Main menu

Background

ကြံနဲ့ ကြံထွက်ပစ္စည်း ဈေးကွက်ကောင်းလာလို့ တောင်သူများပိုစိုက်ပိုျးလာ

Fri, 01/15/2010 - 18:27 -- Anonymous (not verified)

         မန္တလေးသကြားဈေးကွက်ရဲ့ ယခုနှစ် ၂ဝ၁ဝ ဇန်နဝါရီ ပထမပတ်မှာ သကြားဈေး ပြန်လည်ဦးမော့လို့ လာပါတယ်။ ၂ဝဝ၉ ခုနှစ် ဒီဇင်ဘာနောက်ဆုံးပတ်မှာ သကြားတစ်ပိဿာကို အမိုျးအစားအလိုက် ၁ဝဝဝ ကျပ်၊ ၉၈ဝ ကျပ်၊ ၈၅ဝ ကျပ်ဈေး ပေါက်ခဲ့ပါတယ်။ ယခု ၂ဝ၁ဝ  ဇန်နဝါရီ ပထမ ပတ်မှာတော့ သကြားတစ်ပိဿာကို ၁၂ဝဝ ကျပ်၊ ၁၁၈ဝ ကျပ်၊ ၁၁၅ဝ ကျပ်ကို ဈေးမြင့်လာပါတယ်။ အလား တူပွက်သကြားအောက်စဈေးမှာ တစ်ပိဿာကို ၈၁ဝ ကျပ်၊ ပွက်ရည် တစ်ပိဿာကို ၇ဝဝ ကျပ်နဲ့ သကာရည် တစ်ပိဿာ ကို ၃ဝဝ ကျပ်ဈေးရှိကာ ဒီဇင်ဘာနောက်ဆုံးပတ် ပေါက်ဈေးနဲ့ ယှဉ်မယ်ဆိုရင် တစ်ပိဿာကို ၁ဝဝ ကျပ်ခန့် ဈေးမြင့်လာတာ တွေ့ရပါတယ်။ ဒီလိုသကြားဈေးမြင့်လာတဲ့ အကြောင်း ရင်းကတော့ လှောင်လက်များက ဝယ်ယူမှုများသလို အရက်ချက် လုပ်ငန်းများ၊ မုန့်လုပ်ငန်းများကလည်း ပိုမိုဝယ်ယူလာတဲ့အတွက်လို့ သိရပါ တယ်။ ကြံဈေးနှုန်းမှာလည်း ယခင်နှစ် ကြံတစ်တန်ကို ၁၃၅ဝဝ ကျပ်မှ ယခုနှစ် ၁၈ဝဝဝ ကျပ်ဖြစ်လာပါ တယ်။ ၂ဝဝ၉ -၂ဝ၁ဝ ခုနှစ်မှာ မန္တလေးတိုင်း ကြံစိုက် ဧက ၄၄ဝဝဝ ကျော်စိုက်ပိုျး အောင် မြင်ခဲ့ပြီး ယခုနှစ် ၂ဝ၁ဝ -၂ဝ၁၁ ခုနှစ် မှာတော့ ခင်းသစ် စိုက်ဧက ၉ဝဝ ခန့် စိုက်ပိုျးပြီးစီးနေပါပြီလို့ သိရပါတယ်။