Main menu

Background

စုပေါင်းအားနဲ့ ကြိုတင်ပြင်ဆင် လုပ်ဆောင်ကြစို့

Wed, 05/05/2010 - 04:58 -- Anonymous (not verified)

မျှော်လင့်ချက်၂၀၁၀၂၀၁၀ ထဲကို ချဉ်းနင်းဝင်ရောက်လို့ နှစ်ပုံ တစ်ပုံရောက်နေပါပြီ၊  ၂၀၁၀ မတိုင်ခင်က ၂၀၁၀ ထဲရောက်ရင်ဆိုတဲ့ မျှော်လင့်ချက်တွေ  များပြား ခဲ့ပါတယ်။ များပြားလှတဲ့ မျှော်လင့်ချက်တွေထဲက တစ်ခုပြီးတစ်ခုဟာလဲ စတင်အကောင် အထည် ပေါ်လာနေတာ တွေ့နေရပါတယ်။ အိမ်သာလို့ ဧည့်လာဒီအထဲကမှ စီးပွားရေးနဲ့ ပတ်သက်တာတွေ ကို တစေ့တစောင်း ကြည့်မိတယ်။ ၂၀၁၀ မှာ လွတ်လပ်သော ကုန်သွယ်မှုနဲ့ပတ်သက်ပြီး တရုတ် အာဆီယံ စတင်ခဲ့သလို အာဆီယံထဲမှာလဲ စတင် နေပြီ ဖြစ်ပါတယ်။ ထို့အတူပဲ မြန်မာနိုင်ငံကို ၂၀၀၉ နှစ်ကုန်ပိုင်းနဲ့ ၂၀၁၀ နှစ်စ ပိုင်းတွေထဲမှာ လာလိုက်တဲ့ ပြည်ပနိုင်ငံက ကုန်သည်^စက်မှု အသင်းချုပ်တွေရဲ့ တာဝန်ရှိသူတွေ၊ စီးပွားရေး အဖွဲ့အစည်းတွေ၊ ကုမ္ပဏီတွေ၊ ဌာနဆိုင်ရာ အဖွဲ့ အစည်းတွေကတော့ ပိုမိုများပြားစွာ လာရောက် တာတွေ့ရပါတယ်။ ပြည်တွင်းက စီးပွားရေးလုပ် ငန်းရှင်တွေကလဲ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေဟာ အင်နဲ့အားနဲ့ ဝင်ရောက် လာလိမ့်မယ်ဆိုတာ မျှော်လင့်နေကြတာကတော့ အမှန်ပါပဲ။ သက်ဆိုင်ရာ  နယ်ပယ်အလိုက်က စီးပွားရေးလုပ်ငန်းရှင်တွေ ထုတ်လုပ်သူ၊ ဝန် ဆောင်မှုပေးသူတွေအားလုံးက စိတ်ဝင်စား နေကြ တာပါ။ မျှော်လင့်တဲ့အတိုင်း ပြည်ပက စီးပွားရေး ဆိုင်ရာ အဖွဲ့အစည်းတွေ  အများအပြား လာ ရောက်ကြပါတယ်။  ဘာကြောင့် လာကြသလဲ ရှင်းပါတယ်  မြန်မာနိုင်ငံနဲ့ ဆက်စပ်ဆောင်ရွက် မယ့် မြန်မာ့မြေပေါ်မှာ စီးပွားရေး ဆောင်ရွက် မယ်ဆိုရင် သူရော၊ ကိုယ်ရော အကျိုးရှိမှာမို့ပါ။ဘာကြောင့် မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံချင်ရတာလဲမြန်မာနိုင်ငံရဲ့ ပထဝီအနေအထားကြောင့် ပါပဲ၊ မြန်မာနိုင်ငံရဲ့တည်ရှိနေပုံ တည်ရှိနေတဲ့ နေရာဟာ တကယ့်ကို  စီးပွားရေး၊ နိုင်ငံရေး၊ နိုင်ငံ တကာဆက်ဆံရေးအတွက်  အရေးပါတဲ့ အချက် အချာကြတဲ့  ဒေသတစ်ခု  ဖြစ်နေတာကြောင့်ပါ။  ဒါ့ပြင် ရှည်လျားလှတဲ့ မြန်မာ့ကမ်းရိုးတန်း၊ ကမ္ဘာ့ ကုန်သွယ်မှုအတွက် အရေးပါပြီး ကမ္ဘာ့နေရာတိုင်း မှာမရှိတဲ့ ရေနက်ဆိပ်ကမ်း၊  အာရှလမ်းမကြီးရဲ့ အဓိက အစိတ်အပိုင်း၊ စိတ်ဝင်စားဖွယ်ရာ သဘာ၀ ဓာတ်ငွေ့၊  ရေနံသိုက်ကြီးများ  မြန်မာနိုင်ငံရဲ့ အကျယ်အဝန်းနဲ့ လူဦးရေအရ ပေါများသော မြေ နေရာများ၊ အဓိကကျတဲ့ စားနပ်ရိက္ခာများ ထုတ် လုပ်ရန်အတွက် စိုက်ပျိုးဖြစ်ထွန်းလွယ်တဲ့ များပြား ကျယ်ဝန်းသော မြေနေရာများ၊ စိုက်ပျိုး၊ မွေးမြူရေး နဲ့ စီးပွားရေးကို မြှင့်တင်ပေးနိုင်မယ့် လိုအပ်သော ရေအရင်းအမြစ် လုံလောက်ခြင်းများ၊  မြေပေါ် မြေအောက် သယံဇာတနဲ့ ရေပေါ်ရေအောက် သယံဇာတ ပေါများခြင်းတွေက အဓိကပါပဲ။အချက်အချာတည်နေရာ မြန်မာကြီးမားကျယ်ပြန့်  စားသုံးသူများပြားတဲ့ ဈေးကွက်ကြီး  နှစ်ခုလို့ဆိုရမယ့် အိန္ဒိယနဲ့ တရုတ် နှစ်နိုင်ငံအကြားမှာ  တည်ရှိနေတာဟာ မဟာ ဗျူဟာအရ အရေးပါနေရခြင်းပါ။  ဒါ့ပြင် မြန်မာ နိုင်ငံရဲ့ ယဉ်ကျေးမှုဟာလဲ အင်မတန်မှ စိတ်ဝင် စားစရာ ကောင်းပါတယ်။ အထူးသဖြင့်တော့ အရှေ့နဲ့အနောက် အချိန်တိုဆုံး အလျင်မြန်ဆုံး ကုန်ကျစရိတ် အနည်းဆုံးနဲ့ ဆက်သွယ်သွားလာ နိုင်ဖို့ အကောင်းဆုံးလမ်းကြောင်းတစ်ခု ဖြစ်နေ ခြင်းပါပဲ။ အာရှအရှေ့ခြမ်းက  နိုင်ငံတွေအတွက် အာရှအနောက်ခြမ်း  ထွက်ဖို့ဟာ  အကောင်းဆုံး ဖြစ်နေပါတယ်။ အလားတူပဲ အာရှ အရှေ့ခြမ်းကို သွားမယ်ဆိုရင်တော့လဲ အရှေ့အနောက် စြင်္ကံ လမ်းမကြီး (East-West Economic Corridor) က စတင်နေပါပြီ။ ဒါ့အပြင် အိန္ဒိယ၊ ဂျပန်၊  မဟာ မဲခေါင်စီးပွားရေး စြင်္ကံလမ်းမကြီး   (Indo-Mekong Economic Corridor) ကလဲ လုပ်ဖို့ ကြိုးစားနေပြန်ပါပြီ။  အာရှပတ်လမ်းကြီးကလဲ ဆောင်ရွက်ဦးမှာပါ။  ဒါ့အပြင် Cross Border Tradeအရလည်း GMS နိုင်ငံတွေမှာ အလွယ် တကူ  ဖြတ်သန်းသွားနိုင်တော့မှာပါ။  အားလုံး သောလမ်းတွေ၊ စြင်္ကန်တွေ ဖြတ်သန်းမှုတွေမှာ တော့ မြန်မာဟာ မပါမဖြစ် ပါနေရတော့မှာမို့ အချက်အချာတည်နေရာ မြန်မာလို့ဆိုတာပါ။ယှဉ်ပြိုင်နိုင်ရေး အသင့်ပြင်နိုင်ငံအသီးသီး Globalization ထဲမှာ မဖြစ် မနေပါဝင်နေရတာပါ။ လောလောဆယ်မှာတော့ အာဆီယံ  လွတ်လပ်သော  ကုန်သွယ်မှု ဒေသ၊ တရုတ်-အာဆီယံ လွတ်လပ်သော ကုန်သွယ်မှု ဒေသများတွင်  ပါဝင်ရန်အတွက်  မဝေးလှတော့ သော အချိန်ကာလသို့ ရောက်ရှိနေပြီဖြစ်ပါတယ်။ အခုအချိန်မှာတော့ ပြင်ဆင်သင့်တာ  မှန်သမျှ စိန်ခေါ်မှုတွေ ကျော်လွှားဖို့ အခွင့်အလမ်းတွေ အကျိုးရှိစွာ အသုံးချနိုင်ဖို့အတွက် အဆင့်သင့် ဖြစ် သင့်နေပြီ ဖြစ်ပါတယ်။ ပြင်ဆင်ပြီးသား ဖြစ်နေ သင့်ပါပြီ။နောက်ထပ်လဲ အာဆီယံကို လွတ်လပ်စွာ ကုန်သွယ်မှုပြုနိုင်ရေးအတွက် ဂျပန်၊ တောင်ကိုရီး ယား၊ အိန္ဒိယ၊ EU၊ နယူးဇီလန်၊ သြစတြေးလျ တို့က ပြင်ဆင်ဆောင်ရွက်နေကြပြီဆိုတာလဲ တွေ့ ရမှာပါ။ ပြီးတော့ ဈေးကွက်မှာယှဉ်ပြိုင်မှု မျိုးစုံတွေ တွေ့ရမှာပါ။ စိန်ခေါ်မှုမျိုးစုံတွေ တွေ့ရတော့မှာပါ။ ဒါကြောင့်  မြန်မာတွေ ယှဉ်ပြိုင်နိုင်ရေး အသင့်ပြင် ထားသင့်ပါပြီ။သမားရိုးကျလုပ်မရကမ္ဘာပေါ်မှာ နိုင်ငံတစ်ခုနှင့် တစ်ခု ကုန် သွယ်ရေးဟာ  နှစ်ပေါင်းကြာရှည်စွာကပင်  ပုံမှန် ဆောင်ရွက်နေခဲ့တာပါ။ ကုန်သွယ်ရေးဆောင်ရွက် မှုဟာ မပြောင်းလဲပေမဲ့လို့ ပြည်ပပို့ကုန်နဲ့ သွင်းကုန် တွေမှာတော့ အပြောင်းအလဲတွေ ဖြစ်ပေါ်နေပြီ ဆိုတာ တွေ့ရပါတယ်။ အရင်တုန်းက နိုင်ငံတစ်ခု ကုမ္ပဏီ တစ်ခုထဲကနေ အပြီးတိုင် ထုတ်လုပ်ခဲ့တာ ပါ။ အခုအချိန်အခါမှာတော့  ထုတ်ကုန်ပစ္စည်း၊ တစ်မျိုးကို နိုင်ငံတစ်ခုတည်းက ဒါမှမဟုတ် တစ် နိုင်ငံတည်းမှာပဲ အပြီးအစီး အလုံးစုံ ပြုလုပ်တာမျိုး ဟာ နည်းလာပါပြီ။  ကမ္ဘာ့စီးပွားရေး အသွင် သဏ္ဌာန်ဟာ နိုင်ငံတစ်ခုမှာ အဆင့်တစ်ခုထိ ထုတ် လုပ်ပြီးတဲ့ ပစ္စည်းတစ်မျိုးကို အခြားနိုင်ငံ တစ်နိုင်ငံ ဒါမှမဟုတ် တစ်နိုင်ငံထက်ပိုတဲ့ နိုင်ငံတွေမှာ အပြီး အပြည့်အစုံ ထုတ်လုပ်ခြင်းဆိုတာကို ပြောင်းလဲ ဆောင်ရွက်နေတာ တွေ့ရပါတယ်။တိုးတက်လာတဲ့  သတင်းအချက်အလက် နည်းပညာတွေ သယ်ယူပို့ဆောင်ရေးနဲ့ နည်းပညာ ပြောင်းလဲတိုးတက်မှုတွေကြောင့် ကုမ္ပဏီ ကြီးငယ် မရွေးအပြင် အသေးစားနဲ့ အလတ်စား စီးပွားရေး လုပ်ငန်းများတောင် ကမ္ဘာတစ်လွှား ခြေဆန့်လို့ လုပ်ဆောင်နေကြပြီဆိုတာ တွေ့ရမှာပါ။အရည်အသွေးလဲ အရေးပါကမ္ဘာ့ဈေးကွက်ကြီးထဲမှာ ယှဉ်ပြိုင်ရောင်းချ နိုင်ဖို့အတွက် နိုင်ငံအများအပြားက လုပ်ငန်းရှင် တွေဟာ ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံတာ ထပ်တူ ဆောင်ရွက်တာတွေ လုပ်နေကြပါတယ်။ ဒါ့အပြင် ထုတ်ကုန်တွေနဲ့ ဝန်ဆောင်မှုတွေ တင်ပို့ရောင်းချ ခြင်းတွေကိုလဲ ဆောင်ရွက် နေကြပါတယ်။ ဒါကို ဆောင်ရွက်ရာမှာ ဈေးကွက်ယှဉ်ပြိုင်မှုတွေ များ လာတာနဲ့အမျှ     ကုန်ပစ္စည်းနဲ့ပတ်သက်တဲ့ ပုံသဏ္ဌာန်၊ အသုံးဝင်မှု၊ အာမခံရှိမှု စသည်ဖြင့် ကုန်သွယ်မှုမှာ  အရည်အသွေးဟာ အရေးပါလာ တာ တွေ့ရမှာပါ။ဘာတွေ ကြိုတင်ပြင်ဆင်ရမလဲ.