Background
ကနေဒါ ပဲကုန်သည် အုပ်စု သုံးနိုင်ငံ ခြေဆန့် ကနေဒါနိုင်ငံ ဆက်ကာချီဝမ်ပြည်နယ်က လယ်ယာစိုက်ပျိုးရေး ဒုတိယဝန်ကြီး ဦးဆောင်ပြီး ဆက်ကာချီဝမ် ပဲစိုက်ပျိုးသူများအသင်း၊ ဆက်ကာချီဝမ် ကုန်သွယ်မှုနှင့် ပို့ကုန်မိတ်ဖက်အဖွဲ့၊ ကနေဒါ ကောက်ပဲသီးနံှကော်မရှင်နှင့် ပဲမိုျးစုံလုပ်ငန်းရှင်အင်အား (၁ဝဝ)ခန့် ပါဝင်တဲ့ အဖွဲ့ကြီး တစ်ဖွဲ့ဟာ အိန္ဒိယ- ဘင်္ဂလားဒေ့ရှ် နဲ့ သီရိလင်္ကာ (၃)နိုင်ငံ ခရီးစဉ်ကို စတင်နေပြီ ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့ မှာ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဒုတိယဝန်ကြီး Alanna Koch က ပြောကြားရာမှာ ၎င်းတို့အနေနဲ့ ဒေသရဲ့တိုးမြင့်နေတဲ့ ပဲလုံးနှင့် ပဲရာဇာ(ပဲနီလေး)လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ ရောက်လာတာဖြစ်ကြောင်းနဲ့ ဆက်ဆံမှုများကို တိုးမြှင့်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ အိန္ဒိယဟာ ကနေဒါရဲ့ စတုတ္ထအကြီးဆုံး ဈေးကွက်နိုင်ငံဖြစ်ပြီး ၂ဝဝ၉ ခုနှစ်မှာ ပဲဝါလေး ဒေါ်လာ (၃၄၅)သန်းနဲ့ ပဲရာဇာ ဒေါ်လာသန်း(၁၈ဝ)၊ စုစုပေါင်း ဒေါ်လာ (၅၃၅)သန်းဖိုး တင်ပို့ခဲ့တယ်လို့ ဗူညေညေ ုသခ့ က ဆိုပါတယ်။ အိန္ဒိယရဲ့ တိုးတက်လာတဲ့ ပဲလိုအပ်ချက်ကို ဆက်ကာချီဝမ်ပြည်နယ်က ကောင်းစွာ ဖြည့်ဆည်းပေးနိုင်တယ်လို့လည်း သူကဆိုပါတယ်။ ဆက်ကာချီဝမ်ပဲစိုက်ပိုျးသူများအသင်းရဲ့ယခုအပတ်ထုတ်ပြန်တဲ့ အစီရင်ခံစာတွေအရ အိန္ဒိယရိုးရာ အစားအစာတွေမှာ ပဲရာဇာ (အစိမ်း)ကို ကောင်းစွာ အစားထိုး အသုံးပြုနိုင်ပြီး အိန္ဒိယ စားသုံးသူများက လက်ခံစ ပြုလာပြီလို့လည်း သိရပါတယ်။ ဆက်ကာချီဝမ်ပဲစိုက်ပျိုးသူများအသင်းနဲ့ ဆက်ကာချီဝမ်တက္ကသိုလ်တို့ ပူးတွဲဆောင်ရွက်တဲ့ လေ့လာတွေ့ရှိချက်အရ ပဲရာဇာ(အစိမ်း)ဟာ အိန္ဒိယနိုင်ငံက တင်သွင်းနေရတဲ့ ပဲစင်းငုံဈေးကွက် ၂ဝ ရာခိုင်နှုန်း တစ်နည်းအားဖြင့် တန်နှစ်သိန်းခန့် ဈေးကွက်ကို