အီလက်ထရွန်းနစ်နည်းနဲ့ အကောက်ခွန်ရှင်းလင်းပြီး ကုန်သွယ်မှုကို မြှင့်တင်နိုင်အောင် ဒေသတွင်းရှိ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်တွေကို ကူညီနိုင်မဲ့စနစ်တစ်ခုကိုထူထောင်ဖို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ အာဆီယံစင်ဂယ်ဝင်းဒိုးလို့သိထားတဲ့ ''အာဆီယံတစ်ခုတည်းသော ပြတင်းပေါက်'' စနစ်ကို လာမဲ့နှစ်မှာ အကောင်အထည် ဖော်နိုင်လိမ့်မယ်လို့ ခန့်မှန်းကြောင်း ဒါဂန်နက်တက်က နော်လိုဂျီကုမ္ပဏီရဲ့ ဥက္ကဌဖြစ်တဲ့ ဒါတွတ် ဒေါက်တာဆယက်မိုဟာ မက်ဆယက်အဗ္ဗဒူခေဒါက ပြောကြားပါတယ်။ ဆယက်မာမွတ်က ဇန်နဝါရီ ၁၈ ရက်နေ့ ကွာလာလမ်ပူမှာကျင်းပတဲ့ စက္ကူမဲ့ကုန်သွယ်မှုဆိုင်ရာ အာရှ- ဥရောပ မဟာ မိတ်ရဲ့ (၅) ကြိမ်မြောက် အစည်းအဝေးမှာ ယခုကဲ့သို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ဒါဂန်နက်ကုမ္ပဏီဟာ မလေးရှားနိုင်ငံမှာ ကုန်ပစ္စည်းထုတ်လုပ်သူများ၊ တစ်ဆင့်ခံ သင်္ဘောကိုယ်စားလှယ်များ၊ သင်္ဘောသယ်ယူပို့ဆောင်ရေး အေးဂျင့်များ၊ ကုန် စခန်းနဲ့ ဆိပ်ကမ်းအော်ပရေတာများ၊ ဘဏ်များ၊ ဆိပ်ကမ်းအာဏာပိုင်များနဲ့ အကောက် ခွန်ရုံးများအတွက် အထောက် အကူပေးနေတဲ့ "myTradeLink"ကို တည်ထောင်ပြီးဝန်ဆောင်မှုပေးနေတဲ့ကုမ္ပဏီဖြစ်ပါတယ်။ ဒီကုမ္ပဏီဟာ အီး-ကောမတ် ဝန်ဆောင်မှုပေးရာမှာ မလေးရှားမှာ အကြီးဆုံးကုမ္ပဏီဖြစ်ပါတယ်။ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နဲ့ မြန်မာတို့မှအပ အခြား အာဆီယံခြောက်နိုင်ငံမှာ အမျိုသား စင်ဂယ် ဝင်းဒိုးစနစ် ထူထောင်ဆဲနိုင်ငံတွေရှိသလို အချို့ နိုင်ငံတွေက ထူထောင်ထားရှိပြီးဖြစ်ပါတယ်။ စက္ကူမဲ့အီလက်ထရွန်းနစ် အကောက်ခွန် ဝန်ဆောင်မှုလုပ်ငန်းကို တိုးမြှင့်ဆောင်ရွက်ဖို့ မူဘောင်တစ်ခုကို ချမှတ်နိုင်ဖို့အတွက် ကူညီဆောင်ရွက်ပေးဖို့ ဒါဂန်နက်ကို အာဆီယံအတွင်းရေးမှူးရုံးက ပန်ကြားခဲ့ပါတယ်။ မလေးရှားနဲ့ အင်ဒိုနီးရှားတို့က ၂ဝဝ၉ ခုနှစ် ဇူလိုင်လကတည်းက သတင်း အချက်အလက်တွေကို ဖလှယ်ခဲ့ကြပြီး ဖိလစ်ပိုင်နိုင်ငံနဲ့ကတော့ အောက်တိုဘာလကတည်းက စတင် ဆက်သွယ်လျက် ရှိပါတယ်။btimes.com.my
Background