Main menu

Background

ဖိလစ်ပိုင် ဆန်စပါးလုပ်ငန်းနှင့် ပုဂ္ဂလိကပိုင် အခန်းကဏ္ဍ

Wed, 05/05/2010 - 05:04 -- Anonymous (not verified)

ဖိလစ်ပိုင်မှာ ဆန်ကြိတ်ခွဲခြင်းနှင့် ဆန်ဖြန့် ဖြူးခြင်းလုပ်ငန်းတွေဟာ   အပိုင်းလိုက်ရှိနေပြီး ကုမ္ပဏီအချို့ကဦးဆောင်လျက်ရှိပါတယ်။ ကျေးရွာ ပွဲစားတွေဟာ ဆန်ကုန်သည်တွေ၊ စက်ပိုင်တွေ အတွက် စပါးဝယ်ယူနိုင်ဖို့ လယ်သမားတွေနဲ့ ဆက် သွယ်ဆောင်ရွက်ပါတယ်။ ဒီပွဲစားတွေဟာ ဆန် ကုန်သည်တွေ  စက်ပိုင်တွေဆီက ဝယ်ယူပေးခ ကော်မရှင် စားပါတယ်။ လယ်သမားတွေဟာ ဒီ နည်းလမ်းတွေနဲ့ပဲ  ဆန်စက်ပိုင်တွေလက်ထဲ  စပါး ရောက်အောင် ပို့ပေးကြပါတယ်။  ဆန်ကုန်သည် တွေကတော့ လယ်သမားများထံမှ စပါးတိုက်ရိုက် ဝယ်ယူကာ ဆန်စက်ပိုင်ကို ရောင်းရခြင်းများလည်း ရှိသလို ဆန်စက်တွေမှ  ဆန်ကို ကိုယ်တိုင် ကြိတ် ဖွပ်ပြီး ဆန်လက်ကား ကုန်သည်တွေကို တစ်ဆင့် ပြန်ရောင်းပါတယ်။  ရံဖန်ရံခါ စပါးပွဲစားများက ရင်းနှီးမြှုပ်နှံမှုပြုလုပ်ပြီး ဆန်စက်များ တည်ထောင် ကာ ဆန်စက်ပိုင်ရှင်များ ဖြစ်လာတာကိုလည်း တွေ့ရပါတယ်။ ဆန်စက်အားလုံးသည် ဆန်ဖြူ အဆင့်အထိ ကြိတ်ဖွပ်သော ဆန်စက်များ ဖြစ်ကြ ပါတယ်။ လွန်ခဲ့သော ဆယ်စုနှစ် နှစ်ခုလောက်က ဆန်စက် အရေအတွက်သည် အကန့်အသတ်နှင့် ရှိနေခဲ့သော်လည်း ယခုအခါ တစ်နိုင်ငံလုံး၌ ဆန် စက်ပေါင်း ၁၀၀၀၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။ ဆန်စက်ပိုင်ရှင်များအသင်းက ခန့်မှန်းတာကတော့ ၁၀ရာခိုင်နှုန်းလောက်က အဆင့်မြှင့်ကြိတ်နိုင်သော ဆန်စက်များဖြစ်အောင် စွမ်းရည်မြှင့်တင်ထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။ဆန်စက်မှာ ကြိတ်ခွဲရင် ဆန်ပြန်လည်ရရှိမှု က ၆၂ ရာခိုင်နှုန်းအောက်မှာပဲရပြီး နည်းပညာ အသစ်တွေအသုံးပြုတဲ့ ဆန်စက်များမှာတော့ ၆၅-၆၇ ရာခိုင်နှုန်းလောက် ရကြပါတယ်။ ဒီကွာဟချက် ဟာ တိုင်းပြည်ရဲ့ ဆန်ဖူလုံမှုအပေါ် ရိုက်ခတ်မှုရှိနိုင် ပြီး ပြည်ပမှ ဆန်တင်သွင်းမှုများ နှစ်စဉ်လိုအပ် လာ နိုင်ပါတယ်။ ဖိလစ်ပိုင်မှာ ဆန်အမျိုးအစား ပေါင်း မြောက်မြားစွာ ရှိပါတယ်။ ဈေးကွက်များ မှာ ဆန်အမျိုးအစား အမည်ကိုပဲ အသုံးပြုပြီး ရောင်းဝယ်ဖောက်ကား ကြပါတယ်။ စူပါမားကတ် များမှတစ်ဆင့် ရောင်းချလေ့ရှိတဲ့ တန်းမြင့်ဆန် အတွက်  ရည်ရွယ်ကြိတ်ခွဲတဲ့  စပါး အမျိုးအစား ကိုတော့  သေချာရွေးချယ် ကြိတ်ခွဲလေ့ရှိပါတယ်။ တန်ဖိုးမြှင့် ထုတ်ကုန်ဖြစ်အောင် ငွေကြေး အကုန် အကျခံပြီး ပြုပြင်လုပ်ကိုင်ပေးရပါတယ်။ ဥပမာ Colour Sorterလို စက်မျိုးအသုံးပြုပြီး ဆန်အဝါ စေ့ (yellow grain) တွေဖယ်ထုတ်တာမျိုးကို ဆို လိုပါတယ်။ ဆန်ကွဲတွေကိုဖယ်ထုတ်ပြီးရင် အခြား ဆန်တွေနဲ့ ရောနှောပါတယ်။ ဆန်မှုန့်ရောင်းချတဲ့ ဈေးကွက်လည်း  ဖိလစ်ပိုင်မှာ မရှိပါ။ ဆန်ကွဲကို တိရစ္ဆာန် အစားအစာအဖြစ် အသုံးပြုရင် တွက် ချေ မကိုက်တဲ့အတွက် တွင်တွင်ကျယ်ကျယ် မလုပ် ကြပါဘူး။ပြည်တွင်းဆန်ဈေးကွက်ဖိလစ်ပိုင်မှာ ဆန်ရောင်းဝယ်ရေးကို မနီလာ မြို့ မြောက်ဘက်မှာရှိတဲ့ မြို့တော် ဆန်ဈေးမှာ ပြုလုပ်ကြပါတယ်။ ဆန်စက်အငယ်စားပေါင်း၁၂၀ လောက်ရှိပြီး (၁ နာရီ ၄ တန် ကြိတ်ခွဲနိုင်) ဒီဆန် စက်တွေကပဲ စပါးပွဲစားကုန်သည်တွေဆီက စပါး တွေ ဝယ်ယူကြပါတယ်။ တစ်ခါတစ်ရံ လိုအပ်ရင် မနီလာမြို့ Luzon ဒေသ အပြင်ဘက်မှ စပါးဝယ် ယူကြိတ်ခွဲလေ့ရှိကြပါတယ်။ ဆန်စက်တွေ အားလုံး နီးနီး စပါးကြိတ်ခွဲကြတာဖြစ်ပေမဲ့ အချို့စက်တွေ မှာ အရောင်ဖြင့် ခွဲခြားစက် (Colour Sorter) ဆန်ဖြူ ပေါ်လစ်ရှာ (Rice Polisher)တွေ တပ် ဆင်ပြီး ဆန်ကြိတ်ခွဲကြပါတယ်။ ဆန်စက်ပိုင်ရှင် တွေဟာပြည်ပကတင်သွင်းလာတဲ့ ဆန်ဖြူကိုလည်း ဝယ်လေ့ရှိပါတယ်။  အထူးသဖြင့် ထိုင်းနိုင်ငံက တင်သွင်းလာတဲ့ "ဟုန်မာလီ"  ဆန်နဲ့ ဗီယက်နမ်က တင်သွင်းတဲ့ ကောက်ညှင်းဆန်တွေပါ။ ဖိလစ်ပိုင် မှာ ပြည်ပက ဆန်တင်သွင်းသူတွေဟာ ဆန်စက် ပိုင်ရှင်တွေ၊  ဒါမှမဟုတ်  ဆန်ကုန်သည်ကြီးတွေ ဖြစ်ကြပါတယ်။  အသေးစား  ကုန်သည်တွေက တစ်ခါတစ်ရံစုပေါင်းပြီး ပြည်ပက ဆန်တင်သွင်း ကြပါတယ်။ ဆန်စက်တွေ ဟာ NFA က ဝယ်တဲ့ စပါးတွေကို ကြိတ်ခွဲခယူပြီး ကြိတ်ပေးပါတယ်။ အဲ့ဒီလို ကြိတ်ခွဲတဲ့အခါ မသမာမှုတွေရှိကြတယ် လို့ စွပ်စွဲပြောဆိုမှုတွေ ရှိပါတယ်။စူပါမားကတ်တွေဟာ  ဆန်ကို  အဓိက လက်လီရောင်းချဖြန့်ဖြူးပေးနေတဲ့ နေရာတွေပဲ ဖြစ်ပါတယ်။ မနီလာဒေသတစ်ဝိုက်မှာရှိတဲ့ ဆန် စက်ကြီးတွေက လက်လီရောင်းချဖို့အတွက် ထုပ်ပိုး မှုတွေ လုပ်ကိုင်ပေးလျက်ရှိပါတယ်။ ဒီဆန်စက် တွေဟာ ၅-၁၀ ကီလိုဝင် branded  အိတ်တွေကို စူပါမားကတ်တွေပို့ပြီး ရောင်းချကြပါတယ်။ မကြာ ခင်က ဖိလစ်ပိုင်မှာရှိတဲ့ စူပါမားကတ်တွေမှာ ၅၀ ကီလိုဝင် branded ဆန်အိတ်တွေ ရောင်းချလာ တာကို တွေ့ခဲ့ရပါတယ်။ ဆန် လက်လီဆိုင်တွေနဲ့ ယှဉ်ပြိုင်သလို ဖြစ်နေတာပေါ့။ ဖိလစ်ပိုင်မှာ အေ-ဘီ ဆိုတဲ့ စီးပွားရေးတောင့်တင်းတဲ့ လူထုလူတန်း စားရှိသလို စီးပွားရေးမတောင့်တင်းပဲ သာမန်လက် လုပ်လက်စား လူတန်းစားလို့ ပြောရမဲ့ စီ-ဒီ အုပ်စု တွေရှိပါတယ်။ စူပါမားကတ်တွေဟာ စီ-ဒီ အုပ်စု ဝင် လူတန်းစားတွေအတွက် မျှော်မှန်းပြီး  ဈေးနှုန်း သက်သာတဲ့  ဆန်တွေကို ရောင်းချပေးပါတယ်။ ၂၀၀၈ ခုနှစ်က ဆန်နဲ့ပတ်သက်ပြီး ဈေးနှုန်းတွေ မတန်တဆတက်ခဲ့စဉ်က NFA ဟာ စူပါမားကတ် တွေမှာ NFA  က ဈေးချထားတဲ့ ဆန်တွေရောင်း ခိုင်းခဲ့ဖူးပါတယ်။ စူပါမားကတ်တွေက ဒီအလုပ်ကို မလုပ်ချင်ကြပါဘူး။ ဘာကြောင့်လဲဆိုတော့ NFA က စူပါမားကတ်တွေအထိ ဆန်ကို လာမပို့ဘဲ သွားယူရလို့ ဖြစ်ပါတယ်။ NFA က ဈေးချရောင်း ခိုင်းတဲ့ ဆန်တွေဟာ ပထမပိုင်းမှာ အရည်အသွေး က အထူးကောင်းမွန်နေတော့ ဆန်ဈေးကွက်ထဲ မှာ သိသိသာသာပဲ ဈေးတွေကျကုန်ပါတယ်။မောင်တိုင်ပင်