Main menu

Background

သဘာ၀ ပတ်ဝန်းကျင်လည်း ကောင်း၊ ဝင်ငွေလည်းရ သစ်ပင်စိုက်ကြ

Wed, 04/28/2010 - 07:17 -- Anonymous (not verified)

တစ်ကမ္ဘာလုံးရဲ့ ဒုက္ခပူပြင်းတဲ့ရာသီဒဏ်ကို သက်သာဖို့ ပင်းတယ၊ တောင်ကြီး၊ အင်းလေး၊ ကလောနဲ့ ပြင်ဦးလွင်ကို ခရီးထွက်သွား ခဲ့တယ်။ ဒါပေမဲ့ အထင်နဲ့အမြင် တက် တက်စင်အောင်  လွဲတော့တာပါပဲ။ ဘယ်နေရာမှ မအေး။ နေလို့တော့ရပါ တယ် အရင်ကနဲ့တော့ တခြားစီ ပိုဆိုး တာက  အင်းထဲရောက်သွားချိန်မှာ အင်းရေတွေလျော့နည်းပြီး ကုန်းတွေ ဖြစ်တဲ့နေရာဖြစ်နေတယ်။ မြေတူးစက်၊ သောင်တူးစက်တွေနဲ့ တူးဖော်ထားလို့ သာညောင်ရွှေအထွက်နဲ့ ဖောင်တော်ဦး ဘုရားအဝင်မှာ သွားရနေခြင်းပင်။ ဒါ တောင် ရေက အနက်တစ်ပေလောက် သာရှိတာကြောင့် စက်လှေသွားတဲ့အခါ ရေတွေက ရွှွံ့ရောင်ဖြစ်နေကြပြီး ယခင် နှစ်ပေါင်း ၂၀ ကျော်က အင်းလေးနှင့် ယခု အင်းလေး တခြားစီပင် ဟုတ်ရဲ့ လားဟု ထင်စရာ မေးစရာ ဖြစ်နေပါ တယ်။ ဒါက အင်းလေးမှာတင်လား၊ မဟုတ်ဘူး ကမ္ဘာတစ်ခုလုံးမှာ ဖြစ်လာ နေတာပါ။ ဖြစ်တည်နေတာပါ။ ကမ္ဘာ့ ရာသီဥတု ပြောင်းလဲမှုကြောင့် ကမ္ဘာ ကြီး ပူနွေးလာတာရယ်၊ ဂေဟစနစ်ပျက် ယွင်းလာတဲ့ ...စတဲ့...စတဲ့... အကြောင်းတွေကြောင့်ပါ။သဘာဝပတ်ဝန်းကျင်ပျက်စီးနေကမ္ဘာကြီးတစ်ခုလုံး စီးပွားရေးဖွံ့ဖြိုး တိုးတက်လာတာနဲ့အမျှ ပြောင်းလဲလာ တာပါ။ ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက် မှုဟာ စက်မှုလက်မှု၊ နည်းပညာ ဖွံ့ဖြိုး တိုးတက်မှုနဲ့ တိုက်ရိုက်ဆက်နွှယ်နေပါ တယ်။ နည်းပညာတွေ ဖွံ့ဖြိုးတိုးတက် လာနဲ့အမျှ သဘာဝအရင်းအမြစ် သယံ ဇာတပစ္စည်းတွေ သုံးစွဲမှု များလာတာ ကလည်းအမှန်ပါပဲ။ ဒီလိုသဘာဝသယံ ဇာတပစ္စည်း ထုတ်ယူသုံးစွဲမှု များလာ တာနဲ့အမျှ  သဘာဝပတ်ဝန်းကျင်ရဲ့ ပင်ကိုယ် အရည်အသွေးဟာလည်း ထိ ခိုက်ကျဆင်းလာရပါတယ်။အဟန့်အတားဖြစ်လာသဘာ၀ ပတ်ဝန်းကျင်ရဲ့ အရည် အသွေး ကျဆင်းလာတာနဲ့အမျှ ဆက် နွယ် ပေါ်ပေါက်လာတဲ့ ဖြစ်စဉ်တွေက ကမ္ဘာအနှံ့အပြားဒေသတွေဟာ ရာသီ ဥတုဖောက်ပြန်မှု၊ သစ်တောပြုန်းတီးမှု၊ အဆိပ်သင့်ပစ္စည်းတွေ   စွန့်ပစ်မှုနဲ့ အန္တရာယ်ဖြစ်စေတဲ့  စွန့်ပစ်ပစ္စည်းတွေ စွန့်ပစ်မှုကြောင့် ပတ်ဝန်းကျင်ညစ်ညမ်း မှုဆိုတာတွေနဲ့  ရင်ဆိုင်ရပြန်ပါတယ်။ ဒီလို အကျိုးတရား  အကြောင်းတရား တွေကြောင့်မို့လို့  စီးပွားရေးနဲ့  နည်း ပညာ ဖွံ့ဖြိုးတိုးတက်ရေးကို