Main menu

Background

Tuesday, 30 Aug 2011

ဧရာဝတီမှာ ရော်ဘာ တိုးစိုက်                ဧရာဝတီတိုင်းဒေသကြီးအတွင်း ပြည်ပပို့ကုန် ရော်ဘာကို နှစ်စဉ် တိုးခဲျ့စိုက်ပျိုးလျက်ရှိကြောင်း သိရပါတယ်။ စက်မှု ကုန်ကြမ်းပစ္စည်းဖြစ်တဲ့ ရော်ဘာဈေးကွက်မှာ ကြီးမားကျယ် ပြန့်ပြီး ဈေးကွက်မှာလည်း ထိုက်တန်စွာရရှိနေခြင်း၊ ကမ္ဘာပေါ်တွင် နှစ်စဉ်ရော်ဘာလိုအပ်ချက် မြင့်တက်နေသည့် အတွက်လည်း ပြည်ပဈေးကွက်ခိုင် မာနေသော ရော်ဘာ ကို ရေရှည်ရင်းနှီး မြှုပ်နံှမှုတစ်ခုအဖြစ်ကုမ္ပဏီများ၊ လုပ်ငန်းရှင်များမှ တိုးခဲျ့စိုက်ပျိုးလျက်ရှိကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး နှစ်ရှည် သီးနံှ စိုက်ပျိုးရေးဌာနမှ သိရပါတယ်။                   ရော်ဘာကို အဓိကစိုက်ပျိုးထုတ်လုပ်တဲ့ မွန်ပြည်နယ်နဲ့ ရေမြေသဘာဝ၊ ရာသီဥတု တူညီတာကြောင့် ဧရာဝတီတိုင်း ဒေသကြီးရဲ့ ရော်ဘာစိုက်ပျိုးမှုမှာ အောင်မြင်ဖြစ်ထွန်းလျက်ရှိပါတယ်။ တိုင်းဒေသကြီးအတွင်း ယခင် နှစ် ရော်ဘာ အစေးလှီးချိန်တွင် ရော်ဘာအထွက်ပေါင် ၁ဝ၂၁၂၆ ပေါင် ထွက်ရှိပြီး ၂ဝဝ၉-၂ဝ၁ဝ ခုနှစ်တွင် ရော်ဘာ စိုက်ဧက ၁၉ဝ၅ဝ ဧကသာ စိုက်ပျိုးနိုင်ခဲ့သော်လည်း ၂ဝ၁ဝ-၂ဝ၁၁ ခုနှစ်နဲ့ ၂ဝ၁၁-၂ဝ၁၂ ခုနှစ်တွင် ရော်ဘာ စိုက်ဧက ၂ဝဝဝ ကျော်တိုးမြှင့်ပြီး ယခု ၂ဝ၁၁ သြဂုတ်လအထိ ရော်ဘာစိုက်ဧကမှာ ၂၁၁၅၈ တိုးမြှင့်စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရပါတယ်။               မင်းမင်းဦး 

