Background
ပြည်ပဲနီပြား အဝင်ပါးပြီး ဈေးငြိမ်နေ ပဲခူးတိုင်းဒေသကြီးအနောက်တွင် ပဲနီပြားကို နတ်တလင်း၊ ရွှေတောင်(ကျီးသဲ) မြို့နယ်များတွင်သာ စိုက်ဧက အနည်းငယ်စိုက်ပျိုးခဲ့ပြီး ယခုဆိုရင် တောင်သူများ လက်ဝယ်တွင် ပဲလက်ကျန်မရှိတော့ဘဲ မျိုးပဲလောက်သာ ကျန်ရှိကြတော့တဲ့ အတွက် ပြည်ဈေးကွက်သို့ ပဲနီပြားဝင်ရောက်မှု မရှိသလောက်ဖြစ်ခဲ့ပါတယ်။ ဈေးကွက်အတွင်း လက်လီသမားများ နေ့စဉ်အဝယ်ရှိပြီး တစ်ရက်ကို ၃ဝ အိတ်ခန့် လက်ကျန်ပဲများဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါတယ်။ ပဲနီပြားဈေးနှုန်းမှာ ယခင်နှစ်က ဇွန်လအတွင်း တစ်တင်း ၂၅ဝဝဝ ကျပ်ဖြင့် ဈေးကောင်း ရခဲ့သော်လည်း ယခုနှစ်မှာတော့ တစ်တင်း ၁၆၅ဝဝ ကျပ်ဖြင့်သာ အရောင်းအဝယ်ဖြစ်လျက်ရှိနေတယ်လို့ သိရပါတယ်။ ခင်ဆွေဝင်း
ငွေဈေးနဲ့ ဝယ်လိုအားတောင်းဆိုမှုကြောင့် ဈေးမာလာတဲ့ ပဲစင်းငုံ ပခုက္ကူကုန်စည်ဒိုင်မှာ ပဲစင်းငုံနီဟာ ဇွန်လ ၁၂ ရက်က တစ်တင်းကို ၁၁၃ဝဝ ကျပ်အထိ အနိမ့်ဆုံး ရောက်ခဲ့ရာက ဇွန်လ ၁၅ ရက်မှာ ပို့ကုန်ဝင်ငွေတန်ဖိုးတွေ တက်လာလို့ဆို ပြီး ၁၃ဝဝဝ ကျပ်ဈေးထိပြန်လည် မြင့်တက်ခဲ့ပါတယ်။ ယနေ့ ဇွန် ၁၇ ရက်ဆို ၁၃၄ဝဝ ကျပ်ထိ ရောက်လာပါတယ်။ ဒါပေမဲ ပြည်ပဝင်ငွေတန်ဖိုးမြင့်ရုံနဲ့ ပဲဈေးက ကြာကြာခံမှာ မဟုတ်ပါဘူး။ နောက်ဆုံးသုံးစွဲသူဖြစ်တဲ့ အိန္ဒိယရဲ့ ဝယ်လိုအား တောင်းဆိုမှု တက်လာမှ ဈေးကွက်ကခိုင်မာမှာ ဖြစ်ကြောင်းပါ။ ယခုတော့ ကံအားလျော်စွာ အိန္ဒိယအဝယ်ကလည်း တက်လာတယ်လို့ လေ့လာသိရှိရပါတယ်။ ပဲစင်းငုံအသစ် ထက် ဈေးပေါတဲ့ အရင်နှစ်က ပဲစင်းငုံအဟောင်းကို သူတို့ပိုပြီး ဝယ်ချင်နေတယ်လို့ သိရကြောင်းပါ။ မောင်မောင်အေး
မူဆယ်မှ ပဲယင်းအပို့ရှိနေ ဇွန်လ ၈ ရက်မှ ၁၄ ရက်ထိ ကာလအတွင်း မူဆယ် ၁ဝ၅ မိုင်ကုန် သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ဝ ဒသမ ၁၃၄ သန်း တန်ဖိုးရှိ ပဲယင်းတန် ၂၂ဝ ကျော် တင်ပို့မှုရှိခဲ့ပါတယ်။ ယခင်အပတ်က တင်ပို့မှုထက် ၁၄၅ တန်လျော့နည်း တင်ပို့ခဲ့ပါတယ်။ တစ်ဘက်နိုင်ငံဈေးပြောင်းလဲမှုမရှိသော်လည်း မိမိတို့ဘက် မြေပြင်ဈေးမှာ ကျလျက်ရှိနေပါတယ်။ မြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပဲယင်း ၃၂၉၁၆၈ ၃၄ဝ၃ဝ၉ ၁၈၈၅၉ ၆ ၆၁၇ ၆၁၇ - -MIRT (DOBT)
