ခဲ့တဲ့ နှစ်များအတွင်း သတိပြုမှုရရှိ လာပြီဖြစ် တဲ့ မြန်မာနိုင်ငံအနေနဲ့လည်း ကမ္ဘာနဲ့ ယှဉ်ပြီး ဆန်ဝယ်လို အားတွေလျော့ပြီး ဈေးတွေကျဆင်းလာခြင်းနဲ့အတူ မိုးစပါး ရိတ်သိမ်း ကာလမှာ ပြည်တွင်း စပါး ဈေးတွေ ထိုးဆင်းခဲ့ပါတယ်။ ဒါကြောင့် လည်းတောင်သူတွေ နစ်နာဆုံးရှုံးမှု နည်းပါးစေအောင်နဲ့ ရေရှည် ဆန်စပါး လုပ်ငန်း တည်တံ့နိုင်စေဖို့ဆိုပြီး နိုင်ငံ တော်မှ အရန်ဆန် ဝယ်ယူစေခြင်းကို ၂၀၁၂ အစပိုင်းမှာ  အကောင်အထည် ဖော်လာနိုင်ခဲ့ပါတယ်။    ဒါနဲ့ပတ်သက်လို့ နိုင်ငံတော်အရန်ဆန်ဝယ်ယူနေတဲ့ လပိုင်း ကာလတိုအတွင်း ဘယ်ခရီးအထိ  တာသွားနေပြီလဲဆိုတာ သိနိုင် ဖို့ မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသင်းမှအတွင်းရေးမှူး ဦးရဲမင်းအောင် နဲ့တကွ ဆန်စပါးဝယ်ယူတဲ့ တိုင်းဒေသကြီးအတွင်းမှာ လက်တွေ့ ဝယ် ယူကြိတ်ခွဲရောင်းချသူတွေရဲ့ ဆန္ဒနဲ့သဘောထားတွေကို တွေ့ဆုံ မေး မြန်း တင်ပြလိုက်ပါတယ်။     ဦးရဲမင်းအောင်၊ အတွင်းရေးမှုး မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသင်း    ကျွန်တော်တို့အသင်းကို စတင်တည်ထောင်စဉ်ကထဲက ဆန် စပါး ထုတ်လုပ် ထောက်ပံ့ရောင်းဝယ်ရေး ကွင်းဆက်တစ်ခုလုံး တိုး တက် ဖွံ့ဖြိုးဖို့နဲ့ အဲဒီကွင်းဆက်မှာပါဝင်နေကြတဲ့ တောင်သူ၊ စက်ပိုင်၊ ကုန်သည်ပွဲစား၊ ကုမ္ပဏီများနဲ့ စားသုံးသူများ မျှတစွာ အကျိုးဖြစ်ထွန်း ရေး၊ ပြည်တွင်းဈေးကွက်မှာ စားသုံးသူနဲ့ ထုတ်လုပ်သူတို့အကြား ဈေးနှုန်း တည်ငြိမ်ရေးအတွက် (Buffer Stock  )ထားရှိရေးစတဲ့ ရည်မှန်းချက်များနဲ့အတူတစ်စိုက်မတ်မတ်ဆောင်ရွက်ခဲ့ပါတယ်။ နိုင်ငံ တော် အစီအစဉ်နဲ့ အရန်ဆန်ဝယ်ယူရေး မစတင်မီမှာကတည်းက ပြည်တွင်းမှာ ကျဆင်းနေတဲ့ ဝယ်လိုအားကို မြှင့်တင်ပေးခြင်းနဲ့အတူ စပါးဈေး လိုက်ပါမြင့်တက်ရေးအတွက် အသင်းအစီအစဉ်နဲ့ ၂၀၁၁ ဒီဇင်ဘာလကစပြီး တတ်နိုင်တဲ့ ငွေကြေးအင်အားနဲ့ တောင်သူတွေ ဆီက ဝယ်ယူပေးခဲ့ပါတယ်။ နိုင်ငံတော်က လမ်းညွှန်ခွင့်ပြုချက်ရရှိပြီး ပုဂ္ဂလိက၊ အစိုးရနဲ့ သမဝါယမတို့ ပူးပေါင်းပြီး ၂၀၁၂ ဇန်နဝါရီလ အတွင်း ဈေးကွက်ပေါက်ဈေး  စပါးတင်း၁၀၀ ကို ကျပ် ၂၇၀၀၀၀-၂၈၀၀၀၀ ဝန်းကျင်ဖြစ်ပေါ်ချိန်မှာ အခြေခံဈေးနှုန်း ကျပ် ၃၃၀၀၀၀ နှုန်းထက် မနည်း သတ်မှတ်ဝယ်ယူခဲ့ပါတယ်။    ကျွန်တော်တို့ဝယ်ယူချိန်မှာ မိုးစပါးအတွက်နောက်ကျနေပြီ ဖြစ်လို့ တောင်သူလက်မှာ စပါးလက်ကျန်နည်းနေတာကို အစောက တည်းကသုံးသပ်မိပါတယ်။ဒါပေမဲ့ ၂၀၁၁ နိုဝင်ဘာလကတည်းက ဆက်တိုက်ဆိုသလို ကျဆင်းနေတဲ့ ဈေးကွက်ဝယ်လိုအားနဲ့ စပါးဈေး နှုန်း ပြန်လည်မြှင့်တင်နိုင်ရေး