Main menu

Background

ဓာတ်ဆီ/ဒီဇယ်

Sat, 05/01/2010 - 07:30 -- Anonymous (not verified)

ဆိပ်ကမ်းအဝင်ပို   ဧပြီ ဒုတိယပတ်အတွင်း ဆိပ်ကမ်းအသီးသီးက ဒီဇယ်အဝင်တန်ချိန် လေးသောင်းကိုးထောင်ကျော် (ပီပါသုံးသိန်းခုနှစ်သောင်း) ကျော်ဝင်ခဲ့ပါတယ်။ သြင်္ကန်မတိုင်ခင် ဧပြီလ ပထမပတ်တုန်းက ဒီဇယ်အဝင်တန်ချိန် သုံးသောင်းတစ် ထောင်ကျော် (ပီပါနှစ်သိန်းသုံး သောင်းကျော်) ရှိခဲ့တာမို့ ဒီအပတ်က ယခင်အပတ် အဝင်နဲ့ယှဉ်ရင် အဝင်ပိုခဲ့ပါတယ်။                                                                                                                                                          MIRT(DOT)သြင်္ကန်ကာလ နယ်စပ်ကမသွင်း  ဧပြီလ ၁၄ ရက်မှ ၂ဝ ရက်ထိကာလအတွင်း နယ်စပ်စခန်းများမှ  တင်သွင်း မှုမရှိခဲ့သော်လည်း ဧပြီလ ၇ ရက်မှ ၁၃ ရက်ထိကာလ အတွင်းမှာတော့ ဓာတ်ဆီ ၃၂၁၇၇၆ ဂါလံ၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၃၁၃၁၈၄ ကို တင်သွင်းနိုင်ခဲ့ပါတယ်။ သြင်္ကန်ကာလဖြစ်တဲ့ အတွက် လုပ်ငန်းဆောင်ရွက်မှုများ လျော့နည်းနေရခြင်းဖြစ်ပါတယ်။  ဓာတ်ဆီ၊ ဒီဇယ်ဆီဈေးနှုန်းများကို ဖော်ပြပေးလိုက်ပါတယ်-                       (ကျပ်/ဂါလံ)         ဒီဇယ်                ၃၂၃၄            ဓာတ်ဆီ (နီ)       ၂၉၅၃        ဓာတ်ဆီ (ဝါ)      ၃ဝ၉၃                                                                                                                       MIRT-DOBTပြည်တွင်းဈေးကွက်ဈေးကောင်း   ပြည်တွင်းဈေးကွက်မှာ စက်သုံးဆီလက်လီအရောင်းအဝယ်များအနေနဲ့ ဈေးကောင်းခဲ့ပါတယ်။ ''ကျွန်တော်တို့သြင်္ကန်တွင်းမှာ ဓာတ်ဆီ ၃၈ဝဝ-၃၉ဝဝ နဲ့ရောင်းတယ်။ ဒီဇယ် ၃၄ဝဝ-၃၅ဝဝ လောက်နဲ့ရောင်းတယ်။ ရောင်းရပါတယ်။ အရောင်း သိပ်မအေး ခဲ့ပါ ဘူး။ သြင်္ကန်အပြီးဈေးပြန်တော့ ကျပါတယ်။ နဲနဲအကျနှေးတယ်'' လို့ ပန်းဘဲတန်းမြို့နယ်ထဲက ဆီဝယ်ရောင်းတစ်ဦးက ပြောပါ တယ်။ သြင်္ကန်ကာလ အကြိုအကျနေ့များ ဓါတ်ဆီဈေးမှာ တစ်ပီပါကို ၂ဝဝဝဝဝ ဝန်းကျင်အထိဈေး တက်မှုများရှိခဲ့သော်လည်း အတက်မှာ ရက်ကြာကြာတက်ခြင်းမိုျး မဟုတ်သည့် အတွက် လုပ်ငန်းသုံးယာဉ်များ သွားလာရေးအဆင်ပြေခဲ့ကြောင်း၊ ယခင်နှစ် သြင်္ကန် ကာလတွင် ဓာတ်ဆီတစ်ပီပါလျှင် ၂၂ဝဝဝဝ ကျော်အထိတက်ခဲ့ကြောင်း 0x158င်းက ပြောပါတယ်။  ပြည်တွင်း ဒေသများရဲ့ လက်လီ  အရောင်းအဝယ်ဈေးကတော့ အောက်ပါ အတိုင်းဖြစ်ပါတယ်- ဧပြီ-၂ဝ၁ဝ      