Main menu

Background

ယွမ်ငွေတန်ဖိုး သံတမန်ဗျူဟာ

Wed, 04/28/2010 - 07:23 -- Anonymous (not verified)

ပို့ကုန်အရောင်းမြှင့်တင်ရန်အတွက် ယွမ်ငွေ တန်ဖိုးကို တရုတ်နိုင်ငံက တမင်ဆွဲချထားသည်မှာ ထင်ရှားသည်ဟု လူတိုင်းပင် ပြောနိုင်ကြမှာဖြစ် သည်။ သို့သော်လည်း အမေရိကန်ဘဏ္ဍာရေး ဌာနကတော့ ထိုသို့ မပြောပေ။ တည်ဆဲဥပဒေ အတိုင်းဆိုလျှင် မည်သည့်နိုင်ငံသည် မိမိအကျိုး စီးပွားအတွက် နိုင်ငံခြားငွေလဲနှုန်းကို တမင်ကစား နေကြောင်း  ဘဏ္ဍာရေးဌာနက ခြောက်လ တစ်ကြိမ် ထုတ်ပြန်ရသည့် အစီရင်ခံစာတွင် ထည့်သွင်း ဖော်ပြရမြဲဖြစ်သည်။ တရုတ်ပြည်သည် ယွမ်ငွေ တန်ဖိုးကို ထိန်းချုပ်ထား (Currency manipulate) ကြောင်း  ၁၉၉၄ ခုနှစ် အစီရင်ခံစာ တွင် နောက်ဆုံးအကြိမ်အဖြစ် ထည့်သွင်းဖောြ်ပခဲ့ဖူး သည်။ ထို့နောက်မှာတော့ အမေရိကန် ဘဏ္ဍာ ရေးဌာနက အတိအလင်းထောက်ပြဝေဖန်ခြင်းဖြင့် အကျိုးမဖြစ်ဘဲ အဆိုးဖြစ်နိုင်ကြောင်း မျှသာ သဘောထား မှတ်ချက်ပေးတော့သည်။ ယခုနှစ် ဧပြီလ ၁၅ ရက်နေ့တွင် ဘဏ္ဍာ ရေးဌာနက ထုတ်ပြန်ရမည့် အစီရင်ခံစာတွင်မူ ယွမ်ငွေ တန်ဖိုး ထိန်းချုပ်ထားကြောင်း မဖြစ်မနေ ထည့်သွင်းဖော်ပြရမည့်အခြေသို့ ဆိုက်လာသည်။ ငွေလဲနှုန်း ထိန်းချုပ်ထားခြင်းကို လက်တုံ့ပြန်သည့် အနေဖြင့် တရုတ်သွင်းကုန်များအပေါ် အပို ဆောင်းအခွန်(Surcharge) တိုးမြှင့်ကောက်ခံ ရန် ကွန်ဂရက်လွှတ်တော် အမတ် ၁၃၀ ဦးက လက်မှတ်ရေးထိုး  တိုက်တွန်းထားသည့်စာကို ဘဏ္ဍာရေးဝန်ကြီးထံ လွန်ခဲ့သည့် မတ်လအတွင်း က ပေးပို့ခဲ့ပြီးဖြစ်သည်။ ယွမ်ငွေတန်ဖိုး နှိမ့်ထား ခြင်းကြောင့် အမေရိကတွင် အလုပ်အကိုင်ပေါင်း ၁.၄ သန်း ပျောက်ဆုံးခဲ့ရသည်ဟုလည်း နိုဘယ် ဆုရ ဘောဂဗေဒပညာရှင် ပေါလ်ကရုမင်က နယူး ယောက်တိုင်းမ်သတင်းစာတွင်  ဖော်ထုတ်ရေး သားခဲ့ပြီးဖြစ်သည်။  ယခုတော့  တရုတ်ပြည်က ငွေလဲနှုန်းကို တမင်ထိန်းချုပ်ထားသည်ဟု ဖော်ပြတာ၊ မဖော်ပြ တာ အသာထား၊ ဧပြီလ ၁၅  ရက်နေ့တွင် ထုတ်ပြန်ရမည့် အစီရင်ခံစာကို  