ကောင်းစွာ သိမ်းပိုက်နိုင်တယ်လို့ ဆိုပါတယ်။ အိန္ဒိယ တမီနာဒူး စိုက်ပိုျးရေးတက္ကသိုလ်ရဲ့ သုတေသနပညာရှင်များ စမ်းသပ်တွေ့ရှိချက်အရ ပဲရာဇာ(အစိမ်း)ဟာ အိန္ဒိယတောင်ပိုင်း ဒေသရိုးရာအစားအစာတွေမှာ ကောင်းစွာအသုံးပြုနိုင်တယ်လို့လည်း သိရပါတယ်။ တမီနာဒူးတက္ကသိုလ်ရဲ့ တွေ့ရှိချက်ဟာ ဆက်ကာချီဝမ်ပဲစိုက်သူများအတွက် ဈေးကွက် သိမ်းပိုက်ဖို့ သက်သေပြချက်ပဲဖြစ်တယ်လို့လည်း ဆက်ကာချီဝမ်ပဲစိုက်ပျိုးသူများအသင်းက ဆိုပါတယ်။ ယခုခရီးလှည့်လည်နေတဲ့ ကနေဒါအဖွဲ့ကြီးရဲ့ ခရီးစဉ်ဟာ မတ်လ ၂ဝ ရက်နေ့မှာ အဆုံးသတ်မှာ ဖြစ်ပါတယ်။ ကနေဒါနိုင်ငံ ဆက်ကာချီဝမ်ပြည်နယ်ဟာ တစ်နှစ်ကို ပဲတန်ချိန် (၃.၇)သန်းလောက် တင်ပို့နေတဲ့ ပြည်နယ်ကြီးလည်းဖြစ်ပါတယ်။ ပြိုင်ဘက်နိုင်ငံ က မြန်မာ့ဈေးကွက်နိုင်ငံကြီးနဲ့ ၎င်းရဲ့ပတ်ဝန်းကျင်မှာ လှုပ်ရှားဆောင်ရွက်နေတာတွေကို မြန်မာပဲကုန်သည်များအား ခေါင်းလောင်းထိုးပြီး သတိပေးလိုက်သည်။မာဂျာနို
ပြည်ကုလားပဲသစ်များ အဝင်များသလို အဝယ်သွက် ပြည်ဈေးကွက်အတွင်း ကုလားပဲဈေးမှာ ယခင်တစ်ပတ်က ၁၈ဝဝဝ ကျပ်ဖြင့် အရောင်းအဝယ်ရှိပြီး ယခုတစ်ပတ်တွင် တစ်တင်းကို ၁၈၅ဝဝ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ ဈေးကွက်အတွင်း ပဲအသစ်များကို လှောင်လက်သမားများနဲ့ ပဲခွဲစက်သမားများမှ အဝယ်ရှိပြီး ပဲကြော်၊ ပဲလှော် သမား များကလည်း ပဲသစ်များကို အရောင်းအဝယ်ကောင်းနေပါတယ်။ အခြားတိုင်း များမှ အဝင်မရှိဘဲ တိုင်းအတွင်း ဒေသများမှ ပဲသစ်များသာ အဝင်များကြောင်း သိရပါတယ်။ ပြည်မှ ရန်ကုန်သို့ ကုလားပဲအိတ် ၂ဝဝ ခန့် တင်ပို့ရောင်းချမှုရှိပြီး နေ့စဉ် အိတ် ၂၅ဝ-၃ဝဝ ခန့် အရောင်းအဝယ်ရှိကြောင်း သိရပါတယ်။ လွင်လွင်ဆန်း
