Main menu

Background

Tuesday, 28 Dec 2010

ဆောင်းအဝင် ရော်ဘာ တိုးထုတ်သလို ဈေးလည်းတိုးလာ           ဆောင်းတွင်း ကာလရောက်ရှိလာတာနဲ့အမျှ ရော်ဘာစေး ထုတ်လုပ်မှု အရှိန်အဟုန်တိုးမြှင့် လာသလို ပြည်တွင်းရော်ဘာဈေးနှုန်းမှာလည်း တစ်ရိပ်ရိပ်တိုးမြင့် ဝယ်ယူလာတာတွေ့ရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်မှာRSS -3  တစ်ပေါင် ၁၄ဝဝ ကျပ်၊RSS -5 တစ်ပေါင် ၁၂၉ဝ ကျပ်ရှိနေရာမှ ဒီဇင်ဘာလ တတိယပတ်အရောက်မှာRSS -3 တစ်ပေါင် ၁၆၂ဝ ကျပ်၊RSS -3 တစ်ပေါင် ၁၅၂ဝ ကျပ်ထိ တိုးမြှင့်ရောင်းဝယ်လျက်ရှိပြီး ပြည်ပဝယ်လိုအားအပေါ် ဈေးနှုန်း တိုးမြှင့်ဝယ်ယူရခြင်းဖြစ်ကြောင်း ရော်ဘာလုပ်ငန်းရှင်တို့က ပြောကြားပါတယ်။              မွန်ပြည်နယ် ရော်ဘာများကို ရန်ကုန်မြို့၊ မန္တလေးမြို့များသို့ အဓိကတင်ပို့ခဲ့ရာ ပြီးခဲ့တဲ့ နိုဝင်ဘာလက ၅၇၉၁ တန်တင်ပို့နိုင်ခဲ့သော်လည်း ယခုလ ဒီဇင်ဘာလ ၁၅ ရက်နေ့ထိ ၄၂၆၇ တန်တင်ပို့ခဲ့ပြီးဖြစ်လို့ ယခင်လထက် တင်ပို့မှု ပမာဏကျော်လွန်မယ်လို့ ခန့်မှန်းလျက်ရှိကြပြီး အလားတူစိုက်ပိုျးထုတ်လုပ်မှုအနေဖြင့် ယခုနှစ်စိုက်ဧက ၄ ဒသမ ၂၉ သိန်းအပေါ်တွင် တန် ၇၆ဝဝဝ ကျော်ထွက်ရှိရန် လျာထားသတ်မှတ်ခဲ့ရာ ဒီဇင်ဘာလထိ စိုက်ဧက ၄ ဒသမ ၅၁ သိန်းအပေါ်တွင် တန် ၇၉ဝဝဝ ကျော် ထွက်ရှိပြီးကြောင်း သိရလို့ နှစ်ကုန်မှာ တန်ချိန်ပေါင်း ၈ဝဝဝဝ ကျော်ထွက်ရှိနိုင်ကြောင်း သရိ ပါတယ။် အောင်လွင်

