Main menu

Background

ကမ္ဘာ့စားနပ်ရိက္ခာအကျပ်အတည်းထပ်မံဖြစ်ပေါ်လာနိုင် ဖွံ့ဖြိုးဆဲနိုင်ငံများ ကြိုတင်ပြင်ဆင်ရန်လိုအပ်

Thu, 01/21/2010 - 07:31 -- Anonymous (not verified)

      အာရှအခိုျ့ဒေသတွေမှာ ကောက် ပဲသီးနံှအထွက်ကျဆင်းတာနဲ့ ကုန်စည် ဈေးကွက်အပြောင်းအလဲများတာတွေက ၂ဝ၁ဝ မှာ ဆင်းရဲတဲ့နိုင်ငံများအတွင်း စားနပ်ရိက္ခာဈေးနှုန်းများနဲ့ပတ်သက်တဲ့ နောက်ထပ်အန္တရာယ်နဲ့တွေ့ကြုံနိုင်တယ်လို့ နိုဝင်ဘာလ ၂၅ ရက်နေ့က ကမ္ဘာ့ဘဏ်ဥက္ကဌ Robert Zoellick က ပြောကြားပါတယ်။  အောက်တိုဘာလမှာ အမေရိကန်စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့အစည်း (USDA)က ခန့်မှန်းတာတော့ ဒီနှစ်ကမ္ဘာ့ဆန် ထုတ်လုပ်မှုဟာ တန်ချိန် ၄၄၆ သန်းခန့်ရှိနိုင်တာမို့ ၂ဝဝဝ ခုနှစ်ကစပြီး၊ ဒုတိယအများဆုံးနှစ်ဖြစ်မယ်လို့ဆိုပါတယ်။ ဒါပေမဲ့ နိုဝင်ဘာ ၁ဝ ရက်နေ့မှာ USDA ထပ်မံခန့်မှန်းတာကတော့ ၂ဝဝ၉-၂ဝ၁ဝ  ကမ္ဘာ့ဆန်ထွက်ရှိမှုဟာ အစောပိုင်းခန့်မှန်းတာထက်    ၃ ရာခိုင်နှုန်းလျော့နည်းပြီး တန်ချိန် ၄၃၂ သန်းသာ ထွက်ရှိမှာဖြစ်လို့ လိုအပ်ချက်ဖြည့်ဆည်းနိုင်ဖို့ အနည်းဆုံးဆန်တန်ချိန်         ၅ သန်းနီးပါး လိုအပ်မယ်လို့ဆိုပါတယ်။ ပြည်တွင်းဆန်ဈေးတည်ငြိမ်ဖို့ အင်ဒိုနီးရှားကဆန်တင်ပို့မှုကိုကန့်သတ်မယ်    လာမယ့်နှစ်မှာ ကမ္ဘာ့ကုန်စည်ဈေးနှုန်းမြင့်တက်မယ့်မျှော်မှန်းချက်အရ ပြည်တွင်းမှာ အဓိကအစားအစာဖြစ်တဲ့ ဆန်ဖြန့်ဖြူးမှု လုံလောက်ဖို့အတွက် အင်ဒိုနီးရှားအစိုးရက ဆန်တင်ပို့မှုကို ထိန်းချုပ်မယ်လို့သိရပါတယ်။    အနောက်အာဖရိကနိုင်ငံဖြစ်တဲ့ ဘီနင်နိုင်ငံဆန်ထုတ်လုပ်မှု မြှင့်တင်ဖို့စီမံချက်အရ အီးယူမှ ကန်ဒေါ်လာရှစ်သန်းကျော် ထောက်ပံ့ဖို့ သဘောတူထားတယ်လို့သိရပါတယ်။ ထုတ်လုပ်မှုကိုတိုးခဲျ့ပြီး ပြည်ပကတင်သွင်းတဲ့ ဆန်များနဲ့ယှဉ်ပြိုင်နိုင်တဲ့ အရည်အသွေးကောင်းများထုတ်လုပ်ဖို့ရည်ရွယ်ပြီး  PAFIRIZ စီမံကိန်းကို ဆောင်ရွယ်မယ်လို့သိရပါတယ်။ အဲဒီစီမံကိန်းအရ လယ် ဟက်တာ ၁၅ဝဝ က နှစ်စဉ်စပါး တန်ချိန် ၅ဝဝဝ ထုတ်လုပ်ဖို့ ရည်မှန်းထားတယ်လို့ဆိုပါတယ်။ ခြောက်လကျော်မှာ နိုင်ငံ တောင်ပိုင်းဒေသမှာ ပထမဆုံး စတင်ဆောင်ရွက်သွားမှာဖြစ်ပြီး ဆန်ထုတ်လုပ်ဖို့ သင့်တော်တဲ့ မြေဟက်တာ ၅၁ဝဝဝ ထိ တိုးမြှင့် သွားမယ်လို့ဆိုပါတယ်။   နောက်နှစ်နှစ်မှာ ဂါနာနိုင်ငံ ဆန်ထုတ်လုပ်မှုနှစ်ဆမြှင့်တင်မယ်လို့ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးဝန်ကြီး Kwesi Ahwai က ပြော ကြားပါတယ်။ လက်ရှိပြည်တွင်းဆန်ထုတ်လုပ်မှုဟာ နိုင်ငံလိုအပ်ချက်ရဲ့ ၂၁ ရာခိုင်နှုန်းခန့်သာ ထုတ်လုပ်နိုင်တာဖြစ်လို့ ကျန်တဲ့ ၇၉ ရာခိုင်နှုန်း လိုအပ်လျက်ရှိပြီး တရုတ်၊ အမေရိကား၊ ထိုင်း၊ ဗီယက် နမ်နဲ့ အခြားနိုင်ငံတွေက တင်သွင်းနေရ ပါတယ်။   ၂ဝဝ၇ ခုနှစ်ကုန်ထိ ၅ နှစ်အတွင်း ဆန်ဈေးနှုန်းဟာ တစ်တန်ကို ပျှမ်းမျှကန်ဒေါ်လာ ၂ဝဝ ဝန်းကျင်ခန့်သာရှိခဲ့ပါတယ်။ ဒါကြောင့် နိုင်ငံတကာ ဆန်သုတေသနဌာန IRRI က ယူဆသတ်မှတ်ထားတာက ဆန်တစ်တန်ဈေးနှုန်းကို ကန်ဒေါ်လာ ၃ဝဝ ဝန်းကျင်နဲ့ ထိန်းထားနိုင်မယ်ဆိုရင် စားသုံးသူများအတွက်လည်း သင့်တော်တဲ့ဈေးဖြစ်သလို ဆင်းရဲတဲ့လယ်သမားများကို ထိုက်သင့်တဲ့ အကျိုးအမြတ် ရရှိနိုင်မှာဖြစ်လို့ ဆန်ပိုမိုထုတ်လုပ်နိုင်မယ်လို့ဆိုပါတယ်။  တရုတ်နိုင်ငံဟာ လယ်တစ်ဟက်တာကို စပါး  ၆ ဒသမ ၅ တန်နှုန်းထွက်ရှိပြီး ဖိလစ်ပိုင်၊ အိန္ဒိယ၊ ထိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့ကတော့ ၄ တန်နှုန်းသာ ထွက်ရှိပါတယ်။Source: irri.org.riceonline, oryzaMIRT