Main menu

Background

Wednesday, 20 Sep 2017

    ယခုတစ်ပတ်  မုံရွာကုန်စည်ဒိုင်ပဲမျိုးစုံဈေးကွက်တွင် ဆီထွက်သီးနှံဖြစ်သောမြေပဲလုံးဆန်ဖြူနဲ့အနီကတော့ ယခင် တစ်ပတ်အတိုင်းဈေးငြိမ်လျက်ရှိပြီး  ဆီဆန်ဈေးကတော့ အနည်းငယ်ကျဆင်းလျက်ရှိကာ အရောင်းအဝယ် သွက်လျက် ရှိကြောင်း သိရပါတယ်။အဝင်ရှိသလောက်တော့ ဒေသတွင်းဆားလှော်သမား များနှင့်ဆီစက်သမားများ  ဝယ်ယူလျက်ရှိလို့အရောင်းအဝယ် ပုံမှန်ဖြစ်လျက်ရှိကြောင်း သိရပါတယ်။ မြေပဲဆန်များကို မုံရွာ ကုန်စည်ဒိုင် သို့ နေ့စဉ်အိတ် ၁၀၀၀ ခန့် ဝင်ရောက်လျက်ရှိရာ ယခုတစ်ပတ် မြေပဲဆန် တစ်ပိဿာ ပေါက်ဈေးနှုန်းမှာ (လုံး ဆန်ဖြူ)ကျပ်၂၃၅၀နဲ့အိတ်၃၀၀ခန့်၊ (လုံးဆန်နီ) ကျပ်၂၂၀၀နဲ့ အိတ်၁၅၀ခန့်၊  (ဆီဆန်) ကျပ် ၁၈၅၀နဲ့ အိတ် ၇၀၀/ ၈၀၀ခန့် အသီးသီးအရောင

Wednesday, 20 Sep 2017

      ပြည်ပဲမျိုးစုံဈေးကွက်မှာ မိုးပဲတီစိမ်းသစ်များ အဝင်ဆက်ရှိနေပြီးပန်းတောင်း၊ ပေါက်ခေါင်း၊ ပြည်၊ အောင်လံမြို့နယ်များမှ တစ်ရက်လျှင်အိတ် ၂၅၀ ကျော် ဝင်ရောက်နေခဲ့ပါတယ်။ မန္တလေးလိုင်းသမားဝယ်လိုအား အမြဲရှိခဲ့လို့ ဝင်ရောက်လာ သမျှ အရောင်းအဝယ်ဖြစ်နေခဲ့ပြီး ပဲဈေးနှုန်းမှာ ဈေးဆက်ငြိမ်နေခဲ့ကာ တစ်တင်း ကျပ် ၂၇၀၀၀ ဖြင့်  အရောင်းအဝယ်ဖြစ်နေခဲ့ပါတယ်။ ပဲဈေးကွက်အတွင်း ပြည်ပဝယ်လိုအားရှိတဲ့ သီးနှံများအနက် ပဲတီစိမ်းသီးနှံ သာ အရောင်းအဝယ် ဖြစ်နေခဲ့သလို ပဲဈေးကလည်း မတ်ပဲ၊ ပဲစင်းငုံသီးနှံများထက် ဈေးပိုရနေခဲ့ပါတယ်။ ယခင်နှစ်ကာလတူက ပဲတီစိမ်းသီးနှံဈေးနှုန်းမှာ တစ်တင်း လျှင် ကျပ် ၂၃၀၀၀ သာရရှိလို့ ယခုနှစ်ဈေးကတော့ ယခင်နှစ်

