Main menu

Background

Monday, 23 May 2011

နယ်စပ်အပို့လည်းလျော့           မေလ ၁၁ ရက်မှ ၁၇ ရက်ထိ ကာလအတွင်း မူဆယ်နဲ့လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၂ ဒသမ ၆၄၁ သန်းတန်ဖိုးရှိ ရော်ဘာ အဆင့်စုံ ၅၉၆ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ရော်ဘာ ၇၈၂ တန် တင်ပို့ခဲ့တာမို့ ယခုအပတ်မှာ ၁၈၆ တန် တင်ပို့မှုလျော့နည်းခဲ့ပါတယ်။ နယ်စပ်အလိုက် ရော်ဘာတင်ပို့နိုင်မှုတွေ့ကတော့ မူဆယ်မှ MSR -20 ၃၅ တန်၊MSR -50 ၁၄၃ တန် RSS -3  ၁၈၅ တန် RSS -5 ဝ ဒသမ ၈ တန်နဲ့ လွယ်ဂျယ်နယ်စပ်မှ MSR -20 တန် ၁ဝဝနဲ့ RSS -3 ၁၃၃ တန် အသီးသီးတင်ပို့ခဲ့ပါတယ်။ ယခုအပတ်မှာလည်း မြိတ်နယ်စပ်မှ တင်ပို့မှု မရှိဘူးလို့ သိရပါတယ်။ မြန်မာ-တရုတ်နယ်စပ် မူဆယ်နဲ့ ရွှေလီရှိရော်ဘာ မြေပြင်ပေါက်ဈေးများကို ဖော်ပြပေးလိုက်ရ ပါတယ်                                      မိမိဘက်(ကျပ်/တန်)                      တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                ယခု                ယခင်           ပြောင်းလဲမှု   %        ယခု        ယခင်    ပြောင်းလဲမှု     %RSS-3    ၃ဝ၄၈ဝဝဝ     ၄၁၉၄ဝဝဝ     ၁၁၄၃ဝဝဝ     ၃၈      ၃၆၈၉     ၅ဝ၈၂     ၁၃၉၃           ၃၈RSS-5   ၂၉၈၄၅ဝဝ      ၄၁၂၇၅ဝဝ     ၁၁၄၃ဝဝဝ     ၃၈      ၃၆၁၂     ၅ဝဝ၅      ၁၃၉၃          ၃၈MIRT (DOBT)

Monday, 23 May 2011

ပင်လယ်ရေကြောင်းအပို့ မဆိုသလောက်သာရှိ                 မေလ ၁၃ ရက်နေ့မှ ၁၉ ရက်ထိ ကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာ ၉ တန် တန်ဖိုးကန်ဒေါ်လာ ဝ ဒသမ ဝ၄၅ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်ကလည်း တန် ၂ဝ သာ တင်ပို့ခဲ့တာကြောင့် တင်ပို့မှု မဆိုသလောက် ဘဲ ရှိတာတွေ့ရပါတယ်။ မြန်မာ့ကုန်သည်တွေ လက်ထဲမှာ ပစ္စည်းတွေရှိပေမယ့် ကမ္ဘာ့ရာသီဥတု ဖောက်ပြန်မှုနဲ့ စီးပွားရေး အပြောင်းအလဲများကြောင့် အဓိကရော်ဘာ သုံးစွဲတဲ့နိုင်ငံများရဲ့ ဝယ်လိုအား ကျဆင်းနေတာကြောင့် မြန်မာ့ရော်ဘာလဲ တင်ပို့မှု နည်းနေတာဖြစ်ကြောင်း သိရပါတယ်။ တရုတ်တစ်နိုင်ငံတည်းကိုသာ ပင်လယ်ရေကြောင်းရော၊ နယ်စပ်ကပါ တင်ပို့နေရပါတယ်။ ရန်ကုန် FOB ဈေးနှုန်းကတော့ RSS-3  တစ်တန်ကို ၄၆ဝဝ ဒေါ်လာ၊ RSS-5 တစ်တန်ကို ၄၅ဝဝ ဒေါ်လာနဲ့ MSR-20 တစ်တန်ကို ၄၆ဝဝ ဒေါ်လာ အသီးသီးဖြစ်ကြောင်း သိရပါတယ်။ KZW 

Sunday, 22 May 2011

နနွင်းဈေးကျဆင်းမှုအပေါ် အိန္ဒိယတောင်သူများ စိုးရိမ်နေ                  အိန္ဒိယနနွင်းဈေးကွက်အတွင်း နနွင်းဈေးဆက်လက်ကျဆင်းနေတဲ့အတွက် နနွင်းတောင်သူများ ထုတ်လုပ်မှုစရိတ် ပြန်မရမှာကို စိုးရိမ်နေကြတယ်လို့ သိရပါတယ်။ယခုတစ်ပတ်မှာ နနွင်းတစ်တန်ကို ရူပီး ၈၅ဝဝဝ (ကန်ဒေါ်လာ ၁၈၉၁) အောက် ကျဆင်းခဲ့ပါတယ်။ အီရော့ဈေးကွက်မှာ မေလ ၁၇ ရက်တစ်ရက်ထဲမှာပင် တစ်တန်ကို ရူပီး ၄ဝဝဝ-၅ဝဝဝ (ကန်ဒေါ်လာ ၈၉-၁၁၁) ကျဆင်းခဲ့ပါတယ်။ အဲဒီလိုဈေးဆင်းတဲ့ ပမာဏများတာကြောင့် အိန္ဒိယနိုင်ငံရဲ့ နနွင်းအများဆုံးစိုက်ပျိုးရာ အီရော့မှာ တောင်သူများ စိုးရိမ်မှု အဆိုးဆုံးအခြေအနေကို ရောက်ရှိနေတယ်လို့ သိရပါတယ်။ အီရော့မှာ ယခင်နှစ်က တစ်တန်ကို ရူပီး ၁၆ဝဝဝဝ (ကန်ဒေါ်လာ ၃၅၆ဝ) ကျော်ရရှိပြီးနောက် ဟက်တာ ၁ဝဝဝဝ ကျော်မှာ နနွင်းစိုက်ပျိုးခဲ့ကြပါတယ်။ နနွင်းဈေးနှုန်းဟာ ၂ဝ၁ဝ နှစ်ကုန်ပိုင်းတိုင်အောင် မြင့်တက်ခဲ့ပြီး ၂ဝ၁၁ ခုနှစ် ပထမ ၃ လအတွင်းမှာ စတင်ကျဆင်းခဲ့ပါတယ်။ နနွင်းဈေးအကျဘက်ဆင်းနေရာ ပြည်တွင်း ဈေးကွက်ရော ပြည်ပဈေးကွက်ပါ ဝယ်လိုအားနည်းတာကြောင့် မေလ ပထမပတ်အတွင်း တစ်တန်ကို ရူပီး ၉ဝဝဝဝ (ကန်ဒေါ်လာ ၂ဝဝ၂) အောက် ကျဆင်း ခဲ့ပါတယ်။ ဝယ်လိုအားတိုးတက်လာခြင်းမရှိသေးပေမဲ့ ဈေးကွက်အများစုကို နနွင်းဝင်ရောက်မှု မြင့်တက်နေဆဲ ဖြစ်နေတယ်လို့ နနွင်းကုန်သည်များက ဆိုပါတယ်။                      လွန်ခဲ့တဲ့ နှစ်အတွင်း တောင်သူများနနွင်းစိုက်ဧရိယာ ၂ ဆတိုးခဲ့တာကြောင့် ဝင်ရောက်မှု များလာခြင်း ဖြစ်ပါတယ်။ အီရော့ဈေးကွက်အတွင်း လွန်ခဲ့တဲ့ သီတင်းပတ်များမှာ တစ်ရက်ကို အိတ် ၁၅ဝဝဝ ဝန်းကျင် ဝင်ရောက်နေတယ်လို့ အီရော့ နနွင်းကုန်သည်များအသင်း ဥက္ကဌ RKV ရာဗီရှန်ကာက ပြောပါတယ်။ နနွင်းတစ်တန် ရူပီး ၈ဝဝဝဝ (ကန်ဒေါ်လာ ၁၇၈ဝ) ကျော်ရရှိဖို့ မဖြစ်နိုင်ဘူးလို့လည်း နနွင်းစိုက်တောင်သူ ှ.S. Kandasany က ဆိုပါတယ်။ ဒါပေမဲ့ လက်ရှိဈေးကတော့ တောင်သူတွေ အကျိုးအမြတ်ရရှိသေးတယ်လို့ ဆိုပါတယ်။ နနွင်းတောင်သူ များရဲ့ အကျိုးအမြတ်ရရှိမှုက အကျဘက်ဆင်းနေတယ်။ ဒါပေမဲ့ ရူပီး ၈ဝဝဝဝ (ကန်ဒေါ်လာ ၁၇၈ဝ)နဲ့ အထက်ဆိုရင် တောင်သူတွေ အတွက် ဈေးကောင်းနေဆဲပါလို့ ရာဗီရှန်ကာက ဆက်လက်ပြောကြားပါတယ်။ အကယ်လို့ ရူပီး ၈ဝဝဝဝ (ကန်ဒေါ်လာ ၁၇၈ဝ) အောက်ကျဆင်းသွားရင်တော့ တောင်သူတွေ ထိခိုက်နိုင်တယ်လို့ ဆိုပါတယ်။ လက်ရှိဈေးနှုန်းဦးတည်နေတာက အဲဒီဈေးအောက်ကျဆင်းနိုင်တယ်လို့ ဆိုပါတယ်။ နနွင်းဝင်ရောက်မှု ကျဆင်းရင် တော့ ဈေးနှုန်းတိုးတက်နိုင်ပါတယ်။ ဒါပေမဲ့လည်း ထုတ်လုပ်မှု ၂ ဆနီးပါး မြင့်တက်နေတဲ့အတွက် ဝင်ရောက်မှု ကျဆင်းနိုင်ဖွယ် မရှိဘူးလို့ ကုန်သည်များက ဆိုပါတယ်။ ယခင်းခင်၊Source: hindubusiness