လွတ်လပ်တဲ့ကုန်သွယ်မှု  ဒေသဖြစ်လာပြီ ဆိုရင်တော့ တင်သွင်းလာတဲ့ ကုန်ပစ္စည်းရဲ့ အရည် အသွေးအဆင့်အတန်း၊ သတ်မှတ်တဲ့ဥပဒေ ထုတ် ပြန်ထားတာ၊ မိမိထုတ်ကုန်တွေဟာ အခြားနိုင်ငံက ဝင်ရောက်လာမဲ့ထုတ်ကုန်တွေကို  ကဏ္ဍစုံ၊ နေရာ စုံမှာ ယှဉ်ပြိုင်နိုင်အောက် ဆောင်ရွက်ထားတာ၊ ခရီးသွားလုပ်ငန်းတွေ၊   စက်မှုလုပ်ငန်းတွေ၊ အိမ်တွင်းမှုလုပ်ငန်း၊ လက်မှုပစ္စည်းတွေကို အရည် အသွေးတိုးတက်    အောင်ဆောင်ရွက်တာ၊ လွတ်လပ်စွာ ကုန်သွယ်မှုကြောင့် နစ်နာနိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေကို  ကမ္ဘာ့ဈေးကွက်မှာ ယှဉ်ပြိုင်နိုင်အောင် အကူအညီပေးနိုင်ဖို့ ရန်ပုံငွေ ထူထောင်တာ၊ လုပ်သားစရိတ်၊ ကုန်ကြမ်းစရိတ် စတာတွေ သက်သာပြီး ထုပ်ပိုးမှုနဲ့ အရည်အသွေး သာလွန်ကောင်းမွန်အောင်   ဆောင်ရွက်တာ၊ ရလာမယ့်   အကျိုးအမြတ်အကြောင်းတွေကို စီးပွားရေးလုပ်ငန်းရှင်တွေ အပြည့်အ၀ နားလည် သိရှိအောင် အပြည့်အ၀ အသုံးချနိုင်အောင် ဆွေး နွေးပွဲတွေကျင်းပတာ ပြည်တွင်း  စက်မှုလုပ် ငန်းတွေကို အားနည်းသွားစေနိုင်တဲ့  အလား အလာရှိတဲ့ ကုန်ပစ္စည်းတွေကို ပြန်လည်ညှိနှိုင်းကာ ဆွေးနွေးတာစတဲ့ လုပ်စရာတွေ အများအပြားကို ကြိုတင်စဉ်းစား ပြင်ဆင်ထားပါမှ လွတ်လပ်သော ကုန်သွယ်မှုဒေသရဲ့ အသီးအပွင့် အကျိုးအမြတ်ကို ခံစားရမှာပါ။အဓိကလုပ်သင့်တာကမိမိရဲ့ယှဉ်ပြိုင်ဘက်ကို အသာစီးရဖို့ ဆိုတာ ကိုယ်မနစ်နာဘဲ အောင်မြင်ဖို့ဆိုတာဟာ မိမိက ဘာတွေလုပ်နိုင်သလဲ။ ဘယ်လောက်လုပ် နိုင် သလဲဆိုတာ သေချာသိဖို့လိုပါတယ်။ ထို့အတူပဲ တစ်ဖက်ကရော ဘာတွေလုပ်နေလဲ ဘယ်လိုလုပ် နေသလဲဆိုတာသိဖို့လိုအပ်ပြန်ပါတယ်။ ဒါကြောင့် အဓိက အရေးကြီးတာတွေက သတင်းအချက် အလက်ရရှိဖို့။ ပူးပေါင်းဆောင်ရွက်မှု၊ ဆွေးနွေး ပွဲတွေ လေ့လာရေးတွေ၊ အစိုးရပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်မှုတွေ၊  ကုန်သွယ်ဖက် နိုင်ငံတွေနဲ့ အဆက်အသွယ်မပြတ်  တွေ့ဆုံမှုတွေ ကုန်သွယ်မှု မြှင့်တင်ရေးတွေကို  ဆောင်ရွက်နေရမှာပဲ  ဖြစ် ကြောင်း ပါခင်ဗျား။ဗိုလ်ဇော်