မုံရွာကုလားပဲအဝင်လှိုင် ဈေးအေးပေမဲ့ အရောင်းသွက် စိုက်ပိုျးကာလ နောက်ကျခဲ့တဲ့ မုံရွာနယ်ဝန်းကျင်က ကုလားပဲမိုျးစုံ ရင့်မှည့်ရိတ်သိမ်းလျက်ရှိကြလို့ ယခုတစ်ပတ်မုံရွာကုန်စည်ဒိုင်မှာပဲ အဝင် လှိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒေသခံစက်သမားတွေ ကုန်ကြမ်း လိုသလောက်သာ ထိန်းသိမ်းဝယ်နေကြသလို ရန်ကုန်ဝယ်လက်တွေလည်း ဖြည်းဖြည်းမှန်မှန်သာ ဝယ်ခဲ့ကြလို့ ကုလားပဲဈေးတွေ အေးနေတာတွေ့ရပါတယ်။ ယခုတစ်ပတ် ကုလားပဲဈေးကတော့ ကုလားပဲတိုင်ပေ တစ်တင်း ၁၆၆ဝဝ ကျပ်မှ ၁၆၈ဝဝ ကျပ်မှာ တန့်နေကာ V2 ကတော့ တစ်တင်း ၁၇၆ဝဝ ကျပ်မှ ၁၈ဝဝဝ ကျပ်နဲ့ 929 ကုလားပဲ တစ်တင်း ၁၆၆ဝဝ ကျပ်-၁၆၈ဝဝ ကျပ်အသီးသီး ဈေးအေးနေခဲ့ပါတယ်။ အရောင်းအဝယ်အားဖြင့် တရက်ပျမ်းမျှတင်း ၄ဝဝဝ ခန့်ရှိပြီးV2 နဲ့ 929 အများဆုံး အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဈေးကွက်ကဆိုပါတယ်။ ယခုတစ်ပတ် အတွင်း စီးဆင်းမှု အနေနဲ့ မန္တလေးကို တင်း ၁ဝဝဝ ခန့် ရန်ကုန်ကို တင်း ၁၂ဝဝ ခန့်နဲ့ ပခုက္ကူကို တင်း ၃ဝဝ ခန့် ရှိခဲ့ကြောင်း သိရပါတယ်။ ထွန်းလှိုင်
ကုန်ပစ္စည်းအဝင်နည်းလို့ အိန္ဒိယကုလားပဲဈေးပြန်ခိုင်မာလာ ယခုသီတင်းပတ်အတွင်း မတ်လ ၉ ရက်နေ့မှာ အိန္ဒိယပြည်တွင်း အင်ဒိုရီ ကုလားပဲလက်ငင်းဈေးကွက်ကို ပဲအဝင်လျော့ကျလာလို့ ကုလားပဲလက်ငင်းရော ကြိုပွိုင့်ဈေးပါ ၁ ရာခိုင်နှုန်းနဲ့ ဝ ဒသမ ၆၆ ရာခိုင်နှုန်းအသီးသီး မြင့်တက်လာ တယ်လို့ သိရပါတယ်။ ပဲလုံးဈေးနှုန်းခိုင်မာလာခြင်းကလည်း ကုလားပဲဈေးကို အထောက်အပံ့ ဖြစ်စေခဲ့ပါတယ်။ မတ်လ ၉ ရက်နေ့ အင်ဒိုရီဈေးကွက်ကို ပဲအိတ် ၂ဝဝဝ သာဝင်ရောက်လို့ ယခင်ရက်ဝင်ရောက်မှု အိတ် ၄ဝဝဝ ထက် ထက်ဝက်ကျ ဆင်း ခဲ့ပါတယ်။ စိုက်ပျိုးရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဇန်နဝါရီလ ၂၈ ရက်အထိ ကုလားပဲစိုက်ဧရိယာဟာ ဟက်တာ ၉၅ ဒသမ ၁၂ သိန်းရှိလို့ ယခင်နှစ်ကာလတူ စိုက်ဟက်တာ ၈၅ ဒသမ ၅၅ သိန်းထက် ၁၁ ဒသမ ၈ ရာခိုင်နှုန်းပိုမိုလာတယ်လို့ ဆိုပါတယ်။ ဖေဖော်ဝါရီလ ၁၈ ရက်နေ့အထိ ဟက်တာ ၁၅ ဒသမ ၂ သန်း တိုးတက်လာခဲ့တယ်လို့ သိရပါတယ်။ ဒုတိယအကြိမ် သီးနံှထွက်ရှိမှုကို ဖေဖော်ဝါရီလ ၉ ရက်ကခန့်မှန်းရာ ကုလားပဲတန်ချိန် ၇ ဒသမ ၃၇ သန်းထွက်ရှိနိုင်လို့ ယခင်နှစ်ထွက်ရှိတဲ့ တန်ချိန် ၇ ဒသမ ၄၈ သန်း ထက်လျော့ကျမယ်လို့ ဆိုပါတယ်။ ကမ္ဘာ့ဈေးကွက်အနေနဲ့ ကနေဒါ ကုလားပဲဖြူလုံးကြီး ထွက်ရှိမှုကို ၂ဝ၁ဝ-၂ဝ၁၁ အတွင်း တန်ချိန် ၁ ဒသမ ၂၈ သိန်း ခန့်မှန်းထားလို့ ယခင်နှစ်ထွက်ရှိတဲ့ တန်ချိန် ဝ ဒသမ ၇၆ သိန်းထက်ပိုမယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ သြစတြေးလျနိုင်ငံအတွင်း ရေလွှမ်းမိုးမှုကြောင့် ကုလားပဲအထွက်နှုန်းကို ထိခိုက်ခဲ့ရာ ၂ဝဝ၉-၂ဝ၁ဝ မှာ တန်ချိန် ၄ ဒသမ ၄၅ သိန်း ထွက်ရှိပေမဲ့ ၂ဝ၁ဝ-၁၁ မှာတော့ တန်ချိန် ၃ ဒသမ ၇၉ သိန်းကို လျော့ကျခန့်မှန်း ထားပါတယ်။ အိန္ဒိယပြည်တွင်း ကာလလတ် ကုလားပဲဈေးက ဆောင်းပဲအမှန်ထွက်ရှိမှု နဲ့ ဈေးကွက်တွေကို ပဲဝင်ရောက်မှုအပေါ် မူတည်ပြီးပြောင်းလဲနိုင်တယ်လို့ ဆိုပါတယ်။ မတ်လမှာတော့ တစ်တန်ကို ရူပီး ၂၄ဝဝဝ-၂၆ဝဝဝ (ကန်ဒေါ်လာ ၅၃၁-၅၇၈) ဝန်းကျင်နဲ့ အရောင်းအဝယ် ဖြစ်နိုင်တယ်လို့ ဈေးကွက်က ခန့်မှန်းကြပါ တယ်။ ယမင်းခင်၊Source: Angel Commodities
အရောင်းအဝယ်ပိုပြီး ဈေးအေးသွားတဲ့ ပဲတီစိမ်း ဟင်္သာတမြို့နယ်အတွင်း ဖေဖော်ဝါရီလ တတိယပတ်မှစပြီး ပဲတီစိမ်းသစ်များ ဝင်ရောက်လာကာ ယခုအပတ်တွင် တစ်တင်းခွဲဝင်အိတ် ၅ဝဝ မှ ၇ဝဝ ကြားနေ့စဉ် အရောင်းအဝယ်ဖြစ်နေတာတွေ့ရပါတယ်။ ပဲတီစိမ်း တစ်တင်းဈေးမှာ ယခု အပတ်တွင် ၂၉ဝဝဝ ကျပ်ဈေးဖြစ်၍ ယခင်အပတ်ထက် တစ်တင်းကို ၂ဝဝဝ ကျပ် ဈေးအေးသွားပါတယ်။ ရန်ကုန် တင်ပို့နိုင်မှုများမှာလည်း ယခုအပတ်တွင် အိတ် ၃၈ဝဝ ခန့် တင်ပို့နိုင်တယ်လို့ သိရပါတယ်။ အေးအေးခိုင်
မန်းဈေးကွက်မှာ ခရမ်းပဲတီရွှေဝါကို ဝယ်လိုအားကောင်း မန်းဈေးကွက်တွင် ပဲတီစိမ်းကို တရုတ်ဝယ်လက်နှင့် ဒေသပဲခွဲစက်လုပ်ငန်းရှင်များ ဝယ်ယူမှုရှိနေတာကြောင့် ဈေးအေးမသွားဘဲ အရောင်းဝယ်ဖြစ်နေကြပါတယ်။ ဈေးကွက်တွင်းမှာ ခရမ်းပဲတီရွှေဝါအပြင် ပဲခူး၊ ဒိုက်ဦး၊ မုံရွာ၊ ရွှေဘိုစတဲ့ဒေသများမှလည်း ဈေးကွက်ထဲသို့ အနည်းငယ်စီးဝင်မှု ရှိနေတာကို တွေ့ရပါတယ်။ ပဲတီခရမ်းရွှေဝါက ဝယ်လက်အကြိုက်ဖြစ်နေတာကြောင့် ရောင်းဝယ်အားကောင်းပြီး တခြားပဲတီစိမ်းကတော့ ခပ်အေးအေးသာ ရှိနေပါတယ်။ ခရမ်းပဲတီရွှေဝါ တစ်ပိဿာ ၁၉၅၆ ကျပ်၊ တစ်တန် ၁၁၉၇၈ဝဝ ကျပ်၊ ပဲတီစိမ်းကြီးရိုးရိုး ထိပ်စ တစ်ပိဿာ ၁၅၄၇ ကျပ်၊ တစ်တန် ၉၄၇၃ဝဝ၊ အောက်စ တစ်ပိဿာ ၁၃၅၁ ကျပ်၊ တစ်တန် ၈၂၇၃ဝဝ ကျပ်ဈေးတို့ဖြင့် ရောင်းဝယ်နေကြပါတယ်။ ဈေးကွက်တွင်းမှာ ပဲတီခရမ်းရွှေဝါကို တရုတ်အဆွဲရှိနေတဲ့အတွက် ဈေးအေးမသွားဘဲ ရောင်းဝယ်အားကောင်းနေဦးမယ်လို့ ကုန်သည်များက ပြောပါတယ်။ ကျော်ကျော်မိုး
သယ်ယူစရိတ်နဲ့ မကိုက်လို့ နယ်စပ်အပို့လျော မတ်လ ၂ ရက်မှ ၈ ရက်ထိ ကာလအတွင်း စစ်ကိုင်းနဲ့ မန္တလေးတိုင်းဒေသကြီးထွက် ပဲတီစိမ်း ၁၁၂၆ တန်ကျော်၊ ကန်ဒေါ်လာ ၁ ဒသမ ၁၅၅၈ သန်းဖိုး မူဆယ်နယ်စပ်မှ တင်ပို့နိုင်ခဲ့ပါတယ်။ယခင်အပတ်ကထက် တန်ချိန် ၉၉ဝ ကျော်လျော့ နည်းတင်ပို့ခဲ့ပါတယ်။ပဲရာသီချိန်ဖြစ်ပြီး တရုတ်ဝယ်လိုအားရှိနေသော်လည်း ကုန်သယ်ယူစရိတ်များမြင့်မား နေတဲ့အတွက် အကျိုး အမြတ်နည်းပါးခြင်း၊ တစ်ဖက်နိုင်ငံဝယ်ဈေးနှုန်းသည် ကုန်ကျစရိတ်ကာမိအောင်ဈေးမရခြင်းတို့ကြောင့် တင်ပို့မှု လျော့နည်း နေခြင်းဖြစ်ပါတယ်။သယ်ယူပို့ဆောင် ကုန်ကျစရိတ် ယခုထက်ပိုမိုသက်သာနိုင်ပါက နယ်စပ်မှ ပဲတီစိမ်း ပိုမိုတင်ပို့လာ နိုင်တယ်လို့ နယ်စပ်မှ ပဲပို့သူများက သုံးသပ်နေကြပါတယ်။ပဲဝယ်ယူစုဆောင်းမှုနည်းပါးနေတဲ့အတွက် ယခုအပတ်မှာ ပြည်တွင်း ဈေးကျဆင်းလျက်ရှိပြီး တစ်ဖက်နိုင်ငံဈေးလည်း အနည်းငယ်လျော့နည်းလျက်ရှိပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ ပေါက် ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ် - မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပဲတီစိမ်း ၁၁၄၁ဝ၈ဝ ၁၁၄၅၇၃ဝ ၅၆၅ဝ ဝ .၅ဝ ၁၃၅၁ ၁၃၆၆ ၁၅ ၁ MIRT (DOBT)