Sunday, 22 May 2011

မူဆယ်ဝယ်လက်က ဆင်တောင်နနွင်းကိုပဲ ဝယ်                ဒီနှစ်ရှမ်းနနွင်းကအထွက်နှုန်းနည်းပေမဲ့ ဝယ်လိုအားသိပ်မကောင်းတာကြောင့် လက်ကျန်တွေများနေ သေးတယ်လို့ သိရပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းရဲ့ အကောင်းဆုံးဆင်တောင်နနွင်းကိုတော့ မူဆယ်ဝယ်လက် တွေက ဝယ်ယူနေကြပေမဲ့ ကျန်နနွင်းကတော့ ဝယ်လက်ပျောက်နေတယ်လို့ သိရပါတယ်။ ပြည်တွင်းသုံးအတွက် အနည်းအကျဉ်းလောက်သာ ဝယ်နေ ကြတာကြောင့် နနွင်းဈေးကွက်က မနှစ်ကလောက် အရောင်းမသွက်ဘူးလို့ သိရပါတယ်။ နနွင်းနဲ့ ချင်းက စိုက်ပိုျးချိန်တူပေမဲ့ နနွင်းသစ်ကတော့ သုံးလပိုင်းလောက်မှသာ ဈေးကွက်ကို ပြန်ဝင်မှာဖြစ်ပါတယ်။ ၁၁ လပိုင်းမှာ အစိုသာဈေးကွက်ထဲဝင်မှာဖြစ်ပြီး၊ အခြောက်တွေကတော့ ၃ လပိုင်းမှသာ ဝင်နိုင်တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် နနွင်းဈေးနှုန်းကတော့ အောင်ပန်းဈေးကွက်မှာ နနွင်း (ဆင်တောင်) က တစ်ပိဿာ ၃၅ဝဝ ကျပ်၊ ကျန်နနွင်းက ၂၂ဝဝ ကျပ်နဲ့ ပင်လောင်းနနွင်းကတော့ တစ်ပိဿာ ၁၂ဝဝ ကျပ်-၁၃ဝဝ ကျပ်ဈေးရှိပါတယ်။ တောင်ကြီးဈေးကွက်မှာတော့ နနွင်းတစ်ပိဿာ ၂၁ဝဝ ကျပ်-၂၂ဝဝ ကျပ်ဈေးရှိတယ်လို့ တောင်ကြီးကုန်စည်ဒိုင်က သိရပါတယ်။    ဧဧခိုင်