Wednesday, 20 Sep 2017

       ပြည်ပဲဈေးကွက်မှာ စက်တင်ဘာလလယ်အတွင်း  လက်လီအရောင်း အဝယ်ဖြစ်နေတဲ့ ပဲများကတော့ အိတ်လက်ကျန်အနည်းငယ်ရှိမှုအပေါ်နေ့စဉ် အိတ်အနည်းငယ်စီရောင်းချနေခဲ့ကြပါတယ်။ ပဲလွန်းဖြူသီးနှံဟာ ပြည်ခရိုင် အတွင်း စိုက်ပျိုးမှုလည်းနည်းသလို ပဲဝင်ရောက်မှုမှာ ပဲထွက်ပေါ်ချိန်ကာလ များတွင်သာ အဝင်များပြီး လက်လီ၊လက်ကားရောင်းဝယ်ကြလို့ ဒေသတွင်း သာအရောင်းအဝယ်ဖြစ်ခြင်းမျိုးမဟုတ်ဘဲ ရန်ကုန်ဝယ်လက်များလည်း ဝယ် ယူကြတယ်လို့သိရပါတယ်။  ယခုကာလများမှာတော့   ပဲအဝင်မရှိတော့ဘဲ လက်ကျန်လှောင်ပဲအနည်းငယ်ဖြင့်သာ ရောင်းဝယ်ကြရတာဖြစ်ပါတယ်။ ပဲဈေးမှာ ယခုနှစ်အတွင်း တစ်တင်းကျပ် ၃၇၀၀၀ အထိရရှိလို့ အခြားလက်လီ ပဲများဖြစ်သော ဘိုကိတ်၊ ပဲနီပြား၊  ထောပတ်ပ

Thursday, 14 Sep 2017

       ထိုင်းအသေးစား အလတ်စား လုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံ မန္တလေးမြို့တွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမို ပြုလုပ်ကြရန် မန္တလေးမြို့တွင် ပြုလုပ် ခဲ့သည့် Bangkok Post Plc နှင့် Asset Pro Management Co.,  တို့ က ကြီးမှူး ကျင်းပသည့် ဆွေးနွေးပွဲတွင်  မြန်မာ နိုင်ငံဆိုင်ရာ ထိုင်းစီးပွားရေးလုပ်ငန်းရှင် များအသင်း၏အမှုဆောင်ကော်မတီ ဝင် မစ္စတာ နာတာပွန်ဗီဆစ်ကစ်ချာခွန် ၏ ပြောကြားချက်ကို ကိုးကား၍ ဗန် ကောက်ပို့စ် သတင်း တွင် ဖော်ပြထား သည်။မန္တလေးမြို့သည် ထိုင်းနိုင်ငံမှ ကုန်စည်များအား ဝယ်လိုအား များပြား သည့် မြို့တစ်မြို့ဖြစ်ပြီး အဆိုပါမြို့သည် လယ်ယာထွက်ကုန်ပစ္စည်းများ ခိုင်မာ စွာတည်ရှိသည့်မြို့

Wednesday, 13 Sep 2017

 တောင်ကြီးဈေးကွက်မှာ ကြက်သွန်ဖြူလည်း အဝင်နည်းလာပါပြီ။ ပြန်စိုက် ပျိုးတော့မယ့် အချိန်ရောက် လာတာ ဖြစ်လို့တောင်သူတွေက မျိုးတွေသန့်တာရယ်၊ ပြန်စိုက်ဖို့ မြေပြုပြင်တာရယ်ကြောင့် လာရောက်ရောင်း ချတာ နည်း သွားလို့ တစ် ပတ်ကိုပိဿာချိန်တစ်သောင်းနှစ်သောင်းခန့်သာ အဝင်ရှိတော့တယ်လို့ သိရပါ တယ်။ ကြက်သွန်ဖြူကို သီတင်းကျွတ်မှာစစိုက်ပြီး တန်ဆောင်မုန်းမှာအပြီးစိုက်ပျိုး ကြပါတယ်။ အချို့တောင်သူတွေက တော့ စက်တင် ဘာလ လယ်ခန့်မှာစပြီး စိုက်ပျိုး ကြမှာလို့လည်းသိရပါတယ်။ တောင်ကြီးခရိုင်က စိုက်တဲ့ကြက်သွန်ဖြူတွေက မြန်မာ ပြည်အနှံ့စီးဆင်းပေမယ့် လွိုင်လင်ခရိုင်၊ လဲချား၊  မိုင်းပန်မြို့နယ်ကထွက်တဲ့ ခရမ်းစွဲ ကြက်သွန်ဖြူ ကတော့ ထို