အရန်ဆန်ဝယ်ယူရေးလုပ်ငန်းကိုဒေသ အသီးသီးမှာ စမ်းသပ်လုပ်ကိုင်ပြီး အားသာချက်၊ အားနည်းချက်၊ အကျိုး၊ အပြစ်တို့ကို လက်တွေ့ကျကျ သိရှိသုံးသပ်နိုင်ဖို့အတွက်နဲ့ ၂၀၁၂ နွေစပါးပေါ်ချိန်မှာ စပါးဈေးနှုန်းဟာ တောင်သူတွေအတွက် အကျိုးဖြစ်စေနိုင်တဲ့ ဈေးနှုန်းဖြစ်ရေးအတွက် နိုင်ငံတော် အရန်ဆန် ဝယ်ယူရေးကို စတင်ခဲ့တာ ဖြစ်ပါတယ်။    ဒီလိုဝယ်ယူတဲ့အခါမှာ စတင်ခဲ့တဲ့ ၂၀၁၂ မိုးစပါး ဝယ်ယူရေး စီမံချက်ဟာ အားသာချက်နဲ့ အကျိုးအပြစ်များစွာ ဖြစ်ပေါ်ခဲ့တာ တွေ့ရပါတယ်။ အဓိက အရေးအကြီးဆုံး မျှော်လင့်ချက်ဖြစ်တဲ့ စပါး ဈေးနှုန်းကို ၃၃၀၀၀၀ ကျပ်အထိ မြှင့်တင်နိုင်ခဲ့ခြင်းဟာ ရက်သတ္တ နှစ်ပတ်အတွင်း ဆောင်ရွက်နိုင်ခဲ့လို့ တောင်သူတွေအတွက် အား တက် စရာဖြစ်ခဲ့ပါတယ်။ မြို့နယ် ၆၄ မြို့နယ်မှာ ဝယ်ယူခဲ့တဲ့အနက် ၄ မြို့နယ်မှာသာ စီမံခန့်ခွဲမှု အားနည်းလို့ အခက်အခဲအချို့ကြုံတွေ့ ခဲ့ရတာကလွဲလို့ ကျန်မြို့နယ်တွေမှာ အောင်အောင်မြင်မြင် ဆောင် ရွက်နိုင်ခဲ့ပါတယ်။ ယခုစပါးတင်းပေါင်း ၁၂ ဒသမ ၆၃၇ သိန်း ဝယ် ယူထားပြီးဖြစ်လို့ အရန်ဆန်အတွက် စနစ်တကျသိုလှောင် သိမ်း ဆည်းဖို့နဲ့ ကြိတ်ခွဲပြုပြင်ထားရှိဖို့ စီစဉ်ဆောင်ရွက်နေပြီဖြစ်ပါတယ်။    အသင်းရဲ့ ရည်ရွယ်ချက်နဲ့ ရပ်တည်ချက်များအတိုင်း ဆန်စပါး လုပ်ငန်းကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို အားသွန်ခွန်စိုက် ကြိုးပမ်းသွားမှာဖြစ်သလိုတွေ့ကြုံခဲ့ရတဲ့ မိုးစပါးဝယ်ယူရေး အခက် အခဲများ၊ အားနည်းချက်များကို ပညာရှင်တွေ၊ ကျွမ်းကျင်သူတွေနဲ့ တင်ပြဆွေးနွေးသွားပြီး လာမယ့်နွေစပါးဝယ်ယူရေးနဲ့ နောက်ပိုင်း ဝယ်ယူမှုတွေမှာ ပိုမိုကောင်းမွန်ထိရောက်တဲ့ အစီအစဉ်တွေဖြစ်ရေး အတွက် အားသာချက်၊ အားနည်းချက်၊ အကျိုးအပြစ်တွေကို စနစ် တကျ ပြင်ဆင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ မိုးစပါးဝယ်ယူရေး ကို မတ်လ ၁၅ ရက်မှာ စာရင်းပိတ်ပြီး နွေစပါးဝယ်ယူရေးကိုလည်း မတ်လလယ်မှာ စတင်ပြီးအချိန်မီ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။    နွေစပါးဝယ်ယူဖို့အတွက် မတ်လ ၉ ရက်မှာပဲ အနယ်နယ် အရပ်ရပ်ကကိုယ်စားလှယ်ပေါင်း ၂၀၀ ကျော်ပါဝင်တဲ့ အလုပ်ရုံ ဆွေး နွေးပွဲကို ကျင်းပခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲအရ နွေစပါးဈေးနှုန်းကို ၄၆ ပေါင်ကိုက် တင်း ၁၀၀ ကို ကျပ် ၃၂၀၀၀၀ နဲ့ အခြေခံဈေးသတ် မှတ်ပြီး အစိုဓာတ်၊ ဖုံ၊ သဲ၊ ခဲ အဖျင်းအမှော် တို့အတွက် ဖြတ်တောက် နှုန်းနဲ့ ပေါင်ပိုနှုန်းများကို သတ်မှတ်ပြီး