Tuesday, 28 Dec 2010

နယ်စပ်မှ ယခုအပတ် ရော်ဘာတင်ပို့မှုပို              ဒီဇင်ဘာလ ၁၅ ရက်မှ ၂၁ ရက်ထိ ကာလအတွင်း နယ်စပ်ကုန်သွယ်ရေးစန်းများဖြစ်တဲ့ တရုတ်နယ်စပ်က မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်နဲ့ ထိုင်းနယ်စပ်မှ မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းတွေကနေ ရော်ဘာအဆင့်စုံ တန်ချိန် ၁၁၅ဝ ကျော် တန်ဖိုး ကန်ဒေါ်လာ ၄ သန်းကျော်ဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ ရော်ဘာအဆင့်အလိုက်တင်ပို့နိုင်မှုတွေကတော့ မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်ကနေ ရော်ဘာ RSS (1)  ၁၆၆ တန်ကျော်၊RSS (3) ၆၅၂ တန်ကျော်၊RSS (5) ၇၅ တန်၊ MSR (20)  ၄ဝ ဒသမ ၅ တန်၊MSR (50)  ၁၁၆ တန်ကျော်နဲ့ မြိတ်နယ်စပ်မှ MSR (20) တန် ၁ဝဝ အသီးသီးတင်ပို့ခဲ့ တာဖြစ်ပါတယ်။ ယခင်အပတ်က မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်နဲ့ချင်းရွှေဟော်နယ်စပ်တို့မှ ရော်ဘာ ၅၆၂ တန်ကျော်သာ တင်ပို့နိုင်ခဲ့တာမို့ ယခုအပတ်မှာ တန်ချိန် ၅၈၈ တန်ကျော်တင်ပို့မှုပိုမိုခဲ့ပါတယ်။ တစ်ဘက်နိုင်ငံ ဝယ်လိုအားရှိပစ္စည်းဖြစ်ပြီး တစ်ဖက်နိုင်ငံ ရော်ဘာဈေးကလည်း မြင့်တက်ခဲ့တဲ့အတွက် တင်ပို့မှုပိုမိုခဲ့တာလို့ မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန် ပို့ကုန် ဌာနက သတင်းရရှိပါတယ်။ ယခုအပတ်နဲ့ယခင်အပတ်ရော်ဘာဈေးနှုန်းများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ်                                               မိမိဘက်(ကျပ်/တန်)                           တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                        ယခု                ယခင်         ပြောင်းလဲမှု     %           ယခု            ယခင်       ပြောင်းလဲမှု    %RSS(3)              ၃၇၂၄၆၄၅        ၃၆၁၂၆၄၅     ၁၁၂ဝဝဝ         ၃            ၄ဝ၆၂          ၃၆၈ဝ           ၃၈၂        ၉RSS(5)              ၃၄၉၁၇၄၅         ၃၃၇၉၇၄၅     ၁၁၂ဝဝဝ        ၃            ၃၇၆၁           ၃၅၃ဝ          ၂၃၁        ၆MIRT (DOBT)

Tuesday, 28 Dec 2010

ပင်လယ်ရေကြောင်းမှ ရော်ဘာတင်ပို့မှု ထက်ဝက်ကျ               မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် စစ်တွေနယ်စပ်စခန်းမှ တစ်ဖက် ဘင်္ဂလား ဒေ့ရှ်နိုင်ငံသို့ ကတ္တီပါပိတ်စ၊ ကလေးစီးဖိဒီဇင်ဘာ ၁၃ ရက်မှ ၁၉ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှရော်ဘာတန်ချိန် ၇၄၇ ဒသမ ၁၂ တန် တန်ဖိုး ကန်ဒေါ်လာ ၂ ဒသမ ၅၃၁ သန်းဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်က ၁၃၇၆ တန်တင်ပို့ခဲ့တာကြောင့် ယခုတစ်ပတ်မှာ ထက်ဝက်ခန့်သာတင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့တဲ့နိုင်ငံများကတော့ တရုတ်ကိုRSS-5  ၃၆ တန်နဲ့MSR- 20  ၄၅ ဒသမ ၁၂ တန်၊ မလေးရှားကိုRSS-3 ၄၄၃ တန်၊RSS-5 ၁၆၃ တန် နဲ့ အိန္ဒိယကိုRSS-3  ၆ဝ တန် အသီးသီးတင်ပို့ခဲ့တာဖြစ်ပါတယ်။ ခင်ကလျာဦး

Monday, 27 Dec 2010

 ပြည်ပဲကြီးဈေးအနည်းငယ်ကျ             ယခုဒီဇင်ဘာ တတိယပတ်အတွင်း ပြည်ဈေးကွက်၌ ပဲကြီးဈေးနှုန်းများ ကျဆင်းနေတာကို တွေ့ရပါတယ်။ ပဲကြီးဈေးနှုန်းမှာလည်း ယခင်အပတ်ကထက် ဈေးအနည်းငယ် ကျဆင်းခဲ့ပါတယ်။ ပဲကြီးကမ်းနားမှာ ယခင်တစ်ပတ်က တစ်တင်း ၃၅ဝဝဝ ကျပ်မှ ယခုဒီဇင်ဘာတတိယပတ်မှာ တစ်တင်းကို ၃၄ဝဝဝ ကျပ်၊ ပဲကြီး (ရွှေကျွန်း)မှာ ယခင်အပတ်က ၃၆ဝဝဝ ကျပ်၊ ယခု ၃၅၅ဝဝ ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိပါတယ်။ ယခင်အပတ်က တစ်ရက်ကို အိတ် ၂ဝဝ ကျော် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုတစ်ပတ်မှာတော့ တစ်ရက်ကို အိတ် ၁ဝဝ ကျော်ခန့် သာ အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ ခင်ဆွေဝင်း

