Main menu

Background

မော်တော်ကား ထုတ်လုပ်ရေး လုပ်ငန်းနဲ့အတူ ရေမြင့်ကြာမြင့်လာမယ့် တာယာနဲ့ ရော်ဘာ

Wed, 05/05/2010 - 05:05 -- Anonymous (not verified)

လွန်ခဲ့တဲ့  ရာစုနှစ်အတွင်း အမေရိကန် ပြည်ထောင်စုက ကမ္ဘာမှာ အကြီးမားဆုံး ကား ဈေးကွက်ကြီး ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ကမ္ဘာ့ ဘဏ္ဍာရေးအကျပ်အတည်းဖြစ်ပြီးနောက်ပိုင်း လွန်ခဲ့တဲ့နှစ်က တရုတ်နိုင်ငံက အမေရိကန်နိုင်ငံဈေးကွက်ကို ကျော်ဖြတ်တက်ခဲ့ပါ တယ်။ တရုတ်၊ အိန္ဒိယ၊ ဘရာဇီးလ်နဲ့ ရုရှားလို ထွန်းသစ်နိုင်ငံတွေက အပြည်ပြည်ဆိုင်ရာ မော်တော်ကား ဈေးကွက်ကို နေရာဝင်ယူလာ ကြပြီဖြစ်ပါတယ်။              မော်တော်ကားလုပ်ငန်းမော်တော်ကားလုပ်ငန်းနယ်ပယ်ဟာ ကျဉ်းမြောင်းတဲ့ နယ် ပယ်တစ်ခုဖြစ်ပြီး  မော်တော်ကား ထုတ်လုပ်ရေး  လုပ်ငန်း ၁၀ ခု လောက်က ကမ္ဘာ့မော်တော်ကားထုတ်လုပ်မှု စုစုပေါင်းရဲ့ ၇၇ ရာခိုင် နှုန်းကို ထုတ်လုပ်ပေးလျက်ရှိပါတယ်။ ဒီအထဲမှာ တိုယိုတာမော်တာ က ဈေးကွက်ဝေစုရဲ့ ၁၃ ဒသမ ၃ ရာခိုင်နှုန်း၊ နစ်ဆန်း မော်တာနဲ့ သူ့မဟာမိတ်အဖွဲ့တွေဖြစ်တဲ့  ရေးနော့တို့က ၈ ဒသမ ၄ ရာခိုင်နှုန်း ဟွန်ဒါက ၅ ဒသမ ၆ ရာခိုင်နှုန်းနဲ့ ဆူဇူကီးက ၃ ဒသမ ၈ ရာခိုင် နှုန်းကို ရယူထားပါတယ်။                   အမေရိကန်ပြည်ထောင်စု  ဒက်ထရွိုက်မှ ကြီးသုံးကြီးလ့ို နာမည်ကြီးနေတဲ့ ဂျင်နရယ်မော်တာက ၁၁ ဒသမ ၉ ရာခိုင်နှုန်း၊ ဖို့ဒ်က ၇ ဒသမ ၈ရာခိုင်နှုန်းနဲ့ ခရိုက်စလာက ၆ ဒသမ ၄ ရာခိုင်နှုန်း ကို ရယူထားပါတယ်။မကြာမီကဖြစ်ပွားခဲ့တဲ့ စီးပွားရေး အကျပ်အတည်းကာလမှာ ကမ္ဘာ့မော်တော်ကားလုပ်ငန်းမှာ ဖွဲ့စည်းပုံတွေ အကြီးအကျယ် ပြောင်းလဲလာပါတယ်။ ကမ္ဘာ့မော်တော်ကားဈေးကွက်မှာ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ကိုရီးယား၊ အနောက်ဥရောပနဲ့ အမေရိကန်ဆိုတဲ့ ဈေးကွက် ခြောက်ခုက လွှမ်မိုးထားပါတယ်။မော်တော်ကားထုတ်လုပ်ရေးမှာ အစိုးရများရဲ့ အခန်းကဏ္ဍ ကလည်း အရေးပါလျက် ရှိနေပါတယ်။ အရေးပေါ် ချေးငွေတွေ "cash for chunkers" ဆိုတဲ့ ကားဟောင်းတွေစွန့်ပစ်ပြီး ကား အသစ်များဝယ်ယူရေး ဆွဲဆောင်မှုအစီအစဉ်တွေနဲ့ တစ်ခန်းတစ် ကဏ္ဍက ပါဝင်လျက်ရှိပါတယ်။ ထိုမျှမက အစိုးရတွေရဲ့ စွမ်းအင်နဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒတွေကလည်း အနာဂတ်မှာဖြစ် ပေါ်လာမယ့် မော်တော်ကားထုတ်လုပ်ရေးလုပ်ငန်းကို ပုံဖော်ပေး လျက်ရှိပါတယ်။မော်တော်ကားအသုံးပြုသူတို့ကဆီစားသက်သာတဲ့ ကားငယ် များကို နှစ်သက်စွဲလမ်းမှုကြောင့် ကားကြီးများကို ထုတ်လေ့ရှိတဲ့ ဒက်ထရွိုက်ကား လုပ်ငန်းကြီးသုံးခုအတွက် အခက်ကြုံ တွေ့ခဲ့ရပါ တယ်။ အစိုးရများကလည်း ဆီစားသက်သာပြီး သဘာဝပတ်ဝန်း ကျင်ထိခိုက်မှုကို သက်သာစေမဲ့ ကားများကိုသုံးစွဲဖို့ ဖိအားပေးလာတဲ့ အခါမှာ ပိုမိုဆိုးဝါးခဲ့ပါတယ်။ ၂၀၀၉ခုနှစ်မှာ ဖို့ဒ်က ၁၅ရာခိုင်နှုန်း၊ ဂျီအမ်နဲ့ ခရိုက်စလာက ၃၀နဲ့ ၃၆ ရာခိုင်နှုန်း အသီးသီး ရောင်းအား ကျဆင်းခဲ့ပါတယ်။ ဒါပေမယ့်  ကမ္ဘာ့ဈေးကွက် ပြန်လည်နာလန် ထူလာချိန်နဲ့ ထုတ်လုပ်မှုဖွဲ့စည်းပုံ ပြန်ပြင်နိုင်ခဲ့တဲ့ ၂၀၀၉ ခုနှစ် ကုန်ပိုင်း မှာ ဒက်ထရွိုက်ကြီးသုံးကြီးတို့ ရောင်းအားတက်ခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ ဖို့ဒ်ရဲ့ ရောင်းအားက ၃၃ ရာခိုင် နှုန်းမြင့်တက်ပြီး ၂၀၀၈ခုနှစ် မေလနောက်ပိုင်း အမြင့်ဆုံးဖြစ်ခဲ့ပါ တယ်။ ၂၀၁၀ပြည့်နှစ် ပထမသုံးလပတ်မှာ ဖို့ဒ်ရဲ့ရောင်းအားက ၃၉ ဒသမ ၅ ရာခိုင်နှုန်း၊ ဂျီအမ်ရောင်းအား က ၁၇ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပါတယ်။ပထမသုံးလပတ်အတွင်းက တိုးတက်မယ့် အလားအလာတွေ ရှိခဲ့တဲ့အတွက်  တရုတ်နိုင်ငံရဲ့ မော်တော်ကားရောင်းအားဟာ ၂၅ ရာခိုင်နှုန်းအထိ တိုးတက်လာမယ့်လို့ တရုတ်ခရီးသည်ပို့ဆောင်ရေး ကားအသင်းက ပြောကြားပါတယ်။ မတ်လအတွင်းက ခရီးသည်တင် ကား ရောင်းအားဟာ လွန်ခဲ့တဲ့တစ်နှစ်ကထက် ၆၃ ရာခိုင်နှုန်း တိုး တက်ပြီး ဖေဖော်ဝါရီလကထက် ၃၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါတယ်။တရုတ်အစိုးရရဲ့ ဆွဲဆောင်မှုပေးတဲ့ မူဝါဒတွေကြောင့် ပြည် တွင်းဝယ်လိုအား မြင့်တက်ပြီး ၂၀၁၀ ပြည့်နှစ် ပထမသုံးလပတ် ရောင်းအားက ၇၆ ရာခိုင်နှုန်းမြင့်တက်ပြီး ကားစီးရေ ၃ ဒသမ ၅၂ သန်းထိ ရောက်ရှိခဲ့ပါတယ်။တရုတ်နိုင်ငံမှာ ဂျင်နရယ်မော်တာရဲ့ရောင်အားဟာ မတ်လမှာ နှစ်အလိုက် တိုးတက်မှုနှုန်းအရ ၆၈ ရာခိုင်နှုန်းရှိခဲ့ပါတယ်။ ဘေး အန္တရာယ်ကင်းရှင်းရေးကြောင့် ဒုက္ခကြုံခဲ့ရတဲ့ တိုယိုတာကား ကုမ္ပဏီ ပင်လျှင် တရုတ်နိုင်ငံမှာ မတ်လအတွင်းရောင်းအား ၃၃ ရာခိုင်နှုန်း အထိ မြင့်တက်ပြီး စီးရေ ၆၁၂၀၀၀ ထိ ရှိခဲ့ပါတယ်။ မော်တော်ကားထုတ်လုပ်ရေးမှာ    ဖြစ်ပေါ်လာနိုင်မယ့် အပြောင်းအလဲက ဂေဟစနစ်နဲ့ကိုက်ညီတဲ့ မျိုးစပ်ကား ထုတ်လုပ် ရေးလုပ်ငန်းတွေကလည်း ခရီးတစ်ထောက် ရောက်တန်သလောက် ရောက်နေပြီ ဖြစ်ပါတယ်။မည်သည့်မော်တော်ကား အမျိုးအစားပင်ဖြစ်စေကာမူ ကားမှန် လျှင် ဘီးပါရမည်ဖြစ်ပြီး ဘီးရရန်ရော်ဘာသုံးစွဲမှုကလည်း မော်တော် ကားထုတ်လုပ်မှု တိုးတက်သည်နှင့်အမျှ တိုးတက်လာမည်ဖြစ်သည်။ သို့ဖြစ်ရာ တာယာနှင့် ရော်ဘာထုတ်လုပ်မှု အခြေအနေသည်လည်း ရေမြင့်ကြာမြင့်ဖြစ်ပေါ်လာမှာသာ ဖြစ်ပါတယ်။မော်တော်ကားတာယာလုပ်ငန်း နိုင်ငံစုံ  တာယာလုပ်ငန်းဖြစ်သော Goodyear တာယာနဲ့ ရော်ဘာကုမ္ပဏီရဲ့ အစီရင် ခံစာအရ ၂၀၁၀ခုနှစ် ပထမသုံးလပတ်မှာ ရောင်း အား ၂၁ ရာခိုင်နှုန်းထိမြင့်တက်ပြီး ကန်ဒေါ်လာ ၄ ဒသမ ၃ ဘီလီယံဖိုး ရောင်းချခဲ့ရတယ်လို့ သိရ ပါတယ်။  ပထမသုံးလပတ်ရဲ့ ရလဒ်ကတော့ အတော်အားရစရာ  ကောင်းတယ်လို့  ကုမ္ပဏီ ဥက္ကဋ္ဌဖြစ်သူက ပြောကြားခဲ့ပါတယ်။ ကမ္ဘာတစ် ဝန်းလုံးမှာရှိတဲ့ ဈေးကွက်တွေကတော့ ဆက်ပြီး တိုးတက်မှုရှိနေမှာဖြစ်ပြီး မနှစ်ကတည်းက ချမှတ် ထားတဲ့ မဟာဗျူဟာတွေ အကောင်အထည်ပေါ် ပြီး အကျိုးအမြတ်များကို တွေ့မြင်နေရပြီလို့ ဥက္ကဋ္ဌက ဆက်လက်ပြောကြားပါတယ်။ Goodyear ဟာ ကမ္ဘာ့စီးပွားရေးကျဆင်း နေတဲ့ကြားက ပဲထုတ်ကုန်သစ်ကို တီထွင်ထုတ် လုပ်ဖို့ တစ်ဟုန်ထိုးဆောင်ရွက်ခဲ့ပါတယ်။ ကုမ္ပဏီရဲ့ ဦးတည်ချက်ကို