Wednesday, 13 Sep 2017

       ပြည်ဈေးကွက်ရဲ့ လက်လီရောင်းဝယ်မှုအဖြစ်များတဲ့ ပဲများထဲမှာ စား တော်ပဲဈေးက ထိပ်ဆုံး ရပ်တည်နေပါတယ်။ နှစ်စဉ်လိုလို ဈေးကောင်းရလျက် ရှိတာကိုတွေ့ရပြီး ယခုနှစ်ဈေးမှာတော့ တစ်တင်း ကျပ် ၄၆၀၀၀ ဖြင့်ပဲနီပြား၊ ဘိုကိတ်၊ ပဲလွန်းဖြူသီးနှံများထက်   ဈေးပိုရခဲ့တာကိုလည်း တွေ့ရပါတယ်။ လက်လီသာ နေ့စဉ်အရောင်းအဝယ်ဖြစ်ခဲ့သော်လည်း  အိတ်အနည်းငယ်စီ ရောင်းချခဲ့ကြရပါတယ်။ ယခင်နှစ်က   စားတော်ပဲသီးနှံဈေးဟာ စက်တင် ဘာလအတွင်း တစ်တင်းကျပ် ၃၈၀၀၀ မှ  ကျပ် ၃၉၀၀၀ အတွင်း ရရှိခဲ့တဲ့ အတွက် ယခင်နှစ်က ဈေးကောင်းရနေခဲ့သလို ယခုနှစ်မှာ ဈေးဆက်ကောင်း နေတာကြောင့်  လက်လီပဲဈေးကွက်မှာ ဈေးအမြင့်ဆုံး ဖြစ်ခဲ့တယ်လို့ သိရပါ တယ်။                   

Friday, 8 Sep 2017

      ကန့်သတ်ချက်များ ဖြေလျော့ခြင်းမရှိဘဲ ဘဏ်နှင့် အစု ရှယ်ယာရှင်များအတွက် အကျိုးမရှိပါက ပထမပုဂ္ဂလိကဘဏ် အနေဖြင့့်ှဌ မှ နုတ်ထွက်သွားမည်ဖြစ်ကြောင်း သိရသည်။ပထမပုဂ္ဂလိကဘဏ် အနေဖြင့်YSX သို့ စတင်ဝင် ရောက်ပြီးချိန်တွင် ရှယ်ယာဈေးတည်ငြိမ်ရန်အတွက် ပြန်  လည်ဝယ်ယူလိုသော်လည်းshare buy backု ပြုလုပ်၍ မရ ကြောင်း၊ ထို့အပြင် စတော့အိတ်ချိန်းမှ ဝယ်ယူထားသည့် ရှယ်ယာကို စပယ်ရှယ် အကောင့် ရှယ်ယာထံသို့ လွှဲပြောင်းရန် အတွက်YSX ၏ကန့်သတ်ချက်များအရ ပြုလုပ်၍မရကြောင်း သိရသည်။''YSX ကိုဝင်ရတာက ရည်ရွယ်ချက်နှစ်ခုရှိတယ်။ တစ်ခု က အစုရှယ်ယာရှင်တွေ ငွေလိုတဲ့အခါ ငွေဖော်နိုင်အောင် နဲ့ နောက်တစ်ခုက ရန်ကုန်စတော့အိတ်ချိန်းတိုးတက်ဖွံ့ဖ

