Background
အောက်တိုဘာလထက် နိုဝင်ဘာမှ အိန္ဒိယပဲစင်းငုံဈေးခိုင်မာနေ အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ဒီနှစ်ပဲအထွက်ပိုမယ်လို့ ခန့်မှန်းကြပြီး အစောပိုင်းက ဈေးဆင်းလာခဲ့ပေမဲ့ လတ်တလောမှာတော့ ပဲစင်းငုံဈေးက လက်ရှိဈေးနဲ့ ခိုင်မာနေတယ်။ ဈေးကွက်တွေမှာ လက်ကျန် များနေသေးတယ်ဆိုပေမဲ့ လည်း မြန်မာနိုင်ငံနဲ့ တန်ဇန်းနီးယား ပဲစင်းငုံတွေလည်း တင်သွင်းနေရဆဲဖြစ်ပါတယ်။ ပဲအသစ် ဈေးကွက်ထဲဝင်လာမယ့် ဒီဇင်ဘာလ လယ်လောက်အထိ ပဲစင်းငုံဈေး ကျဆင်းနိုင်ဖွယ်မရှိဘူးလို့ ဈေးကွက်က ခန့်မှန်းကြပါတယ်။ မွန်ဘိုင်းဈေးကွက်နဲ့ ဆိပ်ကမ်း C & F ဈေးများနှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်- ဒေါ်လာ/တန် မွန်ဘိုင်းဈေးကွက် မွန်ဘိုင်း(C&F) ၂၄-၁၁-၁ဝ ၇၁၇ ၆၉၅ ၂၃-၁ဝ-၁ဝ ၇၁၄-၇၂ဝ ၈၁ဝ MIRT(MAPT)
ပဲစင်းငုံတင်ပို့မှု အနည်းငယ် ပြန်တိုးတက် ယခင်သီတင်းပတ်များက ပိတ်ရက်များကြောင့် ပြည်ပကို တင်ပို့မှု သိသိသာသာ ကျဆင်းခဲ့ရာမှ ယခုတစ်ပတ် (နိုဝင်ဘာလ ၁၈ ရက်မှ ၂၂ ရက်) အတွင်းမှာ တော့ တန်ချိန် ၁၅ဝဝ ကို အနည်းငယ်တိုးတက် တင်ပို့လာတာတွေ့ရပါတယ်။ ယခင်တစ်ပတ်က အိန္ဒိယ တင်ဒါမရလိုက်ပေမဲ့ ယခုတစ်ပတ်မှာ အိန္ဒိယဝယ်လက် အနည်းငယ်ရှိလို့ အရောင်းအဝယ် အနည်းငယ်ဖြစ်လာသလို အချို့ကုန်သည်များက လည်း ဒူဘိုင်းကို တင်ပို့ဖို့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ရန်ကုန် ကုန်သည်လက်ထဲမှာရှိတဲ့ ပဲစင်းငုံကြားတွေကိုတော့ မန္တလေးနဲ့ မုံရွာဘက်က ကြာဇံစက်သမားများ အဝယ်ရှိလို့ အထက်ကို ပြန်တက်မှုတွေရှိတယ်လို့ သိရပါတယ်။ နိုဝင်ဘာလ ၂၅ ရက် ရန်ကုန် FOB ဈေးအနေနဲ့ ပဲစင်းငုံနီတစ်တန်ကို ကန်ဒေါ်လာ ၆၆ဝ-၆၇ဝ၊ ပဲစင်းငုံဖြူနီနဲ့ အဖြူတစ်တန်ကို ကန်ဒေါ်လာ ၅၇ဝ- ၅၈ဝ နဲ့ ယခင် တစ်ပတ်ဈေးအတိုင်း ပြောင်းလဲမှုမရှိတာ တွေ့ရပါတယ်။ MIRT - MAPT
ဈေးလှုပ်နေတဲ့ ပြည်မတ်ပဲ ဆောင်းသီးနံှ မတ်ပဲကို ပဲခူးတိုင်းဒေသကြီးအနောက်မှ လက်ပံတန်း၊ မင်းလှ၊ မိုးညို၊ သာယာဝတီမြို့နယ်တွေမှာ အများအပြားစိုက်ပျိုးကြပါတယ်။ ယခု အချိန်ထိ လျာထားဧက ၅ ဒသမ ၁၅ သိန်းမှာ ဧက ၁ ဒသမ ၂ဝ သိန်းခန့် စိုက်ပြီးပြီလို့ သိရပါတယ်။ မတ်ပဲစိုက်ပျိုးချိန်ဖြစ်လို့မိုျးပဲတစ်တင်းကို ၂၇၅ဝဝ ကျပ်- ၂၈ဝဝဝ ကျပ်နဲ့ ဝယ်ယူ စိုက်ပိုျးရတယ်လို့ သိရပါတယ်။ ယခင်တစ်ပတ်က မတ်ပဲ တစ်တင်းကို ၂၅၅ဝဝ ကျပ်ဖြစ်ပြီး၊ ယခုတစ်ပတ် ပဲတစ်တင်းကို ၂၆၇ဝဝ ကျပ်ထိ မြင့်လာခဲ့ပါတယ်။ မြို့တွင်းတစ်နေ့ ရောင်းဝယ်မှုမှာ တစ်တင်းခွဲအိတ် ၂ဝဝ-၃ဝဝ ခန့် ရှိပြီး ပုံမှန်ရောင်းဝယ်မှုရှိတယ်လို့ ပဲကုန်သည်တစ်ဦးကပြောပါတယ်။ ပဲစီးဆင်းမှုအနေနဲ့ကတော့ ပြည်မှတစ်နေ့ကို အိတ် ၈ဝဝ၊ တိုင်းတွင်း အခြား မြို့နယ်များမှ တစ်နေ့ကိုပဲအိတ် ၃၅ဝဝ ခန့် ရန်ကုန်သို့ တင်ပို့တယ်လို့သိရပါတယ်။ မိမိအေး
ဈေးလည်းလှုပ် တင်ပို့မှုလည်း ပိုလာတဲ့ ဟင်္သာတမတ်ပဲ ဟင်္သာတတွင် မတ်ပဲဈေးကွက်ကတော့ အနည်းငယ်မြင့်တက်လာပါတယ်။ ယခင်တစ်ပတ်က ပိဿာ ၂ဝ တစ်တင်းကို ၂၆ဝဝဝ ကျပ်ဈေးနဲ့ အရောင်း အဝယ်ဖြစ်ခဲ့ပြီး၊ ယခုတစ်ပတ်တွင် မတ်ပဲဈေးမှာ ၂၆၇ဝဝ ကျပ်ဈေးထိ တက်လာ ခဲ့ပါတယ်။ မတ်ပဲအသစ်များလည်း စိုက်ပျိုးနေပြီဖြစ်၍ ဒေသခံ ကုန်သည် ကြီးများမှလည်း လက်ဝယ်ရှိပဲများအား နေ့စဉ်ဖြစ်ပေါ်သောဈေးများဖြင့် ရန်ကုန် ဈေးကွက် သို့ ယခင်အပတ်ထက်ပိုပြီး ပျမ်းမျှတစ်တင်းခွဲဝင်အိတ် ၁ဝဝဝ ခန့် တင်ပို့ နိုင်တယ်လို့ သိရပါတယ်။ အေးအေးခိုင်
နိုဝင်ဘာလ စတုတ္ထပတ်မှာ အိန္ဒိယမတ်ပဲဈေးမြင့် အိန္ဒိယပြည်တွင်းဈေးကွက်များမှာ အောက်တိုဘာလ စတုတ္ထပတ်ထက် နိုဝင်ဘာ စတုတ္ထပတ်မှာ မတ်ပဲဈေး ပိုမိုမြင့်တက်လာခဲ့ပါတယ်။ အောက်တိုဘာ အတွင်း ပဲထွက်ရှိတဲ့ အချို့ဒေသတွေမှာ မိုးရွာသွန်းနေတာကြောင့် ဈေးကွက်တွေကို ပဲဝင်ရောက်မှုနှေးကွေးခဲ့တဲ့အတွက် ဈေးအနည်းငယ် ပိုလာခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံက မတ်ပဲများ တင်သွင်းခဲ့တာကြောင့် ရောင်းအားများ လာခဲ့ပါတယ်။ ဈေးကွက်တွေမှာ အဝယ်ရှိနေတဲ့အတွက် ပြည်တွင်းမတ်ပဲ အထွက်များတယ်ဆိုပေမဲ့ ဈေးကျဆင်းမယ့် အရိပ်အရောင်မရှိဘူးလို့ ကုန်သည်များ ခန့်မှန်းကြပါတယ်။ မွန်ဘိုင်း ဈေးကွက်ပေါက်ဈေးနဲ့ C & F ဈေးများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် ဒေါ်လာ/တန် မတ်ပဲ မတ်ပဲ (C&F)၂၄-၁၁-၁ဝ ၉၂ဝ ၁ဝဝဝ၁၃-၁ဝ-၁ဝ ၉၁၁ ၉ဝဝ-၁ဝဝဝ MIRT(MAPT)
ယခုတစ်ပတ်မတ်ပဲ တန် ၇ဝဝဝ နီးပါးကို တင်ပို့မှု ပြန်တက်လာ ယခင်သီတင်းပတ်က ပင်လယ်ရေကြောင်းတင်ပို့မှု လျော့ကျခဲ့တဲ့ မတ်ပဲကို ယခု တစ်ပတ်မှာတော့ တန်ချိန် ၇ဝဝဝ နီးပါးထိ ပြန်လည်တိုးတက်တင်ပို့လာတာ တွေ့ရပါတယ်။ အိန္ဒိယမှာ ပဲအထွက်က ယခင်နှစ်ထက်ပိုမယ်လို့ ဆိုပေမဲ့ ချန်နိုင်း ဆိပ်ကမ်းကို မြန်မာနိုင်ငံကသယ်ယူစရိတ်ကပဲထွက်ရှိတဲ့အခိုျ့ဒေသတွေက သယ်ယူ တာထက် စရိတ်သက်သာတာကြောင့် အိန္ဒိယဝယ်လက်များ ပုံမှန်အဝယ်ရှိနေတယ်လို့ သိရပါတယ်။ ဒါပေမဲ့ ဝယ်လက်အခိုျ့ ဈေးမြင့်ပေးဝယ်ယူမှုမရှိတာကြောင့် ရန်ကုန် FOB ဈေးအနေနဲ့ အနည်းငယ်လျော့ကျတာတွေ့ရပါတယ်။ ယခင် တစ်ပတ်နဲ့ ယခုတစ်ပတ် ပြောင်းလဲလာတဲ့ FOB ဈေးများ နှိုင်းယှဉ်ဖော်ပြ လိုက်ပါတယ်- ဒေါ်လာ/တန် မတ်ပဲ(FAQ) မတ်ပဲ(SQ) ၂၅-၁၁-၁ဝ ၉၅ဝ-၉၆ဝ ၁၁၇ဝ-၁၁၈ဝ ၁၉-၁၁-၁ဝ ၉၆ဝ-၉၇ဝ ၁၁၇ဝ-၁၁၈ဝ MIRT(MAPT)
နယ်စပ်မှ ပရဆေး ကုန်သွယ်မှု ကျပ် ၂၇၅ သန်းဖိုးခန့် ဆောင်ရွက်နိုင် မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် နယ်စပ်မှတင်ပို့တဲ့ ပရဆေးကုန်ကြမ်း တွေကတော့ မိကျောင်းကွမ်းဖတ် စေ့၊ ချဉ်ဖေါင်ဖာလာ အခွံပါ၊ ကျောက်ဂျင်း၊ ဒရင်ကောက်မြစ်၊ ကွမ်းစားဂမုန်း၊ ကြောင်ပန်းစေ့နဲ့မာလာဥတို့ ဖြစ်ပြီး တန်ချိန် ၁၂ တန်နီးပါး တန်ဖိုးကျပ် ၂၆၃ သန်းကျော်ဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ မြန်မာ-တရုတ်နယ်စပ်မှ ပရဆေး ကုန်ကြမ်း တင်ပို့မှုရှိသလို မြန်မာအိန္ဒိယနယ်စပ်မှ ပရဆေးကုန်ကြမ်းများ တင်သွင်းမှုများလုပ်ဆောင်လျက်ရှိပါတယ်။ နိုဝင်ဘာလ ၁ဝ ရက်မှ ၁၆ ရက်ထိ ကာလ အတွင်း တမူးနယ်စပ်မှ တောင် လုံးကျော်၊ မင်သော်နဲ့ ဇာတိပ္ဖိုလ်သီး စတဲ့ ပရဆေးကုန်ကြမ်း ၂ တန်ခွဲနီးပါး တန်းဖိုးအားဖြင့် ကျပ် ၁၁ ဒသမ ၇၅ သန်းဖိုးခန့်ကို တင်သွင်းနိုင်ခဲ့ပါတယ်။ မြန်မာ-တရုတ်နယ်စပ်ရှိ ပရဆေးကုန်ကြမ်းအချို့ရဲ့ ယခုအပတ် တစ်တန် မြေပြင်ပေါက်ဈေးများကို ဖော်ပြပေးလိုက်ပါတယ် ကျပ် ယွမ်မိကျောင်း ၂၆၇၉၇၅၈ ၂ဝဝဝဝကွမ်းဖတ်စေ့ချဉ်ပေါင်ဖာလာ ၃၂၃၃၆၂၆ ၂၃၅ဝဝ(အခွံပါ)ကျောက်ဂျင်း ၅၉၉၉၈၆ ၄၃ဝဝဒရင်ကောက်မြစ် ၂၁ဝဝဝဝ ၁၄၈၅ကွမ်းစားဂမုန်း ၉၄၆၇၃ဝ ၆၆ဝဝကြောင်ပန်းစေ့ ၈၁၉ဝဝဝ ၆ဝဝ၁မာလာဥ ၂ဝ၈၆ဝဝဝ ၁၄၅ဝဝဒါ့ကြောင့် နိုဝင်ဘာလ ဒုတိယ ပတ် တစ်ပတ်ထဲမှာတင် နယ်စပ်စခန်း များရဲ့ ပရဆေးကုန်သွယ်မှု ပမာဏ ဟာ ကျပ်သန်း ၂၇၅ သန်းနီးပါး ဆောင်ရွက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။ နှစ်အလိုက် နယ်စပ်မှ ပရဆေးတင်ပို့ နိုင်မှု များကတော့ ၂ဝဝ၇-၂ဝဝ၈ မှာက တော့ ကျပ်သန်း ၁၃၁ဝဝ ကျော်ဖိုး၊ ၂ဝဝ၈-၂ဝဝ၉ မှာ ကျပ်သန်း ၁၃၈ဝဝ ကျော်ဖိုး၊ ၂ဝဝ၉-၂ဝ၁ဝ မှာလည်းကျပ်သန်း ၁၃၆ဝဝ ကျော်ဖိုး နဲ့ ၂ဝ၁ဝ- ၂ဝ၁၁အောက်တိုဘာလ ကုန်အထိ ကျပ်သန်း ၁ဝ၃ဝဝ ကျော်ဖိုး အသီးသီး တင်ပို့ထားပြီးဖြစ်ပါတယ်လို့ သိရပါ တယ်။ MIRT (DOBT)
လက်ကျန်နည်းပြီး ဝယ်လိုအားကောင်းလို့ အိန္ဒိယနနွင်းဈေးအမြင့်မှာရှိနေ အိန္ဒိယနနွင်းထုတ်လုပ်တဲ့ဒေသတွေမှာ လက်ကျန်နည်းလာပြီဖြစ်ပေမဲ့ လက်လီနဲ့လှောင်လက်များ အဝယ် တက်လာတာကြောင့် နနွင်းတစ်တန်ကို ရူပီး ၂ဝဝဝ (ကန်ဒေါ်လာ ၄၄ ) မြင့်တက်ခဲ့တယ်လို့သိရပါတယ်။ ဒါ့အပြင် နနွင်းစိုက်တဲ့ ဒေသတွေမှာ မိုးအဆက်မပြတ်ရွာသွန်းနေတာကြောင့် နနွင်းအသစ်ဝင်ရောက်မှု နှောင့်နှေးဖွယ် ရှိခြင်းကလည်း ဈေးနှုန်းကို မြင့်တက်စေပါတယ်။ အီရော့ခရိုင်မှာ မိုးရွာသွန်းနေလို့ နနွင်းအသစ်ဟာ ဒီဇင်ဘာလလယ်မှာ ဝင်ရောက်မယ်လို့ အရင်ကခန့်မှန်း ခဲ့ရာက ဇန်နဝါရီလ ပထမပတ် (ဒါမှမဟုတ်) ဒုတိယပတ်လောက်မှသာ ဝင်ရောက်ဖွယ်ရှိတယ်လို့ အီရော့နနွင်း ကုန်သည်များ အသင်းဥက္ကဌ မစ္စတာ အာဗွီရာဗီဆွန်ကာက နိုဝင်ဘာလ ၁၅ ရက်နေ့မှာ ပြောကြား ပါတယ်။NCDEX မှာ နိုဝင်ဘာလနဲ့ ဒီဇင်ဘာလစာချုပ်ဈေးဟာ တစ်တန်ကို ရူပီး ၁၃၉၂၆ဝ (ကန်ဒေါ်လာ ၃ဝ၆၅ )နဲ့ ရူပီး ၁၄ဝ၁၆ဝ (ကန်ဒေါ်လာ ၃ဝ၈၅ ) ဈေးအသီးသီးရှိတယ်လို့ သိရပါတယ်။ လက်ငင်းအခြေခံဈေးကွက်တွေဖြစ်တဲ့ နီဇမ်မာဘတ်နဲ့ အီရော့တို့မှာ နနွင်းဝင်ရောက်မှုကျဆင်းပြီး အဝယ် သွက်နေတာကြောင့် အဆင့်မြင့်နနွင်း တစ်တန်ကို ရူပီး ၁၅ဝ (ကန်ဒေါ်လာ ၃ ဒသမ ၃ ) မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ ဆောင်းရာသီအတွင်း ပြည်တွင်းလှောင်လက်များနဲ့ ပြည်ပဝယ်လက်များ ဝယ်လိုအား တိုးတက်လာဖွယ် ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ လှောင်လက်တွေလက်ထဲမှာ နနွင်းလက်ကျန်ဟာ တစ်အိတ်ကို ကီလို ၇ဝ-၇၅ ပါဝင်တဲ့ အိတ်ပေါင်း ၁၂ သိန်း ကို ကျဆင်းဖွယ်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။ ယမင်းခင်၊ှSource: PTI