ဦးစားပေးအစီအစဉ်များနဲ့ စီမံ ကိန်းချမှတ်ပြီး ဆောင်ရွက်ကာ ထုတ်ကုန်သစ်တွေ ကို ထုတ်လုပ်ပြီး လုပ်ငန်းပိုင်းမှာ အကျိုးအမြတ် ရှိအောင်နဲ့ ရောင်းလိုအားပုံစံကို ပြောင်းပြီး ဝင်ငွေ တိုးတက်အောင် ဆောင်ရွက်ခဲ့ပါတယ်။ Goodyear ရဲ့ ရင်းနှီးမြှုပ်နှံမှုပုံစံကို တိုးချဲ့ မြှင့်တင်ပြီး  ဦးဆောင်မှုပုံစံသစ်ကို ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ယခင်ကရှိခဲ့တဲ့ စိန်ခေါ်မှုတွေ အထူးသဖြင့် ကုန်ကြမ်းဈေးနှုန်းမြင့် တက်မှုကိုကျော်လွန်ပြီး ကုန်ထုတ်လုပ်ငန်းပမာဏ တိုးတက်မှုရရှိအောင် ဦးစားပေးအစီအစဉ်များနဲ့ ဆောင်ရွက်နိုင်လိမ့်မယ်လို့ ယုံကြည်မှုရှိကြောင်း Goodyear ရဲ့ ဥက္ကဋ္ဌဖြစ်သူက ပြောကြားခဲ့ပါ တယ်။ Goodyear ရဲ့ ပထမသုံးလပတ်မှာ ယခင် ၂၀၀၉ ခုနှစ် ထက် ၂၁ ရာခိုင်နှုန်း တိုးတက်ပြီး ဒေါ်လာ ၄ဒသမ ၃သန်းဖိုး ရောင်းချနိုင်ခဲ့ပါတယ်။ ကုမ္ပဏီရဲ့ ၂၀၁၀ ပထမသုံးလပတ်မှာ ဆုံးရှုံးမှု ပမာဏ ဒေါ်လာ ၄၇ သန်းသာရှိပြီး ယခင် ၂၀၀၉ ပထမသုံးလပတ်မှာဆုံးရှုံးမှုဒေါ်လာ ၃၃၃ သန်းရှိ ကြောင်း သိရပါတယ်။အိန္ဒိယနိုင်ငံရှိ JK တာယာစက်မှုလုပ်ငန်း ဟာ မေလ ၁ ရက်နေ့ကစပြီး တာယာဈေးနှုန်းများ ကို ၃ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းထိ တိုးမြှင့်တော့မှာ ဖြစ်ပါတယ်။  ဒီလိုတာယာဈေး မြှင့်လိုက်သော် လည်း ရော်ဘာဈေးနှုန်းများ တစ်ရှိန်ထိုးတက်လာ ခြင်းအား တန်ပြန်ရန်လုံလောက်မှု မရှိနိုင်သေးဘူး လို့ ပြောရေးဆိုခွင့်ရှိသူက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။ ရော်ဘာဈေးတွေဟာ အရမ်း မြင့်တက်နေပြီး တာယာလုပ်ငန်းတွေမှာ ပြဿနာ တော်တော်များများကို ဖြစ်ပေါ်စေပြီး ယခုထက် ထိ  စိတ်ပူပန်ရတဲ့  အခြေအနေမှာ ရှိနေသေး ကြောင်း မိမိတို့အနေနဲ့ ဈေးနှုန်းများကို ဖြေးဖြေး ချင်း ဂရုတစိုက်နဲ့ တိုးမြှင့်သွားမှာ ဖြစ်ကြောင်း အုပ်ချုပ်မှု ဒါရိုက်တာက ပြောကြားခဲ့ပါတယ်။ရော်ဘာဈေးကွက်အိန္ဒိယ ရော်ဘာဈေးနှုန်းများဟာ တစ်တန် ကို ၁၆၉၅၀ ရူပီးသို့ရောက်ရှိသွားပြီး ဈေးနှုန်း တစ် ရှိန်ထိုး မြင့်တက်လျက်ရှိကြောင်း  တာဝန်ရှိသူများ ကပြောကြားခဲ့ပါတယ်။ တာယာတစ်ခု၏ စုစု ပေါင်း ကုန်ကျစရိတ်ရဲ့  ၄၂ရာခိုင်နှုန်းက သဘာ၀ ရော်ဘာစရိတ်ဖြစ်ပါတယ်။  မေ ၁ ရက်နေ့က စပြီး ဈေးနှုန်းတွေတက်မှာဖြစ်ပြီး ဇွန်လကျရင် ထပ် စဉ်းစားရလိမ့်မယ်ဟု JK  တာယာမှ ဈေးကွက် ဒါရိုက်တာက ပြောကြားခဲ့ပါတယ်။ ရော်ဘာဈေးနှုန်းဟာ ဒီအတိုင်း ဆက်ပြီး တက်နေမယ်ဆိုရင် မိမိတို့ တာယာလုပ်ငန်းမှာ လည်း ဈေးနှုန်းတွေကို တစ်ဆင့်ပြီးတစ်ဆင့် တက် ရမှာ ဖြစ်ပါတယ်လို့ ၎င်းင်းကဆက်လက် ပြောကြား ပါတယ်။ မွန်ဘိုင်းမှာ အခြေတည်တဲ့ Ceat ကုမ္ပဏီ ကတော့ တာယာဈေးကို ၃ ရာခိုင်နှုန်းမှ ၃ ဒသမ ၅ ရာခိုင်နှုန်းထိ တက်တာတောင်  တစ်ရှိန်ထိုး တက်တဲ့ ရော်ဘာဈေးကို မကာမိသေးဘူး လို့ ဆိုပါ တယ်။ဒါပေမယ့် အပြိုင်အဆိုင်များရဲ့ ဖိအား ကြောင့် ဒီထက်ပိုပြီးလည်း မတက်နိုင်သေးကြောင်း နဲ့ အိန္ဒိယရဲ့ ထိပ်တန်းတာယာထုတ်လုပ်ရောင်းချ သူများကလည်း ဈေးနှုန်းများ တိုးမြှင့်သွား မယ်လို့ ပြောကြားနေပါတယ်။ ဒါပေမယ့် အသေးစိတ်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။ JKတာယာဟာ ၃ ရာခိုင်နှုန်းကျော်  ဈေးတက်မယ့်အကြောင်းကို ထုတ်ပြန်ကြေညာပြီးနောက် ၁၉၉ ဒသမ ၄ ရူပီးနဲ့ အရောင်းအဝယ် လုပ်ရာမှာ ကုန်သွယ်မှုဟာ ၁ ဒသမ ၉၂ ရာခိုင်နှုန်း တက်လာတယ်လို့ သိရပါ တယ်။ရော်ဘာဟာ ယခုနှစ်အတွင်း ကုန်သွယ်ရေး မှာ ခေတ်အစားဆုံး ကုန်ပစ္စည်းတစ်ခုဖြစ်ပြီး နိုင်ငံ တကာ  ရော်ဘာဈေးကွက်မှာ  ဈေးနှုန်းအမြင့်ဆုံး ရောက်ရှိနေတာကို တွေ့ရပါတယ်။ အဆင့်အတန်း မီ တာယာများထုတ်လုပ်သည့် မလေးရှား ရော်ဘာ SRM-20 ဟာ လွန်ခဲ့တဲ့ သုံးလအတွင်း ဈေးတက် သွားပြီး လက်ရှိမှာတစ်တန်ကို ရင်းဂစ် ၁၀၆၀၀ နှုန်းဖြင့် ရောင်းဝယ်နေကြပါတယ်။ ရော်ဘာဝယ်လိုအား    များနေခြင်းဟာ ပြဿနာတစ်ရပ်ဖြစ်နေပြီး တရုတ်နဲ့ အိန္ဒိယနိုင်ငံ တွေမှာလည်း မော်တော်ကားနှင့် တာယာ ထုတ် လုပ်ရေး လုပ်ငန်းတွေအတွက် ရောင်းလိုအား