ရောင်းလိုအားများလို့ ဈေးလျော့အဝယ်ရှိလာတဲ့ ပြည်ပဲကြီး ယခုတစ်ပတ်ပြည်ပဲကြီးဈေးကွက်တွင် အခြားတိုင်းမှဝင်ရောက်မှုမရှိဘဲ ဒေသတွင်းမှအနည်းငယ်သာဝင် ရောက်မှုရှိခဲ့ပါတယ်။ ယခင်အပတ်က ပဲကြီး (ရွှေကျွန်း) တစ်တင်း ၁၇ဝဝဝ ကျပ်၊ ပဲကြီး(ကမ်းနား)တစ်တင်း ၁၅၅ဝဝ ကျပ်ဈေးဖြင့် ဈေးမြင့်လာခဲ့ပြီးယခုတစ်ပတ်အတွင်း တောင်သူတွေမှအပ်ပဲများ ထုတ်ရောင်း လာကြတာကြောင့် ဝယ်လက်များမှ ပဲကြီး(ရွှေကျွန်း)တစ်တင်း ၁၆၅ဝဝ ကျပ်၊ ပဲကြီး(ကမ်းနား)တစ်တင်း ၁၅ဝဝဝ ကျပ်ဖြင့် ယခင်အပတ် ထက်တစ်တင်း ၅ဝဝ ကျပ်ဈေးလျော့အဝယ်ရှိခဲ့တာကိုတွေ့ရပါတယ်။ ပဲကြော်ဖိုသမားရော လိုင်း သမားများပါ အဝယ်ရှိတဲ့အတွက် တစ်ရက်အိတ် ၂၅ဝ မှ ၃ဝဝ အထိအရောင်း အဝယ်ဖြစ်ကြောင်းသိရပါတယ်။ ခင်ဆွေဝင်း
မူဆယ်မှပဲကြီး ပုံမှန်အပို့ရှိနေ ဇွန်လ ၈ ရက်မှ ၁၄ ရက်ထိ ကာလအတွင်းမူဆယ်နယ်စပ်မှ ကန်ဒေါ်လာ ဝ ဒသမ ၁ဝ၄ သန်း တန်ဖိုးရှိ ပဲကြီ်း ၁၂၃ တန်ခန့်တင်ပို့မှုရှိခဲ့ပါတယ်။ယခင် အပတ်ကထက် ၂၆ တန်ခန့် တင်ပို့မှုလျော့နည်းခဲ့ပါတယ်။ ဇွန်လအတွင်း ပဲကြီး တင်ပို့မှုမှာ ၂၇၂ တန်ရှိပြီးဖြစ်သော်လည်း မေလအတွင်းမှာ နယ်စပ်မှ ပဲအပို့မရှိခဲ့ပါဘူး။ ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ်စမှ ဇွန်လဒုတိယပတ်ထိ မူဆယ် နယ်စပ်မှ ပဲကြီးတင်ပို့မှုမှာ ၁၁၇၄ တန်ရှိနေပြီဖြစ်ပါတယ်။ MIRT (DOBT)
ထောပတ်ပဲနဲ့ မြေထောက်ပဲ သင်္ဘောတင်ပုံမှန်ရှိနေ ယခုသီတင်းပတ် (ဇွန်လ ၉ ရက်မှ ၁၄ ရက်) အတွင်းမှာ ပင်လယ်ရေကြောင်း က ထောပတ်ပဲ တန် ၆ဝဝ နီးပါးနဲ့ မြေထောက်ပဲ တန် ၃ဝဝ နီပါးတင်ပို့မှုရှိလို့ ယခင်သီတင်းပတ်ထက် ပိုမိုတင်ပို့နိုင်တာ တွေ့ရပါတယ်။ တင်ပို့တဲ့နိုင်ငံတွေကတော့ ထိုင်း၊ ဖိလစ်ပိုင်၊ တရုတ်နဲ့ ဂျပန်တို့ဖြစ်ပါတယ်။ ဇွန်လ ၁ဝ ရက်နေ့အထိ လက်ရှိ ဘဏ္ဍာနှစ်အတွင်း တင်ပို့ပြီးစီးမှုအနေနဲ့ ထောပတ်ပဲတန် ၇ဝဝဝ ကျော်နဲ့ မြေထောက်ပဲ တန် ၃ဝဝဝ ကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူက ထောပတ်ပဲတန် ၆၃ဝဝ ကျော်နဲ့ မြေထောက်ပဲ တန် ၂ဝဝဝ ကျော် တင်ပို့မှုရှိခဲ့လို့ ယခုနှစ် ကာလတူမှာ ပိုမိုတင်ပို့နိုင်တာတွေ့ရပါတယ်။ လာမယ့်သီတင်းပတ်တွေမှာလည်း တင်ပို့မှုအားကောင်းဖွယ် ရှိတယ်လို့ ခန့်မှန်းကြပါတယ်။MIRT- MAPT