Sunday, 22 May 2011

 နနွင်းတက် အနည်းငယ် မူဆယ်နယ်စပ်မှ ပို့                  မူဆယ်နယ်စပ်မှ မေလ ၁၁ ရက်မှ ၁၇ ရက်ထိ ကာလအတွင်း ကန်ဒေါ်လာ ၃၂ဝဝဝ တန်ဖိုးရှိ နနွင်းတက် ၁၆ တန် တင်ပို့မှု ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် တန် ၇ဝ ခန့် တင်ပို့မှု လျော့နည်းခဲ့ပါတယ်။ မေလအတွင်းမှ မူဆယ်နယ်စပ်မှ နနွင်းတက် တင်ပို့မှုမှာ ၁ဝ၂ တန်ရှိပြီး ဧပြီလမှ မေလ ၁၇ ရက်ထိ နနွင်းတက် တင်ပို့နိုင်မှုမှာ တန် ၁ဝဝဝ ကျော် ရှိနေပြီ ဖြစ်ပါတယ်။ MIRT (DOBT)

Sunday, 22 May 2011

 ကမ္ဘာ့ကော်ဖီဖြစ်သည့် ှStarbucks ကော်ဖီဈေးနှုန်းကျဆင်းလာနိုင်ဖွယ်ရှိ              Starbucks ကော်ဖီဈေးနှုန်းက လွန်ခဲ့တဲ့ ၃၄ နှစ်တာကာလအတွင်း အမြင့်ဆုံးကိုရောက်ရှိခဲ့ရာမှ ယခုအခါ ဈေးနှုန်းတွေ ကျဆင်းလာနိုင်ကြောင်း နိုင်ငံတကာ ှStarbucks ကော်ဖီရဲ့ ဥက္ကဌဖြစ်သူ Starbucks   မှပြောကြားသွားကြောင်း John Culver   သတင်းဌာနမှ ပြောကြားခဲ့ပါတယ်။                  Ice July Arabica ကော်ဖီက ၂ဝ၁၁ ခုနှစ် မေလ ၃ ရက်နေ့မှာ တစ်ပေါင်ကို ဒေါ်လာ ၃ ဒသမ ဝ၈၉ဝ အထိ မြင့်တက်ခဲ့ခြင်းက ၃၄ နှစ်တာကာလအတွင်း အမြင့်ဆုံးမြင့်တက်ခဲ့ခြင်းဖြစ်ပြီး    ၎င်းနေ့နောက်ပိုင်းမှာ ရုတ်တရက် ဈေးနှုန်းကျ ဆင်းခဲ့ပါတယ်။ ယခုနှစ်ရာသီမှာ Starbucks ကကော်ဖီအတွက် ကုန်ကျစရိတ်တွေမြှုပ်နံှထားရပြီး၎င်းကုမ္ပဏီက ဈေးကွက် ကို စောင့်ကြည့်လျက်ရှိနေပါတယ်။ ဘရာဇီးလ်မှ ကော်ဖီထုတ်လုပ်မှုက နောက်လာမဲ့ရာသီ မှာမြင့်တက်လာနိုင်ကြောင်းနဲ့ ကော်ဖီဈေးနှုန်းကလည်း ယခင်နှစ်ဈေးနှုန်းထက် နှစ်ဆပိုလာနိုင်ကြောင်း ကော်ဖီ စိုက်ပျိုးသူလယ်သမားတွေမှ ပြောကြား သွားပါတယ်။ ကော်ဖီဝယ်လိုအားက ပုံမှန်အတိုင်းဆက်လက်ဖြစ်ပေါ်နေမှာဖြစ်သော်လည်း ဝယ်သူတွေရဲ့စိတ်ဝင်စားမှု ကလျော့နည်းလာနိုင်ဖွယ်ရှိပါတယ်။ နိုင်ငံတကာကော်ဖီအဖွဲ့အစည်းမှ ယခုနှစ်ရာသီမှာ ကော်ဖီထုတ်လုပ်မှုက အိတ်ပေါင်း ၄၈ သန်းကို တိုးတက်ထုတ်လုပ်နိုင်မယ်လို့ မျှော်မှန်းထားပါတယ်။ အမေရိကန်လယ်ယာစိုက်ပျိုးရေး ဌာနမှ ဘရာဇီးလ်နိုင်ငံရဲ့ ကော်ဖီ ထုတ်လုပ်မှုက ယခင်နှစ်ကအိတ်ပေါင်း ၅၄ သန်းထွက်ရှိခဲ့ရာမှ ယခုနှစ်အတွက် ဇူလိုင်လ ၁ ရက်နေ့မှစပြီး အိတ်ပေါင်း ၄၉ ဒသမ ၂ သန်းခန့်သာ ထွက်ရှိလိမ့်မယ်လို့ မျှော်မှန်းထားကြောင်းနဲ့ ယခင်နှစ်နဲ့ နှိုင်းယှဉ်ပါက လျော့နည်းလာလိမ့်မှာ ဖြစ်ကြောင်း ခန့်မှန်းထားပါတယ်။           နိုင်ငံတကာကော်ဖီဈေးတွေ ကျဆင်းနေတာကြောင့် အိန္ဒိယနိုင်ငံမှ ကော်ဖီတင်ပို့သူတွေမှာ ကုန်လက်ကျန် တွေသိုလှောင်လျက်ရှိကြကြောင်း လတ်တလောအစီရင်ခံစာတွေအရ သိရှိရပါတယ်။ ဒီလို ကော်ဖီဈေးတွေကျဆင်းလာရခြင်းမှာ ကုန်စည်ဈေးကွက်တွေကြောင့် အမေရိကန်ပင်စင်ရန်ပုံငွေတွေ ထွက်ပေါ်လာမှုနဲ့ ဘရာဇီးမှ အရောင်း မြင့်တက်လာတာကြောင့်ဖြစ်ပါတယ်။ အိန္ဒိယကော်ဖီတင်ပို့မှုက လွန်ခဲ့တဲ့ ဇန်နဝါရီလ နဲ့ ဧပြီလ အတွင်းမှာ တန်ချိန်ပေါင်း ၁၄၂၅ဝ၉ အထိရှိခဲ့ရာ ရာခိုင်နှုန်းအနေနဲ့ ၄၆ ဒသမ ၄ ရာခိုင်နှုန်းအထိမြင့်တက်ခဲ့ပါတယ်။Arabica လည်း ၂ဝ၁၁ ခုနှစ် ပထမလေးလအတွင်း တန်ချိန် ၃ဝ၇၄၅ အထိရှိခဲ့ပြီး Robusta ကော်ဖီတင်ပို့မှုက တန်ချိန်ပေါင်း ၇၇ ဒသမ ၉၇၈ အထိရှိခဲ့ပြီး ရာခိုင်နှုန်းအနေနဲ့ ၅၈ ဒသမ ၄ ရာခိုင်နှုန်းအထိမြင့်တက်ခဲ့ပါတယ်။ ကြည်မာလာ၊Source:commodityonline.com