မထုတ်ပြန်တော့ ဘဲ ရွှေ့ဆိုင်းလိုက်ကြောင်း ဘဏ္ဍာရေးဝန်ကြီး တင်မိုသီဂေ့သ်နာက  ကြေညာလိုက်သည်။ သို့နှင့် ပင် ယွမ်ငွေတန်ဖိုးနှင့်ပတ်သက်၍  တရုတ်-အမေ ရိကန်အကြား တင်းမာနေမှုကို အခိုက် အတန့်ပင်  ဖြစ်စေ ပြေလျော့သွားစေမည် ဖြစ်သည်။ မစ္စတာ ဂေ့သ်နာက  နှစ်နိုင်ငံ အငြင်းအခုံ ပြောဆိုရ မည့် အကျပ်အတည်းမှ   ရှောင် ထွက်လိုက်ခြင်း ဖြစ်သလို၊ မကြာမီ ကျင်းပရန်ရှိသည့် နိုင်ငံ၂၀(G-20) ထိပ်သီးဆွေးနွေးပွဲတွင်သာ တရုတ် ငွေကြေးကိစ္စကို  နိုင်ငံစုံ ပြဿနာ အဖြစ် ဆွေးနွေးကြရန် ချန်ထားလိုက် ခြင်း လည်း ဖြစ်သည်။တရုတ်သွင်းကုန်များအပေါ် သွင်းကုန် ခွန် ၂၇.၅ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံရန် ၂၀၀၅ ခုနှစ်က အထက်လွှတ်တော်တွင်  ပြတ်ပြတ်သား သားဆုံးဖြတ်ခဲ့ခြင်းကြောင့်ယွမ်ငွေလဲနှုန်းကိုတရုတ် အစိုးရက နှုန်းရှင်မျှောထားစေခဲ့ရသည်။ ယင်း နမူနာအတိုင်း အရေးယူဆောင်ရွက်ရန် အမေ ရိကန်တို့က စဉ်းစားနေခြင်းဖြစ်သည်။ နှုန်းရှင်မျှော ထားခဲ့သည့်  သုံးနှစ်တာအတွင်း ယွမ်ငွေတန်ဖိုး ၂၀% တက်လာခဲ့ပြီး  ၂၀၀၈ ခုနှစ် ဘဏ်လုပ်ငန်း များ ယိမ်းယိုင်လာတော့မှ မျှောထားသည့် လဲနှုန်း စနစ်ကို ရပ်ဆိုင်းပြီး၊ ဒေါ်လာနှင့် ပုံသေလဲနှုန်း ချိတ်ထား  ခဲ့ခြင်း  ဖြစ် သည်။ယခုဆိုလျှင် အမေ ရိကတွင် အလုပ်လက်မဲ့ဖြစ်နှုန်းမှာ ၂၀၀၅ ခုနှစ်က ထက် နှစ်ဆပိုများနေသည်။ သမ္မတအိုဘားမား ကလည်း ပို့ကုန်တိုးမြှင့် ရောင်းချခြင်းဖြင့် စီးပွားရေး နာလန်ထူလာစေရမည်ဟု ရည်မှန်းထားသည်။ သို့ သော်လည်း တရုတ်တို့က ပို့ကုန်ဗဟိုပြု ယွမ်ငွေ ပေါ်လစီ (Export-centric yuan policy)  ကို သာ   ဆက်လက်ဆုပ်ကိုင်ထား မည်ဆို လျှင် အမေ ရိကန် အပါအဝင် ပို့ကုန်တိုးမြှင့် ရောင်းချလိုသည့် နိုင်ငံများအတွက် အခက်တွေ့ နေရဦးမှာဖြစ်သည်။ယွမ်ငွေတန်ဖိုးမြင့်လာစေခြင်းသည် တရုတ်-အမေရိကန် ကုန်သွယ်မှုစစ်ပွဲကို ရှောင်လွှဲစေနိုင် မှာဖြစ်သည့်ပြင်၊ တရုတ်ပြည်တွင်းစားသုံးမှု