Background
ယခုရက်သတ္တပတ်အတွင်း ကမ္ဘာ့ရွှေဈေး မြင့်တက်လာမှုကြောင့် ပြည်တွင်း ရွှေဈေးသည် စံချိန်တင်မြင့်တက်ခဲ့ရာ အမြင့်ဆုံးဈေးအဖြစ် ကျပ် ၉၂၀၀၀၀ သို့ ရောက်ရှိခဲ့ကြောင်း ပြည်တွင်းရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရ သည်။ ကမ္ဘာ့ရွှေဈေးသည်လည်း အမေရိကန်ဒေါ်လာ ၁၃၀၀ နီးပါးသို့ ရောက်ရှိလာခဲ့သဖြင့် ယခုကဲ့သို့ ပြည်တွင်းရွှေဈေးများ လိုက်ပါမြင့်တက်ရခြင်းဖြစ်သည်ဟု ဆိုသည်။ ပြီးခဲ့သည့်ရက်သတ္တပတ်ကတည်းက မြင့်တက်ခဲ့သည့် ပြည်တွင်းရွှေဈေးများသည် ယခုရက်သတ္တပတ်တွင် ဆက်လက်မြင့်တက်လာခဲ့ကြောင်း၊ကမ္ဘာ့ရွှေဈေးမြင့်တက်မှုကြောင့် ပြည်တွင်းရွှေဈေးများ လိုက်ပါမြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း၊ ရွှေဈေးများမြင့်တက်ခဲ့သော်လည်း အရောင်းအ၀ ယ
သြဂုတ်လတတိယပတ်မှာ မုံရွာကုန်စည်ဒိုင်ရှိပဲမျိုးစုံ ဈေးကွက်၌ မတ်ပဲပြန်လည်ဈေးမြင့်တက်လာပြီး ပဲစင်းငုံကတော့ အကျဈေးနဲ့ ယခင်တစ်ပတ်အတိုင်း ဈေးငြိမ်လျက်ရှိ ကြောင်းသိရပါတယ်။ ပဲတီစိမ်းသီးနှံကတော့ ယခုတ စ်ပတ်မှာ ဈေးအနည်းငယ်ပြန်လည်ကျဆင်းလာတာတွေ့ရပါတယ်။ ကုန်စည်ဒိုင်သို့ ပဲဝင်ရောက်မှုမှာလည်း နည်းလာပြီး အရောင်းအဝယ်ဖြစ်မှုမှာ လည်းနည်းလာကြောင်းသိရပါတယ်။ ပဲစင်းငုံသီးနှံမှာ ရာသီကုန်ချိန်ဖြစ်ကာ လှော င်လက်သမားများလက်ထဲ တွင်သာရှိ၍တောင်သူအချို့ရဲ့လက်ထဲတွင်မရှိသလောက် နည်းသွားကြောင်းသိရပါတယ်။ နေ့စဉ်ပုံမှန်အဝယ်ရှိပြီး ယခုတစ်ပတ်ပဲစင်းငုံတစ်တင်းပေါက်ဈေးနှုန်းမှာ ကျပ်၁၆၃၀၀ နှုန်းပေါက် လျက် အိတ် ၁၀၀၀ခန့် အရောင်းအဝယ်
ပြည်ခရိုင်အတွင်း ဆန်စပါး ဈေးနှုန်းများသည် ယခုတစ်ပတ်အတွင်း မြင့်တက်လာတာတွေ့ရပါတယ်။ ဆန်စက်များသို့ ဝင်ရောက်လာသော နွေစပါးများမှာ ယခင်နှစ်ထက် အရည်အသွေးကောင်းမွန်တာကြောင့် ယခင်မိုးစ ပါး ဟောင်းအဆင့်နှင့်တန်းတူနီးပါး အရည်အသွေးကောင်းတာကို တွေ့ရပါတယ်။ ဒီတစ်ပတ်မှာ စပါးဈေး(ဧည့်မထ အုပ်စု)ဟာ စက်တွေပေါ်ရောက်လာသမျှ စပါးအားလုံး ကြိတ်ခွဲပြီး ဆန်အိတ်အားလုံး အရောင်းအဝယ်ဖြစ်နေ တယ် လို့ပြည်မြို့နယ်အတွင်းရှိ ဆန်စက်များမှသိရပါတယ်။ပြည် (ပွဲရုံ)နဲ့ဒေသတွင်း ဈေးကွက်များမှ အရောင်းအဝယ်သမား များအဆွဲများပြီး နယ်တင်ပို့မှုများလည်း ပုံမှန်ရှိနေတယ်လို့ သိရပါတယ်။ ဆန်ချောဖြစ်တဲ့ တောင်ပျံမွှေးစ ပါးနှင့် ဆန် ဈေးများပါဈေး
