Main menu

Background

ကားအတွက် ပလက်တီနမ်နဲ့ ပလေဒီယမ်

Tue, 01/19/2010 - 05:58 -- Anonymous (not verified)

     အမေရိကန်ရဲ့ အလုပ်လက်မဲ့တိုးလာတဲ့ အစီရင်ခံစာထွက်လာပြီးနောက် လန်ဒန်၊ ဥရောပများရဲ့ ရွှေနဲ့ သတ္တုဈေးကွက်မှာ ရွှေဈေးခပ်ပျော့ပျော့ဖြစ်သွားခဲ့ပါတယ်။ ဒါပေမဲ့ သုံးသပ်သူတွေက ပြီးခဲ့တဲ့နှစ်ကတည်း က အမေရိကန်အတိုးနှုန်းတွေ လျှော့ချပြီး ဒေါ်လာအားပျော့လာစေမှုက ရွှေ၊ ငွေ၊ ကြေးနီ အဖိုးတန် သတ္တုများကို အမာခံကုန်စည်အဖြစ် ဝယ်ယူ ဆောင်ရွက်လာကြပါတယ်။ ဒါ့အပြင် ၂ဝ၁ဝ အရောက်မှာ စီးပွားရေးဖွံ့ဖြိုးမှု အချက်အလက်တွေကလည်း ထင်သာမြင်သာဖြစ်လာတာမို့ ''ဒီနှစ်ရွှေဈေးက အမေရိကန်ချေးငွေ အတိုးနှုန်း၊ ဒေါ်လာရဲ့ အားနည်းချက်မူတည်ပြီး ဦးဆောင်ရွှေ့သွားနိုင်တယ်'' လို့ Jeremy East က ပြောပါ တယ်။ ဇန်ဝါရီလ ပထမအပတ်အတွင်း ရေနံဈေးက ၈ဝ ဒေါ်လာကို ကျော်လာတာမို့ သုံးသပ်သူများက ရွှေဈေးလည်းလိုက်ပါ ပြောင်းလဲဦးမယ်လို့ဆိုကြပါတယ်။ ရွှေဈေးနဲ့အပြိုင်စဉ်းစားပြီး ရင်းနှီးမြုပ်နံှသူတချို့က နယူးယောက်ဈေးကွက်မှာ ကမ္ဘာ့ကား ထုတ်လုပ်မှုပြန်မြင့်နိုင်တယ် တွက်ဆပြီး ဇန်နဝါရီ ပထမအပတ်တွင်း ပလက်တီနမ်နဲ့ ပလေဒီယမ်ကို ပြောင်းလဲရင်းနှီးလာမှုတွေ များခဲ့တာမို့ ဝယ်အားမြင့်လာသကဲ့သို့ ဈေးနှုန်းလည်း မြင့်လာခဲ့ပါတယ်။ ကမ္ဘာ့ပလက်တီနမ်နဲ့ ပလေဒီယမ်ထုတ်လုပ်မှုရဲ့ ထက် ဝက်က ကားထုတ်လုပ်မှုမှာ သုံးစွဲတာဖြစ်တဲ့အပြင် တရုတ်နိုင်ငံက ထုတ်ပြန်တဲ့ အချက်အလက်တွေအရ ၂ဝဝ၉ ခုနှစ်က တရုတ် နိုင်ငံကားထုတ်လုပ်ရောင်းချမှုက အစင်းရေ ၁၃ ဒသမ ၅ သန်းကျော် ရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့တဲ့အတွက် ရင်းနှီးမြုပ်နံှမှုပုံစံကို ပလက်တီနမ်နဲ့ပလေဒီယမ်ဘက်ကို ရွှေ့လာတယ်လို့ ဆိုပါတယ်။                             Source:Reuters.com  WWN