Main menu

Background

Tuesday, 30 Aug 2011

အထွက်ကျတဲ့ရာသီဖြစ်လို့ အပို့လျော့                သြဂုတ် ၁၄ ရက်မှ ၂ဝရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာ ၂ဝ၁ တန် တန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ၈၈၇သန်းဖိုးတင်ပို့ခဲ့ပါတယ်။ ယခင် ရက်သတ္တပတ်ကထက် တန်ချိန် ၂၁ဝ နီးပါး တင်ပို့မှု လျော့နည်းခဲ့ပါတယ်။ တင်ပို့တဲ့ နိုင်ငံကတော့ စင်ကာပူတစ်နိုင်ငံထဲကို တင်ပို့ခဲ့တာဖြစ်ပါတယ်။ နယ်စပ်မှ ယခုအပတ်ရော်ဘာတင်ပို့မှုတန် ၃၈ဝ ကျော်ရှိပြီး ယခင်အပတ်ကထက် တန် ၂ဝဝ ကျော် လျော့နည်းတင်ပို့ခဲ့ပါတယ်။ FOB (ရန်ကုန်) ဈေးနှုန်းကတော့RSS-3  နဲ့MSR-20  တစ်တန်ကို ၄၄ဝဝ ဒေါ်လာနဲ့RSS-5 တစ်တန်ကို ၄၃ဝဝ ဒေါ်လာဈေးရလျက်ရှိပါတယ်။ ရော်ဘာအထွက် ကျတဲ့ရာသီဖြစ်တာကြောင့် တင်ပို့မှုလျော့နည်းရခြင်းဖြစ်တယ်လို့ သိရပါတယ်။ KZW 

Sunday, 28 Aug 2011

အိန္ဒိယတောင်သူများပဲမျိုးစုံ နံှစားသီးနံှများအစား တွက်ခြေကိုက်တဲ့ ဝါ၊ ပဲပုပ်၊ ကြက်ဆူကြားသီးနံှများ ပြောင်းလဲစိုက်ပျိုးလာ                 ၂ဝ၁၁ ခုနှစ်မှာ အိန္ဒိယတောင်သူတွေဟာ ပဲ၊ နံှစားသီးနံှများလျော့စိုက်ခဲ့ပြီး စီးပွားဖြစ်တွက်ခြေကိုက်တဲ့ ဝါ၊ ပဲပုပ်၊ ကြက်ဆူကြားစတဲ့ သီးနံှတွေကို ပိုစိုက်ပျိုး လာကြပါတယ်။ တစ်နိုင်ငံလုံးခြုံကြည့်ရင် ပဲမျိုးစုံနဲ့ နံှစားသီးနံှ စိုက်ဧရိယာတွေ ကျဆင်းနေပြီး ဒီနှစ်မုတ်သုံမိုး ကောင်းကောင်းရခဲ့တဲ့ အနောက်ဘန်ဂေါ၊ ဘီဟာနဲ့ ဂျဟာခန်း ပြည်နယ်တွေမှာပါ စပါးစိုက်ဧရိယာတွေ ကျဆင်းခဲ့တာကို တွေ့ရပါတယ်။ ၂ဝ၁၁ ခုနှစ် သြဂုတ် ၁၉ ရက် ရရှိတဲ့သတင်းအရ မိုးပဲစိုက်ပျိုးမှု အခြေ အနေနဲ့ ပြည်နယ်အလိုက်သီးနံှပြောင်းလဲစိုက်ပျိုးမှု အခြေအနေတွေကို ဖော်ပြ လိုက်ပါတယ် -  

