Background
ပုံမှန်အရောင်းအဝယ်ဖြစ်နေတဲ့ ပြည်အာလူးဈေးကွက် ယခုတစ်ပတ်တွင် အောင်ပန်းဘက်မှ အာလူးများ ပြည်ဈေးကွက်အတွင်းသို့ ပိဿာ ၄ဝ ဝင်အိတ် ၁၅ဝ ခန့်နဲ့ ယခင် ပတ်အတိုင်း ပုံမှန်အဝင်ရှိပြီး ဧရာဝတီနှင့် ရခိုင်ဘက်သို့ ပိဿာချိန် ၆ဝဝ ခန့်ကို ဈေးကွက်မှတစ်ဆင့် တင်ပို့ခဲ့ကြောင်း သိရပါတယ်။ ဈေးနှုန်းမှာ ယခင်အပတ်ဈေးအတိုင်း တစ်ပိဿာကို (ကြီး) ၈ဝဝ ကျပ်၊ (လတ်) ၇ဝဝ ကျပ်၊ (သေး) ၆၅ဝ ကျပ်တို့ရှိပြီး ဈေးကွက်အတွင်း ပွဲရုံများ၌ ပိဿာချိန် ၂၅ဝဝ ခန့်နှင့် ယခုတစ်ပတ်၌ အရောင်းအဝယ် ပုံမှန်ဖြစ် လျက်ရှိကြောင်း သိရပါတယ်။ ဝင်းလဲ့ဝါ
အိန္ဒိယ နနွင်းတောင်သူများ အကျိုးအမြတ်မရှိတဲ့ဈေးနဲ့ မရောင်းချဖို့ ဆုံးဖြတ် အိန္ဒိယနိုင်ငံတစ်ဝန်းရှိ နနွင်းတောင်သူများဟာ အကျိုး အမြတ် ရရှိမယ့်ဈေးနှုန်း ဖြစ်မလာချိန်ထိ နနွင်းရောင်းချခြင်း မလုပ်ဖို့ ဆုံးဖြတ်ထားကြောင်း သိရပါတယ်။ နနွင်းတစ်တန် ထုတ်လုပ်မှုစရိတ် ရူပီး ၇၅ဝဝဝ (ကန်ဒေါ်လာ ၁၆၇၆)ဖြစ်ပြီး လက်ရှိ ဈေးနှုန်းဟာ အဲဒီဈေးအောက်ရောက်နေတယ်လို့ တမီနာဒူးက စိုက်ပျိုးရေးပညာရှင် T Veloyutham ပြောကြားပါတယ်။ အစိုးရကလည်း နနွင်းအတွက် အနိမ့်ဆုံး ထောက်ပံ့ဈေးနှုန်းကို ကြေညာသတ်မှတ်ခြင်းမရှိဘူးလို့ ဆိုပါ တယ်။ အကယ်လို့သာ အကျိုးအမြတ်ရတဲ့ ဈေးထပ်မဖြစ် လာရင် နနွင်းစိုက်ပျိုးနိုင်တော့မှာ မဟုတ်ဘူးလို့ ၎င်းက ဆိုပါတယ်။ NCDEX မှာ နနွင်းလက်ငင်းဈေးဟာ ၂ဝ၁ဝ ဒီဇင်ဘာ ၃၁ ရက်နေ့က တစ်တန် ရူပီး ၁၆၈ဝဝဝ (ကန်ဒေါ်လာ ၃၇၅၄) ရှိရာမှ ယခုအခါ ၅၇ ရာခိုင်နှုန်းကျဆင်းပြီး တစ်တန် ရူပီး ၇၂ဝဝဝ (ကန်ဒေါ်လာ ၁၆ဝ၉) ဝန်းကျင်ဖြစ်နေပါတယ်။ နနွင်း စိုက်ပျိုးရာမှာ ပေါင်းမြက်နဲ့ ကြားသီးနံှတို့အပြင် ရေနဲ့ ပိုးသတ်ဆေးတို့ရဲ့ သွင်းအားစုလိုအပ်ချက်များတယ်လို့ ဆိုပါတယ်။ အိန္ဒိယလယ်သမားများအသင်း (Cifa ) အထွေထွေအတွင်းရေးမှူး ွRV Giri ပြောကြားတာတော့ တောင်သူတွေအနေနဲ့ နနွင်းဟာ ရိုးရာအမွေအနှစ်ဖြစ်လို့ ဆက်လက်စိုက်ပိုျးမှာဖြစ်ပေမဲ့ ရောင်းချတော့မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ သီနံှရောင်းထုတ်မှု ရပ်တန့်ဖို့ ဆုံးဖြတ်ထားတယ်လို့Giri မှပြောကြားပါတယ်။ ဒီလိုဈေးနှုန်းကျဆင်းလာခြင်းဟာ ရောင်းချမှု ပိုလံျှနေတာကြောင့်လို့ ဆိုပါတယ်။ ယခင်ဘဏ္ဍာနှစ်နောက်ပိုင်းကစပြီး ရောင်းချမှု စတင်တိုးတက်ခဲ့တယ်လို့ ဆိုပါတယ်။ ဖေဖော်ဝါရီလ တိုင်အောင် စုစုပေါင်း ထုတ်လုပ်မှုဟာ ယခင်ဘဏ္ဍာနှစ် ၂ နှစ်ကထုတ်လုပ်မှုထက် ၄၃ ရာခိုင်နှုန်းပိုမိုနေတယ်လို့ ဆိုပါတယ်။ ဒီဇင်ဘာလမှာ ဈေးနှုန်း မြင့်တက်ခဲ့ချိန် ပြည်ပတင်ပို့မှုလည်းကျဆင်းခဲ့ပါတယ်။ အသင်းအနေနဲ့ တောင်သူတွေဆီက နနွင်းအားလုံးကို ဝယ်ယူပြီး အအေးခန်းသိုလှောင်ရုံတွေမှာသိမ်းထားပြီး ဈေးနှုန်းပြန်ကောင်း လာမှသာ ရောင်းထုတ်မယ်လို့ Cifa ဥက္ကဌ P Changal Reddy မှ ပြောကြားပါတယ်။ ယမင်းခင်၊Source: hindustans.com
ဝယ်လက်ကို မျှော်တဲ့ ရှမ်းနနွင်း ဒီတစ်ပတ်မှာ ရှမ်းနနွင်းကလည်း ကျောက်ဆည်နနွင်းလိုပဲ ဝယ်လက်ကို မျှော်နေဆဲဖြစ်ပါ တယ်။ ပြည်ပဝယ်လိုအား မရှိတာကြောင့် ဈေးကွက်ကလည်း တဖြည်းဖြည်းပျောက်နေပါတယ်။ ပြီးခဲ့တဲ့လမှာ တရုတ်ဝယ်လက်တွေက တိုင်းရင်းဆေး ဖော်စပ်ဖို့အတွက် နနွင်းခေါင်းတွေကိုသာ သီးသန့်ဝယ်ယူကြတယ်လို့ သိရပါတယ်။ နနွင်းခေါင်းတွေကတော့ နနွင်းတက်လို ပစ္စည်း အများအပြားမရှိတာကြောင့် ခဏတာသာ ဈေးကွက်ရှိခဲ့ပြီး တစ်ပိဿာ ၁၈ဝဝ ကျပ်ဈေးပေါက်ခဲ့ပါတယ်။ နနွင်းတက်က လည်း လှောင်လက်တွေနဲ့ ခြံသမားလက်တွေမှာ ကျန်နေပါသေးတယ်။ ဒီနှစ်တော့ နနွင်းစိုက် တောင်သူအချို့တွေလည်း ပြန်စိုက်ဖို့အတွက်တောင် အခက်အခဲရှိနေတယ်လို့ သိရပါတယ်။ ယခင်နှစ်တွေကတော့ နနွင်းဈေးကောင်းရတာကြောင့် နနွင်းအဖြူတွေပါ ရောနှောစိုက်ခဲ့ကြပေမဲ့ ဒီနှစ်တော့ မျိုးကောင်းကိုသာ စိုက်ကြတယ်လို့ သိရပါတယ်။ အဖြူပါနနွင်းတွေက