Main menu

Background

Tuesday, 12 Jul 2011

ပင်လယ်ရေကြောင်းက ပဲစင်းငုံ တန် ၄ဝဝဝ တင်           ပင်လယ်ရေကြောင်းက ပဲစင်းငုံတင်ပို့မှုဟာ ဇွန်လ ၂၄ ရက်မှ ဇူလိုင်လ ၁ ရက်အထိ တန်ချိန် ၄ဝဝဝ ကျော်တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ဇွန်လတစ်လလုံး တင်ပို့မှုအနေနဲ့ တန်ချိန် ၂၂ဝဝဝ ခန့်ရှိပြီး မေလမှာ တန်ချိန် ၂ဝဝဝဝ ခန့်ရှိတာ တွေ့ရပါတယ်။ ၂ဝ၁ဝ ဇွန်လအတွင်းမှာတော့ တန်ချိန် ၁၉ဝဝဝ ခန့်ရှိလို့ ယခုနှစ် ကာလတူမှာ ပိုမိုတင်ပို့နိုင်တာတွေ့ရပါတယ်။                 လက်ရှိဘဏ္ဍာနှစ် ဇူလိုင်လ ၁ ရက်နေ့အထိ တင်ပို့ပြီးစီးမှုအနေနဲ့ ပဲစင်းငုံ တန်ချိန်၄၉ဝဝဝ ခန့်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူမှာ တန်ချိန် ၃၁ဝဝဝ ခန့်သာ ရှိတာတွေ့ရပါတယ်။ လက်ရှိဈေးကွက်မှာ ပဲစင်းငုံအနီစကို အဝယ်လိုက်နေလို့ လာမယ့်သီတင်းပတ်တွေမှာလည်း ပုံမှန်တင်ပို့နိုင်မယ်လို့ ခန့်မှန်းကြပါတယ်။ MIRT- MAPT

Tuesday, 12 Jul 2011

အိန္ဒိယမတ်ပဲဈေးခိုင်မာရာမှ မိုးရွာသွန်းလို့ ဈေးပြန်လျော့လာ                 အိန္ဒိယပြည်တွင်းလက်ငင်းဈေးကွက်တွေမှာ ယခုသီတင်းပတ်အစပိုင်းမှာ ဈေး အနည်းငယ်ပြန်မာတဲ့ သဘောရှိခဲ့ရာမှ ပဲစိုက်ပျိုးတဲ့ဒေသတွေမှာ မိုးပြန်လည် ရွာသွန်းလာတဲ့အတွက် မတ်ပဲဈေးလည်း ပြန်လည်လျော့ကျ လာခဲ့ပါတယ်။ အိန္ဒိယ နိုင်ငံ ပင်နီစူလာနဲ့ မြောက်ပိုင်းဒေသတွေမှာ မိုးပုံမှန်အောက်သာ ရွာသွန်းခဲ့တာကြောင့် ပဲစိုက်ပျိုးမှုနှေးကွေးတဲ့အတွက် သီတင်းပတ်အစပိုင်းမှာ ဈေးမာလာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ယခုရက်ပိုင်းမှာ မိုးရွာသွန်းခဲ့တဲ့အတွက် မိုးပဲအတွက် အလား အလာပြန်လည်ကောင်းမွန်လာတဲ့ အခြေအနေ ရှိပါတယ်။ ဒါပေမဲ့ ပဲအသစ်ဝင် လာလို့ အချိန်လိုအပ်နေသေးတာကြောင့် ဝယ်လိုအားတက်မယ်ဆိုရင် ဈေးနှုန်း ဆက်လက်ခိုင်မာဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်အသီးသီးမှာ ဖြစ်ပေါ် တဲ့ ဈေးနှုန်းများ ဖော်ပြလိုက်ပါတယ်                                                                ဒေါ်လာ/ တန်                       ၇-၇-၁၁           ၆-၇-၁၁          ၅-၇-၁၁                 ၄-၇-၁၁မွန်ဘိုင်း           ၈၅၈-၈၆၇         ၈၇၉-၈၈၄        ၈၇၁-၈၉၉               ၉၁၃-၉၁၉ဒေလီ              ၉ဝဝ-၉၁၇         ၉ဝ၁-၉၁၈        ၈၉၉-၉၁၆              ၉၁၃-၉၃ဝချန်နိုင်း            ၈၃၃-၉၅၇         ၈၅၁-၉၆၃        ၈၇၁-၉၈၃              ၈၇၄-၉၈၆MIRT(MAPT)

