Main menu

Background

ငါးပုံ၊ဟာလာစက်တွေမှာ တရုတ်ဆန်စက်ငယ်များအစားထိုး ကြိတ်ခွဲလို့ ဆန်အရည်အသွေး ပိုမိုကောင်းမွန်လာ

Tue, 01/19/2010 - 07:43 -- Anonymous (not verified)

            မန္တလေးတိုင်းဟာ ဆန်လိုဒေသဖြစ်ပါတယ်။ ဒါပေမဲ့ တိုင်းအတွင်းကျောက်ဆည်ခရိုင်မှာတော့ ဆန်ပိုတဲ့ဒေသဖြစ်တာနှင့်အညီ တိုင်းအတွင်း ဆန်လိုဒေသများဖြစ်သည့် မန္တလေး၊ မြင်းခြံ၊တောင်သာ၊နွားထိုးကြီး၊တံတားဦး၊ ငါန်းဇွန်းစတဲ့မြို့များသို့ ဆန်အဓိက ထားဖြန့်ဖြူးပေးလျှက်ရှိပါတယ်။ ယခင်ကတော့ ဆန်စက်ပိုင်ရှင်တွေဟာ ငါးပုံ၊ ဟာလာဆန်စက်တွေနှင့်သာ ကြိတ်ခွဲ ထုတ်လုပ် ခဲ့ကြပါတယ်။ နည်းပညာတိုးတက်ပြောင်းလဲနေတဲ့ ခေတ်နဲ့အညီ ဆန်စက်ပိုင်ရှင်တွေဟာလည်း ဆန်အရည်အသွေးနှင့် ဆန် အထွက်နှုန်း ကောင်းတဲ့တရုတ်နိုင်ငံထုတ် တရုတ် ဆန်စက်၁၅တန်၊၂ဝတန်၊ ၂၅ တန်ကျ ဆန်စက်များအားယခင် ငါးပုံ၊ ဟာလာ ဆန်စက်တွေနေရာမှာ အစားထိုးကြိတ်ခွဲပေးလာတာကြောင့် ဈေးကွက်အတွင်း ဆန်အရည်အသွေးယခင်ကထက်ပိုမို ကောင်းမွန် လာတာကို တွေ့ရပါတယ်။     ခရိုင်အတွင်းမှာတော့ ကျောက်ဆည်၊ မြစ်သား၊ ကူမဲ၊ စဉ့်ကိုင်စတဲ့ ဆန်စက်ပိုင်ရှင်တွေဟာ တရုတ် ဆန်စက်တည်ဆောက်ပြီး ကြိတ်ခွဲပေးလာတာ (၄၃) လုံးကျော်ရှိပြီလို့သိရပါတယ်။ ဆန်စက်ပိုင်ရှင်များဟာ ခေတ်မှီတရုတ်ဆန်စက်များ တည်ဆောက်ပြီး ကျွမ်းကျင်တဲ့ စက်လည်ဝန်ထမ်းများဖြင့် ကြိတ်ခွဲပေးခြင်းဖြင့်ဆန်အရည်အသွေးနှင့်အထွက်နှုန်းကို အဓိကတာဝန်ယူကြိတ်ခွဲခြင်း၊ လမ်းပန်းဆက်သွယ်မှု ကောင်းတဲ့နေရာမှာတည်ဆောက်ခြင်း၊ ပစ္စည်းထားသိုရန်နေရာအကျယ်အဝန်းနှင့် အမိုးအကာ လုံလောက်စွာထားရှိခြင်း ၊ ၂၄နာရီစွမ်းအားပြည့်ကြိတ်ခွဲပေးခြင်း၊ လုံခြုံ စိတ်ချရခြင်း၊ ဆက်ဆံရေးပြေပြစ်ခြင်းနှင့် စက်ကြိတ်ခအား အတတ်နိုင်ဆုံးလျော့ချကြိတ်ခွဲခြင်းစတဲ့ ဝန်ဆောင်မှုများ ကောင်းတာ ကြောင့် ဆန်စပါးကြိတ်ခွဲကြတဲ့တောင်သူများ၊ စပါးပွဲစားများ၊ စပါးကုန်သည်များဆန်အရည်အသွေးနှင့် အထွက်နှုန်းအတွက် စိတ်ချရသလို ဆန်ဖြန့်ဖြူးရောင်း/ဝယ်ကြတဲ့ ဆန်ပွဲရုံ၊ ဆန်ပွဲစားများ၊ ဆန်ကုန်သည်များလည်း၊ ဆန်အရည်အသွေး ပိုမိုကောင်းမွန် လာတာကြောင့် အရောင်း/အဝယ်ပိုမိုသွက်လာတယ်လို့သိရပါတယ်။     တရုတ်စက်ကြိတ်ဆန်တွေဟာ ငါးပုံ၊ဟာလာစက်ကြိတ်ဆန်တွေထက် ဈေးကွက်မှာပိုမိုနေရာယူပြီး ဆန်(၂၄) ပြည် တစ်အိတ် ကို ၃ဝဝ မှ ၅ဝဝကျပ်  ဈေးပိုပေးကာ ဆန်ပွဲရုံ၊ဆန်ကုန်သည်များမှ သိမ်းတယ်လို့သိရပါတယ်။