Friday, 8 Sep 2017

      မုံရွာကုန်စည်ဒိုင်သို့ ဆီထွက် သီးနှံဖြစ်သော  နှမ်းများ နေ့စဉ် အိတ် ၈၀၀- ၉၀၀ ခန့် ဝင်ရောက်လျက်ရှိပြီး နှမ်းနက်ကတော့ ဈေးအနည်းငယ်ကျ၍ အရောင်းအဝယ်လည်း အနည်းငယ် အေးလျက်ရှိကြောင်း  သိရပါတယ်။ နှမ်းဖြူနှင့် နှမ်းညိုမှာ ဈေးငြိမ်လျက်ရှိပြီး ဒေသတွင်း   အဝယ်ရှိလို့ အရောင်း အဝယ် ပုံမှန်ဖြစ်လျက်ရှိကြောင်း သိရ ပါတယ်။ ယခုတစ်ပတ် နှမ်းသီးနှံပေါက် ဈေးနှုန်းကတော့ နှမ်းဖြူတစ်ပိဿာ ကျပ် ၂၄၀၀ နဲ့ အိတ် ၁၀၀ ခန့်၊ နှမ်းညို တစ်ပိဿာ ၁၈၆၇ ကျပ်နဲ့ အိတ်၂၀၀ ခန့်၊ နှမ်းနက်တစ်ပိဿာ ၂၅၃၃ ကျပ် မှ  ၂၂၆၇ ကျပ် နှုန်းနဲ့ အိတ်၃၀၀ခန့် အသီး သီး  အရောင်းအဝယ်   ဖြစ်လျက်ရှိ ကြောင်း သိရပါတယ်။ ယခင်တစ်ပတ် က နှမ်းဖြူတစ်ပိဿာ ကျပ်၂၄၀၀၊ နှ

Wednesday, 6 Sep 2017

      ဥဇဘက်ကစ္စတန် နိုင်ငံခြားရေးဝန်ကြီး အဗ္ဗဒူလာဇစ်ကာမီလော့ဗ်နှင့် နိုင်ငံခြားကုန်သွယ် ရေးဝန်ကြီး  အယ်လ်ယာလာနီယက်ဗ်တို့သည် သြဂုတ် ၂၀ ရက်မှ ၂၃ ရက်ထိ အိန္ဒိယနိုင်ငံသို့ လေးရက်ကြာ တရားဝင်ခရီးစဉ် လာရောက်ခဲ့စဉ် အတွင်း နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု ပိုမိုအား ကောင်းလာစေရန်အတွက် ဥဇဘက်ကစ္စတန် အနေဖြင့် အိန္ဒိယကုန်စည်များပေါ်၌ သွင်းကုန်ခွန် လျှော့ချပေးရန်၊ အကောက်ခွန်လုပ်ထုံးလုပ်နည်း များ ရှင်းလင်းလွယ်ကူစေရေး ဆောင်ရွက်ရန်နှင့် ဗီဇာမူဝါဒများ ဖြေလျှော့ရန်တို့ကို အိန္ဒိယအစိုးရက အဆိုပြုခဲ့ကြောင်း သိရှိရပါသည်။

Wednesday, 6 Sep 2017

     မုံရွာကုန်စည်ဒိုင်ပဲမျိုးစုံဈေးကွက်တွင် ယခုတစ်ပတ် ဆီထွက်သီးနှံဖြစ်သော မြေပဲဆန်ပေါက်ဈေးနှုန်းမှာ ယခင်တစ်ပတ်ဈေးအတိုင်းဈေးငြိမ်လျက်ရှိပြီး   ဝင်ရောက်မှုလည်း နည်းလာ၍အဝင်ရှိသလောက် ဒေသတွင်း ဆားေ လှာ် သမား များနှင့် ဆီစက်သမားများက ဝယ်ယူလျက်ရှိကာ အရောင်းအဝယ်ပုံမှန်ဖြစ်လျက်ရှိကြောင်း သိရပါတယ်။ မြေပဲဆန်များကို  မုံရွာကုန်စည်ဒိုင်သို့ နေ့စဉ်အိတ် ၁၀၀၀ခန့် ဝင်ရောက်လျက်ရှိရာ ယခုတစ်ပတ် မြေပဲဆန် တစ် ပိဿာပေါက်ဈေးနှုန်းမှာ (လုံးဆန်ဖြူ) ၂၃၅၀ ကျပ်နဲ့ အိတ် ၃၀၀ခန့်၊ (လုံးဆန်နီ) ၂၂၅၀ ကျပ်နဲ့ အိတ် ၃၀၀ ခန့်၊  (ဆီဆန်) ကျပ်၂၁၀၀ မှ ၂၂၀၀ နဲ့ အိတ် ၂၀၀ ခန့်အသီးသီး အရောင်း အဝယ် ပုံမှန်ဖြစ်လျက် ရှိကြောင်း သိရပါတယ်။  ယ

Pages