Tuesday, 12 Jul 2011

မတ်ပဲအနည်းငယ်သာ နယ်စပ်ကပို့                   မူဆယ် (၁ဝ၅) မိုင်ကုန်သွယ်ရေးဇုန်မှ ဇွန်လ ၂၉ ရက်မှ ဇူလိုင်လ ၅ ရက်ထိ ကာလအတွင်း ကန်ဒေါ်လာ ၈၇ဝဝ တန်ဖိုးရှိ မတ်ပဲ ၁ဝ တန်သာ တစ်ဖက် တရုတ်နိုင်ငံသို့ တင်ပို့မှုရှိခဲ့ပါတယ်။ ယခင်အပတ်တင်ပို့မှုအောက်တန် ၅ဝ လျော့ နည်းခဲ့ပါတယ်။ ပဲဈေးများလျော့ကျနေတာကြောင့် ယခုအပတ် မတ်ပဲတင်ပို့မှု လျော့ကျလျက်ရှိပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံမြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ပါတယ်                                 မိမိဘက်(ကျပ်/တန်)                  တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)              ယခု          ယခင်       ပြောင်းလဲမှု    %      ယခု     ယခင်    ပြောင်းလဲမှု     %မတ်ပဲ    ၅၄၆၇၂၉   ၅၇၉၆၉၄     ၃၂၉၆၅          ၆     ၈ဝ၃     ၈ဝ၅          ၂           ဝ .၂MIRT (DOBT)

Tuesday, 12 Jul 2011

ဇူလိုင်လ ပထမပတ်အတွင်း မတ်ပဲ FOB တန် သုံးသောင်းနီးပါး အရောင်းအဝယ်ဖြစ်                  ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ပြည်ပ ဝယ်လက်များ အဝယ်သွက်နေတာကြောင့် ဇူလိုင်လ ပထမပတ်အတွင်းမှာ တန် သုံးသောင်းနီးပါးအရောင်းအဝယ်စာချုပ် ချုပ်ခဲ့တယ်လို့ သိရပါတယ်။ ဇွန်လ ပထမ ပတ်အတွင်းမှာ တန်ချိန် နှစ်သောင်းနီးပါးသာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါ တယ်။ အိန္ဒိယဝယ်လက်များ လက်ရှိဈေးမှာ ဝယ်ယူဖို့ စိတ်ဝင်စားလာခြင်းနဲ့ ကုန်သွယ်လုပ်ငန်းခွန် ၃ ရာခိုင်နှုန်းလျှော့ချခြင်းကြောင့် ပဲဈေးကွက်မှာ ပြည်ပအရောင်း အဝယ်နဲ့ ပြည်တွင်းအရောင်းအဝယ်သွက်နေတယ်လို့ သိရပါတယ်။ ပြည်ပအဝယ် သွက်ပြီး ပြည်ပပို့ကုန်ဝင်ငွေ တစ်ယူနစ်တန်ဖိုး အပြောင်းအလဲမများတာကြောင့် ယခုရက်ပိုင်း မတ်ပဲ FOB ဈေးအနည်းငယ်တိုးလာတာတွေ့ရပါတယ်။ ရန်ကုန် FOB ဈေးများကို ယခင်တစ်ပတ်နဲ့ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်-                                    ဒေါ်လာ/တန်                   မတ်ပဲ(FAQ)      မတ်ပဲ(SQ)၈-၇-၁၁        ၇၆ဝ-၇၈ဝ          ၈၅ဝ-၈၇ဝ၁-၇-၁၁        ၇၅ဝ-၇၇ဝ         ၈၅ဝ-၈၇ဝMIRT(MAPT)