တွေ များတဲ့အတွက် အကျပ်အတည်း ဖြစ်နေတယ်လို့ သဘာဝရော်ဘာထုတ်လုပ်သည့် နိုင်ငံများအသင်း (ANRPC) မှ ညွှန်ကြားရေးမှူးချုပ်က ပြောကြား ခဲ့ပါတယ်။ ယခုနှစ် ဆောင်းရာသီမှာ ပြင်းထန်တဲ့ မိုးခေါင်မှုတွေရှိခဲ့ပေမယ့် ရော်ဘာ အဓိကထုတ် လုပ်တဲ့နိုင်ငံများမှာ ပြန်လည်စိုက်ပျိုးရေး လှုပ်ရှား မှုတွေ ဆောင်ရွက်ပြီး ရော်ဘာအထွက်နှုန်းကို ထိ ရောက်အောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ရော်ဘာထုတ်လုပ်သောနိုင်ငံများရဲ့ ကြိုတင် ခန့်မှန်းချက်အရ တစ်ကမ္ဘာလုံးရှိ ရော်ဘာဝယ်လို အားဟာ ၆ ရာခိုင်နှုန်းအထက် တိုးတက်ရောက်ရှိ သွားတယ်လို့ ညွှန်ကြားရေးမှူးချုပ်က ဆက်လက် ပြောကြားခဲ့ပါတယ်။ (ANRPC)ရဲ့အစောပိုင်း ခန်းမှန်းချက်အရ တစ်ကမ္ဘာလုံးရဲ့ ရော်ဘာထုတ် လုပ်မှုဟာ ဒီနှစ်မှာ တန်ချိန် ၉ ဒသမ ၅ သန်းသို့ ရောက်ရှိပြီး၊ လွန်ခဲ့တဲ့နှစ်က တန်ချိန် ၈ ဒသမ ၉ သန်းရှိတာကြောင့် ၆ ဒသမ ၃ ရာခိုင်နှုန်းလောက် ပိုမိုပါတယ်။ ၂၀၁၁ တိုင်အောင် ရော်ဘာဝယ်လို အားအကျပ်အတည်းရှိဦးမယ်လို့ မျှော်လင့်ကြောင်း  လက်ရှိရော်ဘာထွက်ရှိတဲ့ အပင်တွေအများစုဟာ ၁၉၈၀ ခုနှစ်လောက်က စိုက်ပျိုးခဲ့တာဖြစ်ကြောင်း နဲ့ ဒီစိုက်ပျိုးပြီး ရော်ဘာပင်အများစုဟာ အထွက် နှုန်း ကျနေပြီး  အပင်သက်တမ်းကြောင့် အထွက် နှုန်းတိုးတက်ဖို့ အခွင့်အရေးနည်းနေပြီဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါတယ်။ဒီအနေအထားတွေကိုကြည့်ရင် အနာဂတ် မှာ ကမ္ဘာ့စီးပွားရေး ပုံမှန်ဖွံ့ဖြိုးတိုးတက်လာမှုနဲ့ အတူ မော်တော်ကားဝယ်လိုအားတွေလည်း တိုး တက်လာမှာ သေချာနေတဲ့အတွက် မော်တော် ကားနဲ့ မရှိမဖြစ် တွဲဖက်သုံးရတဲ့ ကားတာယာဈေး ကွက်ဟာလည်း တိုးတက်ကောင်းမွန်လာဖို့ပဲ ရှိပါ တယ်။ ဒါကြောင့် တာယာထုတ်လုပ်ရာမှာ အဓိက ကျတဲ့သဘာဝရော်ဘာဈေးကွက်ကလည်း အလား အလာ ကောင်းနေတယ်ဆိုတာ ခန့်မှန်းရကြောင်း ပါခင်ဗျား။Source:1.korectimes.co.kr,2.detnews. com,3.reuters,4.commodityonline5.thestar.com.myအယ်ဒီတာအဖွဲ့