ဓာတ်ဆီ(ကျပ်)             ဒီဇယ်(ကျပ်)    ရက်       ရန်ကုန်    မန္တလေး       ရန်ကုန်    မန္တလေး     ၇           ၃၉ဝဝ     ၄ဝဝဝ        ၃၃ဝဝ      ၃၄ဝဝ     ၈          ၃၉ဝဝ     ၄ဝဝဝ         ၃၃ဝဝ      ၃၄ဝဝ     ၉          ၃၉ဝဝ     ၄ဝဝဝ         ၃၃ဝဝ      ၃၄ဝဝ     ၂၁        ၃၉ဝဝ     ၄ဝဝဝ         ၃၂ဝဝ      ၃၄ဝဝ     ၂၂        ၃၉ဝဝ     ၄ဝဝဝ         ၃၂ဝဝ      ၃၄ဝဝ                                                                                                                  MIRT-DOT၂ဝ၁ဝ ရေနံဝယ်လိုအား တိုးမယ်လို့ သုံးသပ်   ၂ဝ၁ဝ ကမ္ဘာ့ရေနံဝယ်လိုအားအပေါ် သုံးသပ်ချက်အမျိုးမျိုးပေါ်ထွက်နေ သော်လည်း နောက်ဆုံးခန့်မှန်းချက်အဖြစ် တစ်နေ့လျှင် ရေနံစည်ပေါင်း ကိုးသိန်းဝန်းကျင်အထိ တိုးမြှင့်ဝယ်လိုအားဖြစ်လာနိုင်ကြောင်း အိုပက်ကထုတ်ဖော် ကြေ ညာခဲ့ပါတယ်။ အမေရိ ကန်ရဲ့ သုံးစွဲမှုနိုင်ငံများရဲ့ စီးပွားရေးဖွံ့ဖြိုးလာမှု စတာတွေ အပေါ်အခြေခံပြီး ရေနံဝယ်လိုအားကိုတိုးမြှင့်ခန့်မှန်းခဲ့ကြောင်း သိရပါ တယ်။ အိုပက်အနေနဲ့ ကမ္ဘာ့ရေနံထုတ်လုပ်မှုပမာဏရဲ့ ၃၅ ရာခိုင်နှုန်းခန့်ကို လက်ရှိထုတ် နေပြီး တစ်နေ့ကို ခန့်မှန်းခြေ စည်ပေါင်း တစ်သိန်းခန့် ထပ်မံတိုးမြှင့်ထုတ်လုပ်ရန် စီမံ လျက်ရှိနေပါတယ်။   အခုထုတ်လုပ်နေတဲ့ အိုပက်ရဲ့ကိုတာက ၂ဝဝ၉ ခုနှစ်ကတည်းက ဆုံးဖြတ် ခဲ့တဲ့ကိုတာကိုမပြောင်း ဘဲ ဒီအတိုင်းပဲဆက်ထုတ် မယ်လို့ ဆုံးဖြတ်ထားခဲ့တာဖြစ်ပြီး ပျမ်းမျှတစ်နေ့စည်ပေါင်း ၂၉ သန်းခန့် လက်ရှိထုတ်လုပ်လျက်ရှိနေပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ၊ မတ်လရဲ့ တခိုျ့ရက်တွေဆိုရင် တစ်နေ့ကိုစည် တစ်သိန်း နှစ်သိန်း လောက် ပိုထုတ်ခဲ့တယ်လို့ အိုပက်အဖွဲ့က ထုတ်ဖော်ပြောကြား ခဲ့ပါတယ်။   ဒီလိုဝယ်လိုအားများ ဆက်လက်လိုက်ပါလာမှု၊ ရေနံဈေးနှုန်းမြင့်လာမှု စတာတွေကြောင့် ထုတ်လုပ်မှု ပမာဏမြင့်လာရန် ဈေးကွက်များက တောင်းဆိုလာ နေကြပါတယ်။ ဒါ့အပြင် အစိုးရများရဲ့  ပံ့ပိုးမှုများကြောင့် ကမ္ဘာ့စီးပွားရေး တိုးတက် လာမှုအပေါ် ရေနံဝယ်လိုအားက ရာနှုန်းပြည့်မှီခိုနေခြင်းကလည်း သဘာဝနိယာမ တရား ဖြစ်နေပါတယ်။ လေ့လာအကဲခတ်သူများကတော့ အစိုးရများဘယ်လောက် ကြာကြာ ပံ့ပိုးပေးဦးမလဲလို့  စောင့်ကြည့်အကဲခတ်လျက်ရှိနေကြပါတယ်။                                                                                          Source:AP.new.com, WWN