ိုပယ်၊ မျိုးကောင်းနနွင်းကိုသာစိုက်ပြီး အရည်အသွေးကောင်းတဲ့ နနွင်းတွေသာ စိုက်ပျိုးထုတ်လုပ်ဖို့ ဆောင်ရွက်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ဒီတစ်ပတ် နနွင်းဈေးတွေကတော့ အောင်ပန်းဈေးကွက်မှ တစ်ပိဿာ ၁ဝဝဝ ကျပ်-၁၂ဝဝ ကျပ်ဈေးရှိပြီး၊ နနွင်းခါးက တစ်ပိဿာ ၄ဝဝ ကျပ် ဈေးရှိပါတယ်။ တောင်ကြီးဈေးကွက်မှာတော့ တစ်ပိဿာ ၁၅ဝဝ ကျပ်ဈေး ရှိပါတယ်။ဧဧခိုင်
နနွင်းတင်ပို့မှုလျော့ ဇွန်လ ၅ ရက်မှ ၁၁ ရက်တာကာလအတွင်း နနွင်း ၁ တန်ကို ပင်လယ်ရေ ကြောင်းကုန်သွယ်မှုလမ်းကနေ မလေးရှား နိုင်ငံကို တင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ် တန် ၇ဝ တင်ပို့ခဲ့တဲ့ နနွင်းက ဒီတစ်ပတ်မှာ အပို့လျော့ခဲ့ပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီဈေးကန်ဒေါ်လာ ၁၉၃ဝ နဲ့ တင်ပို့ခဲ့တာဖြစ်ပါတယ်။ MIRT (DOT)
နနွင်းတက်နဲ့ နနွင်းခေါင်းအပို့ရှိ ဇွန်လ ၈ ရက်မှ ၁၄ ရက်ထိ ကာလအတွင်း မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ ဝ ဒသမ ၁ဝ၄ သန်းတန်ဖိုးရှိ နနွင်းတက် တန် ၄ဝ ကျော်နဲ့ နနွင်းခေါင်း ၁ဝ တန်ခန့် တင်ပို့မှုရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် နနွင်းတက် တန် ၄ဝ ကျော်တင်ပို့မှု လျော့နည်းခဲ့ပါတယ်။ MIRT(DOBT)
ဈေးကောင်းနေတဲ့ မန်ကျည်း မန္တလေးတိုင်းဒေသကြီးအတွင်း မန်ကျည်းအများဆုံးထွက်တဲ့ ကျောက်ပန်း တောင်းမြို့နယ်မှာ ယခုနှစ် မန်ကျည်းအထွက်နည်းခဲ့တာကြောင့် မန်ကျည်းအသစ်ပေါ်စ ဖေဖော်ဝါရီလက မန်ကျည်းအသား (အစေ့မပါ) တစ်ပိဿာ ၁၅ဝဝ ကျပ်- ၁၈ဝဝ ကျပ်ဈေးမှ ယခုရက်ပိုင်းအတွင်း ကျောက်ပန်းတောင်းမြို့တွင် မန်ကျည်း အလုံး (အကြောဆွဲ) တစ်ပိဿာ ၁၃၅ဝ ကျပ်-၁၄ဝဝ ကျပ်၊ မန်ကျည်းအသား (အစေ့မပါ) တစ်ပိဿာ ထိပ်စ ၃ဝဝဝ ကျပ်၊ အလတ်စ ၂၅ဝဝ ကျပ်၊ အောက်စ ၂ဝဝဝ ကျပ်၊ မန်ကျည်းစေ့ တစ်တင်း ၄ဝဝဝ ကျပ်ဈေးဖြင့် ဈေးကောင်း လျက်ရှိ ကြောင်း