Tuesday, 12 Jul 2011

မတ်ပဲသင်္ဘောတင်ပို့မှု တန်ချိန် ၁၆ဝဝဝ ကျော်                       ပြည်ပမတ်ပဲသင်္ဘောတင်ပို့မှုမှာ ဇွန်လ ၂၄ ရက်မှ ဇူလိုင်လ ၁ ရက်နေ့အထိ တစ်ပတ်အတွင်း တန်ချိန် ၁၆ဝဝဝ ကျော်ရှိတယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ်များက တန်ချိန် ၁၈ဝဝဝခန့် တင်ပို့မှုရှိလို့ယခုတစ်ပတ်မှာ တင်ပို့မှုအနည်းငယ် လျော့ကျတာ တွေ့ရပါတယ်။ ဇွန်လတစ်လလုံး တင်ပို့မှု အနေနဲ့ တန်ချိန် ၇၆ဝဝဝ ကျော်ရှိပြီး မေလအတွင်းမှာ တန်ချိန် ၈၅ဝဝဝ ခန့်ထိ တင်ပို့ခဲ့တာ တွေ့ရပါတယ်။ ၂ဝ၁ဝ ခုနှစ် ဇွန်လအတွင်းမှာတော့ တန်ချိန် ၅၃ဝဝဝ ကျော်ရှိလို့ ယခုနှစ် ဇွန်လမှာ တန်ချိန် ၂ သောင်းကျော်ပိုမို တင်ပို့နိုင်တာတွေ့ရပါတယ်။ လက်ရှိဘဏ္ဍာနှစ် ဇူလိုင်လ ၁ ရက်နေ့အထိ တင်ပို့ပြီးစီးမှုကို လေ့လာ ကြည့်ရာမှာ တန်ချိန် ၁၉ဝဝဝဝ ခန့်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူက တန်ချိန် ၁၃ဝဝဝဝခန့်သာရှိလို့ ယခုနှစ်မှာတန်ချိန်၆ သောင်းခန့် ပိုမိုတင်ပို့ပြီး ဖြစ်တာ တွေ့ရပါတယ်။လက်ရှိပြည်ပဝယ်လက်များအဝယ်ရှိနေတာကြောင့် လာမယ့်သီတင်းပတ်များမှာလည်း တင်ပို့မှု အားကောင်းဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။              MIRT- MAPT 

Tuesday, 5 Jul 2011

မန်ကျည်း တင်ပို့မှုပို               ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းကနေ ဇွန်လ ၁၉ ရက်မှ ၂၅ ရက်တာ ကာလအတွင်း မန်ကျည်းတန်ချိန် ၁၂၈ တန်ကို တင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ ကုန်သွယ်ဖက်နိုင်ငံက စင်ကာပူနိုင်ငံကို ၈၈ တန်နဲ့ ထိုင်းနိုင်ငံကို တန်ချိန် ၄ဝ အသီး သီး တင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ်မန်ကျည်းသီး ၄၆တန် ကျော်သာ တင်ပို့နိုင်ခဲ့ပြီး ဒီတစ်ပတ်မှာ ယခင်တစ်ပတ်ထက် ၃ ဆနီးပါး ပိုမိုတင်ပို့နိုင်ခဲ့တာ တွေ့ရ ပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီ ဈေး ပျမ်းမျှကန်ဒေါ်လာ ၆၁ဝ ဝန်းကျင်နဲ့ တင်ပို့ နိုင်ခဲ့တဲ့အတွက် စုစုပေါင်း ပို့ကုန်ဝင်ငွေကန်ဒေါ်လာ ခုနှစ် သောင်းရှစ်ထောင် ကျော်ရရှိခဲ့ပါတယ်။ MIRT (DOT)