Tuesday, 30 Aug 2011

ထိုင်းရော်ဘာ အရောင်းကျခြင်းနှင့် စီးပွားရေးကျဆင်းခြင်းက ရော်ဘာဈေးကွက်အားဖိအားပေးနိုင်                ဥရောပြွေကးမြီပြဿနာနဲ့ ရေနံစိမ်း ဈေးနှုန်းကျဆင်းခြင်းကြောင့် ကမ္ဘာ့အကြီးဆုံးရော်ဘာတင်ပို့သူ ဖြစ်တဲ့ ထိုင်းနိုင်ငံရဲ့ ရောင်းအားကျဆင်းမှာကိုစိုးရိမ်နေကြောင်းသိရပါတယ်။ ဇန်နဝါရီလအတွက် စာချုပ်ဈေးနှုန်းက သုည ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းပြီး တစ်တန်ကို ၄၇ဝ၇ ဒေါ်လာ သာရှိကြောင်းသိရပါတယ်။ ရော်ဘာရဲ့ အခြေအနေ က ရေနံဈေးကျ တဲ့အတိုင်း ပြောင်းလဲနိုင်ကြောင်း ဖိလစ်ပိုင်ဒီအက်စ်ဖျူးချားကုမ္ပဏီရဲ့ သုတေသီက ပြောကြားခဲ့ ပါတယ်။ ဥရောပြွေကးမြီ အကျပ်အတည်းနဲ့ ကမ္ဘာ့စီးပွားရေးကျဆင်းခြင်းက ဆက်လက် စိုးရိမ်ဖွယ်ဖြစ်ပြီးရော်ဘာ ဈေးကွက်ကို ဖိအားပေးနိုင်ကြောင်း ဘန်ကောက်အခြေစိုက် ဒီအက်စ်ဖျူးချားကုမ္ပဏီရဲ့ သုတေသီက ပြောကြားခဲ့ပါတယ်။ ဇူလိုင်လမှာ ဂျပန်ရဲ့ ပို့ကုန်ကထင်ထား တာထက် ကျဆင်းခဲ့ပြီး ငွေကြေး အားကောင်းလာခြင်းက ပြည်ပရောင်းလိုအားအပေါ်ဖိအားရှိကြောင်း သိရပါတယ်။ ယခင်နှစ်ထက် ဇူလိုင်လမှာ ပို့ကုန် ၃ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်းသိရပါတယ်။ စီးပွားရေးပညာရှင်များရဲ့ ကွင်းဆင်းလေ့လာချက် အရ ဇွန်လ မှာ ပို့ကုန် ၁ ဒသမ ၆ ရာခိုင်နှုန်းကျဆင်းခဲ့ပြီးနောက် ၂ ဒသမ ၆ ရာခိုင်နှုန်းအထိဆက်လက် ကျဆင်းခဲ့ကြောင်း သိရပါတယ်။ ထိုင်းနိုင်ငံတောင်ပိုင်းမှာ မိုး ၆ဝ ရာခိုင်နှုန်းရွာသွန်းပြီး ရော်ဘာအစေးထွက် ထိခိုက်တာကြောင့် အရောင်း ကျနေ ကြောင်း ရော်ဘာသုတေသနဌာနရဲ့ ဝက်ဘ်ဆိုဒ်မှာဖော်ပြထားပါတယ်။ ထိုင်းတောင်ပိုင်း ကနေ ရော်ဘာ ရောင်းလိုအားရဲ့ ၈ဝ ရာခိုင်နှုန်း ကို ထုတ်လုပ်ကြောင်းသိရပါတယ်။ ရှန်ဟိုင်းကုန်စည်ဒိုင်မှာတော့ ဇန်နဝါရီလ အတွက် ဈေးနှုန်းက ၁ ရာခိုင်နှုန်းကျဆင်းပြီး တစ်တန်ကို ၅၂၈၃ ဒေါ်လာရှိကြောင်း သတင်းရရှိပါတယ်။ KZW,Source: bloombery.com 