အဟန့် အတား အနှောင့်အယှက် ဖြစ်လာရပါ တယ်။သဘာဝပတ်ဝန်းကျင်စောင့်ရှောက်ဖို့လူသားတွေရဲ့ ကြားပတ်ဝန်းကျင် မှာ ဆက်စပ်တည်ရှိနေတာက ကမ္ဘာ့ မြေထုမြေဆီလွှာ လေထု၊ ရေထု၊ ရာသီ ဥတု၊ တိရစ္ဆာန်၊ သစ်ပင်၊ သစ်တောနဲ့ သမိုင်းယဉ်ကျေးမှု၊ လူမှုရေး စတာတွေ အားလုံး ပါဝင်နေတာပါ။ ဒီ သဘာ၀ ပတ်ဝန်းကျင်ကြီးပေါ်မှာဘဲ မျှတစွာ အမှီသဟဲ ပြုပြီးတော့ ကျွန်တော်တို့ လူသားတွေအသက်ရှင် နေထိုင်လာခဲ့ ကြတာ ယခုအချိန်ထိပါပဲ။ နောင်လဲ ဆက်လက်အမှီသဟဲပြု နေထိုင်နေကြ ရဦးမှာ မလွဲပါဘူး။ ဒီလို နေကြရဦး မှာဆိုတော့ ကမ္ဘာကြီး ရေရှည်တည်တံ့ ရေး၊ လူသားတို့အဆင့်အတန်း မြင့်မား စွာ နေထိုင်နိုင်ရေးအတွက် သဘာ၀ ပတ်ဝန်းကျင်  ထိန်းသိမ်းစောင့်ရှောက် ရေးဟာ  အလွန်အရေးကြီးလာပြီဆို တာ မလွဲမသွေ လက်ခံရမှာပါ။ပြောင်းလဲရခြင်းအကြောင်းအရင်းဟိုးယခင်က သဘာဝပတ်ဝန်းကျင် ဖြစ်တည်ပြောင်းလဲမှုဟာ ဘူမိဗေဒဖြစ် ရပ်တွေ၊ လေထု၊ မြေထု၊ ရေထု၊ ဇီ၀ ထု  အပြောင်းအလဲ စတဲ့ သဘာ၀ အလျောက် ဖြစ်တည်လည်ပတ်နေတဲ့ အခြေအနေပေါ်မှာသာ တည်မှီ နေ လာခဲ့တာပါ။ ဒါပေမဲ့ ယခုအချိန်အခါ မှာတော့ သဘာဝပတ်ဝန်းကျင်ကြီးဟာ လူသားတွေရဲ့  လုပ်ဆောင်ချက်တွေ ပေါ်မှာမူတည်လာပါတယ်။ လူ့လောက ကြီးရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့အတူ သိပ္ပံ ပညာ၊ နည်းပညာတွေ တိုးတက်လာခဲ့ ပါတယ်။ ဒီလို တိုးတက်ဖြစ်ပေါ်မှုတွေ ကြောင့်ပဲ သက်ရှိသက်မဲ့ သယံဇာတ တွေ၊ မြေပေါ်မြေအောက် ရေပေါ် ရေ အောက် သယံဇာတတွေကို လွန်ကဲစွာ ထုတ်ယူသုံးစွဲခဲ့ကြပါတယ်။ ဒါကြောင့် မို့လည်း သဘာဝပတ်ဝန်းကျင် ယိုယွင်း ပျက်စီးမှု  သဘာဝပတ်ဝန်းကျင် ညစ် ညမ်းမှု  (Pollution)စတာတွေ  တွေ့ ကြုံရတာပါ။ယနေ့ကမ္ဘာကြီးကိုစိန်ခေါ်မှုဒီနေ့ကမ္ဘာရဲ့ စိန်ခေါ်မှုတွေထဲမှာ လူသားအားလုံးအတွက်  စိန်ခေါ်မှု ကတော့  ကမ္ဘာ့ပတ်ဝန်းကျင်  အခြေ အနေ ယိုယွင်းနေတာကို ထိန်းသိမ်းကြ ဖို့ပဲဖြစ်ပါတယ်။  ကမ္ဘာ့ပတ်ဝန်းကျင် အခြေအနေဟာ တစ်နေ့ထက်တစ်နေ့  တစ်ရက်ထက်တစ်ရက် သိသာစွာဆုတ် ယုတ်နေတာတွေ့ရပါတယ်။ ဒီသဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတွေဟာ စတင်ဖြစ်ပေါ်တဲ့နေရာကိုသာ ထိခိုက် တာမျိုး မဟုတ်ဘဲ အခြားနေရာဒေသ တွေကိုပါ အလျင်အမြန် ပျံ့နှံ့နေတာ ပါ။  အထူးသဖြင့်တော့  အိုဇုန်းလွှာ ပျက်စီးတာ၊ ကမ္ဘာကြီးပူနွေးလာတာ၊ ရာသီဥတု