Tuesday, 5 Jul 2011

နနွင်းရောင်းချဖို့ အိန္ဒိယစိုက်ပျိုးသူများကို ပြောကြား               နောက် ၃ လကျော်မှာ နနွင်းဈေးနှုန်းမြင့်တက်ဖို့ အခွင့်အလမ်းနည်းသွားပြီလို့ တမီနာဒူး စိုက်ပျိုးရေးတက္ကသိုလ်မှ ပြည်တွင်းနဲ့ ပြည်ပတင်ပို့မှု ဈေးကွက်ပညာဖွံ့ဖြိုးရေးဌာန( DEMIC ) မှ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ဒါကြောင့် တောင်သူများအနေနဲ့ နနွင်းများ ချက်ချင်းထုတ်ရောင်းဖို့ ၎င်းတို့ကအကြံပေးခဲ့တယ်လို့ သိရပါတယ်။ ဇွန်လမှာ ရှိရမယ့် တစ်တန်ကို ရူပီး ၁၅ဝဝဝဝ (ကန်ဒေါ်လာ ၃၃၅၁) မှ ယခုအခါ တစ်တန်ကို ရူပီး ၆၅ဝဝဝ-၇၅ဝဝဝ ( ကန်ဒေါ်လာ ၁၄၅၂- ၁၆၇၅) ကိုကျဆင်းခဲ့တယ်လို့ ဆိုပါတယ်။                  အဲဒီလိုဈေးနှုန်းကျဆင်းခြင်းဟာ နနွင်းစိုက်ဧရိယာ ၂၅ ရာခိုင်နှုန်း တိုးတက်မှုကြောင့် ထုတ်လုပ်မှု ၄၅ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ပြည်ပတင်ပို့မှုမှာ ၁၄ ရာခိုင်နှုန်းကျဆင်းခဲ့တာကြောင့်လို့ DEMIC  က ဆိုပါတယ်။ လက်ကျန်များခြင်း၊ အရည် အသွေးနိမ့်ခြင်းနဲ့ ဝင်ရောက်မှုကျဆင်းခြင်းက ဈေးနှုန်းထပ်မံကျဆင်းဖို့ ဖြစ်စေတယ်လို့လည်း ဆိုပါတယ်။ အင်ဒရာပရာဒေ့ရှ်မှာ နနွင်းစိုက်ပျိုးမှုစတင်နေပြီး တိုးတက်မှုမှာ အားရဖွယ်ရှိတယ်လို့ ဆိုပါတယ်။ မိုးရွာသွန်းမှု ကောင်း နေခြင်းကလည်း စိုက်ပျိုးမှုအတွက် အထောက်အပံ့ဖြစ်စေပါတယ်။ ဈေးကွက်ပေါက်ဈေးပေါ် မူတည်ပြီး စိုက်ပျိုးကြမှာဖြစ်လို့ အကယ်လို့သာ ဈေးဆက်လက်ကျဆင်းမယ်ဆိုရင် တောင်သူများက ဝါဂွမ်းနဲ့ ပဲပုပ်တို့လို ငွေပိုရတဲ့ သီးနံှတွေကို ပြောင်းလဲစိုက်ပျိုး နိုင်လို့ နနွင်းစိုက်ဧရိယာကျဆင်းဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ ယခုနှစ် နနွင်းထုတ်လုပ်မှု အိတ် ၇ဝ သိန်းခန့်ရှိပြီး လက်ကျန်ပမာဏမှာ အိတ် ၁၁ သိန်းကို ၄ သိန်းခန့် တိုးတက်နိုင် တယ်လို့ သိရပါတယ်။ ယမင်းခင်၊ Source: hindubusiness 

Pages