တောင်သူတွေသိရှိနိုင်ရေး နဲ့ ရောင်းသူဝယ်သူမျှတမှု ဖြစ်စေရေးအတွက်ထင်သာမြင်သာဆောင် ရွက်သွားဖို့ ဖြစ်ပါတယ်။ နွေစပါးက အရည်အသွေးကိုင်တွယ် ထိန်း သိမ်းရာမှာ အခက်အခဲများရှိလို့ ယခင်က နွေစပါးကို အရန်ဆန် အတွက် ဝယ်ယူခြင်းမရှိခဲ့ပေမဲ့ ယခုတော့ တောင်သူတွေ အကျိုးဖြစ် စေရေးအတွက် ဈေးကွက်စီးပွားရေးစနစ် ဘောင်အတွင်းမှ ထိန်း ကျောင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။နွေစပါးစပေါ်မယ့် ဧရာဝတီ တိုင်းဒေသကြီးအတွင်းက မြို့နယ်၂၁မြို့နယ်မှာ စတင်ဝယ်ယူသွား မှာ ဖြစ်ပါတယ်။    စပါးဈေးကျလို့ စားသုံးသူတွေပျော်နိုင်မှာ တစ်ရာသီထဲသာ ဖြစ်ပါတယ်။ တောင်သူတွေ တွက်ခြေမကိုက်လို့ စိုက်ပျိုးမှုလျော့ကျ လာရင်ကာလလတ်နဲ့ ရေရှည်မှာ စိုးရိမ်စရာဖြစ်လာနိုင်ပါတယ်။ နိုင်ငံ တော်အရန်ဆန် ဝယ်ယူရေးဟာ ဈေးကွက်ဝယ်လိုအား ရောင်းလို အားမျှတပြီးဈေးနှုန်းမျှခြေဖြစ်အောင်အစိုးရကရွေးချယ်ပြီး ဝင်ရောက် ထိန်းညှိပေးတဲ့ လုပ်ရပ်တစ်ခုဖြစ်ပါတယ်။ အရန်ဆန်ကို စပါးထွက်တဲ့ ရာသီပြင်ပ ဇွန်မှ စက်တင်ဘာလအတွင်း သိုလှောင်ထားမှာဖြစ်ပါ တယ်။ နွေစပါးဝယ်ယူမှုကို အကြမ်းဖျင်းစ ဝယ်ယူမှုကို တစ်တင်း ၃၂၀၀ ကျပ်နှုန်းဖြစ်ပေမဲ့ ဈေးကွက်ရဲ့ တုံ့ပြန်မှုကို  စောင့်ကြည့်ပြီး လယ်သမားထု အားလုံး အကျိုးအမြတ်ရရှိပြီး လူမှုဘ၀ တိုးတက် အောင် ရှေ့ဆက်ဆောင်ရွက်သွားဖို့ ရှိပါတယ်။ဦးဝင်းမော် (ဆန်စက်ပိုင်ရှင်)စက်အမှတ် ၇၃၆ ဝင်းသီရိဆန်စက်၊ စက်အမှတ်၃၆၀၊လူထုမေတ္တာဆန်စက်နတ်တလင်းမြို့နယ် ၊ ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း    ကျွန်တော့်အနေနဲ့ မြို့နယ်ဆန်စပါးလုပ်ငန်းအသင်း၊ ဒုဥက္ကဌ ဖြစ်သလို့ မြို့နယ် အရန်ဆန်ဝယ်ယူရေး ကော်မတီ ဥက္ကဌ အဖြစ် တာဝန်ပေးခဲ့တဲ့အတွက် နိုင်ငံတော်အရန်ဆန် ဝယ်ယူရေး အဝယ် စခန်းများသို့ သက်ဆိုင်ရာ ဝယ်ယူရေး ကြီးကြပ်မှုကော်မတီနဲ့ ညှိနှိုင်း တာဝန်ခွဲခဲ့ပါတယ်။  နိုင်ငံတော် အရန်ဆန် ဝယ်ယူရန် အဝယ်ဒိုင် တစ်ခု ကျွန်တော်တာဝန်ယူပြီး ဝယ် ပေးခဲ့ပါတယ်။  ကျွန်တော့်အနေနဲ့ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂၂ နေ့ ထိ စပါးတင်းပေါင်း ၁၁၂၁၉ ကို သတ်မှတ်ချက်များနဲ့အညီ ဝယ်ယူ ခဲ့ပြီးဖြစ်ပါတယ်။ အရန်ဆန်ဝယ်ယူ ရေး မပြုမီကာလမှာ စပါးတစ်တင်း ပေါင် ၅၀ နဲ့ စပါး တင်း ၁၀၀ ကို ကျပ် ၃သိန်းသာရှိပြီး၊ ဝယ်ယူရေး ကာလနဲ့ ယခုလက်ရှိ ဒေသပေါက်ဈေးမှာ ပေါင် ၅၀နဲ့ကျပ် ၃သိန်း ၅ သောင်းအထိ တိုးမြှင့်ပြီး ရှိနေပါ တယ်။ စပါး တစ်တင်း ၄၆ ပေါင် တင်း ၁၀၀ ကို ၃သိန်း ၂ သောင်း၊၂ ထောင်ဈေးနှုန်းအထိ တိုးမြှင့်ပြီးယခုလက်ရှိဈေးပေါက်နေပါတယ်။    စပါးဝယ်ယူရေးမှာ တောင်သူ တို့မှာ မိမိတို့ဒေသမျိုးကွဲစပါး များ စွာ လာရောက်ရောင်းချကြတယ်။ တောင်သူတွေအနေနဲ့ မျိုးကောင်း ပြီး ဈေးကွက်ရှိတဲ့စပါးများကိုရွေးချယ်စိုက်ပျိုးမယ်ဆိုရင်  ပြည်ပ ဈေးကွက်ဝင်ဆန်များ ထုတ်လုပ်ကြိတ်ခွဲနိုင်ပြီး တောင်သူများတွေလဲ ဈေးကောင်း များရရှိမှာဖြစ်သလို နိုင်ငံတော်အတွက်လည်း အကျိုး  ရှိနိုင်မှာ ဖြစ်ပါတယ်။ ဝယ်ယူရေးမှာ တောင်သူများနဲ့ အခက်အခဲ မရှိခဲ့ဘဲ အထက်မှချမှတ်သော စပါးတစ်တင်းကို ၄၆ ပေါင်နဲ့ တင်း ၁၀၀ ကို ကျပ် ၃၃၀၀၀၀ နဲ့ဝယ်ယူပြီး၊ ဖုံ၊ သဲ၊ ခဲ၊ အဖျင်းအမှော်များတဲ့ စပါးများကို ဖြတ်တောက်မှု များနဲ့ဝယ်ယူခဲ့ရပါတယ်။ယခုနိုင်ငံတော် အရန်ဆန်စပါးဝယ်ယူရေးဟာ တောင်သူများအတွက် ဒေသပေါက် ဈေးနှုန်းမြင့် တက်လာပြီး ရောင်းချခဲ့ရခဲ့အတွက် အကျိုးရှိခဲ့ပါတယ်။ ယခုလိုနိုင်ငံတော်မှ စပါးဝယ်ယူခြင်းများကို တောင်သူများ၊ စပါး ပေါ်ချိန်တောင်သူများထံ လက်ဝယ်မှာစပါးရှိချိန်ဝယ်ယူပါက တောင် သူများအကျိုးရှိနိုင်ပါတယ်။ ယခုနှစ်စပါးဝယ်ယူရေးမှာ အချိန်အနည်း ငယ် နောက်ကျပါတယ်လို့ ထင်မြင်ယူဆရပါတယ်။ဦးလှထွန်း (တောင်သူ)ထန်းပင်ကုန်းရွာ၊ ဂျင်းယားကုန်းအုပ်စု၊ နတ်တလင်း    ကျွန်တော့်အနေနဲ့ အရန်ဆန်အတွက် စပါးရောင်းချရာမှာ စပါးတစ်တင်း ၄၆ ပေါင်ဈေးနှုန်းဖြင့် တင်း ၁၀၀ ကို ကျပ် ၃ သိန်း ၃ သောင်း ဈေးရောင်းရခြင်းအတွက် အကျိုးရှိပါတယ်။ အရန်ဆန် အတွက် စပါးဝယ်ယူမှုမပြုမီ စပါးဈေးမှာ ယခုဝယ်ယူတဲ့ဈေးထက် နိမ့်ကျ နေပါတယ်။ ကျွန်တော့်အနေနဲ့ မိမိဒေသမျိုးဖြစ်တဲ့ အင်းလယ် ထိပ်ဆောင်းစပါးမျိုးများကိုသာစိုက်ပျိုးပြီး အထွက်နှုန်း အနေနဲ့ စပါး တစ်ဧကကို စပါးတင်း ၇၀ တင်းနှုန်းအထိထွက်ပါတယ်။ကျွန်တော့် စပါးမှာ အဖျင်းအမှော်၊ ဖုံ၊ သဲ၊ ခဲများကင်းစင်ပြီး စပါးကောင်း တာကြောင့် စပါးတစ်တင်း ၄၆ ပေါင်နှုန်းနဲ့ စပါးတင်းတစ်ရာကို ကျပ် ၃ သိန်း ၃သောင်းဈေးရခဲ့ပါတယ်။ စပါးဈေးကိုယခုလို ဈေးပေးပြီး ဝယ်ယူခဲ့ခြင်း အတွက် တောင်သူများ အကျိုးရှိကြောင်း တင်ပြလိုပါတယ်။ဦးသိန်းဝင်း၊ကရင်ကုန်းကျေးရွာ၊ ဇီးကုန်းမြို့၊ ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း    ကျွန်တော့်အနေဖြင့် နိုင်ငံတော်အရန်ဆန် (စပါး) ဝယ်ယူရေး၊ ဒိုင်အမှတ်-၁ မှာ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ ထိပ်  ဆောင်း စပါး ၂၁၉ တင်းနဲ့ ၁၄ ရက်နေ့မှာ ထိပ်ဆောင်းစပါး ၁၅၉ တင်း စုစုပေါင်း ၃၇၈ တင်းရောင်းချခဲ့ပါ တယ်။ နောက်ထပ်ေ ရာင်းချဖို့ မကျန်တော့ပါဘူး။ ကျွန်တော့်လယ်မြေ ၁၄ ဧကမှာ တစ်ဧက အထွက်နှုန်း ၇၅ တင်းနှုန်းထွက်ရှိတဲ့အတွက် တင်းတစ်ထောင်ေ ကျာ် ရရှိပါတယ်။ ဘဏ်ငွေပေးဆပ်ဖို့ စပါးတင်း ၆၀၀ ကျော်ရောင်း လိုက် ရတဲ့အတွက် ဝမ်းစာမချန်ဘဲ အရန်ဆန်ဝယ်ယူရေးကို ကျန်တဲ့ စပါး ၃၇၈ တင်းသာရောင်းချနိုင်ခြင်းဖြစ်ပါတယ်။ ကျွန်တော့်လယ်မြေမှ ထွက်ရှိသောစပါးဟာ မျိုးကွဲနဲ့ လုံးပိန်လုံးညှပ်များ ပါဝင်နေတဲ့ အတွက် အရည်အသွေး ဖြတ်တောက်မှုနှုန်းနဲ့ ရောင်းချခဲ့ရပါ တယ်။ ဒါပေမဲ့ ဈေးမြင့်တက်လာတဲ့အတွက် ကျေနပ်မှုရှိပါတယ်။    ဦးလှဦး၊အင်းရပ်ကျေးရွာ၊ ဓနုဖြူမြို့နယ် ဧရာဝတီတိုင်းဒေသကြီး    ကျွန်တော်နှစ်စဉ် မိုးစပါး ၁၀ ဧက စိုက်ပျိုးပါတယ်။ မိုးစပါး စပေါ်ချိန် ဒီဇင်ဘာလလောက်မှာ စပါးပြီးလို့ မတ်ပဲအချိန်မီ ထွန် ယက် စိုက်ပျိုးနိုင်ရေး လိုအပ်တဲ့စိုက်စရိတ်များ၊ အထူးပြုကုမ္ပဏီ၊ စိုက်ဘဏ်ချေးငွေများ ပြန်လည်ပေးဆပ်ဖို့နဲ့ အခြားအသုံးစရိတ်များ အတွက် ထွက်ရှိတဲ့ရွှေဝါထွန်းစပါးကို ၁၇ ပြည်ဝင်တင်းနဲ့ စပါးတစ်တင်း ၃၀၀၀ ကျပ်ဈေးရောင်းခဲ့ရတော့ သိပ်တွက်ခြေမကိုက်ဘူး။ ကျွန်တော့်လယ်ကထွက်တဲ့စပါးမှ အသုံးစရိတ်အတွက် လိုသလောက် ထုတ်ရောင်း၊ ဝမ်းစာချန်ပြီး ပိုလျှံတဲ့စပါး ၉၅ တင်းကို ထုတ် မရောင်းသေးပဲ တက်ဈေးကိုမျှော်နေရင်း နိုင်ငံတော်အရန်ဆန် အဖြစ် ၄၆ ပေါင်စပါးတစ်တင်း ၃၃၀၀ ကျပ်ဈေးနဲ့ဝယ်ယူေ နကြောင်းကြားသိရလို့ ဓနုဖြူမြို့နယ်၊ မိဘဂုဏ်ရည် ဆန်စက် စပါးအဝယ်ဒိုင်ကို သွားရောက်ရောင်းချခဲ့ပါတယ်။ ကျွန်တော် စပါးက ကောင်းတော့ အဖြတ်အတောက်မရှိပါဘူး။ အခုလိုနိုင်ငံ တော် အရန်ဆန်စပါးကို စပါးတစ်တင်း ၄၆ ပေါင်နဲ့ ချိန်တွယ်ပြီး ဈေးနှုန်းသတ်မှတ်ဝယ်ယူပေးတဲ့အတွက် ကျွန်တော်တို့တောင်သူတွေ လည်း တွက်ခြေကိုက်တဲ့ ဈေးနှုန်းရတော့ အမြတ်လည်း ပိုရတာ ပေါ့ဗျာ။ ဦးမျိုးဆက်၊ မိဘဂုဏ်ရည်အဆင့်မြင့်ဆန်စက်၊ ဓနုဖြူမြို့နယ်၊ဧရာဝတီတိုင်းဒေသကြီး    ဓနုဖြူမြို့နယ် အရန်ဆန်စပါးဝယ်ယူရေးကော်မတီရဲ့ မိဘ ဂုဏ်ရည် ဆန်စက်စပါးအဝယ်ဒိုင်မှာ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှ မတ်လ ၆ ရက်နေ့အထိ ဝယ်ယူရရှိခဲ့တဲ့ စပါး ၄၄၃၅ ဒသမ ၅ တင်းကို ကျွန်တော်ရဲ့ ဆန်စက်မှာ တာဝန်ယူကြိတ်ခွဲ ခဲ့ပါတယ်။ ဝယ်ယူရရှိထားတဲ့ စပါးများကလည်း တောင်သူလက်ကြီး သမားများက ဈေးမျှော်ပြီး သိုလှောင်ထားတဲ့စပါးများသာ လာ ရောက် ရောင်းချကြလို့သတ်မှတ်အရည်အချင်းနဲ့ ကိုက်ညီတဲ့စပါးများ ဖြစ်ပါတယ်။      အရန်ဆန်အတွက်၂၀၁၁-၂၀၁၂ ခုနှစ်ထွက် မိုးစပါးများကို ဝယ်ယူရာမှာ ဝယ်ယူချိန် ကာလ နောက်ကျသဖြင့် ဝယ်ယူရရှိမှုအရေ အတွက်နည်းနေသော်လည်း ဝယ်ယူရာမှာ အခက်အခဲ မရှိခဲ့ပါဘူး။    ယခုနွေစပါးကို ဆက်ပြီး ဝယ်မယ်ဆိုရင်တော့ စပါးအရည်အချင်းကို သေသေချာချာကြည့်ရတော့မယ်။ နွေစပါးက အဖျင်းအမှော်များ တယ်၊ ဒါ့ကြောင့် တောင်သူတွေကို အခုနွေစပါးရိတ်သိမ်း ခြွေလှေ့ ချိန် ဖြစ်တဲ့အတွက် မိမိစပါးကို သန့်စင်အောင် စနစ်တကျရိတ်သိမ်း ေ>ခလှေ့သန့်စင်ထားမယ်ဆိုရင် စပါး ၁ တင်း ၄၆ ပေါင်နဲ့ ချိန်တွယ်ပြီး ဈေးနှုန်းသတ်မှတ်ရောင်းဝယ်တဲ့ အတွက် တောင်သူတွေ အကျိုး အမြတ်ရှိလာမှာပါ။ စပါးကောင်းမှ ဆန်ကောင်းရတာ ဖြစ်လို့ စိုက်ပျိုးထုတ်လုပ်သူ တောင်သူများအနေနဲ့ စပါးရိတ်သိမ်းေ>ခလှေ့ သန့်စင်ရာမှာ စနစ်တကျကိုင်တွယ်ဆောင်ရွက်ကြဖို့ လိုအပ် ပါမယ်လို့ အကြံပြုချင်ပါတယ်။   ကိုမျိူး၊ စပါးပွဲစား၊ ပဲခူးမြို့၊ ပဲခူးတိုင်းဒေသကြီး အရှေ့ပိုင်း    ကျွန်တော်စပါးပွဲစားလုပ်သက် ၁၅ နှစ်ရှိပါပြီ။ စပါးပေါ်ပြီဆို ရင် ရွာကွင်းတလင်းထိဆင်းပြီး စပါးဝယ်ပါတယ်။ ခုကျီပုတ်သွင်းပြီးတဲ့ အချိန်ဆို ကျီပုတ်အထိလိုက်ဝယ်ပါတယ်။ လုပ်သက်နဲ့ အတွေ့အကြုံ အရ ဘယ်ကွင်းက စပါးမျိုးကဆန်ထွက်ကောင်းတယ်ဆိုတာ တော် တော်လေး သိလာပါတယ်။ လယ်သမားအများစုက မြို့ပေါ်စက် အထိ စပါးတက်မရောင်းကြတော့၊ ကျွန်တော်တို့ပွဲစား လူတန်းစား လည်း အလုပ်ရှိလာတာပေါ့၊ ဒီခေတ်မှာလယ်သမားကို ဈေးအတင်း နှိမ်ပြီး စိတ်ကြိုက်ပုံစံနဲ့ ချိန်တွယ်ဝယ်လို့မရပါဘူးဗျာ။ ရွာတိုင်းမှာ ကတ္တားရှိတယ်။ ရွာတိုင်းမှာလက်ကိုင်ဖုန်းရှိတယ်။ ဆိုင်ကယ်တွေက ပေါမှပေါ။ အနီးကပ်ဆုံးမြို့ဈေးကွက်က ဈေးနှုန်းသတင်းသိပြီးသား၊ တချို့ဆို ဟိုး ရန်ကုန်ဈေး၊ မော်လမြိုင်ဈေး၊ မန္တလေးဈေးက ဆန်ဈေး၊ စပါးဈေးတောင်သိကြတယ်။ ပွဲစားဆိုတာကိုယ်တစ်ယောက်ထဲ ရှိတာမဟုတ်တော့ ကိုယ်မတော်မတရားလုပ်ရင် ကိုယ်ပဲနာမည်ပျက် ကျရှုံးမှာပါ။ စပါးဝယ်ရင်ဘယ်သူ့တင်းတောင်းက ကြီးတယ်၊ ဘယ်သူ့ ကတ္တားက လေးတယ်ဆိုတာ တစ်ရွာလုံးသတင်းပြန့်ပြီးသား၊ စပါးတစ် တင်းပေါင် ၅၀ နဲ့သတ်မှတ်ဝယ်ကြ၊ ရောင်းကြတယ်ဆိုတာလဲ နဂိုထဲ က ရှိပြီးသားထုံးစံလိုဖြစ်နေလို့ပါ။ စပါးပွဲစားအမြတ်ကတော့ ချင်တဲ့ နေရာ၊ချိန်တဲ့နေရာ လက်ဆကောင်းရင် နဲနဲပါးပါး တင်းတိုးတာလေး စားရတာပေါ့။ တစ်ဖက်မှာလည်း ပဲခူးဇေယျာမြင့်ဆန်စက်က ဦးဝင်းကိတ်ရဲ့ အဝယ်တော်လဲလုပ်ပါတယ်။ စပါး ၁၀၀ ကို ပွဲခ၄၀၀၀ ကျပ်ရတယ်။ သူထုတ်ပေးတဲ့ ဒစ်ဂျစ်တယ်ကတ္တားကို ဆိုင်ကယ်ပေါ် တင်ပြီး ရွာအနှံ့လိုက်ဝယ်တယ်။ဒစ်ဂျစ်တယ်ကတ္တားနဲ့ပဲ စက်ပြန်အပ်ရ တယ်။ စပါးတင်းတိုး ဆိုတာမရှိတော့ စပါးမြို့ပို့တဲ့အခါ မဖိတ်မစင် အောင် ဂရုစိုက်ရတယ်။ မဟုတ်ရင် ကိုယ့်အိတ်ထဲကပါသွားမှာ၊ ခုဆို လယ်သမားကဒစ်ဂျစ်တယ်ကတ္တားကို တော်တော်ကြိုက်နေကြတယ်။ ရိုးရိုးကတ္တားလို လက်တံမကစားတော့ သူတို့စပါးမလျော့ဘူးဆိုပြီး ကြိုက်ကြတာပါ။ နိုင်ငံတော် အရန်ဆန်မဝယ်ခင်က ရွာတွေမှာ စပါး ဈေးတော်တော်အီနေတာ၊ လယ်သမားလဲ တော်တော်ညီးကြရှာ တယ်။ အရန်ဆန်ဝယ်တော့ စပါးဈေးကွက် လှုပ်သွားတယ်၊ ဈေး လည်း တက်သွားလို့ တော်တော်ဝမ်းသာကြပါတယ်။ အရန်ဆန် အတွက် စပါးရောင်းတဲ့ လယ်သမားရော  တခြားမှာရောင်းတဲ့ လယ်သမားရော စပါးဈေးတက်တဲ့ အကျိုးခံစားကြရပါတယ်။ လာမယ့်နှစ် ဝယ်မယ်ဆိုရင် စောစောဝယ်ရင် လယ်သမားအကျိုး ရှိမှာပါ။   ဦးဝင်းဂိတ်၊ ဇေယျာမြင့်ဆန်စက်၊ ပဲခူးမြို့၊ ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်း    ကျွန်တော်ကတော့ ပဲခူးမြို့နယ် ဆန်စပါးလုပ်ငန်းအသင်း၊ အတွင်းရေးမှူးဖြစ်ပြီး မြို့နယ်အရန်ဆန်ဝယ်ယူရေးကော်မတီ တာဝန် လည်းယူထားပါတယ်။ ပဲခူးမြို့နယ်မှာ အဝယ်စခန်း (၅) ခုဖွင့်လှစ် ဝယ်ယူခဲ့ပြီး ကျွန်တော်ရဲ့ ဇေယျာမြင့်ဆန်စက်လဲ အဝယ်စခန်း တစ်ခု ပါပဲ၊ တစ်မြို့နယ်လုံး ဧည့်မထမိုးစပါး ၁၂၄၇၈ တင်းဝယ်ယူရရှိခဲ့ပါ တယ်။ နွေစပါးဝယ်ဖို့လည်း ပြင်ဆင်ဆောင်ရွက်နေပါတယ်။ ပုံမှန် လုပ်ငန်းကတော့ စက်ကိုလယ်သမားတိုက်ရိုက် လာရောင်းစပါး၊ ရွာ ပွဲစား လာရောင်းတဲ့စပါး၊ စက်အဝယ်တော်ဝယ်တဲ့ စပါးအားလုံးကို ပေါက်ဈေးအတိုင်း ဝယ်ပြီးကြိတ်ခွဲကာ ဈေးကွက်ရှိတဲ့ ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ဘားအံ စတဲ့နေရာတွေကို ပို့ပါတယ်။ အဓိက ကတော့ အတွေ့အကြုံကို အခြေခံတာပေါ့၊ စပါးချိန်တွယ်တာက တော့ ဒေသ တစ်ခုလုံးနီးပါးက တစ်တင်းပါဝင်တဲ့ အလေးချိန်ကို ပေါင် ၅၀ ထားပြီး ချိန်တွယ်နေကြတော့ အများအတိုင်းလိုက်ပြီး စက်မှာလဲ တစ်တင်းပေါင် ၅၀ နဲ့ သတ်မှတ်ရောင်းဝယ်ကြပါတယ်။ အရန်ဆန်ဝယ်ယူတဲ့အခါ တွေ့ရတဲ့ အခြေအနေကတော့ အရန်စပါး ကို ကြိတ်ပြီးလက်ခံရင် ၂၅ မှတ်ဆန် ပေါင် ၁၀၀ ကိုက် ၂၅ အိတ် ပြန်သွင်းရတာ၊ ကျွန်တော့်နယ်မှာ စပါး ၁၀၀ ကြိတ်လို့ရှိရင် အများ ဆုံး ၂၄ အိတ်လောက်ပဲရကြတယ်။ တောင်သူတွေ စပါးကိုင်တွယ် တဲ့ အလေ့အထအရ အဖျင်းမှော်၊ ဖုံ၊ သဲ၊ ခဲ၊ (၅၀) ပေါင်ရှိတဲ့ စပါး ကောင်း၊ စပါးသန့်ကလည်း မတွေ့ရသလောက်ပဲဆိုတော့ ပေါင်ပို ၃-၄ ပေါင်မှ မယူရင် သတ်မှတ်အရည်အချင်းမှီတဲ့ ဆန်မျိုးရကိုမရ နိုင်ဘူးဗျာ။ ဒီကြားထဲ ဆန်စပါးလောကသားထဲက မဟုတ်တဲ့သူတွေ နဲ့ ဆန်စပါးအကြောင်း ဂဃနဏမသိတဲ့ မီဒီယာသမားနဲ့ တွေ့သွားတဲ့ အခါကြတော့ ရောင်းသူဝယ်ယူနှစ်ဦးသဘောတူစပါးအရည်အသွေး