ယခုသီတင်းပတ် မြေထောက်ပဲကို ပြည်ပအဝယ်ပိုများ ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ထောပတ် ပဲကို ပုံမှန်အဝယ်ရှိပြီး မြေထောက်ပဲကို ပြည်ပအဝယ်ပိုများလာတယ်လို့ သိရပါတယ်။ အရောင်းအဝယ်စာချုပ်ချုပ်ဆိုမှု အနေနဲ့ ယခင်သီတင်းပတ်က ထောပတ်ပဲ တန် ၇၈ဝ ကျော်နဲ့ မြေထောက်ပဲ တန် ၆၄ဝ ဖြစ်ခဲ့ရာမှ ယခုသီတင်းပတ် (ဇွန်လ ၁ဝ ရက်မှ ၁၇ ရက်)အတွင်းမှာတော့ ထောပတ်ပဲတန် ၄ဝဝ ကျော်နဲ့ မြေထောက်ပဲ တန် ၈ဝဝ ကျော် အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ရန်ကုန် FOB ဈေးနှုန်းအနေနဲ့ မြေထောက်ပဲဈေးမှာ ယခင်သီတင်းပတ် အတိုင်း ပြောင်းလဲမှုမရှိဘဲ ဇွန်လ ၁၇ ရက်မှာလည်း တစ်တန် ကန်ဒေါ်လာ ၆၂ဝ-၆၄ဝ ရှိပြီး ထောပတ်ပဲမှာ ယခင်သီတင်းပတ်ထက် အနည်းငယ်လျော့ကျပြီး တစ်တန်ကန်ဒေါ်လာ ၇၅ဝ-၇၈ဝ ဈေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ MIRT- MAPT
ဈေးအနည်းငယ်လှုပ်တဲ့ မုံရွာကုလားပဲဖြူလုံးကြီး V2 မုံရွာကုန်စည်ဒိုင်မှာ ၂ဝ၁၁ ခုနှစ်ဇွန်လ ၁၅ ရက်အတွင်းကုလားပဲဖြူလုံးကြီးV2 တစ်ပိဿာအနိမ့်၊အမြင့်ဈေးမှာ ၈၃၂ ကျပ်၊ ၉၂၈ ကျပ်။ ယခင်နှစ်ကာလတူ ပေါက်ဈေးမှာ ၁ဝ၄၂ ကျပ်၊ ၁ဝ၇၉ ကျပ်ဈေးအသီးသီးနဲ့ရောင်း ဝယ်ခဲ့ကြပါတယ်။ ဇွန်လ ၁၃၊ ၁၄ ရက်နေ့မှာ V2 တစ်ပိဿာ ၈၃၂ ကျပ် မှ ၁၅ ရက်နေ့မှာ ၈၆၈ ကျပ်သို့ ဈေးလှုပ်ခဲ့ရာတစ်ပိဿာအပေါ် ၃၆ ကျပ်၊ တစ်တင်းအပေါ် ၇ဝဝ ကျပ်ဈေးတက်ခဲ့ကြောင်းသိရှိရပါတယ်။ပဲမျိုးစုံသီး နံှများရဲ့ဈေးအတက်အကျ ဖြစ်ရခြင်းမှာ Earning ဈေးနဲ့ Export ဝယ်လက်အပေါ်မူတည်ပါကြောင်း ကုန်သည်တစ်ဦး မှပြောပြလို့သိရှိရပါတယ်။ ယခုအပတ်အတွင်း မုံရွာကုန်စည်ဒိုင်မှာ ကုလားပဲဖြူလုံးကြီး V2တင်း ၁၂ဝဝ ကျော် အရောင်းအဝယ်ဖြစ်ကြောင်းသိရပါတယ်။ ယခုလအတွင်းစစ်ကိုင်းတိုင်းဒေသကြီးမှ ကုလားပဲဖြူလုံးကြီး V2 ရန်ကုန် သို့တင်း ၁၄ဝဝ ကျော်၊ မန္တလေးသို့တင်း ၃၁ဝဝ ကျော်စီးထွက်ခဲ့ကြောင်း သိရှိရပါတယ်။ သန်းသန်းတင်