ဖောက်ပြန်တာ၊ မြေဆီလွှာ ခန်းခြောက်တာ သဲကန္တာရဖြစ်လာတာ၊ သစ်တောပြုန်းတီးတာ၊ သက်ရှိဇီဝတွေ မျိုးသုဉ်းပျောက်ကွယ်တာ၊ လေထုညစ် ညမ်းတာ၊ ပင်လယ်ပြင်ကြီး ညစ်ညမ်း တာ၊ လူတွေအတွက် အဆိပ်သင့်စေတဲ့ ဓာတုပစ္စည်းတွေ  စွန့်ပစ်တာကြောင့် အန္တရာယ်ဖြစ်တာ အက်ဆစ်မိုးရွာတာ စသည် စသည်ဖြင့် သဘာဝပတ်ဝန်း ကျင် ပြဿနာတွေဟာ  တစ်နေ့တခြား တိုးပွားလို့သာ လာနေပါတယ်။ကာကွယ်စောင့်ရှောက်ဖို့လိုတစ်စထက်တစ ပျက်စီးယိုယွင်း သွာတဲ့ သဘာဝပတ်ဝန်းကျင် ဇီဝမျိုး များဟာ တချို့ ပြန်လည် အစားထိုးမရ နိုင်တာတွေရှိသလို လူသားတို့ မှီခိုအား ထားရာ လေ၊ ရေ၊ မြေတို့မှာ ညစ်ညမ်း တဲ့ အခြေအနေတွေကို တွေ့ရှိရတာ ကြောင့် ပျက်စီးယိုယွင်းမှုတွေကို ထိန်း သိမ်းစောင့်ရှောက်ရမှာ     လူသား အားလုံးရဲ့ တာဝန်ပဲဖြစ်ပါတယ်။ (ကမ္ဘာ ကြီးတစ်ခုလုံးက ပုံစံမျိုးစုံနဲ့ ဆောင်ရွက် သလို မြန်မာနိုင်ငံထဲမှာလဲ နိုင်ငံတော် အစိုးရ မဟုတ်သော အဖွဲ့အစည်းတွေ ကလည်း ပုံစံမျိုးစုံနဲ့ ဆောင်ရွက်နေတာ တွေ့ရမှာပါ။သင်ကော ဘာလုပ်သလဲ-လုပ်မလဲဒီလို  သဘာဝပတ်ဝန်းကျင် ထိန်း သိမ်းရေး မဖြစ်မနေ ဆောင်ရွက်ရမယ် ဆိုတာ အားလုံးက လက်ခံပြီး အင်တိုက် အားတိုက် ဆောင်ရွက်နေချိန်မှာ သင် ကော ဘာတွေ ပါဝင်ဆောင်ရွက်ပြီး ပြီ လဲ၊ သင်လည်းတတ်နိုင်တာ လွယ်လွယ် ကူကူ လုပ်လို့ရတာကတော့ သစ်ပင် စိုက်တာပါပဲ။  လေထဲကို ကာဗွန်ဒိုင် အောက်ဆိုက်ထုတ်လွှတ်တာ လျှော့ချဖို့ ဖလူအိုကာဗွန်ထုတ်တဲ့ ပစ္စည်းတွေဖြစ် တဲ့ လေအေးပေးစက်၊ ရေခဲသေတ္တာ၊ ဓာတ်ဆီ၊ ဒီဇယ်သုံးကား မီးစက်သုံးစွဲမှု လျှော့ချတာတွေက အလှမ်းဝေးနေ ပါသေးတယ်။  သင့်အိမ်ဘေးမှာ  လူ တစ်ယောက်ကိုအရိပ်ရ နှစ်ရှည်စားပင် ၃ ပင်ကနေ ၁၀ ပင်ထိ စိုက်မယ်ဆိုရင် ပဲ  ကမ္ဘာ့ပတ်ဝန်းကျင်  ထိန်းသိမ်းမှု အတွက် အကျိုးရှိနေပါပြီ။ ကမ္ဘာ့အပူဓာတ်နဲ့ လေထု ညစ် ညမ်းစေမှုကနေ တော်တော်ကာကွယ် သွားမှာပါ။ သင်စိုက်တဲ့ နှစ်ရှည်စားပင် သီးလာတဲ့အခါကျတော့လည်း မိသားစု ပတ်ဝန်းကျင် စားရတဲ့အပြင် အပိုဝင်ငွေ လေးတွေလည်းရအုန်းမှာပါ။ ဒါကြောင့် လူသားအားလုံး   ထိန်းသိမ်းစောင့် ရှောက်ဖို့  တာဝန်ရှိနေတဲ့  သဘာ၀ ပတ်ဝန်းကျင်  ထိန်းသိမ်းရေးအတွက် အရိပ်ရ လေကာ နှစ်ရှည်စားပင်တွေကို တစ်အိမ် တစ်ရပ်ကွက် ဒေသတစ်ခုမှာ တစ်မျိုးထဲစိုက်ပြီး တစ်ချက်ခုတ် နှစ် ချက်ပြတ် လုပ်သင့်ပါကြောင်း။ဗိုလ်ဇော်