Sunday, 22 May 2011

အောင်ပန်းဈေးကွက်သို့ ပုံမှန်အဝင်ရှိတဲ့ ရှမ်းချင်း                 ရှမ်းပြည်နယ်တောင်ပိုင်းမှာ ဒီနှစ် ချင်း အိတ်စပို့မရှိပေမဲ့ ပြည်တွင်းသုံးအဖြစ် အဝယ်များတာကြောင့် ဈေးကောင်းရနေတယ်လို့ သိရပါတယ်။ ချင်းခြောက်အဖြစ် ပြုလုပ်ခြင်းကလည်း နည်းပြီး ချင်း(စို) အတိုင်းသာ အရောင်းအဝယ်ဖြစ် တယ် လို့လည်း သိရပါတယ်။ သြင်္ကန်ပြီးကတည်းက မိုးရွာနေတာကြောင့် ချင်းခြောက်တွေ လည်း ဈေးကွက်ကိုသိပ်မဝင်လာပါဘူး။ ချင်းစိုတွေကတော့ အောင်ပန်းဈေးကွက်ကို ပုံမှန်အဝင်ရှိနေဆဲလို့ သိရပါတယ်။ နန်းတိုင်း၊ ဟဲဟိုး၊ ပင်းတယစတဲ့ နယ်တွေရဲ့ လှောင်လက်တွေနဲ့ တောင်သူတွေထံက ဝင်နေသေးကြောင်းသိရပါတယ်။ ၅ ရက် တစ်ဈေးကို ချင်းပိဿာချိန် ငါးထောင်မှ တစ်သောင်းခန့် ဝင်နေဆဲဖြစ်ပါတယ်။ ၆ လပိုင်းမှာ ချင်း ဥမတွေကို စဖော်ကြမှာဖြစ်တဲ့အတွက် ချင်းကတော့ နောက်တစ်ရာသီပေါ်တဲ့အချိန်ထိ ဈေးကွက်မှာရှိနေနိုင်တယ်လို့ ချင်းပွဲရုံတွေထံက သိရပါတယ်။                 ဒီတစ်ပတ်အောင်ပန်းဈေးကွက်မှာ ချင်းစိုဈေးက အညံ့တစ်ပိဿာ ၆ဝဝ ကျပ်ရှိပြီး ပုံမှန်စတွေက ၇ဝဝ ကျပ်၊ ၈ဝဝ ကျပ်၊ ထိပ်စက ၁ဝဝဝ ကျပ်ဈေးရှိပါတယ်။ ချင်းခြောက်ကတော့ တစ်ပိဿာ ၂ဝဝဝ ကျပ်မှ ၂၂ဝဝ ကျပ်ဈေးရှိပါတယ်။ တောင်ကြီးဈေးကွက်မှာတော့ ချင်းခြောက်တစ်ပိဿာ ၂၃၅ဝ ကျပ်ဈေးရှိပါတယ်။ ပြည်တွင်းသုံးအတွက် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မိတ္ထီလာ၊ ပြည်စတဲ့ မြို့တွေက ဝယ်ယူနေတာကြောင့် တစ်ပတ်အတွင်း ချင်းပိဿာချိန် ၅ ဒသမ ၂ သိန်းစီးဆင်းသွားတယ်လို့ ချင်းပွဲရုံတွေက သိရှိရပါတယ်။   ဧဧခိုင်

Sunday, 22 May 2011

ပြည်ချင်းဈေးငြိမ်ပြီး ပုံမှန်ရောင်းဝယ်မှုဖြစ်                 ယခုတစ်ပတ်တွင် အောင်ပန်းချင်းဈေးများ ပြည်ဈေးကွက်သို့ ပိဿာ ၃ဝ ဝင်အိတ် ၃ဝဝ ခန့်ရှိပြီး ယခင်တစ်ပတ်ကထက် အိတ် ၁ဝဝ ခန့် ပိုမိုဝင်ရောက်လာပါတယ်။ အဝင်များပေမဲ့ ဈေးနှုန်းမှာ ယခင်ပတ် ဈေးအတိုင်း ချင်း(ရှယ်) တစ်ပိဿာကို ၁၈ဝဝ ကျပ်၊ (ဂျွန်) တစ်ပိဿာကို ၁၇ဝဝ ကျပ်တို့နဲ့ ဈေးငြိမ်နေပြီး အရောင်းအဝယ်မှာ တစ်နေ့ကို ပိဿာချိန် ၄ဝဝ ခန့်နဲ့ ယခုတစ်ပတ်အတွင်း အရောင်းအဝယ်ပုံမှန်ဖြစ်နေပါတယ်။ ဧရာဝတီနှင့် ရခိုင်ဘက်သို့ စားသုံးမှုအဖြစ် ဈေးကွက်မှတစ်ဆင့် ယခုတစ်ပတ်တွင် တစ်နေ့ကို ပိဿာချိန် ၂ဝဝ ခန့် တင်ပို့မှု ရှိကြောင်းလည်း သိရပါတယ်။    ဝင်းလဲ့ဝါ

Pages