Monday, 27 Dec 2010

မျိုးအတွက် V2  ပြန်ဝယ်                 ၂ဝ၁ဝ-၂ဝ၁၁ ခု စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကုလားပဲစိုက်ပျိုး လျာထားဧက ၃ ဒသမ ၆၈ သိန်းအနက် ၂ ဒသမ ၈ဝ သိန်းစိုက်ပြီးလို့ ၇၆ ရာခိုင်နှုန်းကျော် စိုက်ပျိုးပြီးဖြစ်ပါတယ်။ စိုက်ပျိုးရန်ကျန်တဲ့ ရေဦး၊ ဒီပဲယင်း၊ တန့်ဆည်မြို့နယ်များရှိ တောင်သူအချို့က မုံရွာမြို့ပေါ်ရှိ ကုန်သည်များထံ ကုလားပဲဖြူလုံးကြီး V2 စိုက်ပျိုးရန်မျိုးများ လာရောက်ဝယ်ယူကြောင်းသိရပါတယ်။                 တိုင်းအတွင်းသာမက မန္တလေးတိုင်းဒေသကြီးရှိ ကျောက်ဆည်မြို့မှ တောင်သူများပါ လာရောက်ဝယ်ယူကြောင်းသိရပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ တစ်ရက်လျှင်ပျမ်းမျှ တင်း ၉ဝ ခန့် အရောင်းအဝယ်ဖြစ်ပါတယ်။ ၂ဝ၁ဝ ခု ဒီဇင်ဘာ ၂၁ ရက်အတွင်း ကုလားပဲဖြူလုံးကြီး V2 တစ်ပိဿာ အနိမ့်အမြင့်ဈေးမှာ ၁၂၁၁ ကျပ်၊ ၁၂၅၃ ကျပ် ဈေးအသီးသီးနဲ့ ရောင်းဝယ်ခဲ့ကြပါတယ်။                                                                             သန်းသန်းတင် 

Monday, 27 Dec 2010

လက်လီအဝယ်ရှိလို့ အိန္ဒိယ ကုလားပဲဈေးမြင့်တက်          အိန္ဒိယနိုင်ငံမှာ လာမယ့်လပွဲတော်အတွက် လက်လီဆိုင်များနဲ့ ပဲခွဲစက် များက အဝယ်တိုးတက်လာသလို ကြိုပွိုင့်ဈေးလည်းမြင့်တက်လာတာ ကြောင့် အင်ဒိုရီဈေးကွက်ကုလားပဲလက်ငင်းဈေး တစ်တန်ကို ရူပီး ၃ဝဝ (ကန်ဒေါ်လာ ၆ ဒသမ ၆၄) မြင့်တက်ပြီး ရူပီး ၂၃၉ဝဝ-၂၄ဝဝဝ (ကန်ဒေါ်လာ ၅၂၉-၅၃၁) ဈေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ NCDEX  မှာ ဇန်နဝါရီလ ကုလားပဲစာချုပ်ဈေး ဟာ ရူပီး ၃၄ဝ (ကန်ဒေါ်လာ ၇ ဒသမ ၅၂) မြင့်တက်ပြီး ရူပီး ၂၅၈၃ဝ (ကန်ဒေါ်လာ ၅၇၂) ဖြစ်ခဲ့ပါတယ်။ အလားတူ မွန်ဘိုင်းဆိပ်ကမ်းမှာ သြစတြေးလျ ကုလားပဲဈေးလည်း တစ်တန်ကို ရူပီး ၂၅ဝ (ကန်ဒေါ်လာ ၅ ဒသမ ၅၃) မြင့်တက်ပြီး ရူပီး ၂၅၂၅ဝ (ကန်ဒေါ်လာ ၅၅၉) ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံတစ်ဝန်း ကုလားပဲလက်ကျန်များ လျော့ကျခြင်းနဲ့ လှောင်လက်များ ကလည်း လက်ကျန်များ ရနိုင်သလောက် ထိန်းထားပြီး ဈေးအမြင့်နဲ့ ရောင်းချ နေတာကြောင့် လက်ငင်းဈေးကွက်ရော ကြိုပွိုင့်ဈေးပါ လာမယ့်လများအထိ မြင့်တက်နေဦးမယ်လို့ ခန့်မှန်းကြပါတယ်။ သြစတြေးလျမှာ ကုလားပဲများ ပျက်စီး တဲ့ သတင်းများနဲ့ ကနေဒါ၊ သြစတြေးလျတို့က တင်သွင်းမှု လျော့နည်းခြင်း တို့ ကြောင့် ရောင်းလိုအားနဲ့ ဝယ်လိုအား မမျှတမှုကိုဖြစ်စေပြီး ဈေးနှုန်းကို ပိုမိုမြင့် တက် စေတယ်လို့ ကုန်သည်များက ဆိုပါတယ်။ယမင်းခင်၊ှSources: business line

Monday, 27 Dec 2010

လက်လီအဝယ်ရှိလို့ အိန္ဒိယ ကုလားပဲဈေးမြင့်တက်          အိန္ဒိယနိုင်ငံမှာ လာမယ့်လပွဲတော်အတွက် လက်လီဆိုင်များနဲ့ ပဲခွဲစက် များက အဝယ်တိုးတက်လာသလို ကြိုပွိုင့်ဈေးလည်းမြင့်တက်လာတာ ကြောင့် အင်ဒိုရီဈေးကွက်ကုလားပဲလက်ငင်းဈေး တစ်တန်ကို ရူပီး ၃ဝဝ (ကန်ဒေါ်လာ ၆ ဒသမ ၆၄) မြင့်တက်ပြီး ရူပီး ၂၃၉ဝဝ-၂၄ဝဝဝ (ကန်ဒေါ်လာ ၅၂၉-၅၃၁) ဈေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ NCDEX  မှာ ဇန်နဝါရီလ ကုလားပဲစာချုပ်ဈေး ဟာ ရူပီး ၃၄ဝ (ကန်ဒေါ်လာ ၇ ဒသမ ၅၂) မြင့်တက်ပြီး ရူပီး ၂၅၈၃ဝ (ကန်ဒေါ်လာ ၅၇၂) ဖြစ်ခဲ့ပါတယ်။ အလားတူ မွန်ဘိုင်းဆိပ်ကမ်းမှာ သြစတြေးလျ ကုလားပဲဈေးလည်း တစ်တန်ကို ရူပီး ၂၅ဝ (ကန်ဒေါ်လာ ၅ ဒသမ ၅၃) မြင့်တက်ပြီး ရူပီး ၂၅၂၅ဝ (ကန်ဒေါ်လာ ၅၅၉) ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံတစ်ဝန်း ကုလားပဲလက်ကျန်များ လျော့ကျခြင်းနဲ့ လှောင်လက်များ ကလည်း လက်ကျန်များ ရနိုင်သလောက် ထိန်းထားပြီး ဈေးအမြင့်နဲ့ ရောင်းချ နေတာကြောင့် လက်ငင်းဈေးကွက်ရော ကြိုပွိုင့်ဈေးပါ လာမယ့်လများအထိ မြင့်တက်နေဦးမယ်လို့ ခန့်မှန်းကြပါတယ်။ သြစတြေးလျမှာ ကုလားပဲများ ပျက်စီး တဲ့ သတင်းများနဲ့ ကနေဒါ၊ သြစတြေးလျတို့က တင်သွင်းမှု လျော့နည်းခြင်း တို့ ကြောင့် ရောင်းလိုအားနဲ့ ဝယ်လိုအား မမျှတမှုကိုဖြစ်စေပြီး ဈေးနှုန်းကို ပိုမိုမြင့် တက် စေတယ်လို့ ကုန်သည်များက ဆိုပါတယ်။ယမင်းခင်၊ှSources: business line