Sunday, 28 Aug 2011

နယ်အဝင်သွက်သလို မန်းအဆွဲသွက်တဲ့ မုံရွာကြက်သွန်နီ                     မုံရွာနယ်မှာ ဝါခေါင်မိုးက ရက်ခြားရွာနေသလို မိုးဓာတ်ကြောင့် ကြက်သွန်တွေ အညှောင့်ပေါက်လာမှာ စိုးတဲ့အတွက် တောင်သူတွေ ပွဲရုံကို အရောင်းသွက်ခဲ့တာ တွေ့ရပါတယ်။ တစ်နေ့လျှင် အချိန်တစ်သောင်း ဝန်းကျင် ပွဲရုံမှာ အဝင်ရှိခဲ့သလို ဒီလထဲမှာ မန်းအဆွဲကလည်း တစ်နေ့ပိဿာတစ် သောင်းကျော် စီးထွက်ခဲ့တာ တွေ့ရပါတယ်။ ဈေးကွက်အနေ နဲ့ ဒိုင်သိမ်းဈေး အသေး ၄ဝဝ ကျပ် - အလတ် ၄၅ဝ ကျပ်၊ အကြီး ၅ဝဝ ကျပ်နဲ့ ရှယ် ၅၅ဝ ကျပ် အသီးသီး တစ်ပိဿာ ဈေးပေါက်ခဲ့ပြီး၊ လက်ကားရောင်းဈေးကတော့ ရှယ် ၆ဝဝ ကျပ်၊ အကြီး ၅၂၅ ကျပ်၊ အလတ် ၄၇၅ ကျပ်နဲ့ အသေး ၄၅ဝ ကျပ် အသီးသီးအဝယ်သွက်ခဲ့တယ်လို့ ဆိုပါတယ်။ လက်ကျန် အားဖြင့် မုံရွာခရိုင်ထဲက တောင်သူတွေထံမှာ ပိဿာသိန်း၂ဝ ခန့်နဲ့ ကုန်သည်တွေထံမှာ ၅ သိန်းခန့် ကျန်ရှိနိုင်တယ်လို့ ကြက်သွန်ပွဲရုံ ရပ်ကွက်က ကြားသိရပါတယ်။ သြဂုတ်လ ၁ ရက်ကနေ ၂၅ ရက်နေ့ထိ မန္တလေးကို ပိဿာ ၂ ဒသမ ၅ သိန်းခန့်နဲ့ ရန်ကုန်ကို ပိဿာ ၅ သောင်း ခန့် စီးထွက်ခဲ့ကြောင်း ဈေးကွက်က ဆိုပါတယ်။ ထွန်းလှိုင်