ဝယ်လိုအားနည်းတာကြောင့် အိန္ဒိယကုလားပဲဈေးကျဆင်းလာ အိန္ဒိယနိုင်ငံ ပဲစိုက်ရာဒေသများမှာ မုတ်သုံမိုးကောင်းနေခြင်းနဲ့ ဝယ်လိုအား နည်းခြင်းကြောင့် ယခုသီတင်းပတ်အတွင်း ကုလားပဲဈေး လက်ငင်းရော ကြိုပွိုင့်ဈေး ပါ ဝ ဒသမ ၅၁ ရာခိုင်နှုန်းနဲ့ ၁ ဒသမ ဝ၆၃ ရာခိုင်နှုန်းအသီးသီးကျဆင်းခဲ့တယ် လို့ သိရပါတယ်။ ဒါပေမဲ့ အိန္ဒိယအနောက်ပိုင်းမှာ ပဲစင်းငုံစိုက်ဧရိယာများ လျော့ပြီး ဝါဂွမ်းစိုက်ပိုျးမှု ပိုလာမယ်လို့ ခန့်မှန်းကြပါတယ်။ ပဲထုတ်လုပ်ရာဒေသတွေက ဈေးကွက်တွေကို ပဲဝင်ရောက်မှု တိုးတက်လာတဲ့ အတွက် လက်ကျန် လုံလောက်နေတဲ့ အခြေအနေကလည်း ဈေးနှုန်းကျဆင်းဖို့ ဖိအား ဖြစ်စေပါတယ်။ ဒါပေမဲ့လည်းလာမယ့် သီတင်းပတ်များမှာ ကုလားပဲ ဝင်ရောက်မှုလျော့ကျပြီး ဝယ်လိုအားတက်လာဖွယ်ရှိတယ်လို့ ကုန်သည်များက ခန့်မှန်းကြပါတယ်။ ကာလတိုအတွင်းမှာတော့ လက်ရှိဈေးဝန်းကျင်မှာ အပြောင်း အလဲဖြစ်နိုင်တယ်လို့ ကုန်သည်များက ခန့်မှန်းကြပါတယ်။ ယမင်းခင် Source: commodityonline
အိန္ဒိယကုလားပဲဈေး အနည်းငယ်လျော့ကျ အိန္ဒိယပြည်တွင်း လက်ငင်းဈေးကွက်များမှာ ကုလားပဲဈေးအနည်းငယ်လျော့ ကျခဲ့ပါတယ်။ သြစတြေးလျက ပဲအထွက်ပိုမယ့်အလားအလာရှိခြင်းက တင်သွင်း ပဲဈေးကို ကျဆင်းစေပါတယ်။ ဒါပေမဲ့ လှောင်လက်များက ပဲပမာဏအမြောက် အမြားဆက်လက်သိုလှောင်ထားပြီး ကာလတိုအတွင်း ဈေးမတက်ပါက လက်ကျန် ရှင်းထုတ်မှာ မဟုတ်ဘူးလို့ သိရပါတယ်။ သြစတြေးလျ ကုလားပဲထုတ်လုပ်မှုက ၂ဝ၁ဝ -၁၁ အတွင်း တန်ချိန် ၃၇၉ဝဝဝ ရှိရာ မှ ၂ဝ၁၁-၁၂ အတွင်း တန်ချိန် ၃၈၅ဝဝဝ ထိ တိုးတက်ဖွယ်ရှိပြီး ပြည်ပတင်ပို့မှုနေနဲ့ ယခင်နှစ်က တန်ချိန် ၃၁၅ဝဝဝ ရှိရာမှ ၂ဝ၁၁-၁၂ တွင် တန်ချိန် ၃၂ဝဝဝဝ ထိ တိုးတက်ဖွယ်ရှိတယ်လို့ သိရပါတယ်။ တစ်ပတ်အတွင်းဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် ဒေါ်လာ/ တန် ၁၆-၆-၁၁ ၁၅-၆-၁၁ ၁၄-၆-၁၁ ၁၃-၆-၁၁မွန်ဘိုင်း ၅ဝ၈ ၅၁ဝ-၅၁၃ ၅ဝ၉-၅၁၂ ၅၁၃ဒေလီ ၅၅၁-၅၅၇ ၅၄၈-၅၅၄ ၅၅၃-၅၅၈ ၅၈၂-၅၅၇ချန်နိုင်း ၅၉၅ ၅၉၅ ၅၉၄ ၅၉၃MIRT(MAPT)