အိန္ဒိယပဲတီစိမ်းဈေး ဈေးကွက်အလိုက်အပြောင်းအလဲရှိ အိန္ဒိယပြည်တွင်းဈေးကွက်များအတွင်း ဖေဖော်ဝါရီလနဲ့ မတ်လ ကာလတူဈေးနှုန်း နှိုင်းယှဉ်ရာမှာ အချို့ဈေးကွက်မှာ ဈေးငြိမ်နေပေမဲ့ အချို့ဈေးကွက်မှာတော့ လျော့ကျလာတာတွေ့ရပါတယ်။ ယခုလအတွင်း မြန်မာပဲတီရွှေဝါ အရောင်း အဝယ်မဖြစ်သလောက်ရှိတာတွေ့ရပါတယ်။ ဈေးကွက်တွေမှာ လက်ကျန်နည်းပေမဲ့ အဝယ်မရှိသလောက်ဖြစ်လို့ ဈေးငြိမ်နေ တာဖြစ်ပြီး အချို့ဈေးကွက်မှာတော့ ပြည်တွင်းပဲတီစိမ်းအရည်အသွေးအရ လျော့ကျတာ ဖြစ်တယ်လို့ သိရပါတယ်။ ဒေလီနဲ့ အင်ဒိုရီဈေးကွက်တွေမှာ ဖေဖော်ဝါရီလနဲ့ မတ်လ ကာလတူဈေးနှုန်းတွေကို ဖော်ပြလိုက်ပါတယ် ဒေလီဈေး ကွက် အင်ဒိုရီဈေးကွက်၁ဝ-၃-၁၁ ၁၂၈၆ ၁၁၅၃၁ဝ-၂-၁၁ ၁၂၇၂ ၁၂ဝ၇MIRT(MAPT)
ပဲတီစိမ်းတင်ပို့မှု အားကောင်းဆဲ ပင်လယ်ရေကြောင်းက ပဲမျိုးစုံ တင်ပို့မှုမှာ ထိပ်ဆုံးကပြေးနေတဲ့ ပဲတီစိမ်းက ယခုသီတင်းပတ်မှာလည်း တန်ချိန် ၈ဝဝဝ နီးပါးတင်ပို့နိုင်ပါတယ်။ အဓိက တရုတ်ဝယ်လက်များ ဝယ်ယူမှုများကြောင်း သိရပါတယ်။ ပြည်တွင်းဈေးကွက်တွေမှာ လည်း နယ်စပ်ဘက်က တရုတ်အဆွဲရှိလို့ အရောင်းအဝယ်ကောင်းပြီး ဈေးမာနေတာတွေ့ရပါတယ်။ ပြည်ပအရောင်း အဝယ်သွက်ပေမဲ့ ရန်ကုန် FOB ကတော့ ယခုတစ်ပတ်အတွင်း ငြိမ်နေတာတွေ့ရပါတယ်။ မတ်လ ၁၁ ရက် ရန်ကုန် FOB ဈေးအနေနဲ့ ပဲတီစိမ်း FAQ (အညာ) တစ်တန် ကန်ဒေါ်လာ ၁၁၆ဝ-၁၁၈ဝ၊ ၤFAQ (ပခုက္ကူ) တစ်တန်ကို ကန်ဒေါ်လာ ၁၁ဝဝ-၁၁၂ဝ နဲ့ ရွှေဝါအသေးတစ်တန်ကို ကန်ဒေါ်လာ ၁၅၃ဝ-၁၅၅ဝ ဖြစ်ကြောင်း သိရပါတယ်။ MIRT - MAPT
ပြည်ပဲလွန်းဖြူဈေး ခပ်အေးအေး ပြည်ပဲလွန်းဖြူဈေးကတော့ ယခင် တစ်ပတ်ထက် ဈေးအေးနေခဲ့ပြီး ပဲတစ်တင်းကို ၂ဝဝဝဝ ကျပ် သာရှိပါတယ်။ ဥသျှစ်ပင်၊ ပန်းတောင်း ဘက်မှ ပဲအိတ် ၃ဝ-၄ဝ ခန့်အဝင်ရှိ တယ်လို့ သိရပါတယ်။ ယခုတစ်ပတ် အတွင်း ပဲတင်ပို့မှု ကတော့ ပဲခူးတိုင်း ဒေသကြီးအနောက် မိုးညိုမြို့မှ ရန်ကုန်သို့ ပဲအိတ် ၃ဝဝ ခန့် တင်ပို့မှုရှိပါတယ်။ မိမိအေး