Main menu

Background

ဖိလစ်ပိုင် ဆန်စပါးလုပ်ငန်းနှင့် ပုဂ္ဂလိကပိုင် အခန်းကဏ္ဍ

Wed, 04/28/2010 - 07:20 -- Anonymous (not verified)

ဖိလစ်ပိုင် ဆန်စပါးလုပ်ငန်း ဘယ်လိုရှိလဲ ဆိုတာကို ကုန်သွယ်/လယ်ယာ ခေတ်ကတည်းက မြန်မာတွေ အကျွမ်းတဝင် မရှိကြပါ။ တကယ် တော့  ဖိလစ်ပိုင်ဟာ  ပြည်တွင်းမှာ ဆန်မလုံ လောက်တဲ့အတွက် ပြည်ပက ဆန်အမြဲတင်သွင်း နေရတဲ့ နိုင်ငံပါ။ ကုန်သွယ်/လယ်ယာခေတ် နှောင်း ပိုင်းကာလလောက်က ဖိလစ်ပိုင် National Food Authority NFA မှာ မြန်မာနိုင်ငံက MAPT ကို ဆန်ပေးသွင်းသည့်  အဖွဲ့အစည်းအဖြစ် အသိ အမှတ်ပြု မှတ်ပုံတင်ခွင့်ရဖို့ ကြိုးစားခဲ့ဖူးပါတယ်။ ထိုင်းကုမ္ပဏီတစ်ခုကတစ်ဆင့် ဖိလစ်ပိုင် NFA ကို ဗီယက်နမ်နဲ့အပြိုင် ဆန်တင်ဒါယှဉ်ပြိုင်ဖို့ လုပ်ခဲ့ သော်လည်း မအောင်မြင်ခဲ့ပါ။ ဖိလစ်ပိုင် ဆန်ဈေး ကွက်ကို ထိုင်း၊ ဗီယက်နမ်၊ အမေရိကန် ပြည် ထောင်စုတို့ကပဲ လွှမ်းမိုးထားဆဲဖြစ်ပါတယ်။ အမေ ရိကန်ကတော့ PL 480 အရ ဆန်ထောက်ပံ့မှုတွေ လည်း အခါအားလျော်စွာ ပေးခဲ့ဖူးပါတယ်။ဖိလစ်ပိုင်ဆန်ဈေးကွက်ကို အစိုးရပိုင် NFA ကပဲ ချုပ်ကိုင်ထားတာပါ။ NFA ဟာ သမ္မတ အမိန့်နဲ့ အထူးဖွဲ့စည်းထားတဲ့(Institution)  အဖွဲ့ အစည်းဖြစ်ပါတယ်။ NFA က ပြောရေးဆိုခွင့် ရှိသူ Mr. Rex Estoperez က ၂၀၁၀ ခုနှစ်မှာ ပုဂ္ဂလိက လုပ်ငန်းရှင်များအတွက် တင်သွင်းခွင့်ပြု ထားတဲ့ ခွဲတမ်းကို  တိုးမြှင့်ဖို့ စဉ်းစားနေကြောင်း၊ သို့မှသာ ဖိလစ်ပိုင်အနေဖြင့် ဆန်ဖူလုံမှုရှိနိုင်လိမ့် မည်ဟု ယူဆကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ ကြောင့် NFAကိုယ်တိုင် တင်သွင်းမယ့် ပမာဏနဲ့ ပေါင်းလိုက်မယ်ဆိုရင် ၂၀၁၀ ခုနှစ်မှာ ဆန်တန် ချိန်  ၂ဒသမ ၆ သန်းလောက်  တင်သွင်းရဖွယ်ရှိ ကြောင်းလေ့လာတွေ့ရှိရပါတယ်။ NFA ဟာ မနှစ် က ဆန်တန်ချိန် ၂ ဒသမ ၂၅ သန်း တင်သွင်းဖို့ ကန်ထရိုက်စာချုပ်များ    လက်မှတ်ရေးထိုးခဲ့ပြီး အများစုကတော့ ဗီယက်နမ်က တင်သွင်းဖို့ ဖြစ်ပါ တယ်။ ပုဂ္ဂလိကလုပ်ငန်းရှင်တွေအတွက် ဆန်တင် သွင်းခွင့် ခွဲတမ်း တန်ချိန် ၂ သိန်း သတ်မှတ်ပေး ထားပေမဲ့ ယခုနှစ်မှာ တန်ချိန် ၁ သိန်းခွဲလောက် တော့ တင်သွင်းရဖွယ်ရှိကြောင်း၊ ဖိလစ်ပိုင်အနေနဲ့ ၂၀၀၈ ခုနှစ်က ဆန်တန်ချိန် ၂ဒသမ ၃သန်း တင် သွင်းခဲ့ပါတယ်။IRRI က  သုတေသနပညာရှင်  Mr. Piedad Moya က "ဖိလစ်ပိုင်အနေနဲ့ နှစ်စဉ် ဆန်တန်ချိန်ပေါင်းများစွာ   တင်သွင်းရတဲ့ အကြောင်းအချက်က ၃ ချက် ရှိပါတယ်။ စပါး စိုက်ပျိုးနိုင်တဲ့ ဧရိယာဟာ အကန့်အသတ်နဲ့ ရှိနေ ပါတယ်။  နောက်တစ်ချက်က မြေသြဇာ ဖွံ့ဖြိုး ကောင်းမွန်တဲ့  မြစ်ကြီးတွေရဲ့  မြစ်ဝှမ်းဒေသ (deta)များ မရှိပါဘူး။  နောက်ဆုံးအချက်က တော့ ဆန်စပါးလိုအပ်ချက်ဟာ နှစ်စဉ် တိုးတက် လျက်ရှိပါတယ်။  လူဦးရေကလည်း နှစ်စဉ် တိုး တက်လာတာနဲ့အမျှ ဝယ်လိုအားလည်း တက်လာ တဲ့သဘောရှိတယ်" လို့ ဆိုပါတယ်။လွန်ခဲ့သောနှစ်များက  ဖိလစ်ပိုင်နိုင်ငံဟာ ဆန်နှင့်ပတ်သက်ပြီး ၈၅-၉၀%လောက်ပဲ ဖူလုံမှု ရှိခဲ့ပါတယ်။ ဆန်တင်သွင်းမှုလုပ်ငန်းကို NFA ကပဲ ဦးဆောင်လုပ်ခဲ့ပါတယ်။ ပြည်တွင်းဆန် ဖြန့် ဖြူးရေး Supply Chain က အလွန်ရှုပ်ထွေးပါ တယ်။ အစိုးရက NFA က တစ်ဆင့် ဝင်ရောက် စွက်ဖက်ခဲ့တာကြောင့် ပိုမိုပြီးရှုပ်ထွေးစေခဲ့တယ်လို့ ဆိုပါတယ်။လယ်သမားများကိုယ်တိုင်  စပါး စိုက်ပါ တယ်၊ ရိတ်ပါတယ်၊ လိုအပ်ရင် လယ်ယာလုပ်သား ငှားရမ်းသုံးပါတယ်။ ေ>ခလှေ့တာကိုတော့ ေ>ခလှေ့ စက်တွေအများဆုံး သုံးပါတယ်။ သို့သော် စပါး အခြောက်ခံတာကတော့ လမ်းတွေ ပလက်ဖောင်း တွေပေါ်မှာ စပါးကိုဖြန့်ပြီး နေလှန်းအခြောက်ခံပါ တယ်။ Supply Chainတစ်လျှောက်ရဲ့ အစ ပိုင်းမှာ အရည်အသွေး ထိန်းသိမ်းရေးလုပ်ငန်း စဉ်တွေဟာ လွန်စွာအားနည်းပါတယ်။ အထူး သဖြင့် မိုးရာသီမှာ နေလှန်းအခြောက်ခံဖို့ မဖြစ် နိုင်တဲ့အတွက် စပါးဟာ အစိုဓာတ်များများနဲ့ပဲ ဆန်စက်တွေဆီ ရောက်သွားကြတာ များပါတယ်။စူပါမားကက်တွေကတစ်ဆင့် အဆင့်မြင့် ဆန်များ ဖြန့်ဖြူးရောင်းချပေးပေမဲ့ ဖိလစ်ပိုင် ဆန် ဈေးကွက်ဟာ  ဆန်ဈေးနှုန်း  အနိမ့်အမြင့်ပေါ် အများကြီးမူတည်ပါတယ်။ ဒီအချက်ဟာ ဖိလစ်ပိုင် ဆန်စပါးလုပ်ငန်းရဲ့ ရိတ်သိမ်းချိန်လွန် ကဏ္ဍမှာ စနစ်တကျ  စီမံလုပ်ကိုင်သွားဖို့  အခွင့်အလမ်း လွန်စွာနည်းပါးနေပြီး အရည်အသွေး ညံ့ဖျင်းတဲ့ ဆန်တွေပဲ  ဖိလစ်ပိုင်  စားသုံးသူတွေလက်ထဲ ရောက်ရှိသွားကြတာ ဖြစ်ပါတယ်။ဖိလစ်ပိုင်မှာရောင်းချတဲ့ ဆန်တွေမှာ ဆန်ကွဲ ပါဝင်မှုဟာ ၃၅-၄၀%လောက် ပါဝင်ပါတယ်။ အင်ဒိုနီးရှား၊ ထိုင်းဆန်တွေထက် ဆန်ကွဲပါဝင်မှုက ပိုမိုပါတယ်။ ဆန်ကွဲတွေများရခြင်းဟာ ဈေးကွက် လမ်းကြောင်းမှာ အဆင့်တွေများပြီး အကြိမ်ကြိမ် ကိုင်တွယ်ခဲ့ကြလို့ပဲ ဖြစ်တယ်လို့ လေ့လာသူများက သုံးသပ်ကြပါတယ်။      (ဆက်လက်ဖော်ပြပါမည်။)မောင်တိုင်ပင်