Monday, 27 Dec 2010

ဈေးဆက်လက်အေးနေသော ပြည်ကုလားပဲ          ပြည်ဈေးကွက်တွင် ကုလားပဲဈေးမှာ ယခင်တစ်ပတ်က ၂၃ဝဝဝ ကျပ်ဖြင့် အရောင်းအဝယ်ရှိပြီး ယခု တစ်ပတ်တွင် ၂၂ဝဝဝ ကျပ်ဖြင့် ဈေးအနည်း ငယ် ကျဆင်းခဲ့တာကို တွေ့ရပါတယ်။ အရောင်းအဝယ်ဖြစ်မှုအနေနဲ့ ယခင် တစ်ပတ်က တစ်ရက် အိတ် ၂ဝဝ အရောင်းအဝယ်ရှိရာမှ ယခုအပတ်တွင် အိတ် ၁ဝဝ ခန့်သာ ရောင်းချရပါတယ်။ ခွဲစက်သမားနဲ့ ကြာဇံစက်သမားများမှ အဝယ် အေးလာတဲ့အတွက် ဒေသတွင်း ပွဲရုံများတွင် ရောင်းအား နည်း ခြင်းဖြစ်ပါတယ်။ ယခုအချိန်ဟာ ပဲစိုက်ပျိုးသူတောင်သူများမှလည်း စိုက်ပိုျးပြီးဖြစ်တဲ့အတွက် မျိုးပဲ ဝယ်ယူသူ အနည်းငယ်သာရှိတော့တဲ့အတွက် အရောင်းအေးခြင်း ဖြစ်ကြောင်း သိရပါတယ်။                                                                             လွင်လွင်ဆန်း

Monday, 27 Dec 2010

အရည်အသွေးပေါ်မူတည်၍ အရောင်းအဝယ်ဖြစ်တဲ့ ပြည်ပဲတီစိမ်း           ယခုတစ်ပတ် ပြည်ဈေးကွက်အတွင်း ပဲမျိုးစုံဈေးနှုန်းများကျဆင်းလျက်ရှိရာ ပဲတီစိမ်းဈေးနှုန်းမှာလည်း ယခင်အပတ်ကထက် ဈေးကျသွားခဲ့ပါတယ်။ ယခုတစ်ပတ်အတွင်း ပဲတီစိမ်းဈေးမှာ ပဲအရည်အသွေးပေါ်မူတည်၍ အရောင်း အဝယ်ဖြစ်နေကြပါတယ်။ ပဲတီစိမ်းအရည်အသွေးမှာ အစိမ်းရောင်တောက်သည့်ပဲအမျိုးအစားဖြစ်ပါက တစ်တင်း ၂၆ဝဝဝ ကျပ်၊ ပဲအရောင်မှိန်ပါက ၁ တင်း ၂၂ဝဝဝ ကျပ်ဖြင့် တစ်ရက်ကို အိတ် ၅ဝဝ ကျော် အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ ဒေသတွင်း မြို့နယ်များနှင့် မကွေးတိုင်းဒေသကြီးဖက်မှ နေ့စဉ်အဝင်ရှိသလို ရန်ကုန်သို့ တင်ပို့မှုအနေဖြင့် ယခုလ တတိယ ပတ် အထိ အိတ် ၄၉ဝဝ ကျော်နဲ့ မန္တလေးတိုင်းဒေသကြီးသို့ အိတ် ၈ဝဝ ခန့် တင်ပို့ခဲ့ကြောင်း သိရပါတယ်။                                ခင်ဆွေဝင်း

Monday, 27 Dec 2010

မုံရွာပဲဈေးကွက်သို့ ပဲတီစိမ်း (အသေး) အဝင်များနေ              မုံရွာပဲဈေးကွက်သို့ မိုးပဲတီစိမ်းများ အဝင်လှိုင်နေကြောင်း သိရပါတယ်။ ဒီဇင်ဘာတတိယပတ်အတွင်း ပဲတီစိမ်းအကြီး ၂၅ဝဝဝ ကျပ်မှ ၂၃ဝဝဝ ကျပ်အထိ၊ အသေး ၂၂၅ဝဝ ကျပ်မှ ၁၉ဝဝဝ ကျပ်အထိ ဈေးအပြောင်း အလဲဖြစ်ခဲ့ပြီး၊ နေ့စဉ် ကုန်စည်ဒိုင်သို့ အိတ် ၇ဝဝ ခန့် ပုံမှန်ဝင်ရောက်နေကြောင်း သိရပါတယ်။ ဒေသအခေါ် ဗမာပဲ (အလုံးသေး) အဝင်များပြီး ကုန်သည်များ အဝယ်များကြောင်း သိရပါတယ်။ မန္တလေးသို့ တင်း ၁ဝဝဝ ခန့် စီးထွက်ခဲ့တယ်လို့ သိရပါတယ်။   အောင်မင်း 

Pages