Main menu

Background

ကမ္ဘာ့ဆန်လိုအပ်ချက်က ထုတ်လုပ်မှုထက် ပိုနိုင်တယ်လို့ FAO ကဆို

Sun, 01/10/2010 - 08:28 -- Anonymous (not verified)

     

      ကမ္ဘာ့ဆန်စားသုံးမှုကို တန်ချိန် ၄၅၄ သန်းလို့ ခန့်မှန်းထားတာကြောင့် လိုအပ်ချက်က ၂ဝ၁ဝ ဆန်ထုတ်လုပ်မှုထက် ပိုမယ် လို့ အမေရိကန်နိုင်ငံများရဲ့ စားနပ်ရိက္ခာနဲ့ စိုက်ပိုျးရေးအဖွဲ့ FAO က ဆိုပါတယ်။ ဒီဇင်ဘာလအတွင်းကခန့်မှန်းတဲ့ စားနပ်ရိက္ခာ အလားအလာအရ ကမ္ဘာ့ဆန် ထုတ်လုပ်မှုဟာ လာမယ့်နှစ်မှာ

 တန်ချိန် ၄၅ဝ ဒသမ ၈ သန်းကို ၂ ရာခိုင်နှုန်း နီးပါးကျဆင်းမယ်လို့ ဆိုပါတယ်။
      စားနပ်ရိက္ခာ၊ တိရစ္ဆာန်အစာနဲ့ အခြားသုံးစွဲမှုများအပါအဝင် စုစုပေါင်း ဆန်သုံးစွဲမှုဟာ ၂ဝ၁ဝ မှာ ဆန်တန်ချိန် ၈ သန်းပိုမို မယ်လို့ဆိုပါတယ်။ စားနပ်ရိက္ခာလိုအပ်ချက်ဟာ ၂ဝဝ၉ ခုနှစ်မှာ တန်ချိန် ၃၈၃ သန်းရှိပြီး၊ လာမယ့်နှစ်မှာ တန်ချိန် ၃၈၉ သန်းထိ တိုးတက်မယ်လို့ ခန့်မှန်းထားတာကြောင့် စုစုပေါင်းဆန်သုံးစွဲမှုဟာလည်း တိုးတက်လာဖွယ်ရှိတယ်လို့ခန့်မှန်းခြင်းဖြစ်ကြောင်း FAO ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
     အဲဒီတိုးတက်တဲ့ ပမာဏက လူတစ်ဦးစားသုံးမှု ၅၇ ဒသမ ၃ ကီလိုနှုန်းနဲ့ ကမ္ဘာ့လူဦးရေတိုးပွားမှုအတွက် လိုအပ်ချက်ပြည့်မီဖို့ မသေချာဘူးလို့ဆိုပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံများမှာ လူတစ်ဦး စားသုံးမှုနှုန်းဟာ တစ်နှစ်ကို ၆၈ ကီလိုရှိလာနိုင်တယ်လို့ဆိုပါတယ်။
      ဆန်ရောင်းလိုအားနဲ့ ဝယ်လိုအားအကြား ကွာဟမယ့်ဆန်တန်ချိန် ၃ သန်းကျော်ကို ကမ္ဘာ့အရန် သိုလှောင်ဆန်က ဖြည့်ဆည်းပေးနိုင်လိမ့်မယ်လို့ FAO ကဆိုပါတယ်။ ဒါကြောင့် ကမ္ဘာ့ဆန်သိုလှောင်လက်ကျန်ဟာ ၂ဝဝ၉ ခုနှစ်မှာ တန်ချိန် ၁၂၄ သန်းရှိရာမှ ၂ဝ၁ဝ ဈေးကွက် ရာသီကုန်ဆုံးချိန်မှာ တန်ချိန် ၁၂၁ သန်းကို လျော့ကျမှာဖြစ်ပါတယ်။ အဲဒီပမာဏဟာ ၂ဝဝ၂ ခုနှစ်နဲ့ ၂ဝဝ၉ ခုနှစ်အတွင်း ပျမ်းမျှလက်ကျန်တန်ချိန် ၁၁ဝ သန်းထက်တော့ မြင့်မားဆဲဖြစ်ပါတယ်လို့ ပြောပါတယ်။
      FAOပြောတာကတော့ ၂ဝဝ၉ ခုနှစ် စက်တင်ဘာလမှာ အိန္ဒိယရဲ့လက်ကျန်သိုလှောင်မှုဟာ တန်ချိန် ၂၁ သန်းရှိရာမှ ထုတ်လုပ်မှုနဲ့ စားသုံးမှုအကြား ကွာခြားချက်က ဆန်တန်ချိန် ၉ သန်းဝန်းကျင်ရှိလို့ ၂ဝ၁ဝ ခုနှစ် စက်တင်ဘာလ ၃ဝ ရက်မှာ လက်ကျန်သိုလှောင်မှုဟာ တန်ချိန် ၁၂ သန်းသာရှိနိုင်တယ်လို့ သိရပါတယ်။
     ဘင်္ဂလားဒေ့ရှ်၊ အီဂျစ်၊ မြန်မာ၊ ဖိလစ်ပိုင်နဲ့ ဗီယက်နမ်နိုင်ငံများဟာလည်း တိုးတက်လာတဲ့ လူဦးရေရဲ့ လိုအပ်ချက် မြင့်တက် လာမှုကိုလည်း ဖြည့်ဆည်းရမှာဖြစ်လို့ ၎င်းတို့ရဲ့ အရန်သိုလှောင်မှုများဟာလည်း လျော့ကျနိုင်တယ်လို့ဆိုပါတယ်။ ယခုနှစ် ကမ္ဘာ့ ဆန်ထုတ်လုပ်မှုဟာ ရာသီဥတု အခြေအနေများကြောင့် ၂ ရာခိုင်နှုန်း လျော့ကျပြီး တန်ချိန် ၄၅ဝ ဒသမ ၈ သန်းသာရှိခဲ့ပါတယ်။   

ှSource: riceonline.com