Tuesday, 30 Aug 2011

ကမ္ဘာ့ရော်ဘာစိမ်းဈေးနှုန်းများ သြဂုတ်လတွင်လည်း တစ်တန်လျင် ၅ဝဝဝ အောက် နှုန်းထားဖြင့်သာ ဆက်လက်အရောင်းအဝယ်ဖြစ်နေ                  ဇွန်လမှစပြီး တစ်တန်ကို ပျမ်းမျှကန်ဒေါ်လာ ၅ဝဝဝ အောက် ရောက်ရှိသွားတဲ့ ကမ္ဘာ့ရော်ဘာစိမ်း ဈေးနှုန်းတွေက သြဂုတ်လမှာလည်း တစ်တန်ကို ၅ဝဝဝ အောက် နှုန်းထားနဲ့ သာ ဆက်လက် အရောင်းအဝယ် ဖြစ်နေတယ်။ ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းတွေ အားနည်းလာခြင်း ၊ ကမ္ဘာ့စီးပွားရေး အားနည်း လာခြင်းကြောင့် တာယာနဲ့ လက်အိတ်တွေ ထုတ်လုပ်ဖို့ လိုအပ်တဲ့ ရော်ဘာဝယ် လိုအား လျော့ကျမယ် ခန့်မှန်းခြင်း၊ ရော်ဘာဝယ်လိုအားအများဆုံး တရုတ်နိုင်ငံရဲ့ ၂ဝ၁၂ ခုနှစ်အတွက်ဖွံ့ဖြိုးတိုးတက်မှုနှုန်းကို ၉ ရာခိုင်နှုန်းမှ ၈ ဒသမ ၇ ရာခိုင်နှုန်းထိလျော့ချ ခန့်မှန်းကြခြင်း ၊ ယခုနှစ်မှာလည်း တရုတ် နိုင်ငံရဲ့ စီးပွားရေးကျယ်ပြန့်မှုမှာ ၈ ဒသမ ၉ ရာခိုင်နှုန်း သာရှိရာ ယခင်ခန့်မှန်းထားတဲ့နှုန်း ၉ ဒသမ ၁ ရာခိုင်နှုန်းထက် လျော့ကျသွားခြင်းတို့ကြောင့် ရော်ဘာဈေးနှုန်းတွေ အားနည်းနေခြင်းဖြစ်တယ်။                          ဒါကြောင့် ယခင်အပတ် သြဂုတ်လ ၁၅ ရက်နေ့က တစ်တန်ကို ၄၆၆၅ ဒသမ ၅ဝ ဒေါ်လာရှိနေတဲ့ ထိုင်း RSS-5  က သြဂုတ်လ ၂၂ ရက်နေ့မှာ တစ်တန်ကို ၄၆ဝ၃ ဒသမ ၅ဝ ဒေါ်လာအထိ ၆၂ ဒေါ်လာ ဈေးကျလာတယ်။ သြဂုတ် လဆန်းပိုင်း ဈေးနှုန်းဖြစ်တဲ့ တစ်တန်ကို ၄၈၇၇ ဒသမ ၅ဝ ဒေါ်လာနဲ့ ယှဉ်ရင် ၂၇၄ ဒေါ်လာ ဈေးကျသွားတယ်။ လက်ရှိ ရော်ဘာဈေး ကျဆင်းနေသော်လည်း ထိုင်းနိုင်ငံတောင်ပိုင်း မိုးရွာသွန်းနေရာ ရော်ဘာစေးထုတ်လုပ်မှုကို လျော့ကျစေမှာဖြစ်ပြီး ဈေးနှုန်းကျဆင်းမှု အနည်းငယ်သာဖြစ်နိုင်ကြောင်း ခန့်မှန်းကြတယ်။            ပပ၊Source:bloomberg.com , rubberboard.org.in 

Tuesday, 30 Aug 2011

နယ်စပ်အပို့လည်း လျော့                  သြဂုတ် ၁၇ ရက်မှ ၂၃ ရက်ထိကာလအတွင်းမှာ မူဆယ်နဲ့ ချင်းရွှေဟော်နယ်စပ်များမှ တစ်ဖက် တရုတ်နိုင်ငံသို့ ရော်ဘာအဆင့်စုံ ၃၈၂ တန် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁ ဒသမ ၆၉၄သန်းဖိုး အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်က ၅၈၄ တန်ကျော် အပို့ရှိခဲ့တာမို့ ယခုအပတ်မှာတော့ တန်၂ဝဝ ကျော်တင်ပို့မှု လျော့နည်းခဲ့ပါတယ်။ ယခုအပတ် နယ်စပ် အလိုက် ရော်ဘာတင်ပို့နိုင်မှုတွေကတော့ မူဆယ်နယ်စပ်မှ RSS-3 ၁၆၅ တန်၊RSS-5 ၁ဝ၅ တန်ကျော်၊MSR-50  ၁၂ တန်နဲ့ ချင်းရွှေဟော်နယ်စပ်မှ RSS-3  တန် ၁ဝဝ ဖြစ်ပါတယ်။ ရော်ဘာမြေပြင်ဈေးများကတော့ မိမိဘက်မှာရော တစ်ဖက်နိုင်ငံမှာပါပြောင်းလဲမှုမရှိဘူးလို့ သိရပါတယ်၊၊ မိမိဘက် RSS-3  မြေပြင်ပေါက်ဈေးက ကျပ် ၃ ဒသမ ၄၁၄ သန်း ဖြစ်ပြီး တစ်ဖက် နိုင်ငံဈေးကတော့ ဒေါ်လာ ၄၃၁၂ ဖြစ်ပါတယ်။RSS-5 ရဲ့မိမိဘက် မြေပြင်ပေါက်ဈေးက ကျပ် ၃ ဒသမ ၃ဝ သန်းဖြစ်ပြီး တစ်ဘက်နိုင်ငံမြေပြင်ဈေးကတော့ ဒေါ်လာ ၄၁၅၅ ဖြစ်ပါတယ်။ MIRT(DOBT) 

