Main menu

Background

ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ (World Consumer Right Day)

Thu, 01/14/2010 - 08:06 -- Anonymous (not verified)

စားသုံးသူကာကွယ်ပေးရေးဘယ်နေ့လဲ     ကမ္ဘာပေါ်မှာလူထုအတွက် အမှတ်ရပြီးမမေ့သင့်တဲ့ အကြောင်းအရာတွေအတွက် နေ့ထူးနေ့မြတ်၊ အမှတ်တရနေ့တွေ သတ် မှတ်ပြီး တစ်ကမ္ဘာလုံးလှုပ်ရှားမှုလေးတွေ ပုံစံမျိုးစုံနဲ့ဆောင်ရွက်တာတွေရှိပါတယ်။ ကမ္ဘာ့စားနပ်ရိက္ခာနေ့၊ အမေနေ့၊ ချစ်သူများနေ့ စသည်စသည်ဖြင့်သောနေ့တွေထဲမှာ ဒီနှစ်တော့နေ့တစ်နေ့တိုးလာပါတယ်။ အဲဒါကတော့ တစ်ကမ္ဘာလုံးဆိုင်ရာ စားသုံးသူအားလုံး အတွက်  ''ကမ္ဘာ့စားသုံသူ အခွင့်အရေးများနေ့ (World Consumer Rights Day)'' ပဲဖြစ်ပါတယ်။ ဒီရက်ကိုတော့ အပြည်ပြည် ဆိုင်ရာ စားသုံးသူများအဖွဲ့ (Conumer International) ကနေပြီး တော့ မတ်လ ၁၅ ရက်နေ့ကို သတ်မှတ်ခဲ့ပါတယ်။ ဆောင်ပုဒ်    ပထမဆုံးအကြိမ်အဖြစ် ကျင်းပမဲ့ ၂၀၁၀ မတ်လ ၁၅ ရက်နေ့ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ Consumer Rights Day အတွက် ဆောင်ပုဒ်ကတော့ ''Our Money, Our Rights"  ''ကျွနု်ပ်တို့ရဲ့ ငွေကြေး၊ ကျွနု်ပ်တို့ရဲ့အခွင့်အရေး'' ပဲ ဖြစ်ပါတယ်။ စားသုံးသူအကာအကွယ်ပေးရေးအစ    စားသုံးသူ အကာကွယ်ပေးရေးနဲ့ပတ်သက်ပြီးတော့ ပထမဆုံး စတာကတော့ အမေရိကန်ပါ။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးအနေနဲ့ ကတော့ ၁၉၈၅ ခုနှစ်ကစတင်ပြီး အခြေခံအချက် ၈ ချက်နဲ့ဆောင်ရွက်ခဲ့ပါတယ်။  အာဆီယံအဖွဲ့အစည်းအနေနဲ့ကတော့ ၂၀၀၇ ခုနှစ်က စတင်ခဲ့တာဖြစ်ပါတယ်။ (Commerce Journal Vol.9, No. 16/39 တို့တွင် အသေးစိတ်ဖော်ပြပြီး)အသင့်တော်ဆုံးအချိန်    အခုကာလအချိန်အခါဟာ စားသုံးသူကာကွယ်ပေးရေးနဲ့ပတ်သက်ပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် စားသုံးသူများအားလုံးပါဝင် ဆောင်ရွက်ဖို့ အတွက် စတင်ပြီးပညာပေးဘို့အတွက် အသင့်တော်ဆုံးအချိန်အခါဖြစ်နေတဲ့အတွက် ကမ္ဘာ့စားသုံးသူအခွင့်အရေး များနေ့ကို သတ်မှတ်ရတာပဲဖြစ်ပါ တယ်။ ဒီနှစ်ကမ္ဘာ့ပထမဆုံးစားသုံးသူများ အခွင့်အရေးနေ့မှာတော့ ဆောင်ပုဒ်အတိုင်း ငွေကြေး ဆိုင်ရာဝန်ဆောင်မှုတွေနဲ့ပတ်သက်ပြီး ထင်သာမြင်သာအောင်မီးမောင်းထိုးပြကြရမှာပါ။ ဆိုလိုတာကတော့ တည်ငြိမ်စိတ်ချရပြီး သင့်တင့်မျှတတဲ့ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းဟာ စားသုံးသူအား လုံး နေရာတိုင်းမှာရှိနေတဲ့သူ အားလုံးအတွက် အရေးပါ မှာပဲဖြစ်ပါတယ်။ ဒါမှမဟုတ်ဘူးဆိုရင်တော့ အခုကာလမတိုင်ခင် အချိန်တွေတုံးက စားသုံးသူတွေရဲ့ပြဿနာကိုချပြဥပမာပေး ဆောင် ရွက်မယ်ဆိုရင်လည်း အခုအချိန်အခါဟာအသင့်တော်ဆုံးအချိန်ဖြစ်ပါတယ်။အပြည်ပြည်ဆိုင်ရာ စားသုံးသူအဖွဲ့ရဲ့ဆန္ဒ    အတိတ်ကာလကနေ အခု အချိန်ထိကြုံရတဲ့ စားသုံးသူတွေရဲ့နစ်နာဆုံးရှုံးခဲ့ရတဲ့ အခွင့်အရေး၊ ပြဿနာ၊ နစ်နာဆုံးရှုံးမှုတွေကို စနစ်တကျဖော် ထုတ်ပြီး မီးမောင်းထိုးပြနိုင်ဖို့အတွက် အကောင်းဆုံးအချိန်ရောက်ပြီဆိုပြီး၊ ရက်သတ်မှတ်ပြီးဆောင်ရွက်တာပါ။ ဒါကြောင့် လူထုဆွေးနွေးပွဲကျင်းပကာ စာစောင်ထုတ်ဝေတာတွေ၊ တစ်ဖွဲ့ချင်း ဆွေးနွေးတာတွေ ဆောင်ရွက်ပေးစေချင်တာပါ။ ဒီလိုဆောင်ရွက်ပေးရင်တော့ မိမိနိုင်ငံမှာရှိတဲ့ စားသုံးသူတွေ အားလုံးဟာ အတွေ့အကြုံလဲရ၊ ပညာလဲရပြီး စားသုံးသူကာကွယ် ပေးရေး၊ စားသုံးသူအခွင့်အရေးတွေကိုနားလည်သဘောပေါက်သွားကြမှာဖြစ်ပါတယ်။ ဒီလိုစားသုံးသူတွေကို အတွေ့အကြုံ၊ အသိ ပညာ၊ ဗဟုသုတပေးနိုင်ဖို့ အတွက်ကတော့ မိမိကိုယ်တိုင်ဘဲ လက်တွေ့ကွင်းဆင်းပြီးတွေ့ရှိလာတဲ့ အကြောင်းအရာတွေကို အထောက်အထားခိုင်လုံစွာ ကိန်းဂဏန်းအချက်အလက်တွေနဲ့ချပြဆောင်ရွက်ရမှာဖြစ်ပါကြောင်း။