Main menu

Background

စီးဆင်းနေဆဲ ဆောင်းမြေပဲ

Wed, 02/03/2010 - 06:05 -- Anonymous (not verified)

     ပေါက်မြို့ကို ထီးလင်းကျောက်ထုဘက်ကလာပြီး ပခုက္ကူကို သွားတဲ့ မြေပဲကားတွေ တစ်နေ့ကို အနည်းဆုံး ၇ စီး၊ ၈ စီးဖြတ် ကျော်ပါတယ်။ ကားတစ်စီးကို တစ်တင်းခွဲဝင် အိတ်  (သို့မဟုတ်) နှစ်တင်းခွဲဝင်အိတ် ၅ဝဝ လောက်တော့ပါတဲ့ ကားတွေဖြစ်ပါတယ်။ နှစ်တင်းခွဲဝင်အိတ်တွေမှာ အစိုဓါတ်ရှိတဲ့ မြေပဲဆိုရင် ၁၅ ပိဿာမှ ၁၈ ပိဿာအထိပါပြီး တစ်တင်းခွဲဝင် အိတ်တွေမှာဆိုရင် ခြောက် နေတဲ့ မြေပဲ ၁၃ ပိဿာ၊ ၁၄ ပိဿာ လောက်ပါတယ်လို့ သိရပါတယ်။ ပခုက္ကူမှာမြေပဲတောင့် တစ်ပိဿာကို အရည်အသွေး အစိုဓါတ် ပေါ်မူတည်ပြီးမှ ၉ဝဝ ကျပ်၊ ၁ဝဝဝ ကျပ်၊ ၁ဝ၄ဝ ကျပ်၊ ၁ဝ၅ဝ ကျပ်ထိ ဈေးတွေရှိတယ်လို့ ပြောပါတယ်။ ဒီမြေပဲတွေဟာ ဆောင်းစိုက် မြေပဲတွေပါ။ ကုန်စည်ရဲ့ သဘောတရားအရ ကုန်ဈေး နှုန်းနိမ့်ရာကနေ ကုန်ဈေးနှုန်းမြင့်ရာကို စီးဆင်းရတဲ့ သဘောပါ ပေါက်ဒေသက မြေပဲတွေလည်း ပခုက္ကူကို သွားရောင်းချတယ်လို့ သိရပါတယ်။  မြေပဲအနေနဲ့ အိတ်စပို့ လက်သိပ်မရှိပေမယ့် မန္တလေး လက်ကတော့ မြေပဲဆံဆိုရင် ဆွဲတယ် သိရပါတယ်။ ယခုအနေ အထားအရတော့ ပခုက္ကူမှာ ဆီစက်သမားတွေ ဆွဲကြတယ်လို့ သိရကြောင်းပါ။                                                                                                                                             မြင့်ဦး