ကို မျက်မြင်ကြည့်ပြီး ညှိနှိုင်းဈေးဖြတ်ရောင်းဝယ်နေတဲ့ လက်ရှိ ဝယ်ယူရေးအနေအထားကိုအပြင်လောက ကလူတွေအနေနဲ့သို့လော သို့လော တစ်မျိုးထင် တစ်မျိုးမြင် ဖြစ်ကုန်တာပေါ့ဗျာ။ ကျွန်တော့် အမြင်ပြောရရင် စပါးအစားတိုက်ရိုက် အရန်ဆန်အနေနဲ့ လက်ခံ မယ်ဆိုရင်လိုချင်တဲ့အရေအတွက် မြန်မြန်ရနိုင်ပါတယ်။ တစ်ဖက် ကလည်း စပါးဈေးနဲ့ ဆန်ဈေးဟာ ရေနဲ့ကြာလိုပါပဲ၊ အချိုးကြ သွားနေတာပါ၊ ကိုယ်ဖြစ်စေချင်တဲ့ စပါးဈေးကို ဆန်ဈေးကနေ တစ်ဆင့် ထိန်းကျောင်းနိုင်တယ်လို့ မြင်ပါတယ်။      ဦးသောင်းလွင်၊ လယ်သမား၊ ကံမြင့်ကျေးရွာ၊ ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်း    မိုးစပါး ၈ ဧက စိုက်ပြီး စပါးတင်း ၄၈၀ လောက်ထွက်ပါတယ်။ မိသားစု ၆ ယောက်ရှိလို့ တစ်နှစ်ဝမ်းစာ စပါးတင်း ၁၀၀ မလွှဲမသွေ ချန်ရပါတယ်။ ကျွန်တော်တို့ရွာမှာ လယ် ၁၀ ဧကလောက်ပိုင်တဲ့ လယ်သမားက ၉၀ ရာခိုင်နှုန်းလောက်ရှိပါတယ်။ ကျန် ၁၀ ရာခိုင်နှုန်း လောက်က ဧကများများပိုင်တော့ ချောင်ချောင်လည်လည် ရှိကြပါ တယ်။ အများစုက ဧကနည်းသမားတွေမို့လို့ ရာသီဥတုမှန်မှ စပါး၊ ပဲအထွက်ကောင်းပြီး ဈေးကောင်းတဲ့နှစ်များမှသာ စားဝတ်နေရေး လှူရေးတန်းရေး အစစ အရာရာ အဆင်ပြေကြပါတယ်။ ရွှေ၊ ငွေ အပိုအလျှံမရှိတော့ လယ်ထွက်တဲ့စပါးကိုပဲ ရောင်းပြီး လိုအပ်တဲ့ အရင်းအနှီး ငွေရှာရပါတယ်။ ဇန်နဝါရီလမှာ စိုက်ပျိုးရေးဘဏ်က လယ် ၈ ဧကအတွက် ယူထားတဲ့ စိုက်ပျိုးစရိတ်ပြန်ဆပ်ဖို့ တိုး၊ အရင်းပေါင်းငွေ ၃သိန်းခွဲ လိုတဲ့အခါ စပါးဈေးက တင်း ၁၀၀ ကို ကျပ် ၂ သိန်း ၇သောင်းဈေးရှိတာနဲ့ စပါး ၁၃၀ ရောင်းလိုက်ရတယ်။ ဆောင်းသီးနှံပဲတီရွှေဝါ ၈ ဧက ပြန်စိုက်ထားတဲ့အတွက် လိုအပ်တဲ့ ရွက်ဖြန်းဆေး၊ မြေသြဇာ၊ ပိုးသတ်ဆေးတွေ ဝယ်ဖို့ ငွေလိုတဲ့အတွက် ဒီစပါးကိုပဲ မဖြစ်မနေထုတ်ရောင်းရတဲ့အချိန်မှာ ဈေးမကောင်းတော့ စပါးများများရောင်းရတာပေါ့။ နိုင်ငံတော်အရန်ဆန်ကို စပါးဈေး ၃ သိန်း ၃ သောင်းနဲ့  ဝယ်တော့  နောက်ပိုင်းရောင်းတဲ့ စပါး ဈေးကောင်းရတဲ့အတွက်အဆင်ပြေသင့်သလောက်ပြေသွားပါတယ်။ လက်ကျန်စပါးနဲ့ ပဲကတော့ တစ်နှစ်လုံး မိသားစု စားဝတ်နေရေး ၊ ပညာရေး၊ ကျန်းမာရေး၊ သာရေးနာရေး ကိစ္စတွေအတွက်သုံးရမှာမို့ ကျွန်တော်တို့ လယ်သမားအများစု အတွက်က သီးနှံပေါ်ချိန် စပါးဈေး ကောင်းမှသာ အသက်ရှူချောင်မှာ ဖြစ်ပါတယ်။ ကျွန် တော်တို့ လယ်သမားအများစုကြီး အကျိုးရှိစေဖို့ အတွက် စပါး ဈေးကို ၃ သိန်း ခွဲနဲ့ ၄ သိန်းကြားရှိစေချင်ပါတယ်။ နောက်ပြီး စပါးဝယ်ယူတာကိုလဲ ဒီဇင်ဘာလက စပြီး ဝယ်စေချင်ပါတယ်။