Tuesday, 30 Aug 2011

အထွက်ကျတဲ့ရာသီဖြစ်လို့ အပို့လျော့                သြဂုတ် ၁၄ ရက်မှ ၂ဝရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာ ၂ဝ၁ တန် တန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ၈၈၇သန်းဖိုးတင်ပို့ခဲ့ပါတယ်။ ယခင် ရက်သတ္တပတ်ကထက် တန်ချိန် ၂၁ဝ နီးပါး တင်ပို့မှု လျော့နည်းခဲ့ပါတယ်။ တင်ပို့တဲ့ နိုင်ငံကတော့ စင်ကာပူတစ်နိုင်ငံထဲကို တင်ပို့ခဲ့တာဖြစ်ပါတယ်။ နယ်စပ်မှ ယခုအပတ်ရော်ဘာတင်ပို့မှုတန် ၃၈ဝ ကျော်ရှိပြီး ယခင်အပတ်ကထက် တန် ၂ဝဝ ကျော် လျော့နည်းတင်ပို့ခဲ့ပါတယ်။ FOB (ရန်ကုန်) ဈေးနှုန်းကတော့RSS-3  နဲ့MSR-20  တစ်တန်ကို ၄၄ဝဝ ဒေါ်လာနဲ့RSS-5 တစ်တန်ကို ၄၃ဝဝ ဒေါ်လာဈေးရလျက်ရှိပါတယ်။ ရော်ဘာအထွက် ကျတဲ့ရာသီဖြစ်တာကြောင့် တင်ပို့မှုလျော့နည်းရခြင်းဖြစ်တယ်လို့ သိရပါတယ်။ KZW 

Sunday, 28 Aug 2011

အိန္ဒိယတောင်သူများပဲမျိုးစုံ နံှစားသီးနံှများအစား တွက်ခြေကိုက်တဲ့ ဝါ၊ ပဲပုပ်၊ ကြက်ဆူကြားသီးနံှများ ပြောင်းလဲစိုက်ပျိုးလာ                 ၂ဝ၁၁ ခုနှစ်မှာ အိန္ဒိယတောင်သူတွေဟာ ပဲ၊ နံှစားသီးနံှများလျော့စိုက်ခဲ့ပြီး စီးပွားဖြစ်တွက်ခြေကိုက်တဲ့ ဝါ၊ ပဲပုပ်၊ ကြက်ဆူကြားစတဲ့ သီးနံှတွေကို ပိုစိုက်ပျိုး လာကြပါတယ်။ တစ်နိုင်ငံလုံးခြုံကြည့်ရင် ပဲမျိုးစုံနဲ့ နံှစားသီးနံှ စိုက်ဧရိယာတွေ ကျဆင်းနေပြီး ဒီနှစ်မုတ်သုံမိုး ကောင်းကောင်းရခဲ့တဲ့ အနောက်ဘန်ဂေါ၊ ဘီဟာနဲ့ ဂျဟာခန်း ပြည်နယ်တွေမှာပါ စပါးစိုက်ဧရိယာတွေ ကျဆင်းခဲ့တာကို တွေ့ရပါတယ်။ ၂ဝ၁၁ ခုနှစ် သြဂုတ် ၁၉ ရက် ရရှိတဲ့သတင်းအရ မိုးပဲစိုက်ပျိုးမှု အခြေ အနေနဲ့ ပြည်နယ်အလိုက်သီးနံှပြောင်းလဲစိုက်ပျိုးမှု အခြေအနေတွေကို ဖော်ပြ လိုက်ပါတယ် -  

Pages