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးသည် Government of Victoria ၏ Small Business, Innovation and Trade Minister ဖြစ်သူ Mr. Philip Dalidakis ဦးဆော င်သည့် ကိုယ်စားလှယ်အဖွဲ့အား သြဂုတ် ၁၅ ရက်တွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဧည့်ခန်းမ(၂)၌ လက်ခံတွေ့ဆုံခဲ့သည်။
မအူပင်မြို့နယ်တွင် ၂၀၁၇ ခုနှစ် မိုးစပါးရာသီ စိုက် ဧက ၁၄၁၂၉၃ စိုက်ပျိုးခဲ့ပြီး ပဲခူးစုကျေးရွာ၊ လက်ပံချောင်း ကျေးရွာ၊ တရော်ဒေါင့်ကျေးရွာ၊ ကမာချိန်ကျေးရွာများတွင် စိုက်ပျိုးလျက်ရှိသော ရက်(၉၀)မိုးဆင်းသုခ စပါးများကို ဇူလိုင်လ ဒုတိယပတ်တွင် စတင်ရိတ်သိမ်းလျက်ရှိရာ သြဂုတ် လ ၁၂ ရက်ထိ မိုးစပါးဧက ၁၅၀၀-၂၀၀၀ ခန့် ရိတ်သိမ်းပြီး ကြောင်း တောင်သူဦးမြင့်ဝေ၊ ဦးဝတုတ်၊ ဦးမျိုး၊ ဦးမြင့်စိုးတို့ထံမှ သိရသည်။ စပါးအထွက်နှုန်းမှာ တစ်ဧ ကလျှင် အစို ၅၅-၆၀ တင်း နှင့် ၆၀-၆၅ တင်း ဝန်းကျင်ရှိပြီး တောင်သူရောင်းဈေးမှာပေါင် ၁၀၀ ၊ တင်း ၁၀၀ ကိုကျပ် ၄၆၀၀၀၀ ဈေးနှုန်းဖြစ်ပြီး မြို့ပေါ် အရောက် သယ်ယူစရိတ်ပါ ကျပ် ၄၈၀၀၀၀ ဝန်းကျင်ရှ
လူ့အဖြစ်ကို လွန်စွာရခဲလှပေသည်။ လူ့ပြည်က အပ်တစ်စင်းနှင့် နတ်ပြည်က အပ်တစ်စင်း ထိပ်တိုက်ဆုံဖို့ရာ လွယ်ချင်လွယ်လိမ့်မည်။ ပင်လယ်ထဲမှ လိပ်ကန်းတစ်ကောင်သည် နှစ်တစ်ထောင် ကြာမှ ရေပေါ်သို့ တစ်ခါ တက်၍ အသက်ရှူချိန် တွင် ရေပေါ်၌ ပေါလောမျောနေသော ထမ်းပိုးရှိ အပေါက်၌ စွတ်မိခြင်းသည် လွယ်ကောင်း လွယ် လိမ့်မည်။ လူ့အဖြစ်ကိုရရန်မူ လွန်စွာ ခဲယဉ်းပေ သည်ဟုဆိုကြသည်။ လူ့အဖြစ်ကို လွန်စွာ ရခဲ ကြောင်း ဆိုလိုခြင်းဖြစ်သည်။ ယနေ့သည် ခေတ်မီ ဖွံ့ဖြိုးတိုးတက်လာသည်နှင့် အမျှလုံခြုံ စိတ်ချရမှု မရှိသော အစားအသောက်များ၊ အသုံးအဆောင် များ၊ လူသုံးကုန်ပစ္စည်းများကြောင့် ရခဲလှသော လူ့ဘဝကို များစွာ အန္တရာယ်ပေးလျက် ရှိနေပါ သည်။ စာ
အာဆီယံဒေသတွင်းရှိ မဲခေါင်ဒေသ (Greater Mekong Sub-Region,GMS)ကြီးတွင် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနိုင်ငံ၊ဗီယက်နမ်နှင့် တရုတ်နိုင်ငံရှိ ယူနန်ဒေသနှင့် ဂေါင်ဇီဇူယန်း ဒေသတို့ ပါဝင်ဖွဲ့စည်းထား ပါသည်။ ဤဒေသကြီးသည် လက်ရှိကမ္ဘာပေါ်တွင် အလျင်မြန်ဆုံး တိုးတက်နေသည့် ဒေသတစ်ခုအဖြစ်လည်းကောင်း၊ သယံဇာတအပေါများဆုံး ဒေသအဖြစ်လည်းကောင်း တစ်ကမ္ဘာလုံးက အသိအမှတ်ပြုအာရုံစိုက်ခံရသည့် ဒေသတစ်ခု ဖြစ်လာပါသည်။ ယင်းသို့လျင်မြန်စွာတိုး တက်လာသည့် မဲခေါင်ဒေသကြီးတွင် စီးပွားရေးနှင့် လူမှုရေးကဏ္ဍများ လျင်မြန်စွာ တိုးတက်စေရေးနှင့် ဒေသကြီးအတွင်း ပညာရေးကဏ္ဍတိုးတက်စေရေးအတွက် ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်လ