Sunday, 28 Aug 2011

အိန္ဒိယနနွင်းဈေး အကျဘက်ဆက်ဆင်းဖွယ်ရှိ                အိန္ဒိယနိုင်ငံတောင်ပိုင်းပြည်နယ်များမှာ နနွင်းစိုက်ပျိုးမှု တိုးတက်နေတဲ့သတင်းများအရ နနွင်းဈေးနှုန်း အကျဘက်ရှိ နေဦးမှာဖြစ်ပါတယ်။ နနွင်းရောင်းချသူများဟာ နနွင်းအထွက်ပိုမိုမြင့်တက်မယ့် ခန့်မှန်းချက်တွေက ဈေးကျဖို့ဖြစ်စေတာမို့ ၎င်းတို့လက်ကျန်များ ရှင်းထုတ်လာဖွယ်ရှိပါတယ်။ ဒါပေမဲ့ ပြည်ပအမှာအော်ဒါများအရ ဈေးအနိမ့်နဲ့ ဝယ်ယူနိုင်ခြင်းကတော့ ဈေးနှုန်းကိုအထောက်အပံ့ဖြစ်စေနိုင်တယ်လို့ ကုန်သည်များကဆိုပါတယ်။                   နနွင်းထွက်ရှိမှုဟာ ၂ဝ၁ဝ-၁၁ အတွင်း အိတ် ၆၉ သိန်းထွက်ရှိခဲ့ရာမှ ယခုနှစ်မှာ အိတ်ပေါင်း ၈၂ သိန်း ထိ မြင့်တက်နိုင် တယ်လို့ခန့်မှန်းထားပါတယ်။ ပြည်တွင်းလှောင်လက်များမှာ နနွင်းလက်ကျန်အလုံအလောက် ရှိနေတဲ့အတွက် သြဂုတ်လကုန်ထိ ကာလတိုအတွင်း ဈေးနှုန်းဟာ ပြည်တွင်း၊ ပြည်ပဝယ်လက်တွေရဲ့ ဝယ်လို အားပေါ်မူတည် နေတယ်လို့ ဆိုပါတယ်။ ကာလလတ် နဲ့ ကာလရှည်အတွင်းမှာတော့ နနွင်းစိုက်ပျိုးမှုတိုးတက်ခြင်းနဲ့ လက်ကျန်ရှိနေတာကြောင့် အကျဘက်ဆင်းလိမ့်မယ်လို့ဆိုပါတယ်။                NCDEX မှာ သြဂုတ်လ ၂၅ ရက်နေ့ လက်ငင်းဈေးဟာ တစ်တန်ကို ရူပီး ၆၄၅ဝဝ (ကန်ဒေါ်လာ ၁၃၉၉ ဒသမ ၇) ဈေးဖြစ်ခဲ့ပါတယ်။ ဟင်းခတ်အမွှေးအကြိုင်အဖွဲ့စာရင်းအရ ၂ဝ၁၁ ဧပြီလမှ ဇွန်လအထိ နနွင်းတင်ပို့မှုဟာ တန်ချိန် ၂၁၇၇၅ ရှိလို့ ယခင်နှစ်ကာလတူတင်ပို့ခဲ့တဲ့ တန်ချိန် ၁၅ဝဝဝ ထက်၄၅ ရာခိုင်နှုန်း ပိုမိုတယ်လို့ဆိုပါတယ်။               ဗီယက်နမ်၊ အင်ဒိုနီးရှားနဲ့ နိုက်ဂျီးရီးယားတို့က ရောင်းလိုအားကောင်းနေခြင်းနဲ့အတူ ကမ္ဘာ့ဈေးကွက်မှာ ရောင်းချမှုက အားကောင်းနေပါတယ်။ ဝယ်လိုအားဘက်မှာလည်း ဆေးနဲ့အလှကုန်လုပ်ငန်း တိုးတက်တာကြောင့် စားသုံးမှုတိုးတက်နေတယ် လို့ဆိုပါတယ်။ လက်ရှိနနွင်းစိုက်ပိုျးမှုအနေနဲ့ ယခင်နှစ်ထက် ၁၅ရာခိုင်နှုန်းလျော့ကျပေမယ့် ပုံမှန်စိုက်ဧရိယာထက်တော့ ပိုမိုတယ်လို့ဆိုပါတယ်။ ယခင်နှစ်က စိုက်ဧကအလွန်မြင့်မားခဲ့ရာ ယခုလိုအချိန်မှာ ဟက်တာ ၆၉ဝဝဝ စိုက်ပျိုးထားပြီး ယခုနှစ်မှာ ဟက်တာ ၆ဝဝဝဝ စိုက်ပျိုးထားကြောင်းနဲ့ ပုံမှန်အားဖြင့် ဟက်တာ ၅၆ဝဝဝ စိုက်ပျိုးမှုရှိတယ်လို့သိရပါတယ်။ ယမင်းခင်၊Source: Business standard 

