ရာသီဥတုပြောင်းလဲလာခြင်းဟာ ကမ္ဘာ သူ၊ ကမ္ဘာသားတွေရဲ့ စားနပ်ရိက္ခာဖူလုံမှု၊ ကျန်း မာရေး၊ စီးပွားရေး၊ စွမ်းအင်လိုအပ်ချက် ပြည့် မီရေး၊ ရေကောင်းရေသန့် ရရှိရေးတို့ကို စိန်ခေါ် လျက်ရှိနေပါတယ်။ယခုဆိုရင် အယ်နီညိုဖြစ်စဉ်ကြောင့် ပစိ ဖိတ်သမုဒ္ဒရာရဲ့ အရှေ့ဘက်မှာ မိုးတွေရွာ၊ မုန် တိုင်းတွေဖြစ်စွတ်စို ရာသီဥတုတွေ ဖြစ်နေပေမဲ့ အနောက်ဘက်မှာတော့ ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုကို ခံစားနေရပါတယ်။ကယ်လီဖိုးနီးယား၊ ပီရူး၊ အီကွေဒို၊ မက်ဆီကို၊ ဘရာဇီးဒေသတွေမှာ မိုးတွေရွာ၊ မုန်တိုင်းတွေဝင်နေခဲ့ပြီး သြစတြေးလျမှာတော့ အဆိုးဝါးဆုံး တောမီးလောင်ခဲ့ပါတယ်။အင်ဒို နီးရှားမှာ မိုးခေါင်နေသလို ဖိလစ်ပိုင်မှာလဲ ရေ ကန်တွေ ရေခန်းပြီး၊ မိုးမရွာတာ သုံးလလောက် ရှိနေပြီလို့ သိရပါတယ်။ စင်ကာပူမှာဆိုရင်လဲ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဟာ မိုးအနည်းဆုံးနဲ့ အပူချိန်အမြင့်ဆုံး ဖြစ်ခဲ့တာကြောင့် သောက် သုံးရေပြဿနာ ရှိခဲ့ပါတယ်။ အလားတူပဲ မလေးရှားမှာ သောက်သုံးရေပြဿနာ ကြုံတွေ့ နေရပါတယ်။ တရုတ်ပြည် အနောက်ပိုင်းဟာ လည်း နှစ် ၆၀ အတွင်းမှာ မိုးအနည်းဆုံးနဲ့ အပူချိန်အမြင့်ဆုံး ဖြစ်ခဲ့ပါတယ်။ ထိုင်းနိုင်ငံ မှာလဲမိုးနည်းပြီး အပူချိန်မြင့်တက်လာလို့ စိုက် ပျိုးမှုမှာ အထွက်နှုန်းကို လျော့ကျစေခဲ့တယ်လို့ သိရပါတယ်။မြန်မာနိုင်ငံဟာလည်း အယ်နီညို ရာသီ ဥတုဖြစ်စဉ်ကို အခြားနိုင်ငံများနည်းတူ ခံစားခဲ့ရ ပါတယ်။ မိုးလေဝသ ပညာရှင် ဦးထွန်းလွင်က "မနှစ်က မြန်မာနိုင်ငံအလယ်ပိုင်းမှာ အလွန်မိုး ခေါင်ခဲ့ပါတယ်။ မြောက်ပိုင်းတွေမှာလည်း ရွာ သွန်းမြဲကို မမီခဲ့ပါဘူး။ အိမ်နီးချင်း နိုင်ငံတွေ ဖြစ်တဲ့ အိန္ဒိယ၊ တရုတ်ပြည်တောင်ပိုင်း၊ ထိုင်း နိုင်ငံမြောက်ပိုင်းတွေမှာလဲ မိုးခေါင်ခဲ့တယ်။"အာရှ မုတ်သုံကလဲ ပြီးခဲ့တဲ့ ၂၀၀၉ မှာ Moonson Failureဖြစ်ခဲ့တယ်။ မုတ်သုံကျဆုံး တယ်ပေါ့။ မုတ်သုံက ဝင်တာလဲ မမှန်ဘူး။ ထွက် တာလဲ မမှန်ဘူး။ အားလဲ မမှန်ဘူးပေါ့။ မနှစ်က အယ်နီညိုဖြစ်လို့ မိုးနည်းတဲ့အတွက် အထူး သဖြင့် မြန်မာနိုင်ငံအထက်ပိုင်း ဒေသတွေမှာ စိုက်ပျိုးရေး ထိခိုက်ကြတယ်။ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသက အကြမ်းအားဖြင့် မိုးခေါင် ရေရှားလို့ ဆည်ရေ သောက်တဲ့လယ်တွေ များ တယ်။ မြန်မာနိုင်ငံအလယ်ပိုင်းရဲ့ သဘော သဘာဝကိုက သဘာဝမိုးရေဟာ အပူကြောင့် မြေကြီးက အငွေ့ပျံတာကိုမနိုင်ဘူး။ မိုးရေချိန် ကလဲ ၄၀ လက်မအောက်မှာပဲ ရှိတယ်။မြေကြီး ရဲ့ အငွေ့ပျံတဲ့ပမာဏက ၄၀ လက်မ အထက်မှာ ရှိတယ်။ သဘာဝအရ ဘဲစားဘဲချေ မဖြစ်ဘူး။ဒါကြောင့် အလယ်ပိုင်းဒေသလို နေရာမျိုးမှာ စိုက်ပျိုးရေးလုပ်ရင် ဆည်ရေသောက်နိုင်မှ အကျိုးရှိမယ်။ ဆည်ရေမသောက်နိုင်တဲ့ လယ် မျိုးဆိုရင် အပေါ်ရေလည်းမရ၊ အောက်ရေလည်း မရဆို မလွယ်ဘူး။ ရေသိပ်လိုတဲ့ စပါးလိုဟာ မျိုးစိုက်လို့ မရဘူး။ဒါကြောင့် အခြားပဲလို နှံသီး မျိုးပြောင်းစိုက်ကြတယ်။ ပဲစိုက်လို့ကောင်းတယ်လို့ ပြောလို့မဆုံးသေးဘူး။ နိုဝင်ဘာလ မိုးလွန်ကာလ မှာ မိုးတွေရွာချလိုက်ပြန်ရော၊ အယ်နီညိုရဲ့ သဘောသဘာဝအရ ရာသီဥတုက ဖောက်ပြန်နေ တာလေ၊ ဒီလို မိုးတွေရွာချလိုက်တော့ ပဲပင်တွေ မသေတောင် အထွက်နှုန်း လျော့နိုင်တာဘဲ၊ တစ်ခါ ပူတဲ့အရှိန်ကလည်း မပြီးဘူး။ နိုဝင်ဘာဆောင်းဝင် ပေမဲ့ မအေးခဲ့ဘူး။ နှင်းကလဲ မကျဘူး။ ဒီတော့ ဆောင်းသီနှံအထွက်ကို ထိခိုက်စေပြန်ရော၊ ဒါကို စိုက်ပျိုးရေးပညာရှင်တွေ၊ စိုက်ပျိုးရေး လုပ်နေ သူတွေ ပိုသိမှာပါ"လို့ ရှင်းပြပါတယ်။အယ်နီညိုရဲ့ ဖောက်ပြန်တတ်တဲ့ သဘော အရ ပူတဲ့နေရာမှာ ပူခြင်း၊ မိုးနည်းတဲ့နေရာမှာ နည်းခြင်းဖြစ်နေသော်လည်း အချို့နေရာများမှာ မိုးသည်းထန်စွာရွာခြင်း၊ မိုးရွာရမည့် အချိန်တွင် မိုးမရွာခြင်း၊ မိုးမရွာရမည့်အချိန်တွင် မိုးရွာခြင်းများ ဖြစ်ပေါ်တတ်ကြောင်း သိရပါတယ်။ကမ္ဘာ့မိုးလေဝသရက်ရှည်ခန့်မှန်းချက် ထုတ် ပြန်ကြတဲ့ မိုးလေဝသခန့်မှန်းရေး ဗဟိုဌာနများရဲ့ သြဂုတ်လအထိ ထုတ်ပြန်ချက် များအရ မြန်မာ နိုင်ငံ အပါအဝင် အရှေ့တောင်အာရှ တစ်ခုလုံးမှာ အပူချိန် ပုံမှန်ထက်ပိုနေပြီး မိုးရွာသွန်းမှုဟာ ဖြစ်မြဲ ထက်လျော့နည်းကာ ပူပြင်းခြောက်သွေ့တဲ့ ရာသီ ဥတုရှိနေမယ်လို့ သိရပါတယ်။ ဒါ့အပြင် မုတ်သုံ အဝင်မှာလည်း ယခင်နှစ်ကလိုပဲ နောက်ကျနိုင် ကြောင်း မိုးလေဝသပညာရှင်တွေက ခန့်မှန်းထား ကြပါတယ်။ဦးထွန်းလွင်က "မုတ်သုံဆိုတာ အင်ဒိုနီးရှား ဘက်ကနေ ကျွန်တော်တို့ဘက်ကို လာရမှာ၊ အဲဒီ ဒေသတစ်ခုလုံးခြောက်သွေ့ ပူပြင်း နေတော့ မုတ်သုံ အားရှိမှာ မဟုတ်ဘူး။ ဝင်လာတောင် ချိနဲ့ချိနဲ့ ဖြစ်နေနိုင်တယ်။ အခုချိန်အထိ အိန္ဒိယမှာ အအေးဓာတ်က မကုန်သေးဘူး။ ဒါကြောင့် မုတ်သုံ အပေါ် တက်ဖို့မလွယ်သေးဘူး" လို့ ဆိုပါတယ်။မိုးလေဝသပညာရှင်များရဲ့ လေ့လာချက် အရ ဖေဖော်ဝါရီလမှာ ဥရောပအလယ်ပိုင်း တိုင်း ပြည်များတွင် ရေကြီးပါက အိန္ဒိယ၊ မြန်မာနိုင်ငံ စသော နိုင်ငံများတွင် အများအားဖြင့် မုတ်သုံ အားမကောင်းကြောင်း သိရပါတယ်။"ပေါ်တူဂီ၊ ပိုလန်နိုင်ငံတွေမှာ ဖေဖော်ဝါရီ လက ရေကြီးခဲ့တယ်။ ဒါကြောင့် ကျွန်တော်တို့ ဘက်မှာ မုတ်သုံအား မကောင်း နိုင်ဘူး။ဝင်လာတာ လဲနောက်ကျမယ်။ ဒါကိုတောင်သူတွေ သတိပြုဖို့ လိုအပ်တယ်။ နောက်အရေးပါတာတစ်ခုက မုတ်သုံက မဝင်လို့မရဘူး။ ဒီတော့သူ့အား သူ့အင် နဲ့မလာနိုင်ရင်၊ များသောအားဖြင့် အကူအညီနဲ့ လာတတ်တယ်။ အဲဒါက မုန်တိုင်း ဖစ်တတ်တယ်။မြောက်ဘက်ကို မုန်တိုင်းက မုတ်သုံကို ဆွဲတင် လာတတ်တယ်။ မနှစ်ကလဲ မုန်တိုင်းအိုင်လာက မုတ်သုံကို ဆွဲယူလာခဲ့တာဘဲ။ အဲဒီ မုန်တိုင်းက ဘင်္ဂလားဒေ့ရှ်ကို ဝင်သွားခဲ့တယ်။ ဒီနှစ်လဲ ဒီလိုပဲ သွားမယ်ထင်တယ်။ ဒီလိုပြောလို့ မုန်တိုင်းလာ မယ်ဆိုပြီးကြောက်နေစရာမလိုဘူး။ ဘင်္ဂလားပင် လယ်အော်မှာဖြစ်တဲ့ မုန်တိုင်းတွေရဲ့ ၆ ရာခိုင် နှုန်းလောက်သာ မြန်မာနိုင်ငံကိုလာမှာ" ဟု ဦးထွန်းလွင်က ရှင်းပြပါတယ်။မြန်မာနိုင်ငံရဲ့ ၂၀၀၉ ခုနှစ် မိုးကာလကို ပြန်ကြည့်ပါက နှစ်ကုန်မှာ မိုးရေချိန်ရွာသွန်းမြဲ ကို မှီသွားကြောင်းတွေ့ရသော်လည်း မုတ်သုံ အဝင်နောက်ကျကာ အထွက်စောသော ကြောင့် မုတ်သုံကာလ တိုတောင်းသွားပါ တယ်။ မိုးရေချိန်ပြည့်သော်လည်း မိုးရွာသွန်းမှု ပျံ့ပျံ့နှံ့နှံ့မရှိဘဲ ကျစ်ကျစ်လစ်လစ်နှင့် စုစည်း ပြီး သည်းထန်စွာ ရွာသွန်းခြင်းကြောင့် အပင် နာခြင်း၊ မြေဆီလွှာ ပျက်စီးစေခြင်း၊ ရေကြီး ပါက မျောပါစေခြင်းတို့ကြောင့် စိုက်ပျိုးရေးကို ထိခိုက်စေကြောင်း သိရပါတယ်။ရာသီဥတု ပူပြင်းလာခြင်းကြောင့် ပင် လယ်ရေမျက်နှာပြင်မြင့်တက်လာကာ ဆားငန် ရေများစိမ့်ဝင်လာခြင်း၊ ဆားငန်ရေများ ကြောင့် လယ်မြေများ ပျက်စီးနိုင်ခြင်း၊ ကမ်းပါးပြိုခြင်း များ ဖြစ်လာနိုင်ပါတယ်။ရာသီဥတုပြောင်းလဲမှုအပေါ် ခုခံကာ ကွယ်ရန် အရေးကြီးတဲ့ လက်နက်နှစ်ခုမှာ (၁) reduce လျော့နည်းအောင် လုပ်ခြင်း၊ (၂) adaption အဆင်ပြေအောင်နေခြင်းတို့ပဲ ဖြစ် တယ်လို့ ဦးထွန်းလွင်က ပြောပါတယ်။"ကျွန်တော် လေ့လာသိထားရတဲ့ အချက်ကတော့ ဘယ်လို ရာသီဥတုမျိုးမဆို စိုက်ပျိုးရေးလုပ်လို့ ရနိုင်တယ်ဆိုတာပဲ။ စပါး စိုက်ပျိုးတဲ့ဒေသတစ်ခုဟာ စပါးစိုက်လို့ရတဲ့ ရာသီဥတု ရှိနေသမျှ စိုက်လို့ရတယ်။ မရတဲ့ အခါအခြားလိုက်လျောညီထွေအောင် ပြောင်း စိုက်လိုက်ပေါ့။ စိုက်ပျိုးရေးသုတေသန လုပ် ငန်းတွေက မြန်မာပြည်မှာ အလွန်ဖွံ့ဖြိုးတယ်။ လယ်သမားတွေကို စီမံကိန်းတွေချမှတ်ပြီး လုပ် ပေး၊ နည်းပညာတွေပေးရင် ရာသီဥတုကြောင့် ပျက်စီးဆုံးရှုံးရမှာကို နည်းပါးအောင် လုပ်လို့ရ တယ်။"ဥပမာ-သက်ကြီးစပါး မစိုက်ဘဲ သက် လတ်၊ သက်လျင်တို့ စိုက်တယ်။ ဒါလဲ အလုပ် ဖြစ်တာပဲ။ အထွက်တိုးအောင် အရင်ကအပင် ၁၀၀၀ စိုက်ရင် အခု ၁၅၀၀ လောက် ကြိုးစား စိုက်မယ်။ ဒီလိုနဲ့ပြန်ထိန်းရတာပဲ။ တစ်ခုပဲရှိ တယ်။ အားလုံးပြီးပြီ၊ ရိတ်သိမ်းဖို့အချိန် ရွှေ ရောင်ဝင်းတဲ့လယ်ကွင်းပြင်ဖြစ်မှ မိုးရွာချတာ မျိုးလည်း ရှိတတ်တယ်။ မိုးလေဝသနဲ့ စိုက် ပျိုးရေး ညီရင်းအစ်ကိုတွေပဲ ပူးပေါင်းပြီး ဒီလို ရှိတယ်ဆိုရင် အမိုးအကာအောက် မြန်မြန် ရောက်အောင်၊ မိုးမစိုအောင် ကြိုတင်ပြင်ဆင် တဲ့နည်းတွေ၊ မြန်မြန်ရိတ်တာတွေ လုပ်မယ် ဆိုရင် ရာသီဥတုကြောင့်ဖြစ်လာတဲ့ ပျက်စီးမှုကို လုံးဝမကာကွယ်နိုင်တောင် လျော့ပါးအောင် လုပ်လို့ရတယ်။ လုပ်လို့ရနိုင်တယ်ဆိုတာ သိဖို့ လိုတယ်"လို့ဦးထွန်းလွင်က ထပ်မံရှင်းပြပါ တယ်။ တိုးတက်လာမယ့် လူဦးရေ အတွက် လည်း စားနပ်ရိက္ခာ သောက်သုံးရေတွေ လို အပ်ပါတယ်။ ဒီလိုအပ်ချက်တွေကို အားလုံးပူး ပေါင်းညှိနှိုင်းပြီး ရာသီဥတုဒဏ်ကနေ လျော့ နည်းအောင်နဲ့ ရာသီဥတုနဲ့ လိုက်လျောညီထွေ တဲ့ နည်းစနစ်တွေနဲ့ စားနပ်ရိက္ခာတွေ ထုတ် လုပ်နိုင်ဖို့ပဲ လိုအပ်ပါတယ်။ လွင်လွင်မိုး
Background