စစ်အေးခေတ်ကာလက အမေရိကန် နှင့် ဆိုဗီယက်တို့ ဖွံ့ဖြိုးဆဲနိုင်ငံများ အပေါ် သြဇာလွှမ်းမိုးရန် ကြံစည်ခဲ့ကြ ဖူးသည်။ ယခု ထိုပြိုင်ပွဲအတွင်းသို့ ဘရာဇီးလ်၊ ရုရှ၊ အိန္ဒိယနှင့် တရုတ်တို့ ဝင်လာကြသည်။ အပြောင်းအလဲတွေ ဖြစ်အောင်လည်း လုပ်နေကြသည်။ မတ်လတွင် သီရိလင်္ကာနိုင်ငံသည် တရုတ်နိုင်ငံမှ လေဆိပ်သစ် ဆောက် လုပ်ရေးအတွက် ဒေါ်လာသန်း ၂၉၀၊ အိန္ဒိယနိုင်ငံမှ ရထားလမ်း အဆင့်မြှင့် ရေး အတွက် ဒေါ်လာ ၆၇ သန်းတို့ကို ရရှိခဲ့သည်။ ဆင်းရဲသောနိုင်ငံများ စီးပွားရေးနှေးကွေးမှုမှ နာလန်ထလာပြီး ချမ်းသာသောနိုင်ငံများက ဆက်လက် ယိမ်းယိုင် နေဆဲကာလတွင် ဝင်ငွေ အလယ်အလတ်တန်း အဆင့်ရှိ နိုင်ငံ ကြီးများက မိတ်ဆွေတိုးပွားရေး၊ သြဇာ လွှမ်းမိုးရေးအတွက် တစ်သက်မှာ တစ်ခါရသော အခွင့်အရေးကို အသုံးချ နေကြသည်။ ဤသို့လုပ်ဆောင်ရာ၌ တစ်ခါတစ်ရံ အကူအညီပေးခြင်း၊ ကုန်သွယ်ခြင်း၊ ငွေ ပြန်လည်လွှဲပို့ပေးခြင်း၊ ရင်းနှီး မြှုပ်နှံ ခြင်းဟူသော တိုက်ရိုက်နည်းများကို အသုံးပြုသကဲ့သို့ တစ်ခါတစ်ရံ၌လည်း ကုန်စည် ဈေးနှုန်းများမှ တစ်ဆင့်သော် လည်းကောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဈေးကွက်တွင် ဝင်ရောက်ယှဉ်ပြိုင် သည့် နည်းဖြင့်သော်လည်းကောင်း သွယ်ဝိုက်နည်းကို အသုံးပြုကြသည်။ သို့သော်တိုက်ရိုက်နည်း၊ သွယ်ဝိုက်နည်း တွေကို ခွဲရန်ခက်သည်။ သူကိုယ်တိုင် ကလည်းအကူအညီရယူနေဆဲဖြစ်သော ရုရှမှအပ အလှူရှင်သစ်တွေက ၎င်းင်းတို့ ၏ အလှူငွေတွေ၊ အကူအညီတွေ စာရင်းကို ထုတ်ပြန်လေ့ရှိကြသည်။ နိုင်ငံခြားဖွံ့ဖြိုးမှုသိပ္ပံ (Oversea Development Institute) ၏ လေ့ လာချက်တစ်ရပ်အရ ထွန်းသစ်စနိုင်ငံ များသည် ဆင်းရဲသောနိုင်ငံများ၏ တိုးတက်မှုအလားအလာကောင်းမွန်ရေး အတွက် သိသိသာသာ ပိုမိုအကျိုးပြု လာကြောင်း တွေ့ရသည်။ ယခုဆိုလျှင် တရုတ်နိုင်ငံသည် ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံများသို့ အများဆုံးလှူဒါန်းသော နိုင်ငံဖြစ်သည်။ အာဖရိကကိုလည်း အလှူငွေတွေ အများကြီးပေးမည်ဟု ကတိပြုထား သည်။ ၂၀၀၉ခုနှစ် နိုဝင်ဘာလတွင် တရုတ် ဝန်ကြီးချုပ်ဝမ်ကြားပေါင်က ၃ နှစ်အတွင်း အတိုးနှုန်းနိမ့်ချေးငွေ ဒေါ်လာ ၁၀ ဘီလီယံပေးမည်ဟု ကတိ ပြုထားသည်။ ထို့ပြင် ကြွေးမြီတွေကို ပယ်ဖျက်ပေးခြင်း၊ ဆေးရုံအသစ်များ ဆောက်လုပ်ပေးခြင်း၊ အာဖရိက တိုက် သား ၁၅၀၀၀တို့ကို လေ့ကျင့်ပျိုးထောင် ပေးခြင်း၊ ၂၀၀၆ ခုနှစ်နှင့် ၂၀၀၉ ခုနှစ် အတွင်း အကူအညီ ၂ ဆ တိုးပေးခြင်း တို့ ပြုလုပ်မည်ဟု ကြေညာထားသည်။ ဆူဒန်နိုင်ငံက နိုင်ငံခြားကြွေးမြီ ဒေါ် လာ ၃၄ ဘီလီယံကို ပြန်မဆပ်နိုင် သောအခါ တရုတ်၊ အိန္ဒိယနှင့် ပင်လယ်ကွေ့ အတွင်းရှိ ဒေသဆိုင်ရာ ဖွံ့ဖြိုးရေး ရန်ပုံငွေအဖွဲ့များကို အားကိုး အားထားပြုရသည်။ အိန္ဒိယသည် တရုတ်ထက် ခြေလှမ်း နှေးနေသော် လည်း တန်ဇန်နီးယား၏ ဘဏ္ဍာရေး အဖွဲ့ အစည်းများကို အထူးလယ်ယာ ချေးငွေထုတ်ပေးကာ အာမခံ ကယ် တင်ခဲ့သည်။ ထိုအကူအညီ ပေးမှုမျိုး တွေသည် မကြာမီကာလများ၌ ပို၍ပင် အရေးပါလာစရာအကြောင်းရှိ သည်။ သမိုင်းကြောင်းကို ပြန်ကြည့်လျှင်လည်း ထိုအချက်ကို အထောက်အကူ ဖြစ်နေ ကြောင်း တွေ့ရသည်။ အနောက် တိုင်း နိုင်ငံများက ပေးသော အထောက်အပံ့ များသည် စီးပွားရေးနှေးကွေးမှုဖြစ်တိုင်း ဖြစ်တိုင်း၊ နှစ်နှစ်သုံးနှစ်လောက် မှေးမှိန် နေတတ်သည်။ အနောက်နိုင်ငံများနှင့် ကုန်သွယ်မှု၊ ၎င်းင်းတို့ကပေးသော နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုများသည် ယခုအခါ ကျဆင်းလျက် ရှိပြီး ၎င်းင်းတို့၏နေရာကို ဝင်ငွေအလယ်အလတ်တန်းရ နိုင်ငံ များက အစားထိုးဝင်ရောက်လျက်ရှိ သည်။ ၂၀၀၈ ခုနှစ်နှင့်၂၀၀၉ ခုနှစ် ကြား အာဖရိက နိုင်ငံများတွင် တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု သုံးပုံတစ်ပုံ ကျဆင်းသော်လည်း တရုတ်နိုင်ငံ၏ မြှုပ်နှံမှု ၈၀ ရာခိုင်နှုန်းတိုးလာခဲ့သည်။ ဘရာဇီးလ်က ၂၀၀၃ ခုနှစ်မှစ၍ ဒေါ်လာ ၁၀ ဘီလီယံ မြှုပ်နှံ သည်ဟု ဆိုသည်။ ၂၀၀၉ခုနှစ်မှစ၍ ထွန်းသစ်စ နိုင်ငံများက အာဖရိကတွင် မြှုပ်နှံမှုတွေ သိသိသာသာ တိုးပွားလာ ခဲ့သည်။ အလားတူပင် ကုန်သွယ်မှုနယ်ပယ်၌ ဆင်းရဲသော နိုင်ငံများက ချမ်းသာ သော နိုင်ငံများသို့ တင်ပို့မှု သည် ထွန်း သစ်စ နိုင်ငံများသို့ တင်ပို့မှု ထက် လျင် မြန်စွာ ကျဆင်းနေသည်ကို တွေ့ရ သည်။ ၂၀၀၈-၂၀၀၉ တွင် ချမ်းသာ သော နိုင်ငံများသို့ တင်ပို့မှု ၁၇ ရာခိုင်နှုန်း ကျဆင်းရာ ထွန်းသစ်စနိုင်ငံ များသို့ တင်ပို့မှုမှာ ၇ ရာခိုင်နှုန်းသာ ကျဆင်းမည်။သုတေသနပြုလုပ်နေ သော ကာလအတွင်းဝင်ငွေအလယ်အ လတ်ရနိုင်ငံများ၏ ကုန်သွယ်မှုအချိုးအ စားတိုးပွား၍ပင်လာကြောင်းတွေ့ရသည်။ ထိုအပြောင်းအလဲတွေကြောင့် ဖြစ်လာမည့် ရလာဒ်တွေကလည်း ရောထွေး နေသည်။ တရုတ်နှင့် အခြား နိုင်ငံ များက အနောက်နိုင်ငံများနှင့် အဆင် မပြေလှသော အစိုးရတွေကို အကူအညီ ပေးနေခြင်းအတွက် သိပ် သဘောမကျကြ။ တစ်ဖန် တရုတ် နိုင်ငံက ပေးသော အကူအညီများသည် တရုတ် ကုမ္ပဏီများ ရောင်းချသော၊ တည်ဆောက်သော ဆေးရုံတွေ၊ လမ်း တွေ၊ အသုံးအဆောင်မျိုးတွေ ဖြစ်နေ တတ်သည်။ အချို့အကူအညီဆိုသည် မှာ ကူးသန်း ရောင်းဝယ်ရေးဘဏ် များ၏ အတိုးနှုန်းထက် နည်းနည်းသာ သက်သာသော ချေးငွေတွေ ဖြစ်နေ တတ်သည်။ အာဖရိက အစိုးရများက အနောက်နိုင်ငံများသို့ ပေးစရာရှိသော ေ<ကးမြီ အတော်များများကို စာရင်းမှ ပယ်ဖျက်ပြီးသလောက် ရှိနေကာ ယခု အခါ အခြားနိုင်ငံများသို့ ပေးစရာ ရှိသော ကြွေးမြီတွေတစ်ပုံတစ်ပင် ဖြစ်နေပြီ။ ထိုအကူအညီမျိုးတွေက ထောင်ချောက်လို ဖြစ်နေမည်ကို စိုးရိမ်ကြသည်။ ထွန်းသစ်စ နိုင်ငံများသည် ဆင်းရဲ သော နိုင်ငံများမှ ကြေးနီနှင့် ဝါဂွမ်း တို့ကဲ့သို့သော ကုန်ကြမ်းတွေကို တင် သွင်း နေရသည်။ ချမ်းသာသောနိုင်ငံ တွေက အဝတ်အထည်လို ကုန်ချော တွေကို ဝယ်ယူကြသည်။ ထို့ကြောင့် ထွန်းသစ်စ နိုင်ငံများနှင့် ကုန်သွယ်မှု တိုးပွားပြီး ချမ်းသာသောနိုင်ငံများနှင့် ကုန်သွယ်မှု လျော့ကျခြင်းသည် ကုန်သွယ်မှု နယ်ပယ်တွင် တန်ဖိုး မြင့်ကုန်ရောင်းရာမှ တန်ဖိုးနိမ့်ကုန် ရောင်းသည့်အဆင့်သို့ ကျဆင်းသွား ခြင်းဖြစ်သည်။ တရုတ်ချမ်းသာ <ကယ်၀ လာအောင်လုပ်သည့်နည်းနှင့် ပြောင်း ပြန် ဖြစ်နေသည်။ တရုတ်နှင့် အိန္ဒိယ တို့က ကုန်ကြမ်းတွေ ဆာလောင် မွတ် သိပ် နေကြခြင်းသည် ဆင်းရဲသော နိုင်ငံများ၏ ပို့ကုန်ဈေးကွက်တွေ ဖြန့်ကျက်စေနိုင်သော်လည်း ၎င်းင်းတို့၏ စက်မှုလုပ်ငန်းတွေကို ဖြန့်ကျက်စေရန် လုပ်ဆောင်နိုင်ခြင်းမရှိသဖြင့် ဈေးနှုန်း အတက်အကျ ပြောင်းလဲ လွယ်သော ကုန်စည်ဈေးကွက်ကို ပိုမိုအားကိုးရာ ရောက်အောင် လုပ်ပေးလိုက်သလို ဖြစ်နေသည်။ ထို့ပြင် တရုတ်နိုင်ငံက ၎င်းင်း၏ ငွေဖလှယ်နှုန်း နိမ့်ကျနေအောင် ပြုလုပ်ထားသော ဒဏ်ကိုလည်း ခံစား ကြရသည်။ ထို့ကြောင့် ယှဉ်ပြိုင်နိုင်စွမ်း ကို ထိခိုက်ကာ ၎င်းင်းတို့၏ငွေကြေး တန်ဖိုးများကိုလည်း ကျဆင်းအောင် ဖိအားပေးရာရောက်သည်။ ထိုသို့ဆိုသဖြင့် ထွန်းသစ်စ နိုင်ငံ များသည် ဆင်းရဲသောနိုင်ငံများ၏ စီးပွားရေးအတွက် မကောင်းဟု မဆို လိုပါ။ ထွန်းသစ်စနိုင်ငံတွေသာ မရှိလျှင် ဆင်းရဲသော နိုင်ငံများသည် ကမ္ဘာ့ စီးပွားရေးနှေးကွေးမှု၏ ဂုဏ်ကိုပိုမို၍ပင် ခံစားစရာအကြောင်းရှိသည်။ အရှေ့ ဥရောပတွင် ဘာလင် တံတိုင်း ကြီးပြိုကျမှု အရေးပါသကဲ့သို့ ထွန်းသစ် စ နိုင်ငံများအလှူရှင် အဖြစ် ပေါ်ထွက် လာ ခြင်းသည်လည်း ဆင်းရဲသော နိုင်ငံများအတွက် အရေးပါသည်။ သို့သော်ထိုအကြောင်း တစ်ခု တည်း ဖြင့် ဒေသတစ်ခုလုံး၏ ပြဿနာများကို တစ်ချက်တည်းအပြီး ဖြေရှင်းနိုင် မည် မဟုတ်ပေ။ အာဖရိကတွင်လည်း အလားတူပင်ဖြစ်ရာ အုပ်ချုပ်ပုံ အုပ်ချုပ်နည်း ကောင်းမွန်ရေးအတွက် ကြိုးပမ်းအားထုတ်မှုများ ဆက်လက် လိုအပ်နေမည်သာ ဖြစ်သည်။မောင်ရန်အေး
Background