တိုးမြှင့် ရေးကို အထောက်အကူဖြစ်စေနိုင်ပြီး၊ တရုတ်ဗဟို ဘဏ် အနေဖြင့်လည်း အတိုးနှုန်းမြှင့်တင်နိုင်ခွင့်ရ မည်ဖြစ်၍ ငွေဖောင်းပွနှုန်းကို ပိုမိုထိန်းချုပ်နိုင်မှာ ဖြစ်သည်ဟုဆိုသည်။ သို့ဖြစ်ရာ တရုတ်ဗဟိုဘဏ် သည် ငွေလဲနှုန်း ပြင်ဆင်ရေး ကို အဓိကလိုလား ထောက်ခံသူဖြစ်နေသည်။ သို့သော်လည်း ယွမ်ငွေ တန်ဖိုး  မြင့်လာခြင်းသည် အလုပ်အကိုင်နေရာ ဖန်တီးပေးမည့် ပို့ကုန်လုပ်ငန်းများကို ထိခိုက်စေ နိုင်သည်ဟုဆိုကာ ငွေလဲနှုန်းပြင်ဆင်ရေးကို ဆန့် ကျင် လိုသူများလည်း ရှိနေသည်။  မည်သို့ဆိုစေ တရုတ်ပြည် စီးပွားရေး ပြန် လည်  မျှတလာ ရေးတွင်  ငွေလဲနှုန်း ပြင်ဆင်ရုံဖြင့် ပြည့်စုံလိမ့် မည် မဟုတ်ပေ။ ကော်ပိုရေးရှင်း ခန့်ခွဲမှုစနစ်မှအစ အခွန်စနစ်အထိ ဖွဲ့စည်း မှုဆိုင်ရာ ပြုပြင်ပြောင်းလဲရေးများ (Structural reforms) လိုအပ်ဦးမည်ဖြစ်သည်။ မည်သို့ဆိုစေ ငွေလဲနှုန်းပြင်ဆင်ခြင်းဖြင့် စတင်သင့်သည်ဟု ဆို သည်။နိုင်ငံတကာနှင့် ထိပ်တိုက်ဆန့်ကျင်မှုများ ဖြစ်ပေါ်မလာမီ ငွေလဲနှုန်းကို တရုတ်အစိုးရက သူ့ဘာသာ ပြင်ဆင်ပြောင်းလဲလိမ့်မည်ဟု အမေ ရိကန် ဘဏ္ဍာရေးဝန်ကြီးက ယုံကြည်မျှော်လင့် ထားသည်။ ကုန်သွယ်မှုပြဿနာများကို စိစစ်ရ သည့် အောက်လွှတ်တော် နည်းလမ်းရှာကြံရေး ကော်မတီဥက္ကဋ္ဌ၊ ဆင်းဒါးလီဗင်းသည် ဝင်ရောက် စွက်ဖက်ရေးကို အားသန်သူဖြစ်သော်လည်း ယခု ပြဿနာတွင်မူ နှစ်နိုင်ငံငြင်းခုံနေမည့်အစား နိုင်ငံ ပေါင်းစုံ တိုက်တွန်းသည့်နည်းလမ်းကို လိုလား ထောက်ခံလျက်ရှိသည်။ နိုင်ငံ၂၀ထိပ်သီးဆွေးနွေးပွဲ ကို လာမည့်ဇွန်လတွင် ကျင်းပမည်ဖြစ်ရာ ထို ကာလအထိ တရုတ်အစိုးရကို အချိန်ပေးစောင့် ကြည့်ချင်သေးသည်။ ထိုအစည်းအဝေး  ပြီးဆုံး သည်အထိ  ယွမ်ငွေတန်ဖိုး ပြောင်းလဲရေးတွင် ထူးခြားတိုးတက်မှု မတွေ့ရလျှင်တော့  မြင်သာ ထင်ရှားနေသည့်  ပြဿနာကို ဘဏ္ဍာရေးဌာန အနေဖြင့် မျက်ကွယ်ပြုလို့ဖြစ်နိုင်တော့မှာ မဟုတ် ဟု ဆိုပါသည်။        Ref;  The  Economist.ဦးဟန်ထွန်း(အခွန်)