သိရပါတယ်။ ကျောက်ပန်းတောင်းမြို့နယ်အတွင်းသို့ ပခုက္ကူ ဆိပ်ဖြူမှ နေ့စဉ်မန်ကျည်း ပိဿာ ၃ဝဝဝ မှ ၅ဝဝဝ ခန့်ဝင်ရောက်လျက်ရှိပြီး ရှမ်းပြည်နယ် တောင်ပိုင်း (ရပ်စောက်) မှ နေ့စဉ် မန်ကျည်းအဝင်နည်းသွားပြီး ရက်ခြား၍ ပိဿာ ၂ဝဝဝ မှ ၃ဝဝဝ ခန့် သာဝင်ရောက်မှုရှိကြောင်း သိရပါတယ်။ ကျောက်ပန်းတောင်းမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း မန်ကျည်းလက်ကျန် အလုံး (အကြောဆွဲ) ပိဿာ တစ်သိန်းနှစ်သောင်းနှင့် မန်ကျည်းအသား ပိဿာ ရှစ်သိန်းခန့်လက်ကျန်ရှိကြောင်းနှင့် ကျောက်ပန်းတောင်းမှ ရန်ကုန် (ဘုရင့်နောင်) သို့နေ့စဉ် ပိဿာ ၈ဝဝဝ ခန့်တင်ပို့လျက်ရှိကြောင်း သိရပါတယ်။ ကျောက်ပန်းတောင်းမှ ပြည်ပတင်ပို့မှု အနေနဲ့ ယခုနှစ် ဖေဖော်ဝါရီလမှ မေလ အထိ မလေးရှား၊ ပါကစ္စတန်၊ တရုတ်နိုင်ငံများသို့ ပိဿာချိန် သိန်း ၂ဝ ခန့်တင်ပို့ခဲ့ကြောင်းနဲ့ မန်ကျည်း အလုံး (အကြောဆွဲ) တင်ပို့မှုများခဲ့ကြောင်း သိရပါတယ်။ မန္တလေးမြို့တွင် ယခုရက်ပိုင်းအတွင်း မန်ကျည်းအသား(အစေ့မပါ) တစ် ပိဿာ လက်ကားဈေး ၂၂ဝဝ ကျပ်နဲ့ လက်လီဈေး ၃ဝဝဝ ကျပ်ဖြစ်ကြောင်း သိရပါတယ်။ သင်းသင်းအိ
မန်ကျည်းတန်ချိန် ငါးဆယ်နီးပါးတင်ပို့ခဲ့ ဇွန်လ ၅ ရက်မှ ၁၁ ရက်တာကာလအတွင်း မန်ကျည်း ၄၇ ဒသမ ၅၅ တန် ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းကနေ တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ နိုင်ငံက စင်ကာပူနိုင်ငံကို ၂၂ ဒသမ ၅၅ တန်နဲ့ မလေးရှားနိုင်ငံကို ၂၅ တန်ဖြစ်ပါ တယ်။ ယခင်သီတင်းပတ်တန်ချိန် တစ်ရာကျော်ပို့ခဲ့တဲ့ မန်ကျည်းက ဒီတစ်ပတ်မှာ အပို့ လျော့ခဲ့ပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီဈေး ပျမ်းမျှကန်ဒေါ်လာ ၈၉ဝ ဝန်းကျင်နဲ့ တင်ပို့ခဲ့လို့ စုစုပေါင်းပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ လေးသောင်းနှစ်ထောင် ကျော် ရရှိခဲ့ပါတယ်။ MIRT (DOT)