Sunday, 28 Aug 2011

ရှမ်းနနွင်းဈေးငြိမ်သော်လည်း ပစ္စည်းကောင်းရင် ဈေးကောင်းပေးဝယ်               နနွင်းဈေးကတော့ ငြိမ်နေပါတယ်။ မန္တလေးဝယ်လက်တွေကလည်း ပစ္စည်းကောင်းကို ရွေးဝယ်လိုပြီး၊ ကောင်းရင် တစ်ပိဿာ ၁၆ဝဝ ကျပ်နဲ့၊ နည်းနည်းညံ့ရင် ၁၅ဝဝ ကျပ်ဈေးပေးဝယ်နေတယ်လို့ ဟိုပုံးချင်းဈေးကွက်က သိရပါတယ်။ ပြီးခဲ့တဲ့ အပတ်တွေကစပြီး ဝယ်နေကြပေမယ့် ဒီတစ်ပတ်ကတော့ ရေကြီးနေတာကြောင့် အဝယ် နည်းနည်း ရပ်နေတယ်လို့ လည်း သိရပါတယ်။ ဟိုပုံးနနွင်းကတော့ ခြံရှင်တွေဆီမှာ နည်းနည်း၊ လှောင်လက်တွေဆီမှာလည်း အနည်းငယ်လောက်သာ ကျန်ပါတော့တယ်။ ဒီနှစ်နနွင်းက ချင်းတက်ရောင်းအားနည်းပါတယ်။ မနှစ်ကတော့ တစ်နှစ်ပတ်လုံးရောင်းအားကောင်းပြီး ဒီနှစ်မှာတော့ တစ်လကို နည်းနည်း၊ နည်းနည်းသာ အရောင်းအဝယ် ဖြစ်ပါတယ်။ ဒီနှစ်နနွင်းရောင်းအားကတော့ ဇန်နဝါရီလမှာ ဈေးကွက်ကို စဝင်တာကြောင့် ရောင်းအားကောင်းပြီး တစ်လအတွင်း ပိဿာချိန် ၅၇ဝဝဝ အရောင်းအဝယ်ဖြစ်ပါတယ်။ ဖေဖော်ဝါရီလမှာ ၂၁ဝဝဝ ပိဿာအရောင်းအဝယ်ဖြစ်ပြီး၊ မတ်လ၊ ဧပြီလ၊ မေလတွေမှာတော့ ပိဿာချိန် ထောင်ဂဏန်း သာအရောင်းအဝယ်ဖြစ်ပါတယ်။ ဇွန်လမှာတော့ ပိဿာချိန် ၅ဝဝဝဝ အရောင်းအဝယ်ဖြစ်ပြီး၊ ဇူလိုင်လမှာ ပိဿာချိန် ၆၅ဝဝဝ သာအရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ဒီတစ်ပတ် နနွင်းဈေးတွေက အောင်ပန်းဈေးကွက်မှာ တစ်ပိဿာ ၅ဝဝ ကျပ်မှ ၁၂ဝဝ ကျပ်ရှိပြီး၊ ဆင်တောင်နနွင်းက ၃ဝဝဝ ကျပ်ဈေးရှိပါတယ်။ တောင်ကြီးဈေးကွက်မှာ ဟိုပုံးနနွင်းတစ်ပိဿာ ၁၅ဝဝ ကျပ်-၁၆ဝဝ ကျပ် ဈေးရှိပါတယ်။ ဧဧခိုင် 

Sunday, 28 Aug 2011

မူဆယ်နဲ့ စစ်တွေနယ်စပ်မှ နနွင်းတက်အပို့ရှိ               ယခုအပတ်မှာ စစ်တွေနဲ့ မူဆယ်နယ်စပ်တို့မှ ၎င်းတို့နဲ့ ထိစပ်နေတဲ့ တစ်ဘက်အိမ်နီးချင်းနိုင်ငံ အသီးသီးသို့ ကန်ဒေါ်လာ သုည ဒသမ ၂၁၂ သန်းတန်ဖိုးရှိ နနွင်းတက် ၁၃၇ တန်ခန့် အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်က မူဆယ်နယ်စပ်မှသာ ၇၅ တန် အပို့ရှိခဲ့တာမို့ ယခုအပတ်မှာ ၆၂ တန် ပိုမိုတင်ပို့ နိုင်ခဲ့ပါတယ်။ နယ်စပ်အလိုက် ယခုအပတ် နနွင်းတက် တင်ပို့မှုကတော့ မူဆယ်မှာ ၁၃၄ တန်ခန့်နဲ့ စစ်တွေမှ ၃ တန် ဖြစ်ပါတယ်။ MIRT (DOBT) 

Pages