Main menu

Background

ကံပေါက်သတ္တုုတွင်းအား ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့်စနစ်ဖြင့်လုပ်ကိုင်မည်

Thu, 01/21/2010 - 09:28 -- Anonymous (not verified)

    ခဲမဖြူ၊ အဖြိုက်နက်နှင့် ရောရာအကြီးစားသတ္တုုတူးဖော်မှုလုပ်ငန်းများ လုပ်ကိုင်ရန်အတွက် ကံပေါက် သတ္တုတွင်းအား ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့်စနစ်ဖြင့် လုပ်ကိုင်တော့မည်ဖြစ် သည်။    ယင်းအတွက် သဘောတူစာချုပ်ကို ဇန်နဝါရီလ ၅ ရက်နေ့က နေပြည်တော်ရှိ သတ္တုုတွင်း ဝန်ကြီးဌာန အစည်းဝေးခန်းမ၌ ပြုလုပ်ခဲ့ရာ စာချုပ်တွင် DELCO ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးဝင်းဦးနှင့် အမှတ် (၂) သတ္တုတွင်းဝန်ကြီးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးတို့ လက်မှတ်ရေး ထိုးခဲ့ကြသည်။ အဆိုပါ သဘောတူညီချက်အရ ကံပေါက်သတ္တုတွင်းမှ ခဲမဖြူ၊ အဖြိုက်နက်နှင့် ရောရာသတ္တုများကို DELCO ကုမ္ပဏီမှ တူးဖော်ထုတ်လုပ်၍ ရရှိမှုအပေါ်တွင် အမှတ်(၂) သတ္တု တွင်းဝန်ကြီးဌာနနှင့် အချိုးကျခွဲဝေခံစားကြမည်ဖြစ်သည်။   ခင်မျိုးသွယ်