ယခုတစ်ပတ်အတွင်း ပြည်တွင်းငွေလဲနှုန်းများသည် အတက်အကျ အနည်း ငယ်ဖြင့်သာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရ သည်။ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းကလည်း ငွေလဲနှုန်း များသည် အတက် အကျအနည်းငယ်ဖြင့် အရောင်းအဝယ်အေးခဲ့သည်။ သို့သော် ယခုတစ်ပတ် ဈေးစ ဖွင့်ရက်ဖြစ်သည့် သြဂုတ် ၇ ရက်တွင် အနိမ့်ဈေးဖြင့် ဈေးဖွင့်ခဲ့သော်လည်း သြဂုတ် ၈ ရက်တွင် နှစ်ကျပ်ခန့်မြင့်တက်ခဲ့သည်။ နောက်ပိုင်းရက်များတွင်မူ ဈေးပြန် လည်ကျဆင်းခဲ့ကာ ယခင်တစ်ပတ်ကဈေးအတိုင်း ရှိခဲ့သည်။
ယခုရက်သတ္တပတ်အတွင်း ကမ္ဘာ့ရွှေဈေးမြင့်တက်လာမှုကြောင့် ပြည်တွင်း ရွှေဈေးများ စံချိန်တင် မြင့်တက်လာခဲ့ကြောင်း ပြည်တွင်းရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် တစ်ပတ်အတွင်းက ကမ္ဘာ့ရွှေဈေးများ ငြိမ်သက်ခဲ့သဖြင့် ပြည်တွင်းရွှေဈေးများလည်း ငြိမ်သက်ခဲ့သည်။ သို့သော်ယခုတစ်ပတ်တွင်မူ ကမ္ဘာ့ရွှေဈေးသည် အမြင့်ဆုံးဈေးအဖြစ် တစ်အောင်စလျှင် ၁၂၈၅ အမေရိကန် ဒေါ်လာအထိ ရောက်ရှိခဲ့သည်။ "ဒီတစ်ပတ်ရွှေဈေး ကတော့ စံချိန်တင်လောက်တယ်။ သြင်္ကန်မတိုင်ခင်နဲ့ သြင်္ကန်အပြီးတုန်းက ဖြစ်ပေါ်ခဲ့တဲ့ဈေးလောက်ကို ရောက်လာတယ်။ ဒီထက်ထပ်တက်မယ်ဆိုရင်ဈေးက စံချိန်တင်အမြင့်ဆုံးဈေးကို ရောက်သွားနိုင်တယ်။ အခုဈေးက နှစ် ဆန်းတစ်ရက်နေ့
ဇူလိုင် ၃၀ ရက်မှ သြဂုတ်လ ၅ ရက်အထိ သီတင်းပတ်အတွင်း နနွင်း ၂၈၃ ဒသမ ၉၉၅ တန်ကို ပင်လယ်ရေ ကြောင်း ကုန်သွယ်မှုလမ်းမှ တင်ပို့ခဲ့ပါ တယ်။ ဒီတစ်ပတ် အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံသို့ တန်ချိန် ၉၀၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ၈၄ တန်၊ သီရိ လင်္ကာနိုင်ငံသို့တန်ချိန်၂၀နဲ့ အိန္ဒိယနိုင်ငံ သို့၈၉ ဒသမ ၉၉၅ တန်တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ်က နနွင်းတစ်တန်သာ တင်ပို့နိုင်ခဲ့တာ ကြောင့် ဒီတစ်ပတ်မှာ နနွင်းတန်ချိန် ၂၈၀ကျော် တင်ပို့မှုပိုခဲ့တယ်လို့ သိရပါ တယ်။ နနွင်းတင်ပို့မှုမှ အမေရိကန် ဒေါ်လာ ၁၉၉၇၅၆ ဝင်ငွေရရှိခဲ့တယ်လို့ သိရပါတယ်။ ယခင်နှစ်က နနွင်းတစ်တန်ကိုပျမ်းမျှအမေရိကန်ဒေါ်လာ ၇၅